Chapter 52

2.2K 252 0
                                    

Chapter - 52
နံနက်ခင်း သွေးပူ လေ့ကျင့်ခန်း


နောက်တစ်နေ့တွင် နျဲ့ပုဖန်သည် ကျန်းကျွင်းရှီ ၏ ရင်ခွင်ထဲမှာ နိုးလာခဲ့၏။ သူ၏ အောက်ပိုင်းသည်ကျန်းကျွင်းရှီ၏ ခြေထောင်များကြားတွင် ဖိထားခံရဆဲ ဖြစ်သည်။

၎င်းခြေထောက်များထံမှ ရုန်းကန်ရန် သူ ကြိုးစားလိုက်၏။ သို့သော် ကျန်းကျွင်းရှီက သူ့ကိုခြေထောက်များဖြင့် ထပ်ချိတ်ထားပြီး ...

"မင်း ဘာတွေ စောစော ထနေတာလဲ။ နည်းနည်း ထပ်အိပ်ရအောင်'' ဟု ဆိုလာသည်။

သူ ကျန်းကျွင်းရှီကို မျက်စောင်း ထိုးလိုက်သည်။
"ငါတို့ နည်းနည်းလောက် အိပ်ရင် ထနိုင်တော့မှာ မဟုတ်ဘူး"

ထိုစဥ်မှာပဲ သူ၏ တင်ပါးများကြားထဲမှ တစ်စုံတစ်ရာ တင်းမာလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်သည် မနက်ခင်းတွင် စိတ်တက်ကြွလာနေပြီ ဖြစ်သည်။ အချိန်ပိုကြာကြာ နေခြင်းက နောက်တစ်ကြိမ် အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်လိမ့်မည်။

ကျန်းကျွင်းရှီက အနည်းငယ်ပြုံးပြီး နျဲ့ပုဖန်၏ ခါးကို ပွေ့ဖက်ကာ အောက်ပိုင်းချင်း ပွတ်သပ်လိုက်သည်။

"မင်း တော်လောက်ပြီ'' 
နျဲ့ပုဖန်က လက်သည်းဖြင့် ကျန်းကျွင်းရှီ ၏ မျက်နှာကို အကြင်နာမဲ့စွာ ကုတ်ဖဲ့ရန် ရွယ်လိုက်သည်။

သို့သော် ကျန်းကျွင်းရှီက ခေါင်းငုံ့ကာ သူ့ကို ရှောင်ပြီး လက်ရှည်တွေ ခြေထောက်တွေကို ပိုတင်းတင်းကြပ်ကြပ် ဖက်ထားရင်း အလိုဆန္ဒကို ပိုနိုးကြွလာစေရန် ကြိုးစားနေသည်။

နျဲ့ပုဖန်မှာ ကုတင်ပေါ်တွင် လှုပ်ရှားရုန်းကန်နေသော်လည်း ကံမကောင်းစွာပင် သူ့မှာ ခိုကိုးရာမဲ့ဖြစ်နေကာ ကျန်းကျွင်းရှီ အောက်တွင် တစ်လက်မှမျှပင် မလှုပ်ရှားနိုင်ပေ။

ကျန်းကျွင်းရှီကတော့ သူ ရုန်းကန်နေတာကို အေးအေးဆေးဆေး ကြည့်နေပြီး အောက်ပိုင်းမှာလည်း အချင်းချင်း ဖိကပ်ထားသည့်အတွက် ဝင်လုနီးဆဲဆဲ ဖြစ်နေချေပြီ။

နျဲ့ပုဖန်မှာ အချိန်အတော်ကြာ ရုန်းကန်ခဲ့ပြီးနောက် ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွား၏။  သောင်တင်နေသော ငါးကဲ့သို့ ပက်လက်ကလေး ကူကယ်ရာမဲ့ ဖြစ်နေရှာ၏။ ထို့နောက် သူဟာ ယုန်ဖြူလေး တစ်ကောင်လို အပြစ်ကင်းစင်ပြီး သနားစရာကောင်းသော မျက်လုံးများဖြင့် ကျန်းကျွင်းရှီကို ကြည့်ကာ သနားခံခဲ့၏။

ယင်းကြောင့် ကျန်းကျွင်းရှီမှာ ပို၍ပင် နိုးကြားလာခဲ့ပြီး ဝံပုလွေ တစ်ကောင်ကဲ့သို့ အရိုင်းစိတ်များ သူ့ခန္ဓာကိုယ်ထဲတွင် ကြီးထွားလာခဲ့သည်။ ထို့နောက်စိတ်ကို မစောင့်ထိန်းနိုင်တော့ပဲ နျဲ့ပုဖန်ကို တက်မက်စွာ နမ်းရှိုက်လိုက်တော့သည်။

