Chapter 40

2.6K 299 2
                                    

Chapter-40
ရှန်းဝူ မှန်
..............

နွေဦး၏ သာယာလှပသောနေ့လေးသည် နျဲ့ပုဖန်ကြောင့် ပျက်စီးသွားခဲ့သည်။
စုချန်းယိမှာ လီယီလောက် မျက်နှာပြောင် မတိုက်နိုင်သူမို့ နျဲ့ပုဖန်ကို ရှုံးနိမ့်ခဲ့ရသည်။

နျဲ့ပုဖန်သည် ရေကန်အောက်ခြေက လျှို့ဝှက်ချက်ကို စုချန်းယိအား မပြောပြခဲ့ပေ။ ဒါမှမဟုတ် ရေထဲ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် ပြောဖို့ မေ့သွားတာလည်း ဖြစ်နိုင်ပါသည်။

သည့်နောက်တွင် ၎င်းတို့ နှစ်ယောက်ရွာသို့ ပြန်လာခဲ့ကြသည်။ နျဲ့ပုဖန်က အဝတ်များ ချွတ်ပြီးမှ ရေထဲဆင်းခဲ့တာကြောင့် ခြောက်သွေ့သော အဝတ်တွေ ဝတ်ထားပြီး၊ စုချန်းယိသည် တစ်ကိုယ်လုံး စိုရွဲနေခဲ့၏။
၎င်းတို့ ရွာသို့ရောက်သောအခါ၌ ထူးဆန်းစွာပင် ရွာတွင် နေထိုင်ကြသူများ အားလုံးစုဝေးနေသည်ကိုတွေ့လိုက်ရ၏။
လီယီ၊ လီဟိုက်၊ ကျန်းကျွင်းရှီ၊ ရှန်းမုလန်၊ နတ်မိမယ် အပါအဝင် အားလုံးစုဝေးနေကြသည်။ အမြဲတမ်း ကိုယ်ပျောက်နေတတ်သော ဝမ်ရှင်းချန်ပင် ထိုနေရာ၌ ရောက်နေ၏။
၎င်းတို့မှာ တစ်ခုခုကို ခေါင်းချင်းဆိုင် ဆွေးနွေးနေကြပုံ ပေါ်သည်။

နျဲ့ပုဖန့်သည် ၎င်းတို့ကို လှမ်းနှုတ်ဆက်လိုက်သည်။

''အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်၊ ဘာတွေများပြောဆိုတိုင်ပင်နေကြတာလဲ''

ထိုအခါ ၎င်းတို့သည် နျဲ့ပုဖန်နှင့် စုချန်းယိတို့အားထူးဆန်းသောအကြည့်များဖြင့် ကြည့်လာကြသည်။

စုချန်းယိသည် ၎င်းတို့ကို မြင်သည်နှင့် သူ့အဝတ်ရေစိုတွေကို မလဲသေးပဲ လှမ်းမေးလိုက်သည်။

''ဘာတွေဖြစ်နေကြတာလဲ''

''ငါ့ သော့အခိုးခံလိုက်ရတယ်''
ရှန်းမုလန်က ရှုံ့မဲ့မဲ့ဖြင့်ဆို၏။

''ဟင်...မင်း ရတနာသိုက်သော့ကို ပြောတာလား''
စုချန်းယိမှာ တအံ့တသြဖြစ်သွား၏။

''ဟုတ်တယ်''

''ဘယ်လို အခိုးခံလိုက်ရတာလဲ''

ရှန်းမုလန်က ခေါင်းခါ၍

''မသိဘူး။ ဒီနေ့ ငါ အိပ်ရာနိုးလာတော့ ကြည့်လည်းကြည့်လိုက်ရော ပျောက်သွားပြီ''

စုချန်းယိလည်း မေးစေ့ကိုပွတ်ကာ လေးလေးနက်နက် စဥ်းစားကြည့်သည်။

''ကျီဝေါရွာမှာ ကြက်အစောင့်တပ်တွေ အထပ်ထပ်ပဲ။ ကြက်အစောင့်တွေကို ဘယ်သူမှ ရှောင်လွဲလို့ မရဘူး၊ ဒါကို ကြက်တွေကို ကျော်ဖြတ်ပြီး သော့ကို ခိုးသွားတယ်ဆိုတာ မယုံနိုင်စရာ ကောင်းလောက်အောင်ပဲ၊ ကမ္ဘာပေါ်မှာ ဒီလိုသူခိုးမျိုး ထပ်ရှိနိုင်မှာမဟုတ်ဘူး''

ထို့နောက် ဝမ်ရှင်းချန်ကလည်း ဝင်ပြောလာသည်။

''အလင်းသိုင်းပညာ သုံးတယ်ဆိုရင်တောင် ငါ့ထက် အလင်းသိုင်း တော်တဲ့သူ မရှိနိုင်လောက်ဘူး''

