Chapter 4

4.2K 512 11
                                    

Chapter 4

ကျန်းကျွင်းရှီသည် ကြက်သိုက်ရွာမှာ ကြေကွဲနေသော နှလုံးသားဖြင့် ပြန်ထွက်လာခဲ့ရတယ်။

နျဲ့ပုဖန်က သူ့ကိုလွမ်းနေလေသည်။ သူမရှိရင် ဖျော်ဖြေမှုများ ချို့တဲ့နေသလိုပင်။ အလုပ်သမားနှစ်ယောက်ကလည်း သတိရှိလွန်းနေသည်။ ယခင်က ဖြစ်ခဲ့တဲ့ကိစ္စများမှ ကြေကွဲစရာကိစ္စများကို မြင်ခဲ့ပြီးနောက် အလုပ်သမားနှစ်ယောက်က အပြစ်ကင်းတဲ့ အပျိုစင်လေးများကဲ့သို့ စည်းကမ်းများကို လိုက်နာနေလျက်ရှိသည်။ အံ့သြစရာကောင်းလောက်အောင်ကို အဖိတ်အစင် တစ်စက်မှမရှိခဲ့ပေ။

ကြက်သိုက်ရွာကို ကြက်ယူရန်သာ လာရောက်ပြီး အဖြစ်အပျက်များကို မသိသလို မျက်ကန်းဟန်ဆောင်၍ သာနေသည်။ စူးစမ်းလိုသောစိတ် သို့မဟုတ် ရွာထဲတွင် အချိန်အပို ပင်မကုန်ဆုံးပါ။

"အိုး" နျဲ့ပုဖန်သည် ရွာနှင့်သိပ်မဝေးတဲ့ မြစ်ကမ်းတွင် စိတ်ပျက်လက်ပျက် ထိုင်ကာ ငါးမျှားနေသည်။

ထိုအချိန်တွင် သူသည် ငါးတစ်ကောင် လာမိနေသည်ကို ခံစားလိုက်ရသည်။

ငါးက တစ်ခါနှစ်ခါ ရုန်းနေသေးသည်။ သို့သော် သူက ငါးမျှားတံကို အသာအယာဆွဲမပြီး ယူလိုက်တော့ ငါးကြင်းဖြူတစ်ကောင်လာမိနေသည်ကိုတွေ့လိုက်ရလေသည်။ ငါးကို ပုံးထဲထည့်လိုက်ပြီး သန့်ရှင်းရေးလုပ်ရန် ဆုံးဖြတ်ကာ ရွာသို့မပြန်မှီ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

သူကရွာဝင်ပေါက်သို့ ရောက်သောအခါ တုပုန်းက ပြုံးရွှင်စွာပြေးလာပြီး "သတင်းကောင်းပါလာတယ်"

"အိုး..ဘာသတင်းကောင်းလဲ"

"ပထမဆုံး အသိုက်က ကြက်အကောင်၃၀ဥ ပေါက်သွားပြီ။"

"တကယ်လား။ ဒါဆို သွားကြည့်ရမှာပေါ့"

တုပုန်းက နျဲ့ပုဖန်နောက်ကို မြန်မြန်လိုက်သွားကာ သူ့မျက်လုံးသည် နျဲ့ပုဖန်လက်မှာ ကိုင်ထားတဲ့ပုံးကို မတော်တဆ ကြည့်မိသွားသောအခိုက်၌ ချက်ချင်းပင် ထိတ်လန့်သွားသည်။

နျဲ့ပုဖန်က သူ့ရဲ့ထူးဆန်းတဲ့ မျက်နှာအမူအရာကို သတိပြုမိပြီး အောက်ကို ကြည့်လိုက်တဲ့အခါ ရေပုံးထဲမှာ ကူးခတ်နေတဲ့ ကြက်ဖြူတစ်ကောင်ကို တွေ့လိုက်ရသည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now