Chapter 50

2K 264 6
                                    

Chapter - 50
ကြက်ငှက်တုပ်ကွေး


ရတနာသိုက်ရှိ ယန္တရားများသည် အလွန်ရှုပ်ထွေးသည့်အတွက် အချိန် လေးနာရီလောက်အတွင်း ရတနာသိုက်၏ တစ်ဝက်မျှကိုသာ ရှာတွေ့ခဲ့ကြလေသည်။ ဤတစ်ဝက် ရှာရခြင်းကပင် ၎င်းတို့အားလုံးကို ရူးသွားစေရန် လုံလောက်ခဲ့သည်။

ခမ်းနားထည်ဝါသော ရွှေငွေ အသုံးအဆောင်များ၊ ထူးခြားသော ရှေးဟောင်း စာအုပ်များနှင့် စာလိပ်အမျိုးမျိုး၊ နိုင်ငံခြား ရတနာများ၊ ရှားပါး သတ္တုများ၊ ကောင်းမွန်သော ဝိုင်ခွက်များနှင့်  ဝိုင်ခရားများ၊ ပန်းချီများ၊ တူရိယာများနှင့် စစ်တုရင် အစုံများ စသည်တို့ကို တွေ့ရှိခဲ့ကြသည်။ သို့သော်လည်း အချို့သော ပစ္စည်းများမှာ ဖျက်ဆီးခံရခြင်းခံရသလို ခိုးယူခံရခြင်းလည်း ရှိခဲ့သည်။ သို့သော် ဤအဖြစ်များမှာ သူခိုးများ ရတနာ မုဆိုးများ လက်ချက်တော့ မဟုတ်ချေ၊ ရတနာသိုက်တွင် ကြက်မွေး၊ ကြက်မစင်၊ ကြက် ခြေရာ လက်ရာများနှင့် ကြက်များ မွှေနှောက်ခဲ့သော အခြားအရာများသာ ကျန်ရှိတော့သည်။ ဤအရာများက အဖျက်စီးကောင် ကြက်တို့ကို တိုက်ရိုက် သက်သေပြလျှက် ရှိနေ၏။

ဒါ့အပြင် နေရာအချို့တွင် တွေ့ရသော ကြက်မစင်များ၏ စိုစွတ်မှုနှင့် ခြောက်သွေ့မှု အတိုင်းအတာအရ ဤရတနာသိုက်သို့ အချိန်အတော်ကြာ ကြက်များ လာရောက် လည်ပတ်ခဲ့သည်ကို တွေ့မြင်နိုင်သည်။ အမှန်တကယ်တော့ သည်တစ်ခေါက်မှာ သူတို့နဲ့အတူ ပါသွားတဲ့ ကြက်တွေကြောင့်ချည်း ပျက်စီးတာ လုံးလုံး မဟုတ်။ ဤနေရာဟာ ရှေးရှေးယခင်ကတည်းက ကြက်များ အမြစ်တွယ်နေထိုင်ခဲ့ကြောင်း သက်သေပြထားလေ၏။

သည်နေရာဟာ အစကတည်က ကြက်တွေ လွှမ်းမိုးလာတဲ့ လောက ဖြစ်ဟန်တူပြီး၊ နတ်ဘုရားတောင်မှာ ဤနေရာက ကြက်တွေကို တားဆီးနိုင်မှာ မဟုတ်ပေ။

ရွာကို ပြန်ရောက်ပြီးနောက် ဖုန်မှုန့် အလိမ်းလိမ်းပေကျံနေသော လူတွေဟာ သူတို့ရဲ့ နေအိမ်တွေဆီအသီးသီး ပြန်သွားကြ၏။ ဤနေရာမှာ ရတနာသိုက်ကို စောင့်ကြပ်နေတဲ့ ကြက်တွေ ရှိတာကြောင့် နန်းတော်ထက်တောင် ပိုလုံခြုံတာမို့ စိတ်ပူစရာမလိုချေ။  မည်သူမဆို တိတ်တဆိတ် ခိုးဝင်ချင်ပါက မျက်နှာပေါ်မှ မျက်ရည်လည်ရွဲဖြင့် တွားသွားလျှက်ထွက်ပြေးရမည်မှာ သေချာပေါက် ဖြစ်သည်။

