Chapter 84

861 120 0
                                    

Chapter - 84
အချစ်အတွက် တိုက်ပွဲ (အပိုင်း ၈)


သံလှောင်အိမ်တံခါးသည် ပေါက်ကွဲသံကြီးဖြင့် ပွင့်လာပြီး ကျားဖြူကြီးသည် ဖြည်းညှင်းစွာ ထွက်လာလေသည်။ မြင့်မားသော ပွဲကြည့်စင် ပေါ်ရှိ လူတိုင်းသည် ရှေ့သို့ ငုံ့ကာ ကျားကြီး၏ ဦးတည်ရာသို့ မျှော်ကြည့်နေကြသည်။

အမဲလိုက်ကွင်းပြင်၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် သစ်တောများ ထူထပ်ပြီး အလွန်ကျယ်ပြန့်သော ဧရိယာရှိသည်။
အမဲလိုက်ကွင်း၏ တစ်ဖက်တွင် ကြီးမားသော ပွဲကြည့်စင်ရှိနေပြီး တစ်ဖက်၌ ကျယ်ပြောလှသော စိမ်းလန်းသော မြက်ခင်းပြင်ကြီးရှိသည်။ ထိုမြက်ခင်းလွင်ပြင်၌ ကျက်စားသော သမင်၊ တောဝက်၊ မျောက်၊ ယုန်၊ မြေခွေး၊ စီကာသမင်၊ ဂေါ်ဖာ၊ ငှက်နှင့် အခြားတိရစ္ဆာန်ငယ်လေးများ ရှိသည်။ အငယ်စားနှင့် အလတ်စားတိရစ္ဆာန်များအနက် စီကာသမင်နှင့် ယုန်များသည် အရေအတွက် အများဆုံးဖြစ်ပြီး တောဝက်များမှလွဲ၍ အခြား ကြီးမားသော သားရဲအစစ်များ မရှိပေ။ ဤကျားဖြူကြီး ရောက်ရှိလာခြင်းသည် တော၏ ဘုရင် အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကျားဖြူသည် အနည်းငယ် နှေးကွေးစွာလမ်းလျှောက်နေသေးသော်လည်း ၎င်း၏ မျက်လုံးများသည် တောက်ပကာ သတ္တိ ပြည့်ဝ၍ ၎င်း၏ ဘုန်းအာနုဘော်မှာ ထင်ရှားနေသည်။

တစ်ခဏအတွင်းမှာပင် မြက်ခင်းပြင် ထဲတွင် ကျက်စားနေသော စီကာသမင်ကို တွေ့သော်လည်း ချက်ချင်း မလိုက်ခဲ့ပေ။ ယင်းအစား၊ ကြောင် တစ်ကောင်ကဲ့သို့ ၎င်းသည် တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ကို စိတ်ရှည်စွာဖြင့် မြက်ခင်းပြင်တွင် ဝပ်ချကာ ပုန်းအောင်းလျှက် တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။

ပွဲကြည့်စင် ဘက်ရှိလူတိုင်း အသက်ရှု ရပ်မတတ်ကြည့်နေကြသည်။ ကျားအမဲလိုက်တာကို အနီးကပ် မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲဖြစ်သည်။ စိတ်လှုပ်ရှားစရာ ကောင်းပြီး အာရုံကြောတွေ တုန်လှုပ်သွားခဲ့သည်။

ကျားဖြူသည် ၎င်း၏ သားကောင်နှင့် မီတာ ဆယ်ဂဏန်းမျှသာ ဝေးသော နေရာတွင် ရပ်လိုက်သည်။  ၎င်း၏ ကြွက်သားများ တင်းမာနေပြီး မမျှော်လင့်ဘဲ လျင်မြန်စွာ ခုန်လုတော့မည့်ဆဲဆဲတွင် ထူးဆန်းသော ကြက်လေတပ်ကြီးသည် လေဖိအားနည်း ရပ်ဝန်းမှ ထွက်ပေါ်လာပြီး ကျားဖြူအား ထိုးစစ်စင်ကာ အနှောင့်အယှက်ပေးသည်။ စီကာသမင်လေး လန့်ပြီး အဝေးကို ပြေးသွားသည်။

ကျားလည်း သမင်အုပ်စုနှင့် အဝေးကို ပြန်ပြေးလာကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၍ အန္တရာယ်မရှိဟု ထင်ရတော့မှ လုံးဝ ငြိမ်သက်သွားပြန်သည်။

ထို့နောက် ကျားဖြူသည် တိကျသော ဦးတည်ရာဆီသို့ အေးစက်စွာ ကြည့်နေသည်။ မြင်လိုက်ရသောမြင်ကွင်းမှာ အညိုရောင် ကြက်ကလေး တစ်ကောင်က သစ်ပင်ထိပ်တွေပေါ်မှာ ခုန်ဆင်းလိုက်တက်လိုက်လုပ်ပြီး အတောင်ပံတွေကို ဖြန့်ကာ ကနေသလိုမျိုး၊ နှုတ်သီးကိုလည်း ကျယ်ကျယ်ဖွင့်ဖွင့်လာပြီး ထူးဆန်းသော မာနကြီးတဲ့ မထီမဲ့မြင် မျက်နှာမျိုး လုပ်ထားလေသည်။ ကြက်၏ ဘေးတွင် လက်ဖဝါးအရွယ် မျောက်တစ်ကောင်လည်း ရှိကာ ၎င်း၏အမြီးကို သစ်ကိုင်းတွင်ချိတ်ကာ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ရှိသည်။

ကျားဖြူသည် သစ်ပင်တက်နည်းကို မသိသောကြောင့် ၎င်းတို့နှင့် မဆော့ရန် ဆုံးဖြတ်ကာ ဒုတိယအချီတွင် အမဲလိုက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ကြည့်ရှုသူများ အံ့သြသွားကြသည်။ သူတို့သည် မူလက ကျားဖြူ၏ စွမ်းအားကို ပြသသော သွေးစွန်းသော မြင်ကွင်းကို မြင်ကြမည်ဟု ထင်မြင်ခဲ့ကြသည်။

တစ်စုံတစ်ယောက်က “တည့်တည့်သွားပြီး ကိုက်လိုက်လေ'' လို့တောင် အော်ခဲ့သည်။

သျှီထို့ ဘုရင့်သံတမန်သည် ကျားဖြူမှာ မျှော်လင့်ချက်များအတိုင်း မလုပ်ဆောင်သဖြင့် မျက်နှာပျက်မည်ကို စိုးရိမ်သောကြောင့် လက်သီးများကို ဆုပ်ထားသည်။

သို့သော်လည်း နောက်ထပ် တိုက်ခိုက်မှု အနည်းငယ်ဟာလည်း ဆက်တိုက် ကျရှုံးမှုဖြင့် အဆုံးသတ်သွားခဲ့သည်။ သစ်ပင်မှ ထွက်လာသော ကြက်ဖြစ်စေ၊ မြေကြီးထဲမှ ထွက်လာသော ကြက်ဖြစ်စေ၊ ထူးဆန်းသော ကြက်တစ်ကောင် ကောင်းကင်ကို ဖြတ်၍ ပျံသန်းသွားသည် ဖြစ်စေ၊ ချုံခိုကာသားကောင်ကို ချောင်းမြောင်း၍ ခုန်အုပ်ရန် အဆင်သင့်ဖြစ်ချိန်တိုင်း နှောက်ယှက်ခံနေရသည်။

သို့သော် ဤသည်မှာ ကြောင် မဟုတ်ပဲ ကျားတစ်ကောင်ဖြစ်နေသည်အတွက် အဆုံးတွင် နှောက်ယှက်မှုမှာ ပျက်စီးခဲ့သည်။

ကျားဖြူသည် နောက်ဆုံးတွင် အမျက်ဒေါသဖြင့် ကြက်တွေကို ဟိန်းဟောက်၍ မောင်းထုတ်ခဲ့ပြီး ၎င်း၏ အမွေးများသည် ထောင်မတ် နေကာ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ မြက်ခင်းပြင်ထဲသို့ ပျံသန်းနေသော မြှားတစ်စင်းကဲ့သို့ ပြေးထွက်လာကာ သမင်အုပ် ရှိရာသို့ လှမ်းခုန်အုပ်ခဲ့သည်။

သမင်များ ထွက်ပြေးသည့် အရှိန်က မြန်သော်လည်း ကျားဖြူ၏ အရှိန်က ပိုမြန်လာပြီး မျက်စိ တစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်သို့ သမင်တစ်ကောင် လဲကျသွားကာ အကြိမ်အနည်းငယ် လူးလိမ့်၍ ရုန်းကန်နေပြီး ကျား၏ ကျော့ကွင်းတွင် အလျင်အမြန် ပိတ်မိသွားခဲ့သည်။ ကျားဖြူသည် သမင် လည်ပင်းကို ဆတ်ခနဲ ကိုက်လိုက်၏။ ရုတ်တရက် သွေးတွေ ပန်းထွက်လာပြီး အရိုးတွေ ကျိုးကာ ခြေလက်တွေ တခြားဆီ ဖြစ်ကုန်လေသည်။

ကျားဖြူသည် ခြေသည်း တစ်ချောင်းအား ဓားစာခံသမင်ပေါ် တင်ကာ ခေါင်းကို မော့၍ နယ်မြေကို တုန်လှုပ်စေအောင် ဟိန်းဟောက်ကာ ၎င်း၏ အတုမဲ့သော ဘုရင်မင်းမြတ် အဆင့်အတန်းကို ကြွေးကြော်နေသကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

မြက်ခင်းပြင်ထဲက တိရိစ္ဆာန်တွေ အားလုံး ၎င်းအသံကြောင့် ထိတ်လန့်သွားလေသည်။ ခဏကြာတော့ ငှက်တွေထ ပျံပြီး တိရစ္ဆာန်တွေ အရပ်ရပ်သို့ထွက် ပြေးသွားလေသည်။

မြင့်မားသော စင်မြင့်ပေါ်ရှိ လူတိုင်း၏ အမူအရာများသည်လည်း အနည်းငယ် ပြောင်းလဲသွားကာ နောင်တွင် မြက်ခင်းပြင်ထဲ၌ ကျားတစ်ကောင် ရှိနေသဖြင့် အမဲလိုက်ရန် မည်သူက လာဝံ့မည်နည်းဟု တွေးတောနေမိသည်။

သျှီထို့ နိုင်ငံ၏ သံတမန်သည် အလွန်ဘဝင်မြင့်သွားပြီး မင်နိုင်ငံ၏ ကြောက်ရွံ့နေသော အကြီးအကဲ အရာရှိများ၏ ရယ်ပြလိုက်သည်။
"အရှင်မင်းကြီး၊ ဒီကျားဖြူကို ဘယ်လိုထင်လဲ။  အရှင် လေးစားအပ်တဲ့ တိုင်းပြည်မှာ ပြိုင်ဆိုင်ရဲတဲ့ သားရဲတစ်ကောင် ရှိသလား"
ဟု သံတမံက တမင်တကာ မေးလိုက်သည်။

ဧကရာဇ် မင်သည် သူ့ကို ငုံ့ကြည့်ကာ “သံတမန်ကြီး၊ ဘာကြောင့် ဒီလိုမေးတာလဲ။ သမင် တစ်ကောင်ကို အမဲလိုက်ခြင်းက သင်တို့ တိုင်းပြည်ရဲ့ ကြီးကျယ် ခမ်းနားလှတဲ့ စွမ်းဆောင်မှုကို ပြဖို့ လုံလောက်ပြီလား''

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးရဲ့စကားကို ဗွေမယူပါနဲ့'' သံတမန်က ရယ်မောပြီး “သမင်တစ်ကောင်ကို အမဲလိုက်ရုံနဲ့ မလုံလောက်ပါဘူး၊ ဒါပေမယ့် ကျားဖြူမှာ ဘုရင်တစ်ပါးလို ဘုန်းအာနုဘော် ရှိပြီး ဟိန်းဟောက်သံနဲ့ တိရစ္ဆာန် အားလုံးကို အနိုင်ယူနိုင်ပါတယ်။ ဒီကမ္ဘာမှာ ဘယ်လို အကောင်မျိုးတွေက လာတိုက်ရဲဝံ့လဲလို့ မေးကြည့်လိုက်ပါ”

အဲဒါ မင်း သိချင်သလား။
နျဲ့ပုဖန်က တိတ်တဆိတ် ဆဲဆိုလိုက်သည်။

ဧကရာဇ်မင်းသည် ဝိုင်ခွက်ကို မြှောက်ကာ တစ်ငုံသောက်သော်လည်း အဖြေ မထွက်ပေ။  သူ့ပတ်ဝန်းကျင်ရှိ အရာရှိများ၏ အမူအရာမှာ အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း ငြင်းဆန်၍ မရ။ ကျားဖြူရဲ့ဂုဏ်သိက္ခာကို နှိမ့်ချစေဖို့ မုဆိုး အနည်းငယ်ကို စေလွှတ်လိုက်တာမျိုးတော့ မဖြစ်သင့်ဘူး။
ဒါက ရှုံးခဲ့ရင် တိုင်းပြည်ရဲ့ အဆင့်အတန်းကို ကျဆင်းစေလိမ့်မယ်။

သံတမန်သည် ကျားဖြူနဲ့ ပတ်သတ်၍ ပုတ်ခံစော်ကားသော စကားမျိုး ထပ်မကြားရသောအခါ အောင်နိုင်သူ တစ်ယောက်လို ပြုံး၍ ဘဝင်မြင့်နေလေသည်။

ဧကရာဇ် မင်းကတော့ ယဥ်ကျေးသိမ်မွေ့စွာ အိန္နြေမပျက်နေနေလေသည်။ သံအမတ်၏ ဆက်ပြောလာသော စကားများကိုလည်း စိတ်ပါဝင်စားမှုမရှိပဲ ရံဖန်ရံခါ ပြန်ဖြေရုံသာ ဖြေသည်။

ပါးစပ်နဲ့ စကားနာထိုးတဲ့ သည်လို သေးသိမ်နုံချာတဲ့သူမျိုးကို သူ ဂရုမစိုက်ပါ။
တစ်နေ့နေ့မှာ အိမ်နီးချင်း နိုင်ငံတွေနဲ့ စစ်မက်ဖြစ်တဲ့အခါ အဲ့ကျားဖြူက စစ်တပ်ကို စုဆောင်းနိုင်မှာ မို့လို့လား၊ စစ်တိုက်နိုင်မှာ မို့လို့လား။ ထိုအချိန်ကျမှ ဘယ်သူက ကျားစစ်စစ်လဲ မြင်ရလိမ့်မယ်။

သူတို့၏ ရှင်ဘုရင်က အလွန်တည်ငြိမ်သည်ကို မြင်ရသော အရာရှိများသည် အလွန် ဒေါသထွက်နေပေမယ့်လည်း ဒေါသကို မဖော်ပြနိုင်ဘဲ ဟန်လုပ်ကာဖော်ရွေနေရသည်။ ဤသို့ ဖြစ်ခြင်းကြောင့် သံတမန်က ပိုရောင့်တတ်လာခဲ့သည်။ ၎င်းသည် သာမာန်အားဖြင့် နှလုံးရည် ပြည့်ဝသူဖြစ်သော်လည်း လက်တွေ့တွင် မင်နိုင်ငံ အားနည်းနေသည်ကိုမြင်ရသောအခါ၌ မနေနိုင်ပဲ လှောင်ပြောင်သရော်ခဲ့သည်။ သည်အခြင်းအရာ ကို ကြားရသူတိုင်း ဒေါသမထွက်ပဲ မနေနိုင်ကြပါ။

အရာရှိများသည် ဒေါသကို မထိန်းနိုင်ဖြစ်လာကာ၊ ဧကရာဇ်မင်းသည် သံတမန်အား ခွက်နှင့် ရိုက်သတ်တော့မည့်အချိန်တွင် နျဲ့ပုဖန်  ရုတ်တရက် ချောင်းဆိုးလိုက်သည်။ စိတ်လှုပ်ရှားစွာ ပြောနေဆဲဖြစ်သော သံတမန်အား “အရှင် သံတမန်ကြီး၊ ကျေးဇူးပြု၍ စိတ်မရှိပါနဲ့၊ ငါ့ရဲ့တံတွေးတွေ မင်းကိတ်မုန့်ပေါ် ပေကုန်ပြီး၊ မင်းရဲ့စားချင်စိတ်ကို ဖျက်စီးမိတဲ့အတွက် တောင်းပန်ပါတယ်'' 

ယခုအချိန်တွင် သံတမန်သည် စကား ဆက်မပြောတော့ပါ။ ကိတ်မုန့် တစ်ဖဲ့ကို ပါးစပ်ထဲ ထည့်ဖို့ လုပ်နေပြီ။ 
နျဲ့ပုဖန် ပြောတာကို ကြားတော့ သူ့လှုပ်ရှားမှုတွေက လေထဲမှာ ရုတ်တရက် ရပ်သွား၏။ လူတိုင်းက သူ့ကို ဘယ်လို ဆက်စားမှာလဲဆိုတာကို စောင့်ကြည့်နေကြသည်။

သံတမန်သည် ခဏတာ တောင့်တင်းသွားပြီး နောက်ဆုံးတွင် ရွံမုန်းစရာ ကောင်းသော တံတွေးနှင့် လူတိုင်း၏ စိတ်အားထက်သန်သော အကြည့်တို့ကို မကျော်လွှားနိုင်ခဲ့ဘဲ မုန့်ကို ပန်းကန်ပေါ်သို့ ပြန်တင်လိုက်သည်။

နျဲ့ပုဖန်က ခေါင်းကို ပြန်မတ်ပြီး သံတမန်ကို ကြည့်ကာ နားလည်တဲ့ လေသံနဲ့

“ကြည့်စမ်းပါ၊ ဘယ်သူမှ တံထွေးနဲ့ ကိတ်မုန့်ကို တကယ် မစားနိုင်ဘူး။ ဒါကြောင့်  နောက်စကားပြောတဲ့အခါ နူးညံ့သိမ်မွေ့အောင် ကြိုးစားပါ၊ အရမ်း စိတ်မလှုပ်ရှားပါနဲ့။ မင်းရဲ့စိတ်ခံစားချက်တွေကို တကယ် မထိန်းနိုင်ရင် မင်းရဲ့စကားပြောပုံ အမူအရာက သန့်ရှင်းပြေပြစ်စေဖို့ မင်း ပါးစပ်ကို လက်ကိုင်ပုဝါ ဒါမှမဟုတ် အင်္ကျီနဲ့ အုပ်ထားလိုက်ပါ"

ဧကရာဇ်မင်းသည် ထိုစကားကို ကြားသောအခါ ကျယ်လောင်စွာ ရယ်မောပြီး သူ့ခွက်ကို အလျင်အမြန် ကောက်ယူကာ သောက်ဟန်ဆောင်လိုက်သည်။ အခြားအရာရှိများကလည်း ရယ်ချင်စိတ်ကို ထိန်းကာ လေးနက်တည်ကြည်ရန် ကြိုးစားကြသည်။

သံတမန်၏ မျက်လုံးများမှ မီးတောက်များ ထွက်လုနီးပါးဖြစ်ကာ နျဲ့ပုဖန်ကို လက်ညှိုးထိုး၍ ဒေါသတကြီး “မင်းက ဘယ်သူလဲ” ဟု မေးသည်။

"ဤနိမ့်ကျတဲ့ငယ်သားက အရည်အချင်းရှိသူ မဟုတ်ပါဘူး၊ ဧကရာဇ်မင်းရဲ့ စာအုပ်ထိန်း တစ်ယောက်သာ ဖြစ်ပါတယ်''
နျဲ့ပုဖန် က ယဉ်ကျေးစွာ ပြန်ပြောသည်။

"စာအုပ်ထိန်းလေး တစ်ယောက်က ကျုပ်လို ကြီးမြတ်တဲ့သူကို နှောင့်ယှက်ဝံ့သလား" သံတမန်က “ဒါ မင်တိုင်းပြည်ရဲ့ ကျင့်ဝတ်ပဲလား”

“အရှင်၊ သံတမန်၊ စိတ်မဆိုးပါနဲ့၊ ကျွန်တော်က နှောက်ယှက်ချင်တာ မဟုတ်ပါဘူး၊ ဒီလိုမျိုး အချိန်မျိုးမှာ အရှင် မျက်နှာပျက်နေရတာကို ငါ တကယ်သည်းမခံနိုင်လို့ပါ''

"ဘာကို ဆိုလိုတာလဲ"

“အရှင် သံတမန်က ကျားဖြူကို ကြွားဝါပြီးသူနဲ့ ယှဥ်နိုင်တဲ့ တိရစ္ဆာန်မျိုး ငါတို့နိုင်ငံမှာ မရှိဘူးလို့ လှောင်ပြောင်တယ်။ ဘုရင်မင်းမြတ်နှင့် မှူးမတ်တို့က အရှင့်ကို မချေပနိုင်ကြဘူး။ ဒါက မင်းကို မျက်နှာပျက်စေတယ် မဟုတ်လား၊ တကယ်တော့ ဒီပုဂ္ဂိုလ်တွေက အရှင့်ရဲ့အလေးထားမှုကို မထီမဲ့မြင်ပြုနေတာပဲ၊ ဒါကြောင့် ဒီငယ်သားက အသံထွက်ပြီး သတိပေးရုံက လွဲရင် မတတ်နိုင်ပါဘူး။
ကောင်းကင်ဘုံရဲ့ ဉာဏ်အလင်းရောင်ဟာ သီလရှိသူထက် အသိတရား မရှိသူတို့အပေါ် ထွန်းလင်းပြသပေးရပါတယ်၊ ဒီအချက်ကို စဥ်းစားမိပြီး အရှင်သံတမန်ရဲ့စိတ်ကို ရှင်းလင်းသွားအောင် ဒီငယ်သား ကူညီပေးပါရစေ''

ဧကရာဇ်မင်းသည် နျဲ့ပုဖန်ကို ထူးထူးဆန်းဆန်း စိုက်ကြည့်ကာ ပထမဦးဆုံး အကြိမ်သာ တွေ့ဖူးသလိုမျိုး ကြည့်နေ၏။ တခြားသူအပေါ်ပြန် လှောင်ပြောင်နေတဲ့ ဒီလူရဲ့ အရည်အချင်းက တကယ်ကို ထူးချွန်လွန်းသည်။ အသံနေ အသံထားက ယုတ်ညံ့တယ်လို့ မပြောနိုင်ဘူး၊ ဖော်ရွေတဲ့အသုံးအနှုန်းလို့ ပြောလို့ မရသလို ကျင့်ဝတ်က ပြည့်စုံတယ်လို့ မပြောနိုင်ပေမယ့် စကားလုံးတွေရဲ့ အရင်းခံ အဓိပ္ပာယ်ကတော့ စော်ကားကြောင်းသက်ရောက်နေတယ်ဆိုတာကိုတော့ ငြင်းလို့မရပေ။

သံတမန်၏ လက်ချောင်းများ တုန်ခါကာ ဒေါသကို ထိန်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ၎င်းကအံကြိတ်ကာ

''ဒါဆို မောင်မင်းပြောတဲ့ အဓိပ္ပါယ်က မသိနားမလည်တဲ့သူတွေကို တကယ် အစစ်အမှန် ဘာလဲဆိုတာ ပြသပေးရမှာပေါ့''

“အချက်အလက်တွေက စကားလုံးတွေထက် ပိုကျယ်ပြန့်ပါတယ်” နျဲ့ပုဖန်က ရှေ့ကို ညွှန်ပြပြီး "ကျားဖြူက သန်မာတယ် ဒါပေမယ့် ငါတို့နိုင်ငံက ကြက်လောက်တောင် မသန်မာဘူး၊ လောင်းမလား။

"ဘာ။ ကျားဖြူက ကြက်လောက် မသန်မာဘူးဟုတ်လားလို့ မင်း တကယ် ပြောတာလား။  သံတမန်က မတ်တပ်ထရပ်လိုက်သည်။ သူ့ မျက်နှာက ဒေါသဖြစ်နေ၏။

နျဲ့ပုဖန်၏ လက်ညှိုးညွှန်ရာကို ကြည့်လိုက်ရာ မြက်ခင်းပြင်ပေါ်တွင် ကြက်တစ်ကောင် ပေါ်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ၎င်းတွင် အနက်ရောင် အစင်းကြောင်းများဖြင့် အဝါရောင်အမွေးများရှိကာ၊ မီးတောက်နှင့် တူသော ကြက်အမောက်လည်းကာ အနက်ရောင် အမြီးများသည် လေနှင့်အတူ ယိမ်းနွဲ့နေကြသည်။ ဤတစ်သီးတစ်သန့်ဆန်သော အသွင်အပြင်ဖြင့် ၎င်း၏ ဩဘာက ရင်သပ်ရှုမောဖွယ်ကောင်းသည့် ရန်ပွဲသို့ ဖိတ်ကြားထားသည့် သူရဲကောင်း တစ်ဦးကဲ့သို့ ခြေလှမ်း မှန်မှန်လျှောက်လှမ်းဝင်လာခဲ့သည်။

ကြက်တစ်ကောင် မဟုတ်ပဲ ပိုကြီးကျယ်ခမ်းနားတဲ့ သားရဲမျိုးဆိုရင်တော့ လူတိုင်းက သူ့ရဲ့အသွင်အပြင်ကို ချီးကျူးကြမှာပါ။ သို့သော် ၎င်းသည် ကြက် တစ်ကောင် ဖြစ်၏။ ထို့ကြောင့် ၎င်း၏ အသွင်အပြင်သည် မည်မျှပင် ပြောင်မြောက်နေပါစေ၊ လူများက ၎င်း၏ အသွင်ပြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ကြီးကျယ်သည့် ချီးမွမ်းစကားများ ပြောဆိုရန် မဖြစ်နိုင်ပေ။

ဒါပေမယ့် အံ့သြစရာ ကောင်းတာက ခုနက အရမ်းအံ့သြဖို့ကောင်းလောင်အောင် ဝံ့ကြွားနေတဲ့ ကျားဖြူဟာ သည်ကြက်ကို မြင်ပြီးနောက်ပိုင်း သူ့ရဲ့သားကောင်ကို တကယ်ပဲ ထားပစ်ကာ နောက်ပြန်ဆုတ်၍ ကြွက်သားများ တင်းမာလာကာ ရန်သူကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ပြင်လေ၏။

ကျားတစ်ကောင်နှင့် ကြက်တစ်ကောင်သည် အလယ်ဗဟိုတွင် သားကောင်ကို လှည့်ပတ်၍ တဖြည်းဖြည်း ရွေ့လျားလာကာ မျက်လုံးချင်း ဆုံခိုက်၌ လေထဲတွင် ထိပ်တိုက်တွေ့၍ တိုက်ခိုက်ကြသည်။

၎င်းတို့၏ အရွယ်အစား ကွာခြားမှုကြောင့် လူတွေက တိုက်ပွဲကိုမှ ကောင်းကောင်းမမြင်နိင်ပဲ၊ တွေးတော ငေးမောကာ မှန်းဆနေကြရသည်။

"တိုက်ပွဲ၊ တိုက်ပွဲ" ကောင်းကင်မှ အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာပြီး ပျံနေသာ ကြက်အနည်းငယ်သည် လူအုပ်၏ ခေါင်းပေါ်မှ ဖြတ်သွားကာ သစ်ပင်ထိပ်များပေါ်သို့ ဆင်သပ်၍ သပ်သပ်ရပ်ရပ် တန်းစီထားကာ ရပ်လိုက်ကြသည်။ ၎င်းတို့မှာ စုစုပေါင်း တစ်ဒါဇင်ခန့် ရှိနိုင်သည်။

ထို့နောက် တောကြီးမျက်မည်းရှိ နေရာ အသီးသီးမှ ကြက်များသည် တစ်ကောင်ပြီး တစ်ကောင် အစုလိုက် အပြုံလိုက် အစုလိုက် အပြုံလိုက် ထွက်လာကြပြီး အခွင့်သာသော အခြေအနေကို စောင့်ဆိုင်းကာ တိုက်ပွဲစရန်အသင့် အနေအထား အသီးသီး ရယူထားကြ၏။

ဧကရာဇ်မင်းနှင့် သံတမန် အပါအဝင် အားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။

ကျားဖြူကြီးလည်း အထိနာသွားသည်။ သားရဲဘုရင်အဖြစ် ခံယူခဲ့ပေမယ့်၊ ဤမျှလောက်များသော ကြက်များကို တစ်ခါမျှ မမြင်ဖူးသေးတာကြောင့် အရှိန်မထိန်းနိုင်ဘဲ လည်ချောင်းထဲမှကြောက်မက်ဖယ် ဟိန်းဟောက်သံများဖြင့်အော်ဟစ်ကာ ကဆုန်ပေါက်၍ ခုန်ပေါက်နေလေသည်။

ဒါကို ကြက်တွေက ဘာလို့ မကြောက်တာလဲ။ ၎င်းတို့သည် နျဲ့ပုဖန်၏ ဥပဒေမဲ့ မွေးမြူထားသောအသွင်ပြောင်း ကြက်များဖြစ်ပြီး ၎င်းတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး တိုးမြင့်လာမှုနဲ့အတူ ၎င်းတို့အားလုံးဟာ သဘာဝအတိုင်း မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်ပြီး၊ အရှိန်အဝါ ကြီးမားကာ မာနကြီးကြသူများဖြစ်သည်။

ကျားဖြူ၏ အာရုံစူးစိုက်မှု လွဲသွားသည်ကို မြင်လိုက်ရသည့် စောင့်ကြည့်နေသော ကြက် တစ်ကောင်သည် စူးစူးဝါးဝါး အော်လိုက်သည်နှင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ ကြက်အုပ်မှာ ချက်ချင်းပျောက်ကွယ်သွားလေသည်။

ကျားဖြူ၏ မျက်လုံးများသည် ရွှေခဲ၏ မျက်လုံးများနှင့် ပြန်လည်ဆုံတွေ့ကြပြီး ကျားတစ်ကောင်နှင့် ကြက်တစ်ကောင်ကြား တိုက်ခိုက်ရေးစိတ်ဓာတ်များ မြင့်တက်လာကာ သဘောတူညီမှုရသွားသကဲ့သို့ နှစ်ဦးစလုံးသည် တစ်ပြိုင်နက်တည်း တစ်ဖက်ဆီ ခုန်အုပ်လိုက်ကြသည်။

ကျားဖြူ၏ သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက ရွှေခံသည် ရာဘာ ဘောလုံးကဲ့သို့ဖြစ်ပြီး ရှေ့သို့ လျင်မြန်စွာ၊ ပြင်းထန်စွာ ပစ်လွှတ်ခံရသကဲ့ ဖြစ်နေသည်။ ကျားဖြူက ၎င်းကိုခြေသည်းများဖြင့် ဖိလုတော့မည့် အချိန်တွင်၊ ၎င်းသည် ကျား၏ ခြေသည်းများပေါ်သို့ သွက်သွက်လက်လက် နင်းလိုက်ပြီးနောက် ကျားဖြူ၏ နောက်ကျောကို ကြက်ခြေသည်းများ အသုံးပြုကာ သွေးစွန်းနေသော ဒဏ်ရာတစ်ချက် ဖြစ်အောင်ကုတ်ခြစ်လိုက်သည်။

ကျားဖြူက ဟိန်းဟောက်ပြီး ပြန်တိုက်ဖို့ လှည့်လိုက်၏။

အကြီးကြီးနှင့် သေးသေးလေး တစ်ကောင်သည် လေထဲ၌ အဆက်မပြတ် အပြင်းအထန် တိုက်ခိုက် နေသည်။

လူတိုင်းရဲ့မျက်လုံးထဲမှာတော့ အားကြီးတဲ့ ကျားဖြူက ဘောလုံးနဲ့ ကစားနေသလိုမျိုး ပေါ်လာပေမယ့် ဘောလုံး ကစားနေတဲ့အချိန်တိုင်း ဖြစ်ပျက်သွားတာက ကျားဖြူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာလက်လက်ဆက်ဆက်တွေ ဆက်လက် တိုးလာကာ တိုက်ပွဲက ပိုမိုပြင်းထန်လာလေလေ ကျားဖြူ အားနည်းလာလေ ဖြစ်သည်။

အောင်နိုင်သူများဟု ခေါ်ဝေါ်သော သူများသည် အုပ်စိုးနိုင်သူ အရှင်များ ဖြစ်လာကြပြီး အရှုံးသမားများသည် သူခိုးကဲ့သို့ နောက်ဆုတ်ပြေးရသည်။ ရွှေခဲသည် အမွေး ဆယ်ခု ဆုံးရှုံးခြင်း၏ တန်ကြေးကို အလျှော်ယူသည့်အနေနှင့် နောက်ဆုံးတွင်တိုက်ပွဲကို အနိုင်ယူခဲ့သည်။

ကျားဖြူသည် အရှုံးပေးကာ အော်ဟစ်လိုက်ပြီး ရွှေခဲဆီသို့ ဖြေးညင်းစွာ လျောက်သွားကာ ထွားကြိုင်းလှသော သူ၏ ခေါင်းကို ကြက်ခေါင်းဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။

အကယ်၍ ၎င်းတို့ နှစ်ကောင်စလုံးသား ကျားများဖြစ်နေပါက ရွှေခဲသည် ကျားဖြူကို သိမ်းပိုက်နိုင်သော သန်မာထက်မြက်သည့်ကျားတစ်ကောင်ကဲ့သို့မြင်ရပေလိမ့်မည်။

သည်ကမ္ဘာကြီးက ရူးသွပ်လွန်းသလား၊ ဒါမှမဟုတ် သည်နေ့ အိပ်ရာကနေ ထလာကတည်းက အနေအထားက မမှန်တာလား။

ဤကျားနှင့် ကြက်တို့ တိုက်ပွဲကို မြင်ရသူတိုင်းသည် လှည့်စားခံလိုက်ရသကဲ့သို့ ခံစားနေရသည်။   ကြက်တစ်ကောင်က ကျားတစ်ကောင်ကို အနိုင်ယူနိုင်တယ်ဆိုတာ သူတို့ မယုံနိုင်အောင် ဖြစ်နေသည်။ တကယ် တခြားအားနည်းတဲ့ တစ်ကောင်ကောင်ကို အနိုင်ယူနိုင်တယ်ဆိုရင်တောင် ဟုတ်သေးတယ်။

တစ်ချို့လူတွေက သူတို့ရှေ့က အရာအားလုံးဟာ ထင်ယောင်ထင်မှား ဖြစ်နေတာလား ဟူ၍  သေချာအောင် မျက်လုံးတွေကို ပွတ်သပ်ကြည့်ကြသည်။

သျှီထို့ နိုင်ငံ၏ သံတမန်မှာတော့ ကျောက်ရုပ်ဖြစ်မသွားရုံတစ်မယ် တောင့်ခဲနေပြီး လုံးလုံးလျားလျား အဆိပ်သင့်နေပြီ ဖြစ်သည်။ ကြက်တွေ ဝိုင်းနေတဲ့ ကျားဖြူကြီးဟာ ကြည့်လိုက်တာနဲ့ တုနှိုင်း မရတဲ့ နာခံမှုနဲ့ ဖော်ရွေမှု ပြသနေပြီး ရံဖန်ရံခါ လှည့်ပတ်ပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ လုပ်ပြနေသေးသည်။
ချစ်စရာ ကောင်းလိုက်တာ၊ တကယ်ကို ချစ်စရာကောင်းလိုက်တာ။

ဒါက ကျားလား။
တကယ်ပဲ ကျားတစ်ကောင်လားဆိုတာ မေးယူရတော့မည်။
လူတွေကို ရိုက်ပြီးနေရင်တောင် သည်ကောင်က ကျား မဟုတ်ဘူးလို့ပဲ ဖြေကြလိမ့်မယ်။
 
သံတမန်သည် ရုတ်တရက် ကိုယ့်ကိုယ်ကို မြေကျင်းတူ၍ မြှုပ်ပစ်ချင်သော ရုပ်ဖြစ်နေသည်။

နျဲ့ပုဖန်သည် သံတမန်၏ သေချင်သည့် အမူအရာကို ကြည့်ကာ ယဉ်ယဉ်ကျေးကျေး မေး၏။
"အရှင် သံတမန်၊ ငါတို့ တိုင်းပြည်က ကြက်တွေကို မင်း ဘယ်လိုထင်လဲ။ မင်း လေးစားအပ်တဲ့ တိုင်းပြည်မှာ ပြိုင်ဆိုင်ရဲတဲ့ သားရဲတစ်ကောင် ရှိသလား"

သူသည် ၎င်း၏ ယခင်စကားများကို ပြန်လည်အသုံးပြုကာ သူ၏ သွေးထွက် ဒဏ်ရာများပေါ်တွင် ဆားဖြူးကာ ကျေးဇူးတော်ရေစင် ပက်ဖျန်းခဲ့သည်။

သံတမန်၏ အမူအရာမှာ မည်သည့် စကားလုံးနဲ့မှ မဖော်ပြနိုင်လောက်အောင် ရှက်နေလေသည်။ အဆုံးတွင်၊ သံတမန် ခေါင်းဆောင်က သီးသန့်အသံဖြင့် တုံ့ပြန်ခဲ့သည် - "မင်းတို့တိုင်းပြည်ရဲ့ ကြက်တွေက ရက်စက်ပြီး တကယ်ကို တိုက်ရည်ခိုက်ရည် ပြည့်ဝပါတယ်။ ရှုံးနိမ့်မှုကို ဝန်ခံပါတယ်”

ထိုအချိန်မှစ၍ မင်နိုင်ငံတော်၏ ကြက်များသည် ကျော်ကြားလာကာ ၎င်းတို့၏ ဂုဏ်သတင်းသည် နိုင်ငံရပ်ခြားသို့ ပြန့်နှံ့သွားပြီး နောင်လာနောက်သား မျိုးဆက်များကြားမှာပင် ပြောစမှတ်တွင်နေခဲ့လေ၏။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now