192 Extra End

5.9K 669 22
                                    

Unicode

အိပ်ဆောင်ကို ပြန်ရောက်တာနဲ့ ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့ရင်ခွင်ထဲကနေ ရုန်းထွက်ပြီး ထိုင်ခုံပေါ်မှာ ထိုင်လိုက်တယ်။ ရင်းဆုယဲ့ကို ပွစိပွစိမလုပ်နိုင်သေးခင် ရန်ယူရာရဲ့အသံက အခန်းအပြင်ဘက်ကနေ ထွက်ပေါ်လာတယ်။

“အရှင်မင်းကြီး.. ဘဝလက်တွဲဖော် ပိုင်ဆိုင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုလက်ဆောင်တွေ ပေးပို့လာကြပါတယ်..”

လူသားဘုရင်က သူတို့ရဲ့မိစ္ဆာဘုရင်ကို ခေါ်ဆောင်သွားတာကြောင့် ရန်ယူရာလည်း အနောက်ကနေ အမြန်လိုက်သွားရတယ်။ ကျန်တဲ့ပျော်ပွဲရွှင်ပွဲတွေအတွက် လိုအပ်တာတွေအကုန်လုံး ပြင်ဆင်ပြီးသားဖြစ်တာကြောင့် သူမကိုယ်တိုင် စီစဉ်ကွပ်ကဲနေဖို့ မလိုအပ်တော့ဘူး။ ထိုအစား လူသားဘုရင်,မ,သွားတဲ့ သူမတို့ရဲ့ ဘုရင်မင်းမြတ်ကိုသာ ပိုပြီးစိတ်ပူမိတယ်။ ထို့ကြောင့် ဆုံးဖြတ်ချက်ချကာ အနောက်ကနေ အမြန်လိုက်လာခဲ့တယ်။

“ဝင်လာခဲ့..”

ရွှယ်ယို့ရှန်းလည်း သူ့အတွက် ဘယ်သူတွေ ဘာပို့ပေးလိုက်သလဲဆိုတာ သိချင်မိတာကြောင့် ရင်းဆုယဲ့ ကန့်ကွက်လာမှာကို စောင့်မနေဘဲ ရန်ယူရာကို ဝင်ခွင့်ပြုလိုက်တယ်။

“ဟုတ်ကဲ့..”

ရန်ယူရာက တံခါးကိုတွန်းဖွင့်ပြီး လင်ဗန်းတစ်ချပ်ကိုင်ကာ ဝင်လာခဲ့တယ်။

တစ်ချက်ကြည့်လိုက်ရုံနဲ့ လင်ဗန်းပေါ်မှာ ထူးဆန်းတဲ့အိတ်တစ်လုံး ရှိနေတာကို မြင်လိုက်ရတယ်။ ဒါပေမဲ့ သူ့ရဲ့အကြည့်က အိတ်ဘေးနားမှာရှိနေတဲ့ လက်စွပ်နှစ်ကွင်းပေါ်မှာ အဆုံးသတ်သွားတယ်။ ရွှေလက်စွပ်နဲ့ ငွေလက်စွပ်လေး တစ်ကွင်းစီ။

“အဲ့တာ ‘နေအလင်း’နဲ့ ‘လအလင်း’ မဟုတ်ဘူးလား..?”

ရွှယ်ယို့ရှန်းက ရှေ့တိုးကာ လက်စွပ်တွေကို ယူကြည့်လိုက်တယ်။ ပြီးနောက် လက်ဖဝါးပေါ်မှာ အသာဆော့ကစားရင်း မေးလိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့အသံက လုံးဝသေချာနေသလိုပဲ။

“အင်း..”

ရင်းဆုယဲ့က ‘နေအလင်း’ကို လှမ်းယူလိုက်တယ်။ ထိုတစ်ခဏ ‘နေအလင်း’က လက်စွပ်အသွင်ကနေ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားလေတယ်။ သူ့ရဲ့လက်ထဲက ‘နေအလင်း’ကိုကြည့်ရင်း ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေက တောက်ပလာတယ်။ ပြီးနောက် လက်တစ်ချက် ဝှေ့ရမ်းလိုက်တာနဲ့ လက်စွပ်အဖြစ် ပြန်ပြောင်းသွားခဲ့တယ်။

🎉 You've finished reading ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ! 🎉
ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now