နျဲ့ပုဖန် အိမ် ပြန်ရောက်သောအခါ ကျန်းကျွင်းရှီ သည် သူ့အတွက် ရေနွေးပူပူကို ပြင်ဆင်ထားပြီး အဝတ်အစားများ ချွတ်ရန် ကူညီပေးပြီး ပြုစုပေးရန် ထိုနေရာတွင် ရှိနေခဲ့သည်။

နျဲ့ပုဖန်က တစ်ယောက်တည်း အေးအေးဆေးဆေး ရေချိုးချင်ကြောင်း ပြောကာ သူ့ကို ပ,ထုတ်သေးသည်။ ဒါဟာ အမှန်တော့ သူ့ ခန္ဓာကိုယ်ပေါ်က သဲလွန်စတွေအကြောင်း ကျန်းကျွင်းရှီကို ရှင်းပြဖို့ ခက်ခဲတာကြောင့် မမြင်စေချင်၍ ဖြစ်သည်။

ရလဒ်အနေနဲ့ တစ်နာရီနီးပါး စိမ်ပြီးတဲ့နောက် ကျန်းကျွင်းရှီ တံခါးဝမှာ ပေါ်မလာခင်အထိ ခြေလက်တွေ အားနည်း တုန်ချိနေတဲ့ အဘိုးအိုတစ်ယောက်လို တုန်တုန်ယင်ယင်နဲ့ အဝတ်အစားတွေ ဝတ်ဆင်ကာ အိုမင်း မစွမ်းတဲ့ လူအိုကြီးလို ဖြည်းဖြည်းချင်းတွားမသွားရုံတစ်မယ် ထွက်လာရသည်။   ထို့နောက် ကုလားထိုင်ပေါ်တွင် မလှုပ်မယှက် ထိုင်ကာ သူ့ ပါးစပ်မှ သေတော့မည့် လူနှယ် ချိနှဲ့စွာအော်လိုက်သည်။

"ကျန်းကျွင်းရှီ၊ ငါ သေတော့မယ်၊ ငါ့ကို လာကယ်ပါဦး"

တံခါး အပြင်ဘက်မှ ကျန်းကျွင်းရှီလည်း  ဒါကိုကြားတဲ့အခါ တစ်ခုခု မှားနေပြီဟု ထင်၍ တံခါးကို အမြန်ဖွင့်ပြီး အထဲကို ပြေးဝင်လာသည်။

"ဘာဖြစ်တာလဲ" 

ကျန်းကျွင်းရှီ က နျဲ့ပုဖန် အနားကို ပြေးသွားကာ စိုးရိမ်တကြီး မေး၏။

နျဲ့ပုဖန်  က သူ့လက်တွေကို ဆန့်ထုတ်လိုက်ပြီး ...

"ငါ အရမ်းအားနည်းနေတယ်၊ မင်း ငါ့ကို အိပ်ခန်းထဲ ပြန်သယ်ပေးနိုင်မလား"

ကျန်းကျွင်းရှီ လည်း နျဲ့ပုဖန်၏ ညုတုတုနှင့် ဖျားယောင်းသော အပြုအမူကို မြင်သောအခါတွင် ရယ်မောလိုက်၏။ 
ထို့နောက်တွင် မင်းသမီးလေးသဖွယ် ပွေ့ချီကာ အိပ်ခန်းဆီသို့ လျှောက်သွားလိုက်သည်။

တံခါးကို ဖြတ်သွားသောအခါ နျဲ့ပုဖန်က ပျက်စီးနေသော တံခါးပြားနှစ်ခုကို ကြည့်ကာဆို၏။

“နောက်ပြီးရင် တံခါးပြင်ဖို့ မမေ့နဲ့။ မင်းက အရမ်းကြမ်းတယ်။ သနားစရာ တံခါးပြားတွေကို မင်း ဘယ်လို အနိုင်ကျင့်ခဲ့သလဲ ကြည့်စမ်းပါ”

ကျန်းကျွင်းရှီ ရယ်လိုက်သည်။ 
သေတော့မယ်၊ ကယ်ပါဦးလို့ အော်တဲ့သူက ဘယ်သူလဲ။

အခန်းထဲကို ရောက်တာနဲ့ အိပ်ရာပေါ်ကို အသာချပေးပြီး စောင်ကိုလည်း ခြုံပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်''
နျဲ့ပုဖန်က ကျေးဇူးတင်သောအခါ ကျန်းကျွင်းရှီကလည်း ...
''ကောင်းသောညပါ''
လို့ ပြန်နှုတ်ဆက်လိုက်သည်။

