Chapter 111

1.3K 129 2
                                    

Chapter - 111
ဧကရာဇ် မင်


မကြာသေးမီအချိန်က ဧကရာဇ် မင် သည် သူ၏ ကြင်ယာတော်က ယောကျ်ား တစ်ယောက်နှင့်ဖောက်ပြန်ပြီး ကိုယ်ဝန်ရလာသည့်အတွက် အင်မတန် အမြတ်တော် ရှနေခဲ့သည်။ သူသည် ထိုဖောက်ပြန်သော ယောကျ်ားအား ဖော်ထုတ်ရန်ဆုံးဖြတ်ခဲ့သည်။ သူ၏ ကြင်ယာတော်အား ခိုးယူဝံ့သော ထိုယောကျ်ားကို မြင်ချင်သည်။

ထိုသူကို ဖမ်းဖို့အတွက် သူသည် ကြင်ယာတော် လီအတွက် အထူး အမွှေးနံသာ အိတ်ကို ပြုလုပ်စေ၍ ချီးမြှင့်ခဲ့သည်။ ၎င်း ရနံ့ဖြင့် ထိုသူကို ဖမ်းရန် ထောင်ချောက်ဆင်ခြင်း ဖြစ်သည်။

အစပိုင်းမှာတော့ အရာ အားလုံးက ချောမွေ့ခဲ့၏။
ဤသို့ဖြင့် ထိုဖောက်ပြန်သော ယောကျ်ားကို မကြာမီတွင် လက်ပူး လက်ကြပ် ဖမ်းမိခဲ့ပေမယ့် ထိုသူ၏ ကျွမ်းကျင် သွက်လက်မှုကြောင့် ရဲမက်များဝိုင်းထားသည့် ကြားမှ လွတ်မြောက်သွားလေသည်။

သို့သော် ထိုသူ့ ခန္ဓာကိုယ်တွင် ကြင်ယာတော် လီ၏ အမွှေးနံသာ အိတ်မှ ရနံ့များ ရှိနေသေးသရွေ့ သူတို့၏ ခြေရာခံနိုုင်မည် ဖြစ်ပြီး ပြေးလို့လွတ်မြောက်နိုင်မည် မဟုတ်ပေ၊ ဧကရာဇ်မင်းသည် ဤအမှု ရလဒ်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

ဤသို့ဖြင့် သိပ်မကြာခင်မှာပဲ အစောင့်တွေက အဲဒီလူကို ပြန်ဖမ်းမိသွားသည်။ သို့သော် ဤ “ဖောက်ပြန်သူ” သည် ယခင်က သူမျှော်လင့်ထားသည့် ပုံစံနှင့် အနည်းငယ် ကွာခြားသည်။

ထိုသူက အရမ်း ငယ်ရွယ်၏။ မျက်လုံးတွေက ဖြူစင်နေပြီး၊ သူ့ အမူအရာက တည်ငြိမ်လှသည်။ ဒါ့အပြင် ထိုသူ့ အပြုအမူများက ပေါ့ပေါ့ပါးပါးပင်။ ပြီးတော့ တိုင်းပြည်ရဲ့ဘုရင်မင်းမြတ်ကိုလည်း လုံးဝ ကြောက်ပုံ မပေါ်ချေ။ ထိုသူက မကြောက်ရုံသာမက ဧကရာဇ်၏ သံသယ ကင်းရှင်းရန်အတွက် ယုတ္တိရှိရှိ အေးဆေး တည်ငြိမ်စွာ ရှင်းပြ ပြောဆိုနိုင်ခဲ့သည်။

"ကြင်ယာတော် လီ က ကျန်း ရဲ့နောက်ကွယ်မှာ တခြား ယောက်ျားတွေနဲ့ ဆက်ဆံရေး ရှိနေတယ်ဆိုတာ ကျန်း က အမြဲသိနေတယ်။ အဲ့လူကို ဖမ်းဖို့အတွက် ကျန်း က ကြင်ယာတော် လီ ကို အထူးအမွှေးနံ့သာအိတ် ပေးခဲ့တယ်။ သူမနဲ့ ထိတွေ့ဖူးသူတွေရဲ့ခန္ဓာကိုယ်မှာ အဲ့ အမွှေးရနံ့ ဆွဲသွားစေဖို့ပဲ၊ အခု မောင်ရင့်ရဲ့ခန္ဓာကိုယ်မှာလည်း တူညီတဲ့ အမွှေးနံ့ ရှိနေတယ် မဟုတ်လား''

ဧကရာဇ်မင်သည် ထိုသူကို စေ့စေ့ကြည့်၍ ပြောလိုက်သည်။

"မဟုတ်ပါဘူး။ ဒီမွှေးရနံ့က ကျွန်တော်မျိုးခန္ဓာကိုယ်က မဟုတ်ပဲ ဒီအဝတ်အစားတွေက ရနေတာပါ''

ထိုသူ မတ်တပ် ထရပ်၍ သည်အဝတ်အစားက သူ့ဟာမဟုတ်ကြောင်း ရဲရဲတင်းတင်း ထုတ်ဖော်ပြောဆိုပြီးနောက် အဝတ်တွေကိုတောင် ခါထုတ်နေသေးသည်။ အမှန်ပင် အဝတ်တို့သည် ထိုသူ၏ပိန်ပါးသွယ်လျသော ခန္ဓာကိုယ်ပေါ်တွင် လျော့တိလျော့ရဲ ဖြစ်လွန်းနေ၏။

''ဒီ မတော်တလျော် အဝတ်တွေက ကျွန်တော်မျိုးဟာ ဖြစ်နိုင်ပါ့မလား''

ထိုသူက ဘာကိုမှ ဂရုမစိုက်ပဲ  ယုံကြည်ချက် ရှိရှိနဲ့ ငြင်းခုံလေသည်။

ဧကရာဇ် မင်သည် သူ့ကို့ ကြည့်ကာ အနည်းငယ် ရယ်ချင်သော်လည်း ခေတ္တမျှ နှုတ်ဆိတ်နေ၏။ ထို့နောက်  "ကြင်ယာတော် လီမှာ ကိုယ်ဝန်ရှိနေတယ်" ဟု ရုတ်တရက် ပြောလိုက်သည်။

မူလက သူသည် တစ်ဖက်လူ၏ တုံ့ပြန်မှုကို စမ်းသပ်လို၍ ဖြစ်သော်လည်း တစ်ဖက်မှ

''အရှင်မင်းမြတ်အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်'' ဟူသော စကားကို ဝမ်းမြောက်ဝမ်းသာ ပြန်ဖြေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။

ဧကရာဇ်မင်းသည် ညီလာခံ အတွင်းရှိ အစောင့်များနှင့် မိန်းမစိုးများ၏ အမူအရာကို မကြည့်ဘဲနဲ့တောင် ခန့်မှန်းမိသည်။ ပထမတော့ ဧကရာဇ်သည် ဘာမှ ပြန်မပြောနိုင်အောင် စကားလုံးတွေ ပျောက်ရှသွားပေမယ့် ဤအခိုက်အတန့်တွင် ဤလူသည် ကြင်ယာတော်နှင့် ဖောက်ပြန်သူ မဖြစ်နိုင်ဟု အလွန် သေချာသွားသည်။ 

ဘယ်ယောကျ်ားကများ မိမိနဲ့ ရတဲ့ ရင်သွေးကို တခြားသူဆီ ဝမ်းမြောက်ဝမ်းသာ ပေးနိုင်ပါ့မလဲ။

ထို့နောက် ဧကရာဇ်မင်သည်  မတော်တဆ အပိုင်းပိုင်း ကွဲသွားသော ကျောက်စိမ်းဆွဲသီးကို စားပွဲပေါ် ချလိုက်ပြီး ထိုသူ့ထံသို့ လှမ်းလာကာ “မင်းရဲ့အဝတ်တွေကို ချွတ်လိုက်ပါ” ဟူ၍ မောက်မာစွာ အမိန့်ပေးလိုက်သည်။

ဧကရာဇ်၏ ရည်ရွယ်ချက်က သည်ကောင်ကို အရှက်ရစေချင်ပေမယ့် တစ်ဖက်လူဟာ ရှက်ရွံ့အလျဥ်းခြင်း မရှိပါပဲ၊ သွက်သွက်လက်လက်ပင် အဝတ်တွေကို ချွတ်ချလိုက်သည်။  

ထိုမကြောက်တတ်သော လူသည် ဧကရာဇ် အတွက် အလွန် စိတ်ဝင်စားဖို့ကောင်း၏။ ထိုသူနှင့်မျက်လုံးချင်း ဆုံအောင် ကြည့်ပြီး၊ သူ့ ဆံညှပ်ကို ဆွဲဖြုတ်လိုက်သောအခါ၌ ပိုးသားလို ချောမွှေးနူးညံ့၍ ပန်းရနံ့ မွှေးကြိုင်သော ဆံနွယ်နက်နက်များက သူ့ ပုခုံးပေါ် ဝဲဖြာကျဆင်းသွား၏။

ထိုသူ့ကို မေးခွန်း အနည်းငယ် မေးပြီးနောက်တွင် ဘေးမှာ ခေတ္တထားဖို့ ဧကရာဇ် မင်က ဆုံးဖြတ်လိုက်သည်။ သည်လို ရယ်စရာ ကောင်းတဲ့ လူနဲ့ တွေ့ဖို့က ရှားရှားပါးပါး ဖြစ်ပြီး ဘာပဲဖြစ်ဖြစ် လွှတ်မပေးချင်ပေ။

ဒါ့အပြင် ထိုသူ့အပေါ်၌ ချစ်ခင်စိတ် ဖြစ်မိသည်။

သို့ရာတွင် ဧကရာဇ် မင်မှာ သူ ဘေး၌ အတူခေါ်ယူထားသည့် ''ရှောင်ပေါင်'' ဆိုသော လူသည် အမှန်တကယ် ရတနာ တစ်ခု ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထိုသူ၏ အပြုအမူများသည် စိတ်ထဲ ရှိသလို ပြုမူနေခြင်း ဖြစ်သော်လည်း စော်ကားခြင်းမျိုး မဟုတ်ပေ။ ဒါ့အပြင် ၎င်း၏ အပြောအဆိုမှာ လုံးဝ လိမ္မာပါးနပ်မှု မရှိသော်လည်း လူအများကို အမြဲ ပျော်ရွှင်စေနိုင်သည်ဟု ထင်သည်။ 

နောင်တွင် ထိုသူ့အပေါ် သူ့စိတ်ဝင်စားမှုက မျှော်လင့်ထားတာထက် ပိုဖြစ်လာသည်ကိုတော့ ငြင်းလို့ မရပေ။ ဒါ့အပြင် ထိုသူ၏ ရယ်မောစရာကောင်းတဲ့ ကဗျာ တစ်ပုဒ်ကြောင့် ဧကရာဇ်၏ သားရဲဆန္ဒက ချက်ချင်း နိုးကြားလာခဲ့သည်။

မူလက၊ ထိုသူ၏ လုပ်ရပ်များသည် အများအားဖြင့် လှည့်စားမှု တစိတ်တပိုင်း ပါ၀င်သော်လည်း ဧကရာဇ်သည် ထိုသူ့အပေါ် အမျက်မထွက် စိတ်မကွက်ပဲ၊ ပို၍ ချစ်ခင် တောင့်တမိလာသည်။

ထိုသူနှင့် ပျော်ပါးပြီးနောက်တွင် သိလိုက်ရသည်မှာ ထိုသူသည် ဟန်ဆောင်ခြင်း၊ နှိမ့်ချခြင်းမျိုး မရှိဘဲ၊ တစ်လျှောက်လုံး  သဘာဝကျကျ သက်သောင့်သက်သာဖြင့် ရင်းနှီးစွာ ဆက်ဆံခဲ့သည်။

ဧကရာဇ် သည် သည်ကောင်လေးကို သဘောကျလာမိကြောင်း ခံစားမိပြီး သူ့ ဘေးမှာ ဆက်ရှိထားဖို့က ကြည်နူးစရာ ကောင်းတဲ့ အကြံအစည် ဖြစ်မည်ဟု ဆုံးဖြတ်ခဲ့၏။

ရက်အတော်ကြာ ကြည်နူးစရာ ကောင်းတဲ့ အချစ်ရေးကို ခံစားပြီးနောက်တွင်၊ ဧကရာဇ်အား အဆိပ်ခတ်် လုပ်ကြံသော အဖြစ်အပျက် တစ်ခု ရှိလာခဲ့လေသည်။ ထိုယောကျ်ားက ဧကရာဇ် ၏  အသက်ကို ကယ်ခဲ့သည်။ ဧကရာဇ်မင်းသည် အားနည်းပြီး မကျန်းမမာ ဖြစ်နေသော ထိုလူကို မြင်သောအခါတွင် အလွန် ဒေါသထွက်သွားသည်။ ကြင်ယာတော်၏ ဖောက်ပြန်မှုကိုတောင် သူ သည်လောက်   ဒေါသ မထွက်ခဲ့ပေ။

ဧကရာဇ်မှာ ထိုသူ၏ အသက်အန္တရာယ် ဘေးကင်းရေးကို စိတ်ပူသော်လည်း ထိုလူက နိုးလာသောအခါတွင် “ကျွန်တော် ဗိုက်ဆာတယ်” ဟူ၍ ပြောလေသည်။

သည်ကောင်က သည်လိုပဲ။ လောကကြီးမှာ သူ့ကို ကြောက်လန့် ဝမ်းနည်းအောင် လုပ်နိုင်တဲ့ အရာတစ်ခုမှ မရှိသလို အဆိပ်ခတ်ခံရပေမယ့် ပေါ့ပေါ့ပါးပါး ပြုံးရယ်နေနိုင်သေးသည်။

နောက်ပိုင်းတွင် ထိုသူ၏ ခန္တာကိုယ်သည် အထူးကောင်းမွန်ပြီး အဆိပ်သည် သူ့အသက်ကို မထိခိုက်စေကြောင်းကို သိလိုက်ရပြီး တချိန်တည်းမှာပဲ အချိန် မတန်မီ သေဆုံးနိုင်ကြောင်းကိုလည်း သိရှိခဲ့ရသည်။ 

ထိုအချိန်က ဧကရာဇ်သည် ထိုလူအတွက် စိုးရိမ်ပူပန်ကာ ပြာပြာသလဲ ဂရုစိုက်ခဲ့ပေမယ့်၊ သူကတော့ ဘာမှ မဖြစ်သလို ပေါ့ပေါ့ပါးပါးသာ နေခဲ့၏။

ထိုသူနဲ့ အတူ ကုန်ဆုံးခဲ့တဲ့ အချိန်တွေဟာ ဧကရာဇ်မင်၏ ဘဝအတွက် အပျော်ရွှင်ဆုံး အချိန်တွေ ဖြစ်နိုင်ပါသည်။ သို့သော် ထိုသူ့ကို တစ်သက်လုံး ဘေးနားတွင် ခေါ်ထားနိုင်လိမ့်မယ်လို့ ထင်နေချိန်မှာပဲ၊ ထိုသူသည် ဧကရာဇ်၏ အမိန့်ပြားကို ခိုးယူကာထွက်ပြေးသည့်အပြင် ဘုရင့် လူယုံတော် ဖြစ်သော နိုင်ငံတော် ပညာရှိကြီးကိုပါ တစ်ပါတည်း ခိုးယူသွားလေသည်။

ထိုအချိန်က ဧကရာဇ် မင် သည် ဒေါသအလွန်ထွက်ကာ သူ့ကို ပြစ်ဒဏ်များ ချမှတ်ရန် အမျိုးမျိုးကြံစည်တွေးတောနေခဲ့သည်။

ဒါပေမယ့် သူကတော့ ဘယ်တော့မှ ပြန်မလာခဲ့ပေ။

''ဝေရှောင်ပေါင်'' ဟူသော အမည်မှာလည်း လိမ်ညာထားသော အမည် အတု ဖြစ်ကြောင်းသိခဲ့ရသည်။
နိုင်ငံတော်၏ ပညာရှိကြီးကိုသာ ချစ်ကြောင်းလည်း ၎င်းက ကိုယ်တိုင် ပြောခဲ့သည်။

အမှန်တွင် သူ့ နာမည်မှာ နျဲ့ပုဖန် လို့ ခေါ်ပြီး သူကတော့ ကြက်သိုက်ရွာရဲ့ ရွာသူကြီး ဖြစ်သည့်အပြင် ပညာရှိကြီး ပွားပေါင်၏  မျိုးဆက်လည်း ဖြစ်ပါသည်။

ထိုသူသည် လင်ယောကျ်ား များစွာ ရှိနေသော လော်လီ ဖောက်ပြားတတ်သည့် ယောကျ်ား တစ်ဦးလည်း ဖြစ်နေသေးသည်။

သည့်နောက်တွင် ထိုသူ့အား ပညာရှိကြီး ပွားပေါင်း၏ ရတနာသိုက်မှ ဝေစုအဖြစ် ရတနာ ငါးပုံတစ်ပုံကို ပေးအပ်ခဲ့သည်။

သို့သော် ထိုသူက ရတနာတွေကို မမက်မောပဲ ချက်ချင်း စွန့်လွှတ်ကာ လှူဒါန်းလိုက်သေးသည်။
ဧကရာဇ်မှာ ထိုသူနဲ့ ပတ်သတ်ပြီး ဘာမှ မတတ်နိုင်တော့သလို ခံစားရသည်။

ဧကရာဇ်မင်းသည် ရှိရှိသမျှ  နည်းလမ်း အားလုံးသုံးသည့်တိုင် နျဲ့ပုဖန်က သူ့ဆီ ပြန်မလာပေ။
ထိုသူက ဧကရာဇ်ကိုပင် အောင်နိုင်သူဟု ဆိုရမည်။

ဧကရာဇ်သည် အလွန် စိတ်ဓာတ်ကျကာ အလွန် ကြီးမားသော တောင်ကြီးကို မတတ်နိုင်သကဲ့သို့ခံစားနေရလေသည်။

နိုင်ငံ့ရေးရာတွေနှင့် ပင်ပန်း နွမ်းနယ်နေသည့်တိုင်  သူ့ကို နှစ်သိမ့်ပေးမယ့်သူ မရှိ။ သူ့ကို ရယ်ရွှင်အောင် ဖန်တီးပေးမယ့်သူ မရှိ။ နှင်းလို အထီးကျန်လှသည်။

ဤသို့ဖြင့် နောက်ဆုံးတွင် ဧကရာဇ်သည် နျဲ့ပုဖန် ရှိရာ တောင်ပေါ်သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

ကြက်သိုက်ရွာမှာ ပုန်းနေရုံနဲ့ အားလုံးအဆင်ပြေမယ်လို့ သညိကောင် ထင်နေလား။ ဧကရာဇ်မင်း၏ ဘုန်းအာနုဘော်အား ဤသို့ နင်းချေနေခြင်းကို သည်းမခံနိုင်တော့ပါ။

ထို့ကြောင့် ဧကရာဇ်မင်သည် ရွာဦးလူကြီး နျဲ့နှင့်အတူ  ကြက်သိုက်ရွာကို သိမ်းပိုက်ရန် စစ်သည်များစွာကို ခေါ်ယူကာ ချီတက်လာခဲ့သည်။  ရွာသို့ရောက်သောအခါတွင် လူ စစ်တပ်နှင့် ကြက် စစ်တပ်တို့ တိုက်ပွဲဖြစ်ကြသည်။  ကြက်များနှင့် လူတို့အပေါ် မကျေနပ်မှုအား ပြတ်ပြတ်သားသား ထုတ်ဖော်ပြသသည်ကို မြင်လိုက်ရသည့်အခါတွင် ဧကရာဇ်သည် အလွန်ကျေနပ်သွားသည်။

"ရှောင်ပေါင်၊ မင်း ငါနဲ့ နန်းတော် ပြန်လိုက်ခဲ့မလား"  ဧကရာဇ်မင်းသည် နျဲ့ပုဖန် အနားသို့ ဖိကပ်ကာ တိုးတိုးလေး ပြောသည်။

"မလိုက်ချင်ဘူး၊ နန်းတော်က လူသားတွေ နေဖို့ နေရာမဟုတ်ဘူး"

ဧကရာဇ်မင်း၏ မျက်ခုံးမွှေးများ တွန့်ချိုးကာ
“လူသားတွေ နေဖို့ မဟုတ်ရင် ကျန်းကရော ဘာလဲ''

"အရှင်က ဘုရားတစ်ဆူပဲ!"

ဧကရာဇ်မင်းသည် နျဲ့ပုဖန်၏ ခန္ဓာကိုယ်အတွင်းသို့ ပြင်းပြင်းထန်ထန် အပြင်းအထန် ထိုးဖောက်ဝင်ရောက်ကာ ၎င်း၏ အရေပြားပေါ်တွင်လည်း အမှတ်အသားများကို ချန်ထားခဲ့သည်။

“အင်း..ဟင်း..…အရှင် လိင် မဆက်ဆံတာ ဘယ်လောက် ကြာပြီလဲ” 
နျဲ့ပုဖန်က ပြင်းပြသော ဆန္ဒများဖြင့် မေးသည်။

"မင်း ထွက်သွားကတည်းက ကျန်း  ရှောင်နေခဲ့တာ"
ဧကရာဇ် မင်က ဝမ်းနည်းစွာပြောသည်။

''အရှင့်ကို မယုံပါဘူး''

နျဲ့ပုဖန်က ညို့ဓာတ်ပါသော အသံကလေးနှင့်ဆိုသည်။

''တကယ်တော့ အရှင့် ဖွားဘက်တော်လေးက ဘယ်လိုမှ မထနိုင်လို့ မဟုတ်ဘူးလား''

ဧကရာဇ် မင်၏ နှလုံးသား အတွင်း၌ ယားယံလာပြီး တစ်ဖက်လူ၏ ခြေထောက်များကို ထမ်း၍ ပြင်းထန်စွာ ထိုးသွင်းလိုက်သည်။

''ကျန်းရဲ့ ဖွားဖက်တော်က ထနိုင်၊ မထနိုင်ဆိုတာ မင်းကိုယ်တိုင် အခု မြည်းစမ်းကြည့်စမ်း''

"အင်း... တော်ပါတော့ အရှင်၊ ဟင့်…..”

သူ့ ဆန္ဒတွေကို ထုတ်ဖော်ပြီးနောက်၌ ဧကရာဇ်မင်းသည် ခန္ဓာကိုယ်ကို ကိုင်းညွတ်ပြီး "ရှောင်ပေါင်၊ ကျန်းအတွက် သားလေး မွေးပေးပါ'' ဟု ပြောလိုက်သည်။

"အရှင့် မှာ အရည်အချင်း ရှိရင်တော့ ကျွန်တော်မျိုး အရှင့် အတွက် ကလေး မွေးပေးမှာပါ''

''မင်း ငါ့စွမ်းဆောင်ရည်ကို အထင်သေးနေတာလား၊ ဟမ်''

ဧကရာဇ် မင်၏ အန္တရာယ်ရှိသော မျက်လုံးများမှာ စူးရှလှ၏။

''မဟုတ်ရပါဘူး ဘယ်လိုလုပ် ကျွန်တော်မျိုးက အရှင့် စွမ်းဆောင်ရည်ကို အထင်သေးဝံ့မှာလဲ''

နျဲ့ပုဖန်က ပြုံးလျှက် ပြန်ဖြေ၏။

"ဟမ်" ဧကရာဇ်မင်းက သူ့ မေးစေ့ကို ပင့်ကာ "ကျန်း ကို မသွေးဆောင်ပါနှင့်" ဟု သတိပေးသည်။

သူ၏ ဖွားဖက်တော်ကို မထုတ်ရသေးတဲ့တိုင် ၎င်းက ပြန်လည် တောင်းတလာသော လက္ခဏာတွေ ပြနေပြီ။

နျဲ့ပုဖန် ကတော့ သူ့ခေါင်းကို ခေါင်းအုံးထဲမှာ မြှုပ်ပြီး ချက်ချင်း "အိပ်တော့မယ်" ဟုပြောလိုက်သဘ်။

"အင်း မင်းအိပ်လေ ကျန်း ကိုယ့်ဘာသာ လုပ်လိုက်မယ်"

"...အရှင် မယုတ်မာပါနဲ့''

ဧကရာဇ်မင်းသည် ကြက်သိုက် ကျေးရွာတွင် တစ်လကြာ နေထိုင်ခဲ့ပြီး နျဲ့ပုဖန်၌ ကိုယ်ဝန် ရှိနေကြောင်း အတည်ပြုလိုက်သောအခါတွင် ဧကရာဇ်မင်းသည် စိတ်လှုပ်ရှားနေလေသည်။

သည်ကောင်လေးက သူ့အတွက် ယောက်ျားလေး မွေးပေးရင် ထိုကလေးကို အိမ်ရှေ့စံ မင်းသား ဖြစ်အောင် လုပ်ပေးနိုင်ပါ့မလား။ ထိုနျဲ့ပုဖန်ရဲ့မျိုးရိုးဗီဇ ပါလာမယ့် ကလေးက ဘယ်လိုတောင် ချစ်စရာကောင်းတဲ့ ကလေး ဖြစ်လိုက်မလဲ။

သူ မစောင့်နိုင်တော့ပါ။

ရှောင်ပေါင်၊ ကျန်းက မင်းကို အရမ်း သဘောကျတယ်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now