Chapter 61

1.7K 214 5
                                    

Chapter - 61
တူနှစ်ကိုယ်

ညဉ့်နက်သန်းခေါင်တွင် အရာရာသည် တိတ်ဆိတ်နေ၏။ ညလေညင်းက ပြတင်းပေါက်မှ ဖြည်းညှင်းစွာ တိုက်ခတ်လာလေသည်။ လရောင်ဟာ ပြတင်းပေါက်က တစ်ဆင့် အခန်းထဲသို့ စိမ့်ဝင်လာကာ သစ်သား ကုတင်ပေါ်တွင် မှေးဆက်နေသည့်ပုံပေါ်၏။

ထိုအချိန်တွင်၊ ကြက်ပုံသဏ္ဍာန် အရိပ်နှစ်ခုသည် အတွင်းဘက်သို့ လျင်မြန်စွာ ပျံသန်းလာပြီး ၎င်း၏ အမွေးများကို လှုပ်ယမ်းလိုက်သည်။ ၎င်းတို့၏ မျက်လုံးများက အမှောင်ထဲတွင် အစိမ်းရောင်တောက်ပနေ၏။ သိပ်မကြာခင်မှာပဲ ပြတင်းပေါက်ကနေ နောက်ပုံရိပ်တစ်ခု ထပ်ဝင်လာပြန်သည်၊ ထိုအရာအား ပန်းပွင့်မိန်းကလေး နှင့်ပိုးကောင်လေးတို့မှာ သတိထားမိသလို ရှိကြပေမယ့် မကြာခင်မှာပဲ သူတို့ဟာ စိတ်အေး လက်အေးဟန်နဲ့ ဂရုမစိုက်တော့ဘဲ ပြန်အိပ်သွားကြလေသည်။
၎င်း ဝင်လာသူသည် ခြေလှမ်းအနည်းငယ် ရွှေ့လိုက်သည်နှင့် သူ့ မျက်နှာတစ်ခုလုံး လရောင်အောက် ပေါ်လာ၏။ 
၎င်းမှာ ဝမ်ရှင်းချန် ဖြစ်သည်။

သူ ကုတင်ဆီ လျှောက်သွား၍ ကုတင်ပေါ်မှ လူကို ကြည့်ကာ အသံထွက်ရုံမျှသာ သက်ပြင်းချလိုက်၏။

သူသည် နျဲ့ပုဖန်ကို အချိန်အတော် ကြာအောင် ကြည့်နေပြီးနောက် ဝတ်ရုံနှင့် ဘွတ်ဖိနပ်ကို ချွတ်ကာ စောင်ကို ဆွဲဖယ်၍ ကုတင်ပေါ်သို့ လှဲချလိုက်သည်။ သူ့လက်များကို ဆန့်ကာ နျဲ့ပုဖန်အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

ဒါဟာ ကောင်းသော အိပ်စက်ခြင်းပါပဲ။

နောက်တစ်နေ့တွင် နျဲ့ပုဖန် မျက်လုံး ဖွင့်လိုက်သည်နှင့် သူ့ အရှေ့တွင် ရင်းနှီးသော ချောမောသော မျက်နှာကို မြင်လိုက်၏။ ထိုသူ့အသက်ရှုသံက အိပ်မောကျနေသကဲ့သို့ ချောမွေ့နေသည်။

သူ ခေါင်းလှည့်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ဘာမှ ထူးထူးခြားခြား မတွေ့လိုက်ရ၍ သက်ပြင်းတစ်ချက် ချလိုက်၏။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ဝမ်ရှင်းချန်၏ ချောမောသောမျက်နှာကို ထိတွေ့ကာ ရုပ်ပုံတစ်ခု ဆွဲသလိုလုပ်နေသည်။

ဝမ်ရှင်းချန် လည်း မျက်လုံး ဖွင့်လာ၍  သူ့ လက်ကို ဆွဲဖယ်ပြီး “မင်း မနက် အစောကြီး ဒီလောက်တောင် တက်ကြွနေတာလား” လို့ မေးလိုက်၏။

"ဟီးဟီး၊ တွေ့ရတာ ဝမ်းသာပါတယ်။"

"ဟုတ်လို့လား'' ဝမ်ရှင်းချန်က ဒေါသဖြင့် ပြောလိုက်၏။ "မင်း ဘာမှမပြောပဲ ထွက်သွားခဲ့တယ်၊ မင်း ငါတို့ကို မတွေ့ချင်ဘူးလို့ ငါ ထင်ခဲ့တာ''

