191 Extra

2.9K 504 15
                                    

Unicode

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ ကြောင်အမ်းအမ်းအကြည့်ကို မသိချင်ယောင်ဆောင်ကာ အရှေ့တည့်တည့်မှာ မတ်တပ်ရပ်လိုက်တယ်။ ပြီးနောက် လူအများရှေ့မှာပဲ ရွှယ်ယို့ရှန်းရဲ့လက်ကို ဆွဲကိုင်လိုက်တယ်။

ရင်းဆုယဲ့ ဘာလုပ်ချင်နေမှန်း ရွှယ်ယို့ရှန်းက မသိပေမယ့် ရင်းဆုယဲ့ရဲ့အပြုအမူကို ဆန့်ကျင်ခြင်းမရှိတဲ့အပြင် အသံတိတ် ပူးပေါင်းပေးနေခဲ့တယ်။ ရင်းဆုယဲ့ ဘာပဲကြံစည်နေပါစေ ပြဿနာမရှိဘူး၊ သူ့ကို ထိခိုက်နာကျင်အောင် လုပ်မှာမဟုတ်မှန်း သိနေတာကြောင့် ရင်းဆုယဲ့ကို တစ်ခါတလေ အလိုလိုက်ချင်မိတယ်။

သူ့အပေါ် သဘောထားပျော့ပျောင်းနေတဲ့ ကောင်လေးရဲ့စိတ်ကို ရင်းဆုယဲ့လည်း ခံစားမိနေတယ်။ ထို့အပြင် သူလုပ်နေတဲ့အရာကို တွေးလိုက်မိတာကြောင့် ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေက ပိုမိုနူးညံ့လာခဲ့လေတယ်။ ရွှယ်ယို့ရှန်းရဲ့လက်ကို ဆွဲကိုင်ကာ ရှေ့နည်းနည်းထပ်တိုးလိုက်တယ်။ ပြီးနောက် လူအုပ်ကြီးကို အသာဝေ့ကြည့်လိုက်တယ်။ ဧည့်ပရိသတ်အားလုံး သူနဲ့ရွှယ်ယို့ရှန်းအပေါ် အာရုံစိုက်နေတာ မြင်လိုက်ရတော့မှ ရင်းဆုယဲ့က သူကြိုတင်စီစဉ်ထားတဲ့ကိစ္စကို အေးအေးဆေးဆေး ကြေညာလိုက်တော့တယ်။

"ကျုပ်တို့အတွက် ပျော်ရွှင်ရမယ့်ကိစ္စက နန်းတက်ပွဲတစ်ခုတည်း မဟုတ်ပါဘူး.. ဒီနေ့ဟာ ကျုပ်နဲ့ မင်းတို့ဘုရင်မင်းမြတ်ရဲ့ ဘဝလက်တွဲဖော်အဖြစ် ပေါင်းစည်းတဲ့နေ့ရက်လည်း ဖြစ်တယ်..!"

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့လက်ကိုမြှောက်ကာ လက်ဖမိုးထက် အနမ်းဖွဖွခြွေလိုက်လေတယ်။

ရင်းဆုယဲ့က ကောင်လေးအပေါ် သူ့ရဲ့ခံစားချက်တွေကို အစကတည်းက အတည်ပြုထားပြီးသားပဲ။ ထို့ကြောင့် သူနဲ့ရွှယ်ယို့ရှန်းရဲ့ ဆက်ဆံရေးကို တစ်ကမ္ဘာလုံးသိအောင် ကြေညာနိုင်ဖို့ အမြဲတမ်း စောင့်မျှော်နေခဲ့တယ်။ ဒီနည်းလမ်းကသာ ရွှယ်ယို့ရှန်းအပေါ် ထာဝရ အမှတ်အသားပြုနိုင်လိမ့်မယ်။ ဘယ်သူကမှ သူ့ရဲ့အချစ်ဆုံးလေးကို ကြံစည်ဝံ့မှာမဟုတ်ဘူး။ ရွှယ်ယို့ရှန်းက သူ့အပိုင်ဖြစ်ကြောင်း လူတိုင်းသိစေရမယ်။ ရွှယ်ယို့ရှန်းတစ်ဦးတည်းသာ သူ့ကို ပိုင်ဆိုင်နိုင်လိမ့်မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now