“ဝွန်း...”
နျဲ့ပုဖန်က မျက်နှာကို မှောက်ချကာ ခေါင်းအုံးပေါ်တွင် မြှုပ်ထားပြီး ဒေါသထွက်နေသည်။

ဒီလို "ချစ်စရာကောင်းတဲ့" အမူအရာတွေနဲ့ သူ့အပေါ်မှာ ဘာကြောင့် သည်လောက်ထိ ရက်စက်ကြမ်းကြုတ်ချင်နေမိတာလဲ ဟူ၍ ကျန်းကျွင်းရှီ မိမိကိုယ်ကိုယ် အံ့သြမဆုံး ဖြစ်နေရသည်။
မိမိဟာ စိတ်ကောင်း နှလုံးကောင်းရှိသော ယောကျ်ားတစ်ယောက် ဖြစ်၏။ သို့သော် ယခုတွင် မိမိနှင့် မလိုက်ဖက်စွာ သားရဲတစ်ကောင်သဖွယ် ပြုမူချင်နေသည်။ 

တစ်ဖက်တွင် ကျန်းကျွင်းရှီအဖို့ အချိန်အတော်ကြာအောင် စောင့်ဆိုင်း နေခဲ့ရသော အခွင့်အရေးသည် အခုတော့ နောက်ဆုံး ရလာပြီ ဖြစ်သည့်အတွက် ဤအခွင့်ရေးကို အဆုံးရှုံးမခံနိုင်ပါ။
နောက်ဆုံးတွင် သူ အောက်ခြေကို သေချာ အားစိုက်ထုတ်ပြီး နက်နက်နဲနဲ ထိုးသွင်းလိုက်သည်။ သူ၏ အဆက်မပြတ် လှုပ်ရှားမှုကြောင့် မကြာမီ သစ်သားကုတင်ဟာ ပြင်းပြင်းထန်ထန် လှုပ်ခါလာသည်။

ကျန်းကျွင်းရှီ၏ လှုပ်ရှားမှုဟာ တခြားသူတွေနဲ့ယှဥ်ရင် နျဲ့ပုဖန်အတွက်တော့ ညင်သာပြီး မိုးဖွဲလေးများ ကျရောက်သကဲ့သို့ သာယာ မိန်းမူးဖွယ်ကောင်းသောကြောင့် နျဲ့ပုဖန်အား ဆန္ဒ ပင်လယ်ထဲသို့ တစ်ဖန် မြုပ်စေခဲ့သည်။ ချက်ခြင်းဆိုသလို ရိုးရှင်းပြီး သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသည့် အိပ်ခန်းထဲတွက် ညည်းသံတွေ ဆက်တိုက်ထွက်လာ၏။

ဤသို့ဖြင့် နံနက်ခင်း နေရောင်ခြည်သည် အခန်းထဲသို့ ကျရောက်လာသည်ကို ခံစားရသောအခါ နျဲ့ပုဖန် ထပ်မံ နိုးလာခဲ့သည်။
သို့သော် မျက်လုံးများကို ဆက်မှိတ်ထားပြီးမှိန်းနေ၏။ ထိုအခိုက် စောင်ပုံထဲကနေ ထမင်းမွှေးရနံ့ကို ချက်ချင်း ရလိုက်သည်နှင့် ချက်ချင်းပင် ဗိုက်ဆာလာသည်။ သူ ခါးနာနာဖြင့် ထထိုင်လိုက်သောအခါ စားပွဲပေါ်တွက် ယာဂု ပူပူ ထည့်ထားသော ပန်းကန်လုံးအား တွေ့လိုက်ရသည်။

သူ့မျက်လုံးတွေ တောက်ပလာပြီး အဝတ်အစားတွေ အရင် ဝတ်လိုက်သည်။ သူ အဝတ် ဝတ်နေစဉ်မှာ လက်တစ်ဖက်ကို အောက်ဘက်သို့ သွားကာ သူ၏ ဂန္ဓမာပန်းလေး ရောင်ရမ်းခြင်း ရှိ၊ မရှိ စစ်ဆေးကြည်လိုက်သည်။ သူထိလိုက်တာနဲ့ အနည်းငယ်တွန့်ကာ ကျဥ်စပ်သွားသည်ကို ခံစားလိုက်ရ၏။

ထိုအချိန်မှာပဲ ကျန်းကျွင်းရှီက ပန်းကန်အချို့ကို ကိုင်ဆောင်ကာ အပြင်မှ ဝင်လာခဲ့သည်။ နျဲ့ပုဖန် ၏ အသွင်အပြင်ကို မြင်တော့ သူက ပြုံးပြီးမေး၏။

"ပုဖန်၊ အဆင်ပြေလား။ နာနေလား"

နျဲ့ပုဖန်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး သူ့အင်္ကျီနဲ့ ဘောင်းဘီရှည်ကို ပေါ့ပေါ့ပါးပါးပဲ ဝတ်လိုက်ကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်၏။

"ငါ သမားတော် ရှုကို အစားအသောက် ချက်ဖို့ ကူညီပေးပြီး ကျန်တဲ့ လူတွေ အတွက်ပါ ချက်ပြုတ်ပေးဖို့ တောင်းဆိုခဲ့တယ်၊ ဒါကြောင့် မင်း ချက်ပြုတ်ဖို့အတွက်ကို စိတ်ပူနေစရာ မလိုတော့ဘူး''

ကျန်းကျွင်းရှီက ထပ်ပြောသည်။

"မထင်ထားဘူး။ သမားတော် ရှုက ဟင်းကောင်းကောင်း ချက်တတ်နေတယ်''

နျဲ့ပုဖန်က ပြုံးလိုက်သည်။

“မဆိုးဘူး မဆိုးဘူး။ ရွာလူကြီးအနေနဲ့ ဒီလိုအရည်အချင်းမျိုးကို အလဟဿ အဖြစ်မခံနိုင်ဘူး၊ နောင် အနာဂတ်မှာ သူ့ အရည်အချင်းတွေကိုကောင်းကောင်း အသုံးချပေးရမယ်''

ကျန်းကျွင်းရှီက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ပြီးတော့  သူက နျဲ့ပုဖန် ခပ်ရှုပ်ရှုပ်ဆံပင်တွေကို ထိလိုက်ပြီး ...
“မင်း အနည်းဆုံးတော့ ကိုယ့်ထက် အသက်ကြီးတဲ့သူတွေကို လေးစားသင့်တယ် မဟုတ်လား။ သူက ကြက်သိုက်ရွာမှာ လာနေကတည်း နေ့တိုင်း ဒုက္ခခံရပြီး ခံစားနေရတာ၊ အရမ်း သနားဖို့ကောင်းတယ်''

နျဲ့ပုဖန်က သူ့နှုတ်ခမ်းကို စူလိုက်၏။

''ဒါဆို အသေးအဖွဲ ရောဂါလေးတွေကိုတောင် မကုသနိုင်တဲ့သူကို ငါ ဘယ်လိုလုပ် ဆေးဖိုးဝါးခ ပေးရမလဲ''

“ဟုတ်ပါပြီ။ မင်း ဒီကာလမှာ ကြိုးကြိုးစားစား လုပ်ခဲ့တာ ငါ သိပါတယ်။ အခုတော့ လက်ဆေးပြီး ယာဂု စားကြမယ်''

နျဲ့ပုဖန်က ကျန်းကျွင်းရှီကို ထူးထူးဆန်းဆန်းကြည့်ကာ ရုတ်တရက် မေးလိုက်၏။

"အင်း...ဒါနဲ့ မင်းရဲ့ရောဂါက သက်သာသွားပြီလား"

ကျန်းကျွင်းရှီ ပုံစံက မနေ့ကနဲ့တောင် မတူ၊ သည်နေ့ အရမ်း ကျန်းမာနေပုံရပြီး သူ့တစ်ကိုယ်လုံး အားအင်တွေ ပြည့်နေပုံပေါ်သည်။

"တကယ် ပိုသက်သာလာပါပြီ" 

ကျန်းကျွင်းရှီက ခေါင်းညိတ်လိုက်ပြီး တောက်ပနေသော မျက်လုံးများဖြင့် နျဲ့ပုဖန်ကို ပြုံးပြုံးလေးကြည့်ကာ ...

"မင်းနဲ့ အတူတူနေပြီးတော့ ရောဂါက ကုစရာ မလိုဘဲ သက်သာသွားတာ ဖြစ်မယ်''

ထိုအခါ နျဲ့ပုဖန်က မေးစေ့ ပင့်ကာ မော့ကြွားလျှက်ဆိုသည်။

“ဒီ ရွာလူကြီးက ကောင်းကင်နဲ့ မြေကြီးရဲ့ကောင်းချီးပေးခြင်း ခံထားရတဲ့ အထူး ပါရမီရှင်ပုဂ္ဂိုလ်ပဲလေ၊ ဒီလို အသေးအမွှား ဖျားနာမှုလေးလောက်က ငါ့အတွက် သာမာန်ပါပဲ ဘယ်လိုမှ မနေဘူး''

"အိုး ..." 
ကျန်းကျွင်းရှီက နျဲ့ပုဖန်ကို လက်ချင်း ချိတ်လိုက်ပြီး အားကိုးတကြီး အမူအရာနဲ့ ပြန်ပြောသည်။

''ဒီလိုဆို ကြီးမြတ်လှတဲ့ ရွာလူကြီးကိုပဲ အားကိုးရတော့မှာပဲ''

"မှန်တာပေါ့''

နျဲ့ပုဖန်မှာ ဟိတ်ကြီးဟန်ကြီးသာ လုပ်နေရပေမယ့် ကျန်းကျွင်းရှီ စကားကြောင့် သူ့အောက်ပိုင်းကဂန္ဓမာပွင့်လေး ကျိန်းစပ်စပ် ဖြစ်သွားရသည်။

“ဒါဆို ကျွန်တော်မျိုး ပြုစုစောင့်ရှောက် ပေးခဲ့တဲ့ ရွာသူကြီးကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ပေးချင်ပါတယ်”

"ဘာ လက်ဆောင်လဲ"

ကျန်းကျွင်းရှီက သူ့အိတ်ကပ်ထဲမှ ကြွေပုလင်းငယ်ကို ထုတ်လိုက်သည်။

နျဲ့ပုဖန်လည်း ၎င်းကိုယူကာ အဖုံး အဆို့ကို ဖွင့်ပြီးနောက် အနံ့ခံလိုက်သည်။ မွှေးရနံ့ သင်းသင်းလေးရှိပေမယ့် ဘာလဲဆိုတာတော့ မသိတဲ့အတွက် “ဒါကဘာလဲ” လို့ မေးလိုက်၏။

"မုန်ညင်းဆီ''

ကျန်းကျွင်းရှီက ရှင်းပြသည်။

"သူ့ကို လိမ်းရင် အပေါ်ယံ ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပြီး အရေပြားကို အာဟာရ ဖြည့်ပေးတဲ့အတွက် အသားအရေကို အစိုဓာတ် ထိန်းပေးတယ်"

"အနာ လိမ်းဆေးလား" 
နျဲ့ပုဖန်က မေးရင်း လှမ်းယူလိုက်သည်။

သို့သော် ကျန်းကျွင်းရှီက သူ့ အနားကို တိုးတိုးလေးပြောလာ၏။

"နောက်ကျောဘက်ကို လိမ်းဖို့ အဓိက သုံးရတယ်။  ကျောကို လိမ်းပေးရင် နာကျင်မှုကို သက်သာစေပြီး ခန္ဓာကိုယ် အတွင်းပိုင်းက တေဇောဓာတ်တွေကို ညီညွတ်စေတယ်”

နျဲ့ပုဖန်မှာ ခဏမျှ တောင့်တင်းသွားကာ ပုလင်းကို ကျန်းကျွင်းရှီ လက်ထဲသို့ ပြန်ထည့်လိုက်သည်။ 

''ကျန်း၊ ဒါ မင်း ကိုယ်တိုင် သုံးဖို့အတွက် ဒီလောက် အဖိုးတန်တဲ့အရာကို သိမ်းထားသင့်တယ်"

ထို့နောက် နောက်ပြန် လှည့်မကြည့်ဘဲ ရေချိုးခန်းဆီသို့ ပြေးထွက်သွားတော့သည်။

ကျန်းကျွင်းရှီလည်း ပုလင်းအား ခဏကြာအောင်ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်၏။

''ဟုတ်သားပဲ။ နောက်ဆို သူ ဒါကို လိမ်းဖို့ ငါကိုယ်တိုင် ကူညီပေးရမှာဆိုတော့ ငါ သေချာသိမ်းထားသင့်တယ်''

ထိုအတွေးဖြင့် ကျေနပ်စွာ ခေါင်းညိတ်ရင်း မုန်ညင်းဆီ ပုလင်းကို ကုတင်ဘေး စားပွဲပေါ် ၌ ဂရုတစိုက်နဲ့ ထားလိုက်သည်။
.....

"ငါ မြင်လိုက်တယ်...''

နျဲ့ပုဖန်တစ်ယောက် ရေချိုး သန့်စင်ပြီးချိန်တွင် လီယီ၏ မာကျောသော အသံနှင့်အတူ တင်းမာသော အကြည့်ကို ရလိုက်၏။
လီယီ နေရောင်အောက်တွင် လက်ပိုက်လျှက်မားမားမတ်မတ် ရပ်နေပုံမှာ ကြောက်ရွံခြင်း စိုးစဥ်းမျှ မရှိသော ချောမော ခန့်ညားသည့် တော်ဝင် ဓားသိုင်းသမား တစ်ယောက် သဖွယ် ဖြစ်နေ၏။
သို့ရာတွင် ချို့ယွင်းချက် တစ်ခုကတော့ အနက်ရောင် ကြက်ရုပ် ဆေးခြယ်ထားသော မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားရခြင်း ဖြစ်လိမ့်မည်။
သူ့ရဲ့ ရဲဝံ့တဲ့ ဟန်ပန်နဲ့၊ ထို စိတ္တဇ ကြက်မျက်နှာဖုံးပေါင်းစပ်လိုက်သောအခါ သတ်ဖြတ်တော့မည့်သေမင်းတမန် တစ်ကောင်အလား ကြောက်ဖို့ကောင်းသွားသည်။

"မင်း ဘာတွေ့တာလဲ" 

နျဲ့ပုဖန်က အံ့သြတကြီး ပြန်မေး၏။

"မင်းနဲ့ ကျန်းကျွင်းရှီ''

လီယီ၏ အသံမှာတိုးလျှပြီး သူ့ မျက်လုံးများက စူးရှနေသည်။

ထိုအခါ နျဲ့ပုဖန် ရှေ့ကို တိုးလာပြီး လီယီ ပုခုံးအား ဖက်လိုက်သည်။

''ညီအစ်ကို လီယီ၊ စိတ်မပူပါနဲ့၊ ကြက်သိုက်ရွာက ရွာသားတွေ အပေါ်မှာ ငါက အားလုံးကိုတန်းတူရည်တူပဲဆက်ဆံတာပဲ၊ ဘယ်သူ့ကိုမှ ပိုပြီး မျက်နှာသာ မပေးပါဘူး''

"လူတိုင်းကို တန်းတူရည်တူ ဘယ်လို ဆက်ဆံတာလဲ" 
လီယီက လေသံပြင်းပြင်းဖြင့် မေးလိုက်သည်။

"ဒီနေ့တော့  မင်းရဲ့ဆေးထဲကို မခါးအောင်လို့ သကြားနည်းနည်း ထည့်လိုက်မယ်"

နျဲ့ပုဖန်က စကားလမ်းကြောင်း လွဲလိုက်၏။

"မင်းလည်း ဆေးသောက်သင့်တယ်" 

လီယီသည် မှုန်ကုပ်ကုပ်နှင့် ပြောကာ နျဲ့ပုဖန်၏ စကားလွဲ ဖုံးကွယ်မှုကို ထေ့လိုက်ခြင်း ဖြစ်သည်။

"ဟုတ်တယ်။ ငါလည်း ဆေးသောက်သင့်တယ်" 

နျဲ့ပုဖန်လည်း ပြာပြာသလဲ စကားရော၊ ဖောရောလုပ်ရသည်။

"ငါ ဆေးအရင် သောက်ရမယ်၊ ပြီးမှ စကားဆက်ပြောကြမယ်''

သို့သော် လီယီက ထွက်ပြေးဖို့ ကြံနေသော နျဲ့ပုဖန်ကို ဂုတ်မှ လှမ်းဆွဲထားလိုက်၏။

''နေဦး။ သေချာနားထောင်၊ ဒီည ရေနွေးပူပူလေးပြင်ထားလိုက်၊ ငါတို့နှစ်ယောက် ငန်းမောင်နှံတွေလိုရေချိုးကြမယ်လေ''

''ငန်းမောင်နှံတွေလည်း တစ်ကောင်ပြီးမှ တစ်ကောင် ရေချိုးလို့ရတာပဲ။ မင်း ဒီ စကားပြောတာကို သွားကြီး ကြိတ်ပြီး တိုးတိုးလေး ပြောစရာ မလိုပါဘူး''

လီယီမှာ သူ့ စကားကြောင့် ချောင်းဆိုးကာ နောက်သို့ လန်သွားလေသည်။

နျဲ့ပုဖန် အနည်းငယ် စိတ်ပူသွား၏။
လီယီသည် သန်မာပြီး ခွန်အားကြီးသူ ဖြစ်သော်လည်း လက်ရှိတွင် ၎င်း၏ လူနာခန္ဓာကိုယ်ကို ဂရုစိုက်နေရဆဲ ဖြစ်သည်။ 
ကျန်းကျွင်းရှီ၏ အခြေအနေ ရုတ်တရက် သက်သာလာခြင်း၏ အဓိက အကြောင်းအရင်းမှာလည်း သူနှင့် လိင်ဆက်ဆံခြင်း တစ်ခုတည်းကြောင့် ဖြစ်မည်ဟု မထင်ပါ။
အချိန်ကြာရှည် လေ့ကျင့်ခန်းလုပ်ပြီးနောက် ချွေးများစွာ ထွက်သွား၍ ဆေးဝါး မလိုပဲ ပြန်လည်ကောင်းမွန်လာခြင်း ဖြစ်လိမ့်မည်။

နျဲ့ပုဖန်သည် ဤရှာဖွေတွေ့ရှိမှုအကြောင်း အခြားသူများအား ပြောပြရန် လိုအပ်ပြီး နေ့တိုင်း ထကာ ပြေးလွှား၍ လေ့ကျင့်ခန်းလုပ်ပြီး ဖျားနာမှုကို တိုက်ထုတ် တိုက်တွန်းရမည်ဟု ခံစားရသည်။

သူ့စိတ်ထဲမှာ ထိုသို့တွေးရင်း မနက်စာကို အလျင်စလို စားပြီး လူတွေကို အိမ်ထဲကနေ လိုက်ဆွဲထုတ်တော့သည်။

“ကြက်သိုက်ရွာက လူတိုင်း နားထောင်ကြပါ။ မင်းတို့ အမြန်ဆုံး ပြန်ကောင်းလာဖို့အတွက် ဒီနေ့ကစပြီး မနက်တိုင်း ရွာတစ်ပတ် ပတ်ပြေးရမယ်။ ဒါ့အပြင် အိပ်ရာမဝင်ခင် ရေနွေးနွေးလေးနဲ့ ရေချိုးပေးရပါမယ်။ ပိုမြန်မြန်ကောင်းလာဖို့ လေ့ကျင့်ခန်းများများ လုပ်ပြီး ချွေးများများ ထွက်အောင် လုပ်ကြရမယ်''

ပထမတွင် လူတိုင်းက သူ့အား လက်ပိုက်ကာ ငြိမ်၍ ကြည့်နေကြ၏။ ထို့နောက် ညည်းညူသံများ ထွက်လာကြသည်။
ရယ်မောကာ၊ အချင်းချင်း တီးတိုး ပြောနေကြပြီး သူ့ စကားကို အလေးမထားသကဲ့သို့ အပြုအမူ အမျိုးမျိုး ပြသနေကြလေသည်။

နျဲ့ပုဖန်းက သူတို့ကို စိတ်ထဲမထားပဲ ဘေးက ကြက်တွေကို လှမ်းပြောလိုက်၏။

''ကလေးတို့၊ မင်းတို့လည်း ငါနဲ့ အတူတူ ပြေးရမယ်နော်၊ နောက် ငါတို့နဲ့ အတူတူ လိုက်မပြေးတဲ့ လူတွေကို ပညာ ကောင်းကောင်းပြပေးလိုက်ကြ၊ ကြားလား''

ထိုအခါ ကြက်အုပ်၏ သြဘာပေးသံသည် တောင်ပြိုမတက် သောသောညံသွားပြီး၊ ၎င်းတို့ တောင်ပံများ လေထဲတွင် တဖျက်ဖျက် ခတ်သွားခြင်းကြောင့် ကြက်မွေးများ မိုးကဲ့သို့ ရွာသွန်းသွားလေသည်။

တစ်ဖက်က လူတို့၏ မျက်နှာများမှာလည်းချက်ချင်းပင် ပြောင်းလဲသွားပြီး ရှုံ့မဲ့ကုန်ကြသည်။

သူတို့ ဘာမှ ထပ်မပြောနိုင်ခင်မှာပဲ နျဲ့ပုဖန်ကညာသံပေး၍ ရှေ့ဆုံးမှ ဦးဆောင်ကာ ပြေးလေတော့သည်။

''ပြေးထားကြ"

ကြက်များသည်လည်း ချက်ချင်းပင် အတောင်များဖြန့်ကာ မတ်တပ်ရပ်နေသော လူများအား ပြင်းထန်စွာ အော်ဟစ်၍ ၎င်းတို့၏ အမိန့်ကို မနာခံပါက အမှန်တကယ် တိုက်ခိုက်မည့် မျက်လုံးများကဲ့သို့ စူးရှ တောက်ပနေကြသည်။

ရန်လိုနေသော ကြက်များဖြင့် ဝန်းရံထားသောကြောင့် လူတိုင်းမှာ နျဲ့ပုဖန်၏ နောက်သို့လိုက်၍ ပြေးရန်မှ တစ်ပါး ရွေးချယ်စရာ မရှိပေ။

“အိုး ...” 
ထိုစဥ် ရုတ်တရက် အနောက်မှ အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာပြီး သမားတော် ရှုသည် သူ၏ တင်ပါးကို မဲ့ရွဲ့သော အမူအရာဖြင့် ပွတ်သပ်နေသည်။

ကြက် ၃ ကောင်က ၎င်းတို့၏ လည်တန်ကို ဆန့်ကာ သမားတော်ရှုကို ထိုးဆိတ်ပြီး ပြင်းပြင်းထန်ထန်စိုက်ကြည့်နေကြခြင်း ဖြစ်သည်။

“ကျွန်တော်… ဆရာဝန် တစ်ယောက်ပါ၊ လူနာလည်း မဟုတ်ပါဘူး၊ ချွေးထွက်စရာလည်း မလိုပါဘူး”

ကြက် ၃ ကောင်က သူ့စကားကို လျစ်လျူရှုထားကာ ၎င်းတို့၏ ထိုးသတ်တော့မည့် ကိုယ်ဟန်အနေအထားကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်။

သမားတော် ရှု ခင်မျာမှာ ငိုလုမတတ်။
သို့ပေမယ့်လည်း တခြားကြက်တွေပါ သူ့ဆီလာနေကြတာကို မြင်လိုက်ရသည့်အတွက် သူ အရမ်းကြောက်သွားပြီး တခြားသူတွေနဲ့ အတူတူ ပြေးလွှားဖို့ကလွဲရင် ရွေးချယ်စရာ မရှိတော့ချေ။ အဆိတ် ခံထားရသောကြောင့် သူ့ တင်ပါး တစ်ခြမ်းကလည်း ထုံကျင်နေခဲ့ပြီး ကြက်တွေဟာ  တကယ် ကြောက်စရာ ကောင်းကြောင်း သူ သိသွားလေပြီ။

တခြားသူတွေလည်း သမားတော် ရှူ အဖြစ်ကို မြင်တဲ့အခါ ရေသာခိုလိုစိတ် အလျဥ်း မရှိတော့ဘဲ ကြက်အုပ် နောက်ကို လိုက်ပြီး ရွာတဝိုက်မှာ စိတ်အားထက်သန်စွာ ပြေးလွှားကြတော့သည်။
တုံ့ဆိုင်းဝံ့သူ မည်သူမဆို ကြက်အုပ်၏ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော အုပ်စုဖွဲ့ နှိပ်စက် ခြင်းကို ခံရမည် ဖြစ်၏။

နံနက်ခင်းသည် တောက်ပပြီး လေသည် လန်းဆန်းနေသည်။ မျက်နှာဖုံးများ ဝတ်ဆင်ထားသော လူတစ်စုသည် ကြက်ချစ်သူနှင့် ကြက်ဝါသနာရှင်များအလား ကြက်များကြားတွင် ပျော်ရွှင်စွာ ပြေးလွှားနေကြသည်။ ပန်းချီကားတွေထဲမှာဆိုရင် ထိုမြင်ကွင်းမျိုးဟား ချစ်စရာကောင်းတဲ့ ပန်းချီကားတစ်ချပ်လို တကယ်ကို လှပပါနေပေလိမ့်မည်။

သို့သော် နျဲ့ပုဖန်၏ အထပ်ထပ်အခါခါ လျှို့ဝှက်ခြိမ်းခြောက်ထားမှုတို့ကြောင့် လူတိုင်း၏ စိတ်ထဲတွင် ခံစားချက်တို့မှာ လျှပ်စီးလက်ပြီး မိုးခြိမ်းသံများ ပြည့်နှက်နေသကဲ့သို့ ရှိနေလေ၏။

အခု သူ ဘာတွေ ကြံစည်နေတာလဲ မသိဘူး။ နျဲ့ပုဖန်က သူတို့ကို သေတဲ့အထိ ညှဉ်းပန်း နှိပ်စက်ဖို့ကြိုးစားနေတာလား။

ထိုသို့ ပေါင်ပေါ်တင်တင် အပြစ်တင်မိတဲ့ လူတိုင်းသည် ချောင်းဆိုးပြီး တစ်ကိုယ်လုံး နီမြန်းသွားရသည်။ တကယ်တမ်း ၎င်းတို့ အများစုမှာ ကိုယ်ခံ ပညာရှိများ ဖြစ်ပြီး ဤအကွာအဝေးသည် အမှန်တကယ်ပင် ဘာမှမဟုတ်ပေ။ ချောင်းဆိုးတာက သူတို့အတွက် တကယ်ကို စိတ် မသက်မသာဖြစ်စေသည်။ ပြေးလွှားရခြင်းကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်က ပိုပူလာပြီး ချွေးတွေ ဖုံးလွှမ်းကာ တကယ့်ကို မချိမဆန့် ခံစားနေကြရသည်။
သိုင်းပညာရှင်များ ဖြစ်ကြပေမယ့်လည်း ၎င်းတို့သည် ကိုယ့်ကိုယ်ကို မချိမဆန့် ပင်ပန်းမည့်အလုပ်မျိုး ဘယ်သောအခါမှ မလုပ်ကြပေ။ ယခုကြက်သိုက်ရွာကို ရောက်မှသာ အကြိမ်ဖန်များစွာညင်းပန်း နှိပ်စက်ခံနေကြရသည်။

လုံးဝ ထိခိုက်မှု မရှိသော တစ်ဦးတည်းသောသူမှာ ကျော့မော့ပြီး သပ်သပ်ရပ်ရပ်ဖြစ်နေတဲ့ ဝမ်ရှင်းချန်ပဲ ဖြစ်၏။
ဝမ်ရှင်းချန် မှာ ခေါင်းမှ ခြေဖျားအထိ ချွေးပေါက်လေးပင် မရှိချေ။

ထိုစဥ် နျဲ့ပုဖန်က အော်လိုက်သည်။

“လူတိုင်း ကောင်းကောင်း စွမ်းဆောင်နိုင်ကြပါတယ်။ ဒီနေ့ ဒီမှာပဲ ရပ်ပြီး မနက်ဖြန် မှဆက်လုပ်ကြရအောင်"

"မနက်ဖြန် ဆက်လုပ်ရဦးမယ်၊ ဟုတ်လား" 
လီဟိုက်က ဒေါသတကြီး ဆိုလာသည်။

"မနက်ဖြန် ငါ လိုက်မပြေးဘူးကွ"

နျဲ့ပုဖန်က သူ့ကို စိတ်လျော့စေသည်။

“စိတ်မဆိုးပါနဲ့၊ မင်း သည်းခံရမယ်၊ ပြေးပြီးတဲ့နောက်မှာ မင်း ပိုသက်သာလာတယ်လို့ မခံစားရဘူးလား''

"ဘာဖြစ်ဖြစ်ပေါ့ကွာ''

လီဟိုက်မှာ အသက်ရှုသံ ပြင်းပြင်းဖြင့် မြင်းတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။

"မင်း ကြည့်ရတာ အဆင်မပြေဘူး။ မြန်မြန်ထပြီး အိမ်ထဲဝင်ပြီး အနားယူပါ"

"အဲ့လိုဖြစ်အောင် မင်းလုပ်တာလေ''

လီဟိုက်သည် သူ့ အိမ်ထဲ ဝင်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်၏။

နျဲ့ပုဖန်က အခြားလူများကို တစ်ဖန်ပြန် လှည့်ကြည့်လိုက်ပြီး သူ သည်လိုလုပ်တာ အားလုံးနေကောင်းလာဖို့ ဖြစ်ကြောင်း၊ လေ့ကျင့်ခန်း ပြီးတဲ့နောက် အိမ်မှာ သက်သက်သာသာ အနားယူရမည့်အကြောင်း ပြောရန် ပြင်လိုက်စဥ်မှာပင် မျက်စိတစ်မှိတ်အတွင်း လူတိုင်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကြလေသည်။

"ဒါတွေ အားလုံး သူတို့အတွက် ငါ လုပ်နေတာလေ၊ မဟုတ်ဘူးလား"

နျဲ့ပုဖန် က သက်ပြင်းချရင်း ...

“သူတို့က ဆေးဆရာကို နေ့တိုင်း ပြင်းပြင်းထန်ထန် အော်ငေါက်နေတာ မြင်ရတော့ သူတို့မှာ အင်အားတွေ အရမ်းရှိနေတာ သိသာပါတယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်တာထက် ချွေးနည်းနည်းထွက်အောင်လုပ် ဖို့ကောင်းတယ်။ ဒါမှ သူတို့ မြန်မြန် ပြန်ကောင်းလာနိုင်မှာ”

“ဒါဆို…ဒါဆို ငါကရော ဘာလို့ ပြေးရမှာလဲ…” သူ့နောက်မှ ပျော့ညံ့သော အသံတစ်ခု ထွက်ပေါ်လာ၏။

နျဲ့ပုဖန်က ခေါင်းကို လှည့်ကာ လှည့်ကြည့်လိုက်သည်။ ဆေးဆရာ ရှုသည် တုန်တုန်ယင်ယင်ဖြစ်ကာ တံခါးကို အားပျော့စွာ ကိုင်ထားပုံမှာ မတ်တတ်ရပ်နေသော လူသေတစ်ယောက်လို ဖြစ်နေသည်။

နျဲ့ပုဖန်က သူ့ကို ကူတွဲပေးဖို့ သွားရင်း စိတ်ရင်းမှန်နဲ့ ပြောလိုက်သည်။

“တကယ်တော့ ဒါက ခင်ဗျားလည်း ပြေးသင့်တယ်။ ပြေးတာက သူတို့အတွက် ကောင်းသလား၊ ဆိုးသလားဆိုတာ သမားတော် ကိုယ်တိုင် အဲဒါကို အတွေ့အကြုံ ယူပြီး ကျွမ်းကျင်တဲ့ အကြံဉာဏ်တွေ ပေးဖို့လိုတယ်လေ''

သမားတော် ရှုမှာ မျက်လုံးကို မှိတ်လိုက်၏။ သူ့မှာသေချင်စော် တော်တော် နံနေပြီ။
သည် ဖျားနာနေတဲ့ ရွာမှာ ချုပ်နှောင်ခံရပြီး သည်လို ဖျားနာတဲ့ လူအုပ်စုနဲ့ ကြုံရတာ ဘယ်လောက် ကံမကောင်းလိုက်သလဲ။

ထို့နောက် နျဲ့ပုဖန်သည် လီယီ၏ နေအိမ်ကို တိတ်တဆိတ် သွားချောင်းခဲ့၏။ လီယီတစ်ယောက် အားအင်တွေ ကုန်ခန်းသွားလောက်ပြီဟု တွေးမိသည်။ နောက်မှ ဆေးတစ်ပန်းကန် သွားတိုက်ရမယ်။ ဆေး သောက်ပြီးရင် အိပ်သွားမှာ သေချာတယ်။
ဘယ်လိုဖြစ်ဖြစ် ငန်းမောင်နှံ ရေချိုးတာကိုတော့ရှောင်ရှားဖို့ ကြိုးစားရမယ်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now