189 Extra

2.6K 515 4
                                    

Unicode

ရွှယ်ယို့ရှန်းက များပြားလှတဲ့ အဆင်တန်ဆာတွေနဲ့ အလွန်ဝင့်ထည်တဲ့ ဝတ်ရုံရှည်ကို ဝတ်ဆင်ပြီး စင်မြင့်ထက်ကို ကျက်သရေရှိစွာ တစ်လှမ်းချင်း တက်လှမ်းခဲ့လေတယ်။ ပြီးနောက် သူတို့ရဲ့ဘုရင်ကို ကြည်ညိုလေးစားစွာ မော့ကြည့်နေတဲ့ လူအုပ်ကြီးကို ငုံ့ကြည့်လိုက်တယ်။ ဂုဏ်ယူဝမ်းမြောက်ခြင်းတွေနဲ့ တာဝန်ယူလိုစိတ်တွေ သူ့ရဲ့နှလုံးသားထဲမှာ ပေါက်ဖွားလာခဲ့တယ်။ ဒီနေ့ကစပြီး မိစ္ဆာမျိုးနွယ်က သူ့တာဝန်၊ သူက မိစ္ဆာဘုရင်အစစ်အမှန် ဖြစ်လာခဲ့ပြီ။

ဘုရင်အသစ် နန်းတက်ခြင်းက မိစ္ဆာမျိုးနွယ်အားလုံးနဲ့ သက်ဆိုင်နေတာကြောင့် နန်းတော်ထဲမှာ မကျင်းပဘဲ မြို့တော်ရဲ့ အကြီးမားဆုံးရင်ပြင်အလယ်မှာ ကျင်းပခဲ့တယ်။ စစ်မြင့်က ရင်ပြင်ရဲ့ အလယ်တည့်တည့်မှာ တည်ဆောက်ထားပြီး အထိမ်းအမှတ်ပွဲတော်တွေသာ ကျင်းပလေ့ရှိတယ်။ စင်မြင့်ပေါ်ကကြည့်ရင် မြင်ကွင်းက အလွန်တရာ လှပလွန်းတယ်။ တစ်ချက်ဝေ့ကြည့်လိုက်ရုံနဲ့ ရင်ပြင်အပြည့် မိစ္ဆာအုပ်ကြီးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

သူ့ကို အသက်တောင်မရှူဘဲ ငေးကြည့်နေတဲ့ မိစ္ဆာအုပ်ကြီးကိုကြည့်ရင်း ရွှယ်ယို့ရှန်းက ရှေ့တစ်လှမ်းတိုးကာ ခေါင်းမော့လိုက်တယ်။ ဦးခေါင်းထက်မှ ခေါင်းစည်းသရဖူကို ဟန်ချက်ညီအောင်ထိန်းရင်း ညာဘက်လက်မှကျိုင်းကို ကိုင်မြှောက်လိုက်တယ်။ ဘယ်ဘက်လက်ကို အသာအယာ နောက်ပစ်လိုက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အရှိန်အဝါမျိုး ပေါ်လွင်စေခဲ့တယ်။

“ကျွန်ုပ်၊ ရွှယ်ယို့ရှန်းက အခုချိန်ကစပြီး ဒုတိယမြောက်မိစ္ဆာဘုရင်ပဲ..! ကျွန်ုပ်ရဲ့ဘဝကို မိစ္ဆာမျိုးနွယ်တွေအားလုံး တောက်ပတဲ့အနာဂါတ်ဆီ ဦးတည်သွားနိုင်ဖို့ မြှုပ်နှံထားပါ့မယ်..!”

ရွှယ်ယို့ရှန်းက အသံကျယ်ကျယ်နဲ့ ကြေညာလိုက်တယ်။ မိစ္ဆာဘုရင်တစ်ပါးရဲ့ သင်္ကေတဖြစ်တဲ့ သရဖူက နေရောင်အောက်မှာ တောက်ပလျက်။ မိစ္ဆာဘုရင်အနေဖြင့် သူ့ရဲ့အဆင့်အတန်းက မျိုးနွယ်တစ်ခုလုံးမှာ အမြင့်ဆုံးဖြစ်တယ်။ ထို့ကြောင့် တခြားဘယ်သူကမှ သူ့ကို နန်းတင်ပေးဖို့ အရည်အချင်းမပြည့်မီဘူး။ ထို့ကြောင့် သူ့ကိုယ်တိုင် သူ့ကိုယ်သူ တင်မြှောက်လိုက်တယ်။ ရွှယ်ယို့ရှန်းက သူနဲ့အဆင့်တူဖြစ်တဲ့ ရင်းဆုယဲ့ကိုတောင် တင်မြှောက်ခွင့်မပေးခဲ့ဘူး။ သူတို့ရဲ့ဆက်ဆံရေးက မရိုးရှင်းပေမယ့် ခွင့်မပြုခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူက မိစ္ဆာမျိုးနွယ်ကို ကိုယ်စားပြုထားပြီး ရင်းဆုယဲ့က လူသားမျိုးနွယ်ကို ကိုယ်စားပြုနေတာကြောင့်ပဲ။ သူတို့နှစ်ဦးက မတူကွဲပြားတဲ့ မျိုးနွယ်စုတစ်စုစီကို ကိုယ်စားပြုနေတာကြောင့် သူ့ရဲ့ချစ်သူ ဖြစ်နေရင်တောင် မိစ္ဆာဘုရင် နန်းတက်မှာကို လူသားဘုရင်က တင်မြှောက်ပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်သင့်ဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now