Chapter 3

4.5K 578 20
                                    

CHAPTER 3

ကျန်းကျွင်းရှီ သည်ကြက်သိုက်ရွာကပြန်လာပြီးနောက် ရက်အတော်ကြာအိပ်မပျော်ခဲ့ပါ။ သူအိပ်ဖို့မျက်လုံးမှတ်လိုက်တိုင်း ကြက်အုပ်က သူ့ခေါင်းတစ်ဝိုက်မှာ ခုန်ပေါက်နေသလိုပင်။ နတ်ဆိုးရဲ့ ချည်နှောင်မှုထဲ သူကျရောက်နေသလိုလို။ နေ့ဘက်တွေမှာ ကြက်တွန်သံကိုကြားတိုင်း ဘယ်နေရာက ကြက်တစ်ကောင်ထွက်လာမှာလဲကို ကြောက်နေရသည်။ အလုပ်သမား နှစ်ယောက်မှာလည်း ကြက်သိုက်ရွာမှ အကြောက်တရားများရှိနေဆဲပင်။ သူတို့ဒီအကြောင်းကို ပြန်ပြောသည့်အခါတိုင်း ကြောက်လန့်သည့်လေသံတို့ပါဝင်လျက်ရှိနေသေးသည်။

အလုပ်သမားနှစ်ယောက်ရဲ့ ပါးစပ်တန်ခိုးကြောင့် ကြက်သိုက်ရွာမှာ နာမည်ကြီးလာတော့သည်။ လူတွေရဲ့ အကြီးမားဆုံး‌ပြောဆိုချက်မှာ ကြက်သိုက်ရွာတွင် လူတစ်ဦးနှင့် ကြက်အုပ်မှာ အဆုံးမရှိဆိုတာပင်ဖြစ်သည်။

ရလဒ်ကတော့ သူခိုးတွေပေါ်လာလေသည်။

အရည်အသွေးကောင်းတဲ့ ကြက်နှစ်ကောင်လောက် ခိုးမည်ဟုဆိုကာ မိုက်မဲတဲ့ ခံယူချက်နှင့် သူခိုးကကြိုတင်ပြင်ဆင်မှုများလုပ်ပြီး ကြက်သိုက်ရွာထဲသို့ ခိုးဝင်ခဲ့သည်။

နောက်တော့ သူတို့ကိုမတွေ့ရတော့ပေ။

စစ်ပွဲရဲ့ အနုပညာက ရိုးရှင်းပါသည်။ ရန်သူရဲ့အကြောင်းကိုသိရှိနားလည်ခြင်းသည် တိုက်ပွဲတစ်ရာ‌ကိုအောင်နိုင်လိမ့်မည်။ သူခိုးက ပြိုင်ဖက်ကို ဂရုမစိုက်ဘဲ လျော့တွက်သည့် အမှားကိုလုပ်ခဲ့လေသည်။ ထိုသူခိုးသည် ကြက်သိုက်ရွာထဲသို့ဝင်ရောက်သည်နှင့် ကြေကွဲစရာအဖြစ်အဆုံးသတ်သွားလေသည်။ သူတိုက်ကြက်များကြားထဲ နှစ်မြုပ်နေချိန်တွင် လှောင်အိမ်အနီးပင် မရောက်သေးပေ။ သူငိုယိုပြီး အကူအညီမတောင်းရသေးခင်မှာပင် ကြက်မွှေးများ၊ မြက်များနှင့် ကြက်ချေးများကြား နှစ်မြုပ်သွားလေသည်။

"သောက်ရမ်းတွေ သတ္တိရှိနေတယ်ပေါ့ ဟုတ်လား၊ ငါတို့ ကြက်သိုက်ရွာက ကြက်တွေကိုလာခိုးရဲတယ်ဆိုတော့"
အိပ်ယာပေါ်မှာ ညအိပ်ဝတ်စုံဖြင့်လဲလျောင်းနေသည့် နျဲ့ပုဖန် က မြေကြီးပေါ်မှာ လဲနေတဲ့ သူခိုးအား ရင်ဘတ်ပေါ်လက်တင်ရင် ပြောလိုက်သည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now