'ကောင်းသောညပါ' တဲ့လား။ နေ့လယ်ပိုင်းပဲရှိသေးတာကို။

ကျန်းကျွင်းရှီကတော့ သူ့ခေါင်းကို ပွတ်ပေးနေသည်။

"မင်း အရင် အိပ်တော့ ညစာ ချက်ပြီးရင် ငါ မင်းကိုလာနှိုးမယ်''

"မလိုပါဘူး၊ ငါ ကောင်းကောင်း အိပ်ချင်တယ်" 

နျဲ့ပုဖန်သည် မျက်လုံးများကို မှိတ်ကာ လျှင်မြန်စွာ အိပ်မောကျသွားလေသည်။

ကျန်းကျွင်းရှီလည်း သူ့ကို အချိန်အကြာကြီး စိုက်ကြည့်ပြီး အိပ်ခန်းထဲက မထွက်ခင် နဖူးပေါ်ကို ငုံ့ပြီး နမ်းလိုက်၏။

ကျန်းကျွင်းရှီ အခန်းထဲမှ ထွက်သွားတာနဲ့ လီယိ သူ့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

"သူအထဲမှာရှိလား"  လီယိက မေးသည်။

"ခုမှ အိပ်ပျော်သွားတာ။" 
ကျန်းကျွင်းရှီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"ရတနာသိုက်မှာ ဘာတွေ ဖြစ်ခဲ့လဲ။ သူအရမ်းပင်ပန်းနေတဲ့ပုံပဲ''

လီယိလည်း ပြန်ပြောလိုက်သည်။

"ငါလည်း သိချင်တယ်။ သူ နိုးလာတဲ့အခါ စကားပြောရအောင်"

ထို့နောက် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကျောခိုင်းလျှက် ထွက်သွားကြ၏။

၎င်းတို့ ထွက်သွားပြီးနောက် ခြံဝင်းထဲ၌ အရိပ်တစ်ခု ထွက်ပေါ်လာပြီး နျဲ့ပုဖန် အခြေအနေကို ကြည့်ရန်လာသော ဝမ်ရှင်းချန် လည်း ပျောက်ကွယ်သွားခဲ့သည်။

နျဲ့ပုဖန်ဟာ ၁၄ နာရီ ကြာအောင် အိပ်ပြီး နောက်တစ်နေ့ နံနက်အထိ အထိ မနိုးသေးချေ။ ကျန်းကျွင်းရှီလည်း တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ပထမဆုံး သတိပြုမိခဲ့ပြီး အခန်းထဲသို့ ဝင်သွားသောအခါတွင် နျဲ့ပုဖန့် အဖျားကြီးကာ မေ့မျောနေသည်ကို တွေ့လိုက်ရလေသည်။

ကျန်းကျွင်းရှီ လည်း ထိတ်လန့်သွားပြီး သမားတော် တစ်ဦးဦး သွားပင့်လာရန်အတွက် လူတစ်ယောက်ကို မြို့သို့ အမြန် စေလွှတ်လိုက်သည်။

ကြက်သိုက်ရွာရှိ လူတိုင်းဟာ နျဲ့ပုဖန်ရဲ့ ရောဂါအကြောင်းသတိမထားမိကြသေးပေ။ သူတို့ စိတ်ထဲမှာတော့ ရွာသူကြီး နျဲ့ ဟာ အကြောက်တရားကင်းမဲ့လို အနာအဖျားလည်း ကင်းပြီး ကျန်းမာမည် ဟု ထင်နေကြပုံရသည်။ ယခုကဲ့သို့ ခြူချာကာ အဖျားကြီးနေလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့။

ယခုတွင် ကုတင်ပေါ်၌ လဲလျောင်းနေပြီး ရံဖန်ရံခါ မထင်မှတ်ထားလောက်အောင်း ချမ်းတုန်နေရှာ၏။
နျဲ့ပုဖန်ကို ကြည့်လိုက်ကာ အားလုံးက တိတ်ဆိတ်ပြီး စိုးရိမ်နေကြသည်။ လေထုကလည်း လေးလံထိုင်းမှိုင်းနေ၏။

ဝမ်ရှင်းချန်မှာ စုချန်းယီကို အေးစက်စွာစိုက် ကြည့်လိုက်ရာ စုချန်းယီ နှလုံးသားထဲတွင် အပြစ်ရှိကြောင်း တစ်စွန်းတစ်စ ခံစားရပြီး မနေ့ညက မြေအောက်လှိုဏ်ဂူထဲက လိင်ကိစ္စကြောင့် ဤရောဂါဖြစ်နိုင်သည်ဟု တွေးမိလေသည်။

သမားတော်ခမျာမှာလည်း ဂုတ်ကနေကမန်းကတန်း ဆွဲခေါ်ခံလာရသောကြောင့် မောဟိုက်ကာ အသက်ရှူမဝ ဖြစ်နေရှာ၏။
ထို့နောက် အခန်း၏ ထူးခြားနေသော အငွေ့အသက်ကြောင့် သူ မော့ကြည့်လိုက်တဲ့အခါမှာ အခန်းထဲမှာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော ထူးခြားသည့် အသွင်အပြင်နှင့် ပုဂ္ဂိုလ်များဖြင့် ပြည့်နေတာကို တွေ့လိုက်ရတဲ့အခါ ထိတ်လန့်တကြား ဖြစ်ကာ ဇောချွေး ပြန်လာလေသည်။ သည်ဝေးလံခေါင်သီတဲ့ တောင်ပေါ် ရွာကလေးက ပုန်းနေတဲ့နဂါး၊ အိပ်နေတဲ့ ကျားတွေရဲ့နေရာဖြစ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။
လောလောဆယ်တော့ ၎င်းပုဂ္ဂိုလ်တွေထက် ကုတင်ပေါ်က နာမကျန်း ဖြစ်နေတဲ့ လူနာက ပိုအရေးကြီးသေးသည်။

စူးရှသော အကြည့်များအောက်မှာပင် တုန်ရီနေသော ခြေထောက်များနှင့် သမားတော်သည် ကုတင်ပေါ်သို့ တက်လာ၏။ ထို့နောက် သမားတော်ဟာ သွေးခုန်နှုန်းကို တစ်ချက် စမ်းကြည့်ပြီးနောက်မှ သက်ပြင်းချ၍  လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။

“ဘာမှ မစိုးရိမ်ရပါဘူး၊ ဒီလူငယ်လေးက အသည်းရောင်ရောဂါ ဖြစ်ပြီး ကျန်းမာရေး ချို့တဲ့နေတာပါ၊ ဆေးဖက်ဝင် အပင်အချို့ကို ပြုတ်ပြီး သောက်လိုက်ရင် နောက် ရက်နည်းနည်းလောက်ဆို ပြန်လည်သက်သာ လာပြီးနေ ပြန်ကောင်းလာပါလိမ့်မယ်”

အခြား အသေးစိတ်အချက်တွေကိုတော့ သမားတော်ခမျာ ထုတ်မပြောဝံ့ပါ။ ဤအမျိုးသားဟာ မကြာသေးမီက အခြားအမျိုးသားတစ်ဦးနှင့် လိင်ဆက်ဆံခဲ့ဖူးကြောင်း သိသာ ထင်ရှားပြီး ရောဂါဖြစ်ရခြင်း၏ မူလဇစ်မြစ်လည်း ဖြစ်ပေသည်။  တခြားလူက ဘယ်သူဘယ်ဝါဆိုတာ သူ့အတွက် အရေးမကြီးပေ။ ဒါကမယ့် ယင်းနှင့်ပတ်သက်ပြီး ၎င်းတို့အား သတိပေးရန် တာဝန်ရှိသေးသည်။

“အိုး… …ဒါ့အပြင် မကြာခဏ လိင်ဆက်ဆံဖို့ မသင့်တော်ပါဘူး။ တစ်ကြိမ်ပြီးတိုင်းလည်း သေချာဆေးကြောရပါမယ်။ ကိုယ်ခံစွမ်းအား မြှင့်တင်ဖို့ ဆေးဝါးတွေလည်း သောက်ပေးရပါလိမ့်မယ်''

သည်စကား ထွက်လာပြီးတာနဲ့ အခန်းထဲက လူတွေအားလုံးမှာ ထူးဆန်းတဲ့ အမူအရာတွေ ပေါ်လာပြီး ပတ်ဝန်းကျင်ဟာ အရမ်းကို အနေရခက်သော အခြေအနေ ဖြစ်သွား၏။

ဒါကိုမြင်တော့ သမားတော်လည်း ဇောချွေးပြန်ရပြန်လာ၏။
ထို့ကြောင့်  သူ ဆေးစာကို အလျင်အမြန် ရေးပေးပြီး ဆေးသောက်ဖို့ သေသေချာချာ ရှင်းပြညွှန်ကြားပြီးနောက် သူ့အသက်လေး ဘေးကင်းစေရေးအတွက် ဖက်နှင့် ထုပ်ကာ တစ်ချိုးတည်း လစ်ပြေးတော့သည်။

သည့်နောက်မှာတော့ ကျန်းကျွင်းရှီက တူပုန်းအား ဆေးကျိုရန် ခိုင်းလိုက်သည်။ ဆေး မတိုက်မှီ အစာကျွေးရန်အတွက်လည်း ယာဂု အရင် ပြုတ်ပေးဖို့ ခိုင်းလိုက်၏။

ထို့နောက် လီယီက နျဲ့ပုဖန်ကို နာမည် ညင်ညင်သာသာခေါ်၍ နှိုးစေပြီး ထခိုင်ဖို့ ကူညီပေး၏။

နျဲ့ပုဖန်မှာ မူးဝေဝေဖြင့် နိုးလာကာ  ခြေလက်များမှာလည်း အားနည်းနေသည်။

နျဲ့ပုဖန်လည်း ကျန်းနှင့် လီတို့နှစ်ယောက်၏ လက်မောင်းများကို အားပြုကာ ထလာလိုက်ပြီး ဖျော့တော့နေသော အသံလေးဖြင့် မှာကြားသည်။

“ကျန်း၊ မင်းက ငါ့ ကြက်တွေကို ဂရုစိုက်ရမယ်။  မင်း သူတို့ကို အကုန် လျှောက်ရောင်းလို့ မဖြစ်ဘူး၊ အသားစား ကြက်တွေ ရဖို့က ထင်သလောက်မလွယ်ဘူး။ ဒါ့အပြင် ကြက်ဥ အားလုံးကလည်း ကြက်ဥ လက်ဖက် လုပ်လို့ မရဘူး၊ တချို့ကြက်ဥတွေကို သားဖောက်ဖို့ ထားရမယ်''

ကျန်းကျွင်းရှီမှာ ဘာမှပြန်မပြောနိုင်ပဲ နားထောင်နေ၏။

ထို့နောက် သူက လီယိအား ဆက်ပြောသည်။

''လီယီ၊ မင်းက မင်း ညီလေးနဲ့ တည့်အောင် ပေါင်းပါ၊ ငါ့ကြောင့် မင်းတို့ ညီအစ်ကိုဆက်ဆံရေးကို မထိခိုက်စေနဲ့။ ငါ မရှိတော့ရင် နောင်အနာဂတ်မှာ အသက်တွေကြီး၊ အိုမင်းလာတဲ့အခါ သူ့ကိုပဲအားကိုးရမှာ''

“… …” လီရီမှာ မျက်စိမျက်နှာ ပျက်သွားလေသည်။

“အစ်ကိုဝမ်၊ ဗုဒ္ဓရဲ့တရား ဓမ္မတွေအတိုင်း မလိုက်နာ နိုင်သေးရင်၊ ရဟန်းပြုဖို့ဆိုလည်း ဖြစ်မလာနိုင်ပါဘူး၊ ဥပမာ ကြက်မွေးမြူရေးသမားတစ်ယောက်က သူ့ကြက်တွေကို ကောင်းကောင်းမွန်မွန်ထိန်းကျောင်း ပြောင်းလဲနိုင်တယ်ဆိုတာ အမွန်မြတ်ဆုံး အောင်မြင်မှုပါ၊ အနာဂတ်မှာ ကိုယ့်ရဲ့အကျင့်သီလ သိက္ခာတရားတွေကို ကောင်းမွန်စွာထိန်းကျောင်း ပြောင်းလဲနိုင်ရင် အစ်ကိုဝမ်ဟာလည်း ကြီးမားတဲ့ အောင်မြင်မှုကို ရလာပါလိမ့်မယ်''

ဝမ်ရှင်းချန် : "… …"

“အစ်ကိုစု… …”

"ခင်ဗျားအတွက်တော့ ဘာမှ စိုးရိမ်နေစရာ မလိုလောက်ဘူး"  စုချန်းယီအတွက် စကားက မြန်မြန်ပြီးပြတ်သွား၏။

ထို့နောက် နျဲ့ပုဖန် ၏ မျက်လုံးများမှ မျက်ရည်များ ယိုစီးလာက ချိနဲ့စွပြောလာသည်။

"ငါ အရမ်း နာနေပြီ၊ မင်းတို့ ငါ့အတွက် ပြောစရာ မရှိကြတော့ဘူးလား''

မင်းမှာ အဖျား နည်းနည်းလေးရှိတာကို သေခါနီး လူအတိုင်း နောက်ဆုံးစကား ပြောနေတယ်။ သည်လို အချိန်တောင် မင်းက လူတွေကို စိတ်ဒုက္ခပေးနိုင်သေးတယ်။

သည်ကောင် ဖျားနေတောင် ကျက်သရေ တုံးနိုင်သေးတယ်။

နျဲ့ပုဖန်လည်း အတော်ကြာ ငြိမ်နေပြီးနောက်မှာ မေးလာသည်။

"ကျန်း၊ ရိုးရိုးသားသား ပြောပါ၊ ငါ ဘယ်လောက်ကြာကြာ အသက်ရှင်ဖို့ အချိန်ကျန်သေးလဲ''

ကျန်းကျွင်းရှီက ရွဲ့ပြောလိုက်သည်။

"မင်း အသက်ရှင်ဖို့ အနှစ် တစ်ထောင် ကျန်သေးတယ်"

ဤသို့ဖြင့် ယာဂုကို ခက်ခက်ခဲဲခဲ ကျွေးပြီးနောက် လူများ အားလုံး ထွက်သွားကြသည်။ နျဲ့ပုဖန် စကားတွေကို ဆက်နားထောင်ရင် သူတို့ အားလုံး ရူးသွားလိမ့်မည်။

ဒါပေမယ့် သူတို့အားလုံးက ဆရာဝန် ပြောခဲ့တဲ့ နောက်ဆုံးစကားတွေကို ကောင်းကောင်းမှတ်မိကြ၏။
ထိုဆေးညွှန်းတွင် အာဟာရ ဖြည့်စွက်စာ ထည့်ကျွေးဖို့ ပါဝင်ပြီး ဒါမှ နောက်နောင် သာယာပျော်ရွှင်ဖွယ် အချစ်ခရီးတွေ ဆက်လက် ဆင်နွဲနိုင်မည်ဖြစ်ကာ နျဲ့ပုဖန်လည်း ထပ်နေမကောင်း မဖြစ်တော့မှာ ဖြစ်သည်။

ညနေစောင်းတော့ ကျန်းကျွင်းရှီ က  ဆေးရေကျိုပြီး ယူလာပေး၏။ နျဲ့ပုဖန်က ကျန်း၏ ဝတ်ရုံစကိုဆွဲကာ  ...
"ငါ နေကောင်းပါပြီ၊ ဆေးသောက်စရာ မလိုတော့ဘူး" ဟူ၍ ဂျီကျနေသည်။

"နေကောင်းလည်း၊ ဆေးသောက်ပြီးမှ မြန်မြန်သက်သာလာမှာလေ''

နျဲ့ပုဖန်သည် အိပ်ရာပေါ် လှိမ့်ကာ ထရန် အချိန်ဆွဲနေသည်။

နာရီ အနည်းငယ်အတွင်းမှာပဲ သူ့ရဲ့ ကျန်းမာရေးက တကယ်ကို တိုးတက်လာခဲ့ပုံရသည်။ သို့သော် ကျန်းကျွင်းရှီ က သတိမလျော့ဝံ့ပဲ ရောဂါ မြန်မြန်သက်သာစေရန် ဆေးတိုက်ဖို့ ကြိုးစားနေသည်။

"မသောက်ရင် မင်း ပါးစပ်ကို ဖြဲပြီး လောင်းထည့်မယ်'' လီယိက ဘေးမှ ခြိမ်းခြောက်လိုက်သည်။

နျဲ့ပုဖန်လည်း ဝမ်းနည်းတဲ့ အမူအရာလေးနဲ့ ခေါင်းညိတ်လိုက်ပြီး လီယိကို အပြစ်တင်တဲ့မျက်လုံးတွေနဲ့ ကြည့်၏။

တခြားလူတွေကလည်း လုံထိန်း တွေလို တန်းစီရပ်နေပြီး သူ့ကို ဘယ်သူမှ သနားဟန် မပြကြ။

ဤဖိအားပေးမှုအောက်တွင် နျဲ့ပုဖန်သည် နောက်ဆုံး၌ ဆေးရေကို တုံ့ဆိုင်းစွာ တစိမ့်စိမ့်သောက်လိုက်ရသည်။ ထို့နောက် သူ ခဏတာ နှုတ်ဆိတ်နေပြီးမှ ဝမ်းနည်း ပူဆွေးစွာဖြင့် ငိုပြတော့သည်။

“ငါ့ကို သတ်လိုက်ပါတော့။ ဆေးသောက်ဖို့ ခက်ခဲတဲ့ အလုပ်ကို ငါ ဆက်ပြီး မလုပ်နိုင်တော့ဘူး...''

ထုံးစံအတိုင်း၊ သူ၏ သနားစရာကောင်းသော အသွင်အပြင်ဟာ အလုပ်မဖြစ်ခဲ့။ အဆုံးမှာတော့ ဆေးရေတွေ တစ်စက်မျှ မကျန်အောင် သူ့ ဗိုက်ထဲဝင်သွားခဲ့ပြီ။ 
တခြားသူများအဖို့ နျဲ့ပုဖန်ကို ကျွေးမွေးပြုစုပြီး ဆေးတိုက်ရတာဟာ စစ်တိုက်နေရသည့်အလားပင်။ သည်ကောင်က နည်းနည်းလေးမှ ငြိမ်ပြီး နာခံမယ့်ကောင် မဟုတ်ဘူး။ သူ နေမကောင်းဖြစ်တဲ့အကြောင်း ကြားကြားချင်း စိုးရိမ်ပူပန်ပေးမိတာတောင် နှမျောတယ်။

နျဲ့ပုဖန်မှာ သူ့ဘက်က ဘယ်သူမှ မပါပေးတဲ့အခါ စတင် အော်ဟစ်တော့သည်။

“မင်းတို့က လူမဆန်ဘူး။ ငါ့လို အားနည်းသူကို အနိုင်ကျင့်ကြတယ်။ မင်းတို့တွေ အပြစ်ပေးခံရလိမ့်မယ်”

ကျိန်ဆဲ သံများမှာ အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်နေပြီး သူ့ကို ဆေးတိုက်ခြင်း ကိစ္စ မြန်မြန်ပြီးမြောက်ဖို့ ဆုတောင်းနေကြ၏။

သည်လိုနှင့် နောက်တစ်နေ့တွင် နျဲ့ပုဖန် နေပြန်ကောင်းလာပြီး ဖလန်းဖလန်း ထလေ၏။
သို့သော် ရွာရှိလူများမှာ ဝမ်ရှင်းချန်က လွဲပြီး အကုန်ဖျားနာကုန်ကြသည်။
တကယ်တန်းတွင် နျဲ့ပုဖန် ဖျားပြီးတယ်ဆိုရင် ကြက်တွေ နေမကောင်း စဖြစ်လာကြသည်။ ၎င်းတို့မှာ နျဲ့ပုဖန်ဆီက အဖျားကူးခဲ့ပုံရသည်။
 
ပထမ၊ သူတို့ အစာစားချ င်စိတ် ပျောက်သွားကြသည်။ ထို့နောက် ကြမ်းတမ်းကာ ရန်လိုလာသည်။
ရက်အနည်းငယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ်သွားသလိုမျိုး ကြက်သိုက်ရွာမှာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားလေ၏။ ရွာသားများအားလုံးမှာ  ကြက်တွေရဲ့ အဖျက်စွမ်းအားကို ယခင်ကထက် မျက်ဝါးထင်ထင် တွေ့သွားကြသည်။ ခေါင်မိုးတွေပေါ် ပျံတက်၊ မြေတူး၊ ရေထဲမှာ လျောက်ကူးနေပြီး သစ်သားတွေကို ထိုးဖောက်နေတာကို တွေ့လိုက်ရတဲ့အခါ အားလုံးက အံသြပြီး မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်ကုန်ကြသည်။

ကြက်တွေ သောင်းကျန်းပြီးတဲ့နောက် အရာအားလုံး ပျက်စီးယိုယွင်းကာ ကျန်ခဲ့ရသည်။

ရွာသားများလည်း ဘာမှ မတတ်နိုင်ပဲ နာမကျန်းမှုကြောင့် သူတို့ကိုယ် သူတို့တောင် အနိုင်နိုင်ဖြစ်နေသည်။
သူတို့ရဲ့ အခြေအနေက နျဲ့ပုဖန်နဲ့ ကြက်တွေနဲ့ မတူပေ။ ၎င်းတို့၏ လက္ခဏာများမှာ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း၊ နှာရည်ယိုခြင်း၊ အစာကောင်းကောင်း မစားခြင်း သို့မဟုတ် ကောင်းစွာ မအိပ်ခြင်းတို့ ဖြစ်ကြသည်။ သူတို့ နေ့တိုင်း ဆေးသောက်ရပြီး တကယ်က သူတို့ တော်တော် ဒုက္ခရောက်နေရ၏။

သူတို့ကို ပြုစုစောင့်ရှောက်ရင်း နျဲ့ပုဖန်က သူ့ဘာသာသူ တွေးနေမိသည်။
ဒါက ဒဏ္ဍာရီလာ ကြက်ငှက်တုပ်ကွေး ရောဂါများလား။ ဒါပေမယ့်  အရမ်းကြီး မပြင်းထန်သင့်ဘူး မဟုတ်လား။ ငါ သူတို့ကို မကြာခဏ ကျိန်ဆဲခဲ့ပေမယ့်၊ သူတို့ တကယ်ကြီး တစ်ခုခု ဖြစ်သွားပါစေ ဆိုတဲ့ ဆန္ဒ မရှိခဲ့ပါဘူး။

သူ့ရဲ့ ပါးစပ်စီးမှုကြောင့် ယခုတွင် အားလုံး နာမကျန်း ဖြစ်နေကြသည့်အတွက် နျဲ့ပုဖန်လည်းအတော်လေး စိတ်မကောင်း ဖြစ်နေခဲ့သည်။

ကြက်သိုက်ကျေးရွာတွင် ဝမ်ရှင်းချန်တစ်ဦးတည်းသာ ဖျားနာခြင်း မရှိ။ သူသည် သက်သတ်လွတ်သမား ဖြစ်သောကြောင့် လွတ်မြောက်သွားခြင်း ဖြစ်နိုင်သည်။

နျဲ့ပုဖန်မှာ မိမိကြောင့် ဖြစ်ရသည်ဟူသော အပြစ်မကင်းသည့်စိတ်နှင့် သူ စုဆောင်းထားသော ငွေအားလုံးကို ဆေးမြစ် အမြောက်အမြား ဝယ်ကာ ဆေးရေ ကျိုပြီး လူနာတစ်ယောက်ချင်းဆီရဲ့လည်ချောင်းထဲသို့ နေ့တိုင်း ဆေးရေများ လောင်းထည့်တော့သည်။
အစားအစာကိုလည်း အသီးအရွက်များဖြင့်သာအဓိက ချက်ပြုတ်ပြီး မည်သည့် အသားမှ မပါဂင်စေရန် ဂရုတစိုက် စီစဥ်လေသည်။

ရက် အနည်းငယ် ကြာပြီးနောက် လူတိုင်း ကိုယ်အလေးချိန် ကျသွားပြီး အားလုံး ထုံထိုင်းလာကြသည်။ အသား မစားရတာ ကြာပြီ ဖြစ်သည့်အတွက် အသားနံ့ ရတာနဲ့ ငိုယိုကြလေသည်။

နေမကောင်းဖြစ်တာက သည်လောက် ခက်ခဲနိုင်တယ်ဆိုတာ အရင်က သူတို့ မသိခဲ့ကြပေ။

၎င်းတို့၏ ဒုက္ခကို မြင်တွေ့နေရသည့်အတွက် ဝမ်ရှင်းချန်လည်း ပေါ်မလာတော့ပဲ တသီးတသန့် ခွဲနေနေသည်။ သူ့စိတ်ထဲတွင် ထိုသူများ၏ ဒုက္ခအပေါ် စိတ်ကျေနပ် အားရမှုနှင့် သနား စာနာမှုတို့ ရောထွေး ခံစားနေရလေသည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now