190 Extra

2.5K 464 3
                                    

Unicode

“အရှင်မင်းကြီး.. ဒီလိုကိစ္စမျိုးကို ကျေးဇူးပြုပြီး မစနောက်ပါနဲ့..!”

ပထမဆုံးသတိပြန်ဝင်လာသူက ရန်ယူရာပါပဲ။ သူမက ကပျာကယာ ကန့်ကွက်လိုက်တယ်။ နန်းတက်ပွဲအခမ်းအနားမှာ ရွှယ်ယို့ရှန်းက သူမကို နောက်တက်မယ့် မိစ္ဆာဘုရင်အဖြစ် ကြေညာလိုက်တာက ရန်ယူရာကို နည်းနည်းလေးတောင် မပျော်ရွှင်စေခဲ့ဘူး။ ထို့ကြောင့် ငြင်းဆန်လိုက်တယ်။ တကယ်လည်း သူမဟာ အာဏာမက်မောတဲ့လူ မဟုတ်ဘူး။ မူလမိစ္ဆာဘုရင်ဟွမ်ထျန် ထွက်သွားလို့သာ သူမက မိစ္ဆာမျိုးနွယ်တစ်ခုလုံးရဲ့ လေးလံတဲ့ တာဝန်ဝတ္တရားတွေကို ကူညီထမ်းပိုးပေးခဲ့ခြင်း ဖြစ်တယ်။

ဘုရင်အသစ်ရောက်လာရင် နောက်ဆုံးတော့ အနားယူနိုင်ပြီလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ မိစ္ဆာဘုရင်အသစ်ရဲ့ လျပ်တပြတ်တိုက်ကွက်က သူမကို သတိမဲ့စေခဲ့တယ်။ ရွှယ်ယို့ရှန်းနဲ့အတူ တိုင်းပြည်အရေး စီမံခန့်ခွဲဖို့ ဘုရင့်အကြံပေးရာထူးကို လက်ခံနိုင်ပါတယ်။ ဘယ်လိုပဲပြောပြော ဘုရင်အသစ် ရွှယ်ယို့ရှန်းက မိစ္ဆာနယ်မြေနဲ့ စိမ်းသက်နေသေးတာကြောင့် ချက်ချင်းလက်ငင်း တိုင်းရေးပြည်ရေး စီမံခန့်ခွဲနိုင်ဖို့ မျှော်လင့်ထားလို့မရဘူး။ ထို့ကြောင့် သူမအနေနဲ့ ရွှယ်ယို့ရှန်းကို ကူညီပြီး တိုင်းပြည်အရေး စီမံခန့်ခွဲပေးနိုင်တယ်။ ဒါပေမဲ့ ဒီလိုပြောလို့ နောင်တက်မယ့်ဘုရင်အဖြစ် လက်ခံပါမယ်လို့ မဆိုဘူးနော်။

ဘုရင်အသစ်ထွက်ပေါ်လာဖို့ ဘယ်သူမှ ထိန်းချုပ်လို့မရနိုင်သလို သူမရဲ့လက်ရှိစွမ်းအားက မိစ္ဆာမျိုးနွယ်တစ်ခုလုံးမှာ အမြင့်ဆုံးဖြစ်နေပေမယ့် နောင်တစ်ချိန် မိစ္ဆာဘုရင်ဖြစ်လာမယ်လို့ သတ်မှတ်လို့မရဘူး။ ဘာလို့လဲဆိုတော့ ကြီးမြတ်သော ဘုရင်အဆင့်ရောက်ဖို့ စွမ်းအင်အဆင့်သာမက ကံကောင်းမှုနဲ့ အချိန်ကောင်းအခွင့်ကောင်းကြုံဖို့လည်း လိုအပ်တယ်။ ကံကောင်းမှုနဲ့ အခွင့်ကောင်းကြုံဖို့ဆိုတာ ဘယ်သူမှ ကြိုတင်ခန့်မှန်းလို့မရတဲ့ ကိစ္စမျိုးပဲ။

ပြီးတော့ မျိုးနွယ်တစ်စုမှာ ဘုရင်တစ်ပါးသာ တည်ရှိနိုင်တယ်။ ဘုရင်အသစ် ပေါ်ထွက်စေချင်ရင် လက်ရှိဘုရင်က ကျိန်းသေပေါက် သေဆုံးရလိမ့်မယ်။ မိစ္ဆာမျိုးနွယ်ရဲ့ သက်တမ်းက အရမ်းရှည်လျားသလို စွမ်းအားကြီးလာတာနဲ့အမျှ အသက်ပိုရှည်လိမ့်မယ်။ ထို့ကြောင့် လက်ရှိဘုရင်ဖြစ်တဲ့ ရွှယ်ယို့ရှန်းက သူမထက် အသက်တိုလိမ့်မယ်လို့ ရန်ယူရာက မတွေးဝံ့ဘူး။ နန်းတက်ပွဲအခမ်းအနားမှာ ဒီလိုနိမိတ်မကောင်းတဲ့စကားမျိုး ပြောထွက်လာတဲ့အတွက် ရန်ယူရာတစ်ယောက် လက်မခံနိုင်အောင် ဖြစ်နေခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now