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ''  နျဲ့ပုဖန်က ခပ်အေးအေး ဆိုသည်။
"ငါ အေးအေးဆေးဆေး လျှောက်သွားချင်လို့ အပန်းဖြေချင်လို့ပါကွာ''

"အိုး၊ ဒါဆို မင်း အပန်းဖြေတာက ဘယ်လိုဖြစ်သွားပြီလဲ''

"မဆိုးပါဘူး" နျဲ့ပုဖန်က ကိုယ်ပေါ်မှ စောင်ကို ဖယ်လိုက်ကာ မျက်နှာကျက်ကို မော့ကြည့်လ်ုက်သည်။

ဝမ်ရှင်းချန် ကတော့ သူ့ကို သံသယနဲ့ ကြည့်ပြီး သတိမထားမိခင်မှာဘဲ နျဲ့ပုဖန်ရဲ့ အဝတ်တွေကို ဆွဲဖယ်လိုက်၏။

"မင်း ဘာလုပ်တာလဲ"  နျဲ့ပုဖန်က ထိတ်လန့်သောအကြည့်ဖြင့် အဝတ်အစားများကို လှမ်း၍ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

ဝမ်ရှင်းချန်က စကားမပြော။ သူ့ လက်တစ်ဖက်ဖြင့် နျဲ့ပုဖန် လက်နှစ်ဖက်ကို ခေါင်းပေါ်တွင်မြှောက်၍ ချုပ်ထားပြီး လက်ကျန်တစ်ဖက်က နျဲ့ပုဖန် အင်္ကျီကို ဖယ်ကာ ချောမွေ့သော အရေပြား ဧရိယာအား ပေါ်လွင်စေလ်ုက်၏။ ညှပ်ရိုးတစ်ဝိုက်တွင် မသင်္ကာစရာ သဲလွန်စများနှင့် ၎င်း၏ ရင်ဘတ်ရှိ ချယ်ရီသီး နှစ်လုံးမှာ နီရဲနေသည်ကို တွေ့လိုက်ရလေသည်။

"ဒါ ဘာလဲ" ဝမ်ရှင်းချန် ည် သူ့ကိုလက်ချောင်းများနှင့် ညင်သာစွာ ပွတ်သပ်လိုက်ပြီး မေးခွန်းထုတ်သည့် လေသံတွင် ပျော်ရွှင်ခြင်းလား၊ ဒေါသလားဆိုတာ မတွေ့နိုင်ပေ။

"ငါ...တစ်ကိုယ်ရည် အာသာဖြေထားတာ''

“…..”
ဝမ်ရှင်းချန်က ခဏမျှ တိတ်ဆိတ်သွားပြီး “တစ်ကိုယ်ရည် အာသာဖြေရင် မင်း ကိုယ့်ရင်ဘတ်မှာ ဒီလို သွားနဲ့ ကိုက်ထားတဲ့ အရာ လုပ်လို့ရလို့လား” ဟု အစောက မေးတဲ့ လေသံအတိုင်း ဆက်မေး၏။

"ဒါတွေက ကိုက်ရာတွေလို့ ဘယ်သူပြောလဲ"  နျဲ့ပုဖန်က နီမြန်းသော မျက်နှာဖြင့် “ဒါတွေက လက်သဲနဲ့ ကုတ်မိတာ” ဟူ၍ ပြန်ဖြေ၏။

ဝမ်ရှင်းချန်၏ အမြဲတည်ငြိမ်သော အမူအရာမှာအနည်းငယ် ပျက်ယွင်းလျှက်ရှိသည်။ သူ ဒေါသတကြီးဖြင့် ထပ်မေးသည်။
“ပြောလေ၊ အဲ့ဒါ ဘယ်အကောင်ရဲ့လက်ချက်လဲ''
သူ ဆက်တိုက် မေးနေသော်လည်း နျဲ့ပုဖန်ကဆက်၍ ငြင်းဆန်နေ၏။

နျဲ့ပုဖန်က သူ့ကိုအကြည့် လွှဲလိုက်ပြီး “ဘာလို့ ယောက်ျား ဖြစ်ရမှာလဲ။ မိန်းမ, မဖြစ်ရဘူးလား"

"မိန်းမလား"
တစ်ဆက်တည်း ဝမ်ရှင်းချန်က နျဲ့ပုဖန်၏ ဝင်ပေါက်ကို လက်ချောင်းများဖြင့် တိုက်ရိုက် ထိုးဖောက်လိုက်ရာ တင်းကျပ်သော လမ်းကြောင်းတွင် ရောင်ရမ်းမှု အချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။

နျဲ့ပုဖန်ကတော့ ခါးကိုကွေးပစ်၍ မြွေတစ်ကောင်လို တွန့်လိမ်နေ၏။

ဝမ်ရှင်းချန်လည်း သူ့ကို အရမ်းခက်ခဲအောင် ဆက်မလုပ်တော့ပဲ လက်ညှိုးကို ပြန်ဆွဲထုတ်လိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
နျဲ့ပုဖန်လို နတ်ဆိုးလက်ကနေ လွတ်မြောက်နိုင်တဲ့သူ သည်ကမ္ဘာပေါ်မှာ မရှိတော့ပါလား။
သူတို့ အားလုံး အဆိပ်ခပ် ခံထားရသလို၊ လှိုင်းလုံးတွေနဲ့ ပုတ်ခတ်ခံရသလို မရပ်တန့်နိုင်ဘဲ သည်ယောက်ျားဆီမှာ ဘာကြောင့် ကျရှုံးနေရတာလဲ။

နျဲ့ပုဖန်က သူ့ကို တစ်ချက် ကြည့်ပြီး "မင်း ငါ့ကို ဘယ်လို ရှာတွေ့ တာလဲ" ဟု မေးလိုက်၏။

“ညက မင်းရဲ့ကြက်တွေ လျောက်လည်နေတာ တွေ့တော့ ငါ လိုက်ခဲ့တာ”

နျဲ့ပုဖန်က အခန်း ထောင့်မှာ လဲလျောင်းပြီး အိပ်နေတဲ့ ရွှေခဲကို တစ်ချက် ကြည့်လိုက်ပြီး "တခြား လူတွေ မသိသေးဘူး မဟုတ်လား" ဟု ထပ်မေး၏။

ဝမ်ရှင်းချန်က ခေါင်းညိတ်လိုက်ပြီး ...
"မင်းကို ရှာဖို့ သူတို့ အားလုံး ထွက်လာကြတယ်"

"သူတို့ အားလုံး ဟုတ်လား၊ မကျန်းမာသေးတဲ့ လူတွေရောလား?''

"မသက်သာသေးတဲ့ သူတွေကလွဲရင် ကျန်တဲ့သူတွေ အားလုံး ဒီကို ရောက်နေပြီ"

နျဲ့ပုဖန်က ဝမ်ရှင်းချန် ကို စိုက်ကြည့်ရင်း
''အစ်ကို ဝမ်၊ မင်းက ငါ့ကို သစ္စာ မဖောက်ဘူးမဟုတ်လား"

ဝမ်ရှင်းချန်၏ အမူအရာမှာ တည်ငြိမ်နေပြီး တုံ့ပြန်မှု မရှိပေ။

နျဲ့ပုဖန်က ထပ်မံပြောသည် -

“ထွက်လာဖို့က မလွယ်ဘူး။ အေးအေးဆေးဆေး နေချင်တယ်။ မင်းကတော့ ငါနဲ့ အတူတူ လာနေချင်နေပါ။ ဒါပေမယ့် မင်း ငါ့ကို ရှာမတွေ့ချင်ယောင်ဆောင်ရမယ်''
ဝမ်ရှင်းချန်က စကားမပြောသေး။

နျဲ့ပုဖန်က သူ့ကို ဆတ်ခနဲ ပွေ့ဖက်လိုက်ပြီး “ကျေးဇူးပြုပြီး တောင်းဆိုပါတယ်…”

"ဒါ့အတွက် ဘာအကျိုးကျေးဇူးတွေ ရှိသလဲ"  ဝမ်ရှင်းချန် ရုတ်တရက် မေးလာသည်။

နျဲ့ပုဖန်က ထိတ်လန့်စွာ သူ့ကိုကြည့်ကာ
"မင်းက ငါ အရင်တုန်းက သိတဲ့၊ ဘာအလို ဆန္ဒမှ မရှိတဲ့ အစ်ကို ဝမ် မဟုတ်တော့ဘူးပဲ၊ မင်း တကယ်အကျိုးအမြတ် လိုချင်တာလား"

"ရှိလား"  ဝမ်ရှင်းချန်က မတုန်မလှုပ် ဆက်မေး၏။

နျဲ့ပုဖန်မှာ အတွေး များနေသော်လည်း ...
"ကောင်းပြီ၊ အခုက စပြီး အစ်ကို ဝမ်က ကြက်သိုက်ရွာရဲ့ ဒုတိယ ရွာလူကြီး ရာထူးကို ရလိမ့်မယ်"

“…..”

"ကျေနပ်သလား"

နျဲ့ပုဖန် ဆက်ပြော၏။

"ကြက်သိုက်ရွာရဲ့ ဒုတိယ ရွာလူကြီး ဖြစ်တာက မင်း တစ်ယောက်ထဲပဲ ရှိမယ်၊ ကြက်ပေါင်း တစ်သောင်း ကျော်ရှိမယ်၊ အဲဒါက လုံးဝကို ကြီးကျယ်ခမ်းနားတဲ့ အနေအထားပဲ"

ဒါကို ကြီးကျယ်ခမ်းနားတဲ့ အရာလို့ မင်းတစ်ယောက်ပဲ ထင်နေတာ။

"မင်း ငါ့ ကမ်းလှမ်းချက်ကို နားထောင်သင့်တယ်''
ဝမ်ရှင်းချန်က သူ့ရဲ့ ရည်ရွယ်ချက်တွေကို တိုက်ရိုက် ပြောပြရန် ပြင်လိုက်သည်။

နျဲ့ပုဖန်က ချက်ချင်း ဖြောင့်မှန်သော ဟန်ဖြင့်ကြိုတင် တားဆီးထား၏။

"လူကြီး လူကောင်းဆိုတာ လူတွေ သတ်ချင် သတ်မယ်။ စော်ကားတာတော့ မလုပ်ဘူး''

မင်းက လူကြီး လူကောင်းဆိုတဲ့ စကား ပြောထွက်သေးတယ်။
ဝမ်ရှင်းချန်သည် နောက်ဆုံးတွင် မထိန်းထားတော့ပဲ နျဲ့ပုဖန်၏ နေရာအနှံ့ကို ဖိနမ်းကာ ကိုက်လိုက်သည်။

နျဲ့ပုဖန်က ခုခံရန် လက်ခြေများကို အသုံးပြုကာ အော်ဟစ်နေ၏။

အဆုံးတွင်၊ ရန်သူ၏ တပ်မက်မှု စွမ်းအား အောက်တွင် အရှုံးပေးလိုက်ရပြီး မကောင်းသောရည်ရွယ်ချက်ဖြင့် စော်ကားခံလိုက်ရပြန်သည်။

ဝမ်ရှင်းချန်သည် တက်မက်မှု ကြီးလွန်းသူ မဟုတ်သော်လည်း အခြားသူကို လွတ်မပေးခင် သူ၏ အလိုဆန္ဒကို အနည်းငယ်သာ ကျေနပ်အောင် ဖြည့်ဆည်းခဲ့လိုက်သည်။
ဒါပေမယ့် နျဲ့ပုဖန်ရဲ့ ပါးစပ်က ညိတ်ညိတ်မနေပဲ အိပ်ရာပေါ်က မဆင်းခင်မှာ ဝမ်ရှင်းချန်၏ သက်ညှာမှုအပေါ် အပြစ်ပြောလိုက်လေ၏ 

“အစ်ကို ဝမ်၊ မင်းရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုက အရင်ကလောက် မကောင်းတော့ဘူး”

သည်စကားဟာ ဝမ်ရှင်းချန်ကို သားရဲအဖြစ်ပြောင်းလုနီးပါးပင်။

အခြေအနေ မကောင်းကြောင်း နျဲ့ပုဖန် မြင်လိုက်ရသဖြင့် အလျင်စလို ထွက်ပြေးသွားခဲ့သည်။

နောက်ဆုံးတွင် ဝမ်ရှင်းချန်သည် နျဲ့ပုဖန် ကို လျှို့ဝှက်ထားဖို့ ကူညီရန် သဘောတူခဲ့၏။ သူနှင့်အတူ နေ့ရက်များစွာကို နှစ်ယောက်တည်း ဖြတ်သန်းရန်လည်း မျှော်လင့်ခဲ့သည်။ နျဲ့ပုဖန်နဲ့အတူ နေရခြင်းဟာ နေ့တိုင်းမှာ ပျော်စရာတွေနဲ့ ပြည့်နေပြီး သည်လူက ရိုးရှင်းတဲ့ ဘဝကို အမြဲတမ်း စိတ်ဝင်စားစရာ အမျိုးမျိုး အဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်။

မနက် အစောကြီးမှာ သူက ဝမ်ရှင်းချန်ကို ခြင်းတောင်း တစ်ခု ပေးပြီး အသီးအရွက်ဝယ်ဖို့ ပြောခဲ့ပေမယ့် ငွေကြေး တစ်ပြားတောင် မပေးခဲ့ပေ။

ထို့ကြောင့် ဝမ်ရှင်းချန်လည်း ဟင်းသီး ဟင်းရွက်တောင်းကို တစ်ယောက်တည်း ရွက်ကာ လမ်းမပေါ်သို့ ထွက်လာခဲ့သည်။
လူအများက သူ၏ ချောမောသော ရုပ်ရည်၊ သပ်ရပ်ကောင်းမွန်သော အဝတ်အစားများနှင့် ဟင်းရွက်တောင်း သယ်လာသော ဖရိုဖရဲဟန်ကိုစိတ်ဝင်တစား လိုက်ကြည့်ကြ၏။
သို့သော် သူသည် အခြားသူများ၏ စိုက်ကြည့်ခြင်းကို သိပ်ဂရုမစိုက်ပေ။ ထို့နောက် လမ်းတွင် တွေ့သမျှ ဟင်းသီးဟင်းရွက်များကို စျေးမမေးပဲ ဝယ်ကာ လက်တစ်ဆုပ်စာအတွက် ကြေးဒင်္ဂါး တပြားပစ်ပေးခဲ့သည်။

ထို့နောက် သခွားသီး အနည်းငယ်ကို ကောက်ယူခါနီးတွင် သူ့ မျက်လုံးထောင့်မှ ရင်းနှီးသော ပုံရိပ်တချို့ အမှတ်မထင် လှမ်းတွေ့သွားခဲ့သည်။ ၎င်းတို့သည် စုချန်းယီ၏ လူများ ဖြစ်၏။

ဝမ်ရှင်းချန်က လက်ကို အိတ်ကပ်ထဲသို့ နှိုက်ကာ ပိုက်ဆံ ရှာရင်း ရပ်နေသည်။

သခွားသီး ရောင်းသူသည် ပျော်ရွှင်စွာ လက်ကို ဆန့်တန်းလိုက်သော်လည်း လေပြင်းတချက်နှင့်အတူ အရှေ့က လူသည် ရုတ်တရက် ပျောက်ကွယ်သွားသည်ဟု မည်သူထင်ထားမည်နည်း။

စျေးဝယ်သူတစ်ယောက်၏ အပြုံးသည် သူ့ မျက်နှာပေါ်တွင် အေးခဲသွားပြီး လူကို ရှာမတွေ့တော့ဘဲ နေရာလွတ်ကိုသာ ပတ်ကြည့်နေရှာသည်။

စျေးသည်မှာ ဒေါသတကြီးနှင့် အော်လိုက်၏။
"သခင်လေး၊ မင်း ငါ့ သခွားသီးဖိုး မပေးရသေးဘူး"

အီး ... သည်ကံဆိုးတဲ့ ဦးလေးကတော့။
သူ့ရှေ့က တခြားသော ဟင်းသီး ဟင်းရွက်ရောင်း သူ တော်တော်များများက သူ့ကို သနားနေကြ၏။ သူကတော့ ဘာမှ မတတ်နိုင်ပဲ သခွားသီး အနည်းငယ် ဆုံးရှုံးသွားရသည်။ လူတစ်ဦး၏ စရိုက်သည် အလွ န်အရေးကြီးသည်ဟု ဆိုရပေမည်။

ဝမ်ရှင်းချန် နျဲ့ပုဖန်ဆီ ပြန်သွားစဥ်တွင်
ကြက်သိုက် ကျေးရွာမှ အခြားလူများကလည်း ယခင်က နျဲ့ပုဖန် တည်းခိုခဲ့သည့် ပေါင်ဖူး ဧည့်ရိပ်သာကို ရောက်သွားကြသည်။

စုံစမ်း မေးမြန်းပြီးနောက် နျဲ့ပုဖန်သည် ယခင်က ဤနေရာသို့ ရောက်ခဲ့ကြောင်း ကောက်ချက်ချခဲ့ကြ၏။ နျဲ့ပုဖန်သည် “ဒွမ်ယု” ဟူသော နာမည်ကို သုံးထားသော်လည်း ကြက်များ ရှိနေခြင်းနှင့် သူ၏ ထူးခြားသော ပင်ကိုယ် စရိုက်တို့က သူ့ အပေါ် နက်နက်နဲနဲ သစ္စာဖောက်လိုက်သည်ဟု ဆိုရမည်။

လီယီနဲ့ တခြားသူတွေဟာ နျဲ့ပုဖန်ကို လိုက်ရှာနေတဲ့ ဝေဒီလည်းနဲ့ တွေ့ခဲ့ကြပေမယ့် တူညီတဲ့လူကို ရှာနေမှန်း မသိကြတဲ့အတွက် ၎င်းတို့၏ တွေ့ဆုံမှုဟာ အလွန် သဟဇာတ ဖြစ်ခဲ့၏။

သော့ကိုင်ထားသူတွေထဲက တစ်ယောက်အနေနဲ့ လီယီဟာ ဝေဒီကို နဂိုကတည်းက သိနေလေသည်။ မနက်ဖြန် ကြက်သိုက်ရွာကို လာလည်မယ်လို့လည်း ဝေဒီက ပြောခဲ့သေးသည်။

လီယီမှာ ငြင်းပိုင်ခွင့် မရှိသောကြောင့် လမ်းမခွဲမီ ယဉ်ကျေး သိမ်မွေ့စွာသာ ဆက်ဆံခဲ့၏။

ဝေဒီအား နျဲ့ပုဖန်၏ အရေးကိစ္စများကို မမေးခဲ့ပါ။ မာနကြီးသော သိုင်းပညာရှင် ခေါင်းဆောင်သည် နျဲ့ပုဖန်နှင့် ဘာမှမဆိုင်ဟု ထင်ထားသောကြောင့်လည်း ဖြစ်သည်။ သို့သော် နျဲ့ပုဖန် ဆိုသည်မှာ ကျန်းဟူရှိ သိုင်းပညာ အသိုင်းအဝိုင်း ခေါင်းဆောင်ကို မဆိုထားနှင့် မင်းသား စုချန်းယီလို လူကိုတောင် နှိုးဆွနိုင်သော သတ္တိရှိသည် ဆိုတာကိုတော့ သူ ရှင်းရှင်းလင်းလင်း မေ့နေခဲ့သည်။
ထိုယောကျ်ားသည် ဧကရာဇ်မင်း ကိုယ်တော်တိုင်ကိုပင်လျှင် နဂါးခေါင်းဆောင်း အစား ဖက်စိမ်းဦးထုပ်ဆောင်းပေးဝံ့လိမ့်မည်။

(T/N: ဖက်စိမ်းဦးထုပ်ဆိုသည်မှာ မိမိအိမ်ထောင်ဖက်၏ ဖောက်ပြန်ခြင်းကို ခံရသောယောကျ်ားကို ဆိုလိုသည်။)

''သူတို့တွေ မင်းကို ရှာနေကြတယ်။ ဒီအနီးအနားကိုတောင်ရောက်နေကြပြီ''
ဝမ်ရှင်းချန်က ဟင်းရွက်တောင်းကို စားပွဲပေါ်တင်ရင်း ပြောလိုက်သည်။

“အိုး”  နျဲ့ပုဖန်က ဂရုမစိုက်သလိုနဲ့ ခြင်းတောင်းထဲက အစားအသောက်များကို ထုတ်ယူလိုက်၏။

ဝမ်ရှင်းချန်လည်း တစ်ဖက်လူ၏ ဂရုမစိုက်သောဟန်နဲ့ ပေါ့ပေါ့တန်တန် ပုံစံကို နားလည်သောကြောင့် ဘာမှ ထပ်မပြောပဲ နေလိုက်၏။

နျဲ့ပုဖန်က အသီးအရွက် လက်တစ်ဆုပ်စာလောက်ကို ကောက်ကိုင်လိုက်ပြီး
''အစ်ကို ဝမ်၊ ဘာလို့ အသီးအရွက်တွေ ချည်းပဲလဲ။ ဘာလို့ အသား မဝယ်တာလဲ"

"ငါ အသား မစားဘူး"

"ဒါပေမယ့် ငါစ ားတယ်"
နျဲ့ပုဖန်က သူ့ကိုယ်သူ ညွှန်ပြသည်။

ဝမ်ရှင်းချန်လည်း သူ့ကို အချိန်အကြာကြီး စိုက်ကြည့်ပြီးမှ "အသီးအရွက် များများ စားတာက မင်းအသက်ကို ရှည်စေတယ်" လို့ ပြောလိုက်၏။

"အသား မပါဘဲ ငါ အသက် မရှင်နိုင်ဘူး"  နျဲ့ပုဖန်က စားပွဲခုံကို ထုလိုက်သည်။

"သူတော်စင်ကို စိတ်လိုက်မာန်ပါ မအော်ရဘူးလေ''

မင်းဟာ ကျက်စားတတ်တဲ့ တိရိစ္ဆာန်တစ်ကောင်လိုပဲ၊ အရာအားလုံးကို စားရတာ ကြိုက်တယ်။

"မင်းက ဘုန်းတော်ကြီးလား'' 
နျဲ့ပုဖန်က ဆက်အော်သည်။

"မင်း ဘုန်းတော်ကြီးရဲ့ဝိနည်းတွေကို ဘယ်နှစ်ခါချိုးဖျက်ခဲ့ပြီးပြီလဲ သိရဲ့လား''

“ငါက လိင်ကိစ္စနဲ့ ပတ်သက်တာကိုပဲ ချိုးဖျက်ခဲ့တာ။ ကျန်တာတွေ ငါ မပျက်ကွက်ခဲ့ဖူးဘူး''

“…” ကောင်းပြီ မင်းနိုင်တယ်။

နျဲ့ပုဖန်လည်း ကိုယ့်ကံကြမ္မာကိုယ် လက်ခံကာ ဟင်းရွက် တောင်းကို ဆွဲ၍ မီးဖိုချောင်သို့ ထွက်လာခဲ့တော့သည်။

ကြက်သိုက် ကျေးရွာမှ လူများကတော့ နျဲ့ပုဖန်ကို ရှာဖွေဖို့ နေရာတိုင်မှာ လှည့်ပတ် မေးမြန်းစုံစမ်းနေကြစဥ်တွင် နျဲ့ပုဖန်နှင့် ဝမ်ရှင်းချန်တို့ နှစ်ဦးသားက အိမ်မှာနေပြီး ဟင်းသီးဟင်းရွက် ချက်ပြုတ်ခြင်း၊ ကြက်စာ ကျွေးခြင်း၊ အိမ်နီးနားချင်းများနှင့် စကားစမြည် ပြောဆိုခြင်း၊ ကလေးတွေနဲ့ ကစားခြင်းများ ပြုလုပ်နေကြလေသည်။

ဝမ်ရှင်းချန်သည် နျဲ့ပုဖန်၏ မရပ်တန့်နိုင်အောင် အစွမ်းထက်သော ဆွဲဆောင်မှု ကျက်သရေကို ထပ်မံ မြင်တွေ့ခဲ့ရပြန်သည်။ နေ့ခင်းဘက်တွင် အနည်းဆုံး မိန်းကလေး သုံးယောက်နဲ့ ယောက်ျားလေး နှစ်ယောက်လောက်၊ အသက်ကြီးကြီး ဦးလေးကြီး နှစ်ယောက်တို့က သူ့အား ချစ်ခင်မြတ်နိုးကြောင်း အခိုင်အမာ ဖော်ပြကြပြီး သူမှ လွဲ၍ အခြားမည်သူ့ကိုမှ လက်ထပ်မည် မဟုတ်ကြောင်း ကြွေးကြော်ကြ၏။

ဆယ်နှစ်အောက် ယောက်ျားလေး တစ်ယောက်က နျဲ့ပုဖန်ကို သူ ကြီးလာတဲ့အခါ ဇနီး မယားအဖြစ်လက်ထပ််မယ်ဟု ကြိုတင် အချိန်းအချက် လုပ်ခဲ့သည်။

ဝမ်ရှင်းချန်မှာ ဤကပ်ဘေးဆိုးကြီးကို အပြင်သို့ လွှတ်လိုက်ခြင်းမှာ အမှားတစ်ခုဟု ခံစားမိသောကြောင့် ကြက်သိုက်ရွာသို့ အမြန်ဆုံး ပြန်ခေါ်လာရန် တိတ်တဆိတ် စီစဉ်ခဲ့သည်။ နှစ်ယောက်သား ရိုးရှင်းသော နေ့စဉ် ဘဝတွင် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် နျဲ့ပုဖန်မှာ အဘက်ဘက်မှ ပျားပိတုံးများကို ဆွဲဆောင်နေသော မက်မွန်ပွင့်ကြီးပမာ ရှိနေလေ၏။

ညဘက်တွင် ဝမ်ရှင်းချန်က နျဲ့ပုဖန်ကို စကားစ၏။

"ပုဖန်၊ မင်း ပျော်လို့ ဝရင် ငါတို့ ပြန်သင့်တယ်မဟုတ်လား"

"ဘာ အလျင်လိုနေတာလဲ။ ရှီရှန်းမြို့မှာ ငါ မရောက်ဖူးသေးတဲ့ နေရာတွေ အများကြီးရှိသေးတယ်” 
နျဲ့ပုဖန်က စားပွဲပေါ်ရှိ ရောင်စုံ စက္ကူဗူးငယ်လေးများကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။

သူ ရှီရှန်း မြို့တစ်ခုလုံးကို လည်ပတ်ပြီးတဲ့ အခါမှာ အမျိုးသမီးနဲ့သာ လက်ထပ်ပြီး ကလေးယူမယ့် သာမန် အမျိုးသား ဘယ်နှစ်ယောက် ကျန်နေဦးမလဲမသိနိုင်ပေ။ ဝမ်ရှန်းချန်၏ နှလုံးမှာ တုန်လှုပ်သွားပြီး လေးလံသော ဖိအားကို ခံစားရ၏။

တကယ်တော့ နျဲ့ပုဖန်က သူ့ ပြိုင်ဘက် မဟုတ်တာ သေချာတဲ့အတွက် သူ နျဲ့ပုဖန်ကို ချုပ်နှောင်ပြီး အတင်းအကြပ် ပြန်ခေါ်သွားလို့ရသည်။ ထိုသို့ လုပ်ပါက ရွာကို ပြန်ဖို့ ရက်အနည်းငယ်သာ ကြာနိုင်၏။ 

ဒါကို တွေးပြီး ဝမ်ရှင်းချန် ငြိမ်သက်သွားပြန်သည်။နောက်တွင် နျဲ့ပုဖန် တစ်ယောက် အလုပ်ရှုပ်နေတာကို သူ သတိပြုမိပြီး “မင်း ဘာလုပ်နေတာလဲ” ဟု မေးရုံ မေးလိုက်သည်။

နျဲ့ပုဖန်က ...
“မနက်ဖြန်က တစ္ဆေပွဲတော်လေ။ လူတော်တော်များများက သရဲတစ္ဆေလို ဝတ်ပြီး အချင်းချင်း ခြောက်လှန့်ဖို့ အပြင်ထွက်ကြတယ်လို့ ဘေးအိမ်က အဒေါ်ဆီက ကြားတယ်။ ငါလည်း အဲ့ပွဲကို သွားမလို့''

သူက စားပွဲပေါ်ရှိ နီရဲနေသာ မျက်နှာချေမှုန့် မျိုးစုံကို လက်ညှိုးထိုးပြပြီး ...
“ဒါတွေ အားလုံးကို ငါနဲ့ တွေ့ခဲ့တဲ့ မိန်းကလေးတွေလက်ဆောင်ပေးထားကြတာလေ။ သူတို့ရဲ့ ရိုးသားမှုတွေကို ငါ အလဟဿ လုပ်ပစ်လို့ မဖြစ်ဘူး။ ဒါကြောင့် ဒီဟာတွေနဲ့ အရမ်း ကြောက်စရာကောင်းတဲ့ မျက်နှာ ဖြစ်အောင် လိမ်းခြယ်သွားရမယ်''

“…”

"အစ်ကို ဝမ်၊ မင်းရော မလိုက်ဘူးလား''
နျဲ့ပုဖန်က မျက်နှာပေါ်ကို အနီကွက်များအလျင်အမြန် သုတ်လိုက်ကာ ပြုံးကာ မေးလိုက်သည်။

ဝမ်ရှင်းချန်က မသုတ်ဘဲ “မလိုပါဘူး” ဟု တိုးတိုးလေးသာ ပြန်ဖြေ၏။

တစ္ဆေပွဲတော်ကို တက်ရောက်ခွင့် ပေးပြီးရင် သူ့ကို ချုပ်နှောင်ပြီး ပြန်ခေါ်သွားလို့ရတယ်။

နျဲ့ပုဖန်ကတော့ စုတ်တံကို ကိုင်ကာ စာရွက်ပေါ်တွင် သရဲ မျက်နှာ အမျိုးမျိုးကို ဆွဲလျှက် အလွန်စိတ်အားထက်သန်နေ၏။

ခဏလောက်ကြည့်ပြီးနောက်တွင် နျဲ့ပုဖန် ၏ သရဲမိတ်ကပ်သည် သမိုင်းတွင် ကြောက်စရာ အကောင်း ဆုံးဖြစ်နိုင်သည်ဟု ဝမ်ရှင်းချန် ရုတ်တရက် ခံစားလိုက်ရလေတော့သည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now