''နောက်ပြီး အပြင်လူတွေက သော့ရဲ့ပုံစံ အစစ်အမှန်ကို ဘယ်သူမှ မသိကြဘူးလေ''

ရှန်းမုလန်က ဝင်ထောက်သည်။

''ဒါဆို ဖြစ်နိုင်ခြေက တစ်ခုပဲရှိတော့တယ်။ ရွာလူကြီးက ခိုးတာလား''

စုချန်းယိ စွပ်ဆွဲလိုက်သည်။

အားလုံးသည် အသံများ ငြိမ်ကျသွားပြီး နျဲ့ပုဖန်အား လှည့်ကြည့်လာသည်။

''ဘာလို့ကြည့်တာလဲ''

နျဲ့ပုဖန်သည် သူ့ကို စွပ်စွပ်စွဲစွဲ စိုက်ကြည့်နေသောမျက်လုံးများအောက်တွင် မသက်မသာ ခံစားလာရသည်။

''ငါက အမြဲရိုးသားတဲ့သူပါ။ သူများ ဥစ္စာကို မခိုးမဝှက်တတ်ဘူး''

သို့သော် အားလုံးက သူ့ကိုမယုံသင်္ကာဖြစ်နေကြဆဲပင်။

''နျဲ့ပုဖန် ခိုးတာ မဟုတ်ဘူး''

ဝမ်ရှင်းချန် ပြောလိုက်သည်။

''အစ်ကိုက ဘယ်လိုသိတာလဲ''

လီဟိုက်က သံသယဖြင့်မေး၏။

''မနေ့ညက ငါသူ့အိမ်မှာ အိပ်ခဲ့တာ''

ထိုစကားကို ကြားသောအခါ လီယီနှင့် ကျန်းကျွင်းရှီတို့က နျဲ့ပုဖန်အား စူးစူးဝါးဝါး လှမ်းကြည့်ကြသည်။
နျဲ့ပုဖန်လည်း မသက်မသာ ဖြစ်နေရသည်။

''အစ်ကိုဝမ်၊ ကျွန်တော်တို့ အိမ်ထဲကို ဘယ်လိုရောက်နေတာလဲ၊ မတွေ့မိပါဘူး''

''ညက မင်းအိမ်က ဧည့်ခန်းထဲမှာ ငါလာအိပ်နေတာ''

ထိုအခါမှ ကျန်းနှင့် လီတို့လည်း စိတ်သက်သာရာရသွားကြသည်။
ဝမ်ရှင်းချန်လို လူတစ်ယောက်မှာ ဘယ်လိုလုပ် ကာမဆန္ဒရှိပါ့မလဲ၊ သူတော်စင်တစ်ပါးလို တစ်သီးတစ်သန့်နေပြီး လောကီစိတ်ကုန်စင်နေတဲ့ ပုဂ္ဂိုလ်မဟုတ်ပါလား။

သို့ရာတွင် ၎င်းသော့ပျောက်သည့်ကိစ္စသည် ဗဟေဠိ တစ်ရပ် ဖြစ်လာပြန်သည်။

ထို့နောက် စုချန်းယိက ဆက်ပြောသည်။

''သော့တစ်ခုတည်းကို ခိုးလို့ ဘာမှအကျိုးမရှိဘူး၊ သူခိုးက ရတနာသိုက်ကို ဖွင့်ချင်တဲ့သူဆိုရင် တခြားသော့တွေ ခိုးဖို့ အနှေးနဲ့အမြန် ပေါ်လာဦးမှာပဲ''

အားလုံးက ခေါင်းညိတ်ကာ ထောက်ခံကြသည်။

ဤတွင် ရှန်းမုလန်မှာ သက်ပြင်းချကာ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။

''ဒီသော့ကို ဘယ်သူမှ အာရုံမစိုက်မိလောက်ဘူးထင်ပြီး ပေါ့ပေါ့လျော့လျော့နေခဲ့မိတာ ငါ့ရဲ့အမှားပဲ''

''သော့ဆိုလို့ မင်းတို့ရဲ့သော့တွေက ဘယ်လိုပုံစံမျိုးလဲ''
နျဲ့ပုဖန်သည် စပ်စပ်စုစု မေးလိုက်၏။

ထိုအခါ စုချန်းယိနှင့် တခြားသူများသည် သံသယဖြင့် သူ့ကိုကြည့်ကြသည်။

''ဒီနေရာမှာရှိတဲ့သူတိုင်း ရတနာသိုက်ကိစ္စကို သိထားကြတာပဲ။ ဒါက ဖုံးကွယ်ထားစရာ မဟုတ်ပါဘူး''

လီယီက ဝင်၍ ဖြန်ဖြေလိုက်သည်။

ရှန်းမုလန်ကလည်း ခေါင်းညိတ်၏။

''ငါ့ရဲ့သော့က မဟူရာ လိပ်နဂါးခေါင်းမှန် (ရှန်းဝူ သဏ္ဍာန်မှန်) တစ်ချပ်ပဲ''

စုချန်းယိက ''အဇူရာနဂါး လက်ကောက်''

ဝမ်ရှင်းချန်က ''ကျားဖြူဘီး''

လီဟိုက် ''ဇာမဏီ ငှက်ဆံထိုး''

''အိုး...''
နျဲ့ပုဖန်သည် အံံသြသည့်ပုံစံဖြင့် တွေးတောနေသည်။

ထိုအခါတွင် စုချန်းယိ တစ်ခုခုကို စဥ်းစား၍ ပြောလိုက်၏။

''မင်းတို့မှာ ပဥ္စမသော့နဲ့ ပက်သက်တဲ့ သဲလွန်စတစ်ခုခုများရှိသလား''

''ပဥ္စမသော့။ ပဥ္စမသော့က နတ်မိမယ်ဆီမှာ မဟုတ်ဘူးလား''
လီဟိုက်က တွေးရင်း ပြောလိုက်၏။

အားလုံး၏ မျက်လုံးများသည် နတ်မိမယ်ထံသို့ရောက်သွားကြ၏။

နတ်မိမယ်မှာ တုန်လှုပ်သွားသော်လည်း သူမ၏ ထိတ်လန့်မှုကို ဖုံးကွယ်၍ သရုပ်မပျက်အောင်ဟန်ဆောင်လိုက်ရသည်။

''ပဥ္စမသော့ကို အချိန်တန်ရင် တွေ့ရပါလိမ့်မယ်၊ အခုပြဿနာက မဟူရာလိပ်နဂါးခေါင်း မှန် (ရှန်းဝူမှန်) ပျောက်တဲ့ကိစ္စပဲ မဟုတ်လား''

''ဒါဖြင့်...''
လီဟိုက် မျက်မှောင် ကျုံ့လိုက်သည်။
''အစ်ကိုရှန်း၊ သော့ပုံစံတွေက ထူးခြားတာမို့လို့သာမာန် အပြင်လူတွေ ရိပ်မိနိုင်မှာ မဟုတ်ဘူး၊ ဒီသော့ကိစ္စ ဘယ်သူ့ကို ပြောပြဖူးသေးလဲ''

''လုံးဝ မဖြစ်နိုင်ဘူး ဒါတော့''
ရှန်းမုလန်က အပြင်းအထန် ငြင်း၏။
''သော့အကြောင်းကို မိသားစုဝင် နှစ်ယောက်သုံးလောက်က လွဲပြီး ဘယ်သူမှ သေချာမသိကြသလို ဘယ်သူမှလည်း ဒီကိစ္စကို ပေါ့ပေါ့တန်တန် ထုတ်မပြောကြဘူး၊ ငါအခု ဒီကျီဝေါရွာကို ရောက်နေတဲ့အတောအတွင်းမှာလည်း ပြင်ပက ဘယ်သူနဲ့မှ ဆက်သွယ်တာမျိုး မလုပ်ခဲ့ဘူး''

''အဲ့ဒါ ထူးဆန်းတာ''
ကျီဝေါရွာ၏ ကြက်များသည် သူခိုးများအပေါ်တွင် မကောင်းဆိုးဝါးသဖွယ် ပြင်းပြင်းထန်ထန်တိုက်ခိုက်တတ်တာကြောင့် ၎င်းတို့လက်ထဲမှ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

''ဒါပေမယ့် ပြန်ရှာဖို့ သိပ်မခက်ခဲလောက်ဘူးလို့တော့ ထင်တယ်''
လီယီက ပြောသည်။
''ငါတို့ အခုချက်ချင်း သေချာရှာကြမယ်ဆိုရင် သော့ကရွာနဲ့ အနီးတစ်ဝိုက်မှာပဲ ရှိဦးမယ်လို့ ခံစားရတယ်''

အားလုံးက လီယီအကြံကို လက်ခံကြသည်။
ရတနာသိုက်ဖွင့်ဖို့ အချိန်နီးလာတာနဲ့အမျှ သူတို့အားလုံး ပိုသတိထားရန် လိုအပ်နေပြီ ဖြစ်ကြောင်းသိလာကြသည်။
နျဲ့ပုဖန်သည် ၎င်းတို့၏ အခက်အခဲများကို စာနာသောအားဖြင့် နှုတ်ဆိတ်ကာ ငြိမ်နေခဲ့သည်။
ရတနာသိုက်ဖွင့်ဖို့ အချိန်နီးကပ်လာတာနဲ့အမျှအခက်ခဲတွေက တစ်ခုမဟုတ်တစ်ခု ဖြစ်နေတာပါလား။ ကောင်းကင်ဘုံက ပညာရှိကြီးက သူ့ရတနာတွေကို မယူစေချင်လို့ တမင်များ အနှောက်ယှက်တွေ ဖန်တီနေလေသလား။

သည့်နောက်တွင် နျဲ့ပုဖန်သည် အိမ်သို့တိတ်ဆိတ်စွာ အေးအေးဆေးဆေး ပြန်လာခဲ့၏။
သူအိမ်တံခါးကို ဖွင့်လိုက်ရာတွင် အရိပ်တစ်ခုသည်သူ့အပေါ်သို့ ခုန်ချလာ၏။
နျဲ့ပုဖန့်သည် ထိုအရာကို ဆွဲမြောက်ပြီး ပြုံးလိုက်သည်။

''အိုး၊ ဝူခုန်း ... မင်းက ငါ့ကိုလှန့်တယ်ပေါ့လေ။ တော်တော်ကဲတဲ့ ကောင်လေးပဲ''

မျောက်ကလေးသည် လက်ကားယား ခြေကားယားလေး ဖြစ်နေသည်။
နျဲ့ပုဖန်က ၎င်းကို လွှတ်ပေးလိုက်သောအခါ နျဲ့ပုဖန်၏ ခေါင်းပေါ်သို့ ခုန်တက်သွားပြီး ဆံပင်များနှင့်ဆော့ကစားနေ၏။

''ဟင်''

အခန်းထောင့်တွင် ပန်းပွင့်မိန်းကလေးသည် တစ်ခုခုနှင့် ကစားနေသည့်ကို နျဲ့ပုဖန် တွေ့လိုက်ရသည်။

နျဲ့ပုဖန်သည် ၎င်းအနားသို့ကပ်သွားပြီး ကြည့်လိုက်သောအခါ ထိုအရာက မှန်တစ်ချပ်ဖြစ်နေ၏။ နျဲ့ပုဖန် ကောက်ယူလိုက်သည်။
ထို့နောက် မှန်နောက်ကျောကို လှည့်ကြည့်လိုက်ရာ မဟူရာရောင် ပုလဲနက် နှစ်လုံးသည် ၎င်းမှန်၏ အရုပ်၌ မျက်လုံးများသဖွယ် စီခြယ်ထား၏။
မှန်မှာ စက်ဝိုင်းပုံဖြစ်ပြီး လက်ကိုင်သည် သတ္တဝါတစ်ကောင်၏ အမြီးသဖွယ်ဖြစ်သည်။ ထို့နောက် အကြေးခွံအကွက်များဖြင့် သတ္တဝါ၏ ကိုယ်ထည်ကိုလည်း ထုဆစ်ပုံဖော်ထားလေသည်။
ဒါ မဟူရာလိပ်နဂါးခေါင်း မှန် (ရှန်းဝူမှန်) ဆိုတာများလား။
မှန်၏သဏ္ဍာန်မှာ သာမန်တန်ဖိုးကြီး မှန်တစ်ချပ်မျှသာဖြစ်ပြီး၊ လူသာမာန်များသာဆိုလျှင် ရတနာသိုက်သော့မှန်း သိကြမည် မဟုတ်ပေ။

နျဲ့ပုဖန်သည် ပန်းပွင့်မိန်းကလေးအား ငုံ့ကြည့်လိုက်သည်။

''ဒါကို ဘယ်သူခိုးလာတာလဲ''
ပန်းပွင့်မိန်းကလေးက အပြစ်ကင်းစင်သည့် ဟန်ဖြင့် မျက်လုံးလေးလည်ကာ မော့ကြည့်၏။

ထိုအခါ မျောက်ကလေးသည် နျဲ့ပုဖန်ခေါင်းပေါ်မှခုန်ဆင်းလာပြီး မှန်လက်ကိုင်ကို သူ့အမြီးလေးဖြင့်ချိတ်လိုက်၏။

နျဲ့ပုဖန်သည် မျောက်ကလေးကို ဆွဲယူပြီး အောက်သို့ချလိုက်သည်။

''ဒါဆို မင်းခိုးလာတာပေါ့''

မျောက်ကလေးက ရယ်ပြသည်။

''မင်း...ဒီအရွယ်လေးနဲ့ ခိုးတတ်ဝှက်တတ်နေတယ်ပေါ့လေ၊ ဟုတ်လား''
နျဲ့ပုဖန်က မာန်မဲလိုက်သောအခါ မျောက်ကလေးမှာ သူအပြစ်လုပ်မိသည်ကို သိသကဲ့သို့ ခေါင်းလေးငုံ့သွား၏။

''ဒါပေမယ့်၊ မင်းလုပ်တာ ကောင်းတယ်။ တော်တဲ့ကောင်လေး''

တစ်ဆက်တည်း နျဲ့ပုