Chapter 108

1.1K 127 1
                                    

Chapter - 108
လီဟွေ့


လီရီသည် အမွှာလေးတွေနဲ့အတူ လီအိမ်တော်သို့ပြန်ရောက်လာမှသာ နျဲ့ပုဖန်ကလေးမွေးသည့်သတင်းကို လီဟွေ့ သိရှိခဲ့ရ၏။

သခင်ကြီး လီ သည် ဤချစ်စဖွယ် ကလေး အမွှာလေးတွေကို မြင်လိုက်ရသောအခါတွင်၊ သူ့သားသည် လက်တွဲဖော်အဖြစ် ယောက်ျား တစ်ဦးကို ရွေးချယ်မှုအပေါ် သူ၏ ဒေါသနှင့် နာကြည်းမှုတို့သည် ချက်ခြင်း ပျောက်ကွယ်သွားကာ “မင်းအချိန်ရရင် မင်း အိမ်သူကိုလည်း အလည်အပတ်လာဖို့ ခေါ်ခဲ့လေ'' ဟု ဖိတ်ကြားခဲ့သည်။ 

လီဟွေ့ လည်း သူ့ စိတ်ထဲက ခံစားချက်တွေကို ထိန်းမထားနိုင်ခဲ့ပေ။ သခင်ကြီး လီ နှင့် လီရီ ၏ ပြန်လည် ငြိမ်းချမ်းပြီး သဟဇာတ ရှိနေသော သားအဖ အပြန်အလှန် ဆက်ဆံရေးကို အခွင့်ကောင်းယူပြီး သူသည် သူ၏ အရေးကိစ္စများကို ပစ်ချကာ တိတ်တဆိတ် ထွက်ပြေး၍ ကြက်သိုက်ရွာသို့ နေ့ရောညပါ အပြေးအလွှား ပြေးလွှားခဲ့သည်။

ရွာသို့ ရောက်ရောက်ချင်းပဲ သူက မြင်းပေါ်က ခုန်ဆင်းပြီး ပင်ပန်း နွမ်းနယ်နေပေမယ့် စိတ်အားထက်သန်စွာနဲ့ "ပုဖန်၊ ငါ့အတွက် ကလေး မွေးပေးပါ" ဟု တောင်းဆိုလိုက်သည်။

နျဲ့ပုဖန်သည် အနည်းငယ် ကြောင်အနေပြီးမှ ခဏအကြာတွင်

"ဟွေ့ဟွေ့၊ မင်းက အခု လီ မိသားစုရဲ့ အကြီးအကဲဖြစ်နေပြီ၊ မင်းရဲ့ကလေးကို ငါ့ကို ဘာလို့ မွေးခိုင်းတာလဲ"

"ဟုတ်ပါတယ်၊ ငါက မိသားစုကို အမွေ ဆက်ခံပြီး ဇနီး တစ်ယောက်နဲ့ လက်ထပ်ပြီး အနာဂတ်မှာ ကလေးယူရမှာပါ။ ဒါပေမယ့် ငါ မင်းနဲ့ ကလေး အရမ်း လိုချင်တယ်"

လီဟွေ့က တောက်ပတဲ့ မျက်လုံးတွေနဲ့တောင်းဆိုသည်။

နျဲ့ပုဖန်က တိတ်ဆိတ်နေ၏။

"လုပ်ပါကွာ၊ နော်"
လီဟွေ့ က အသနားခံလု နီးပါးပင်။ သူသည် မာနကြီးသလို၊ သူ ဘယ်တုန်းက တစ်စုံတစ်ယောက်ကို မတောင်းပန်ခဲ့ဖူးပေ။

ထိုတွင် နျဲ့ပုဖန် သည် သူ့ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး လီဟွေ့၏ မျက်နှာကို ထိလိုက်ကာ ရုတ်တရက် လီဟွေ့၏ ပါးပြင် ပျော့ပျော့အိအိကို ဆွဲညှစ်ပြီး ပြုံးရယ်ကာ ပြောလိုက်သည်။

''ဒီမယ် ကောင်လေး၊ မင်း တောင်တော်တောင် တိုးတတ်လာပြီပဲ၊ လိုချင်တာရဖို့ ဘယ်လို အောက်ကျို့ရမလဲ ဆိုတာ သိလာပြီ''


"မင်း ..." 
လီဟွေ့ က သူ့ကို စိုက်ကြည့်ရင်း ရင်ဘတ်မှာ ရောပြွမ်း တုန်လှုပ်နေတဲ့  ခံစားချက်တွေ ပြည့်နှက်နေပေမယ့် တစ်ဖက်ကတော့ ချက်ချင်း ထွက်သွားခဲ့သည်။

"ဟားဟား" နျဲ့ပုဖန်က ရယ်ပြီး ထွက်သွားသည်။

"ဟေ့၊ မင်း သဘောတူလား၊ မတူဘူးလား။ တူတူ၊ မတူတူ ငါ ဂရုမစိုက်ဘူးနော်၊ မင်း သဘော မတူရင်တောင် ငါ လက်လျှော့မှာ မဟုတ်ဘူး။"

အင်း၊ အခု ဒါက ဟွေ့ဟွေ့ရဲ့ ဖြစ်ပုံပါ။
ထိုနေ့တွေမှာ လီဟွေ့သည် ပူဆွေး သောက ရောက်နေတဲ့ မယားငယ် တစ်ယောက်လို ရုပ်မျိုး ဖြစ်နေပြီး ဒါကို နျဲ့ပုဖန်လည်း မြင်ရတာ စိတ်မချမ်းသာပါ။

လီဟွေသည်  သုံးရက်သာ အချိန်ရသည်။

ဤသုံးရက် အတွင်းတွင် သူသည် စိတ်ဆန္ဒနောက်သို့ လုံးလုံး လိုက်ကာ၊ နျဲ့ပုဖန်အား ပွေ့ဖက်ခြင်း၊ စကားစမြည် ပြောခြင်း၊ အတူတူ ကစားခြင်း၊ ဂရုစိုက်ပေးခြင်းများ နေ့ရော ညပါ ကြိုးစား ပြုလုပ်လေသည်။

သူက နျဲ့ပုဖန် ၏ အထိန်းအကွပ် မဲ့ပြီး ရိုးရှင်းသော စရိုက်ကို သဘောကျသည်။ ကြက်သိုက်ရွာ၏ လွတ်လပ်မှုနှင့် ပြင်ပ ကမ္ဘာနှင့် ထိတွေ့ ဆက်ဆံမှု မရှိခြင်းတို့ကိုလည်း နှစ်သက်၏။

တစ်ညတာ အတူ ကုန်ဆုံးပြီးသော အခိုက်အတန့်တွင် နျဲ့ပုဖန် က

''ဟွေ့ဟွေ့၊ မင်း ပင်ပန်းနေတဲ့အခါ ဒီကို လာပါ၊ ငါမင်းကို ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် အိပ်ရာဝင် ပုံပြင်လေးတွေ ပြောပြမယ်"

လီဟွေ့က နျဲ့ပုဖန် လည်ပင်းမှာ ခေါင်းကို မြှုပ်လိုက်ပြီး “မင်းရဲ့ အိပ်ယာဝင်ချိန် ပုံပြင်လေး ပြောပြတာ ကြားရင် သုံးနှစ်လောက် ပို အသက်တိုသွားလိမ့်မယ်”

သို့သော်လည်း သူသည် အခြားသူ၏ ရှားရှားပါးပါး ချစ်ခင်နွေးထွေးမှု ဖော်ပြတာကို တိတ်တဆိတ် လက်ခံခဲ့သည်။

ပျော်ရွှင်စရာ အချိန်တွေက အမြဲတမ်း မြန်မြန်ဆန်ဆန် ရွေ့လျားနေ၏။ သုံးရက်လောက် ကြာတော့ လီဟွေ့ က  တွန့်ဆုတ်မနေဘဲ ထွက်သွားခဲ့သည်။ နျဲ့ပုဖန်ကို နှုတ်ဆက် စကားတောင် မပြောခဲ့ပါ။  ကြာကြာဆက်နေလျှင် သူ လုံးဝ ထွက်မသွားနိုင်တော့မှာကို သူ ကြောက်သည်။

ပုဖန်သည် ဤသုံးရက်အတွင်း သူ့ကလေးကို ကိုယ်ဝန် ယူနိုင်သည်ဆိုသလား သူ မသိသော်လည်း လီ မိသားစု၏ အကြီးအကဲ ဖြစ်သလို တာဝန် လွှဲပြောင်းမှု၏ အရေးကြီးသောအခိုက်အတန့်တွင် သူ့အတွက် အချိန်များစွာ မဖြုန်းတီးချင်ခဲ့ပေ။ ထို့အပြင်၊ သူ့မှာ အိမ်သို့ပြန်၍ ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်နှင့် ဝတ္တရားများစွာတို့က ရှိနေသေးသည်။

သူ့ အစ်ကိုကြီးကို သူ တကယ် ငြူစူမိသည်။  သူသည် ဤရက်များတွင် ပြတ်ပြတ်သားသား မတုံ့ဆိုင်းဘဲ ထွက်လာခဲ့သော်လည်း လီရီကဲ့သို့ အရာအားလုံးဆီမှ လွတ်လပ်သော ကိုယ် မဖြစ်နိုင်ပေ။

တစ်နှစ် အကြာတွင် လီရီသည် ကလေး တစ်ဦးနှင့်အတူ ပြန်လာခဲ့သည်။ လီဟွေသည် ကလေးငယ်၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သောအခါတွင် ကလေးလေး ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်အထိတွေ့ကြောင့် သူ့ ရင်ဘတ် တစ်ခုလုံး ချက်ချင်း ပူနွေးလာကာ မျက်လုံးများမှ မျက်ရည်များက မထိန်းနိုင်ဘဲ ကျဆင်းလာသည်။

ပုဖန်၊ ကျေးဇူးတင်ပါတယ်။

ယခု အချိန်မှ စ၍၊ သူသည် လီ မိသားစု၏ အကြီးအကဲ ဖြစ်ရန် စိတ်နှလုံး အကြွင်းမဲ့ သွင်းခဲ့သည်။

ဇနီးသည်နှင့် လက်ထပ်ပြီး ကလေးယူကာ၊ ဘာမှ မစဉ်းစားတော့ဘဲ မိသားစု၏ ဂုဏ်သိက္ခာကို ဆက်လက် ထိန်းသိမ်းနိုင်မည် ဖြစ်သည်။

သူသည် နျဲ့ပုဖန်နှင့် အတူ မနေနိုင်သော်လည်း ထိုအခိုက်တန့်မှာ ရရှိခဲ့သည့် ပျော်ရွှင်မှုကို သူနှင့်အတူ ထာဝရ သယ်ဆောင်သွားမည် ဖြစ်သည်။  ဘုရားသခင်က သူ့ကို သနားရင်တော့ အသက်ကြီးလာတဲ့အခါ နျဲ့ပုဖန်ဆီသွားပြီး နှစ်ယောက် အတူတူ ညနေခင်း ဆည်းဆာကို ကြည့်ခွင့် ရဖို့ မျှော်လင့်မိသည်။

သို့သော်လည်း လီဟွေ့ သည် ယခု အချိန်ထိ အရေးကြီးသော ကိစ္စရပ်များနှင့် မကြုံတွေ့ရသေးချေ။

ရွာသူကြီး နျဲ့၏ ကလေးသည် စည်းကမ်း နာခံမှုရှိသော သားသမီး တစ်ယောက် မည်သို့ ဖြစ်နိုင်မည်နည်း။ ၎င်းသည် နတ်ဆိုး ဘုရင် မဟုတ်သည့်တိုင်၊ ၎င်းတွင် တခြားသူများအား ဇောက်ထိုး မိုးမျှော် ဖြစ်အောင် ဒုက္ခပေးမည့် အလားအလာ များစွာ ရှိနေသည်။

လီဟွေ့၏ ဘဝသည် ယခု အချိန်မှ စ၍ တင်းကြပ်သော စည်းဘောင်အတွင်း၊ ငွေရှာခြင်း၊ စာပေလေ့လာခြင်းဟူသော ပျင်းရိဖွယ် ထုံးတမ်း အစဥ်အလားများဖြင့်သာ ကုန်ဆုံးရလိမ့်မည် မဟုတ်တော့ပေ။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now