Chapter 6

3.5K 468 13
                                    

အပိုင်း ၆ ကြက်သားအရသာရှိသော ငါးဟင်း

“အိမ်က ဘာမှမရှိဦးတော့ သန့်ရှင်းရေးလေးတော့ လုပ်ရမယ်မလား”
လီယိသည် စောင်ကိုဖယ်ခွာရင်း နျဲ့ပုဖန်အား ပြောလိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက် လီယိသည် အတော်အတန်သက်သာလာခဲ့သည်။ မည်သည့်ဆေးမှ သောက်သုံးရခြင်းမရှိသော်လည်း သူ၏အတွင်းဒဏ်ရာများ သက်သာပျောက်ကင်းခဲ့သည်မှာ အံ့ဩစရာကောင်းလှပေသည်။

“မင်း ငါ့အိမ်မှာပဲအိပ်၊ ငါ့ထမင်းကိုပဲစားနေတယ်လို့မထင်ဘူးလား။”
နျဲ့ပုဖန်သည် လီယိအားတစ်ချက်လှမ်းကြည့်ကာ လက်ထဲမှဗန်းအားပေးရင်းပြောလိုက်သည်။
“ငါမအားလို့ အသီးအရွက်တွေ ခြွေပေးပါဦး”

လီယိ အသီးအနှံဗန်းအားကြည့်ကာ မေးလိုက်သည်။
“ဘယ်လိုခြွေရမှာလဲ”

“ဒီလို ... ပြီးတော့ ဒီလို”
နျဲ့ပုဖန့် ဖြည်းညှင်းစွာခြွေပြလိုက်သည်။

လီယိ မတ်မတ်ထိုင်ပြီး ပဲနီကလေးများအား ခြွေနေတော့သည်။ သူ၏လှုပ်ရှားမှုများသည် ကျက်သရေရှိလှသည့်အတွက် ပန်းထိုးနေသည်နှင့်ပင် တူနေသည်။

နျဲ့ပုဖန် လီယိအားတစ်ချက်ကြည့်ပြီး မျက်နှာချင်းဆိုင်တွင်ထိုင်ကာ မေးလိုက်သည်။
“ဘယ်တော့ ငါ့ဆီကနေ ထွက်သွားမှာလဲ”

လီယိ : “ဘာလဲ။ အစ်ကိုနျဲ့က ဧည့်သည်လက်မခံတော့ဘူးလား”

နျဲ့ပုဖန် : “အဲဒီလိုကြောင့်မဟုတ်ပါဘူး။ မထူးလည်းဒီရွာမှာ လူမှသိပ်ရှိတာမှမဟုတ်တာ။ ဒါပေမဲ့ မင်းလိုသခင်လေးက ဒီလိုစုတ်ပြတ်တဲ့အခန်းမှာ နေဖူးလို့လား”

လီယိ : “အစ်ကိုနျဲ့ ... စိတ်မပူပါနဲ့၊ အစ်ကိုက ငါ့ရဲ့အသက်ကိုကယ်ခဲ့ပေမဲ့ ငါက ကျေးဇူးပြန်မဆပ်ရသေးဘူး။ ဒါကြောင့် ဒီမှာခဏနေပြီး ရွာအတွက်လုပ်နိုင်တာလေးတွေ လုပ်ပေးချင်သေးတယ်”
လီယိ တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

ထိုစကားအားကြားသောအခါ နျဲ့ပုဖန် သင်္ကာမကင်းစွာဖြင့် လီယိအားကြည့်လိုက်ပြီး တစ်နေရာမှ ကြက်သွန်နီများအား ထုတ်ကာ ပြောလိုက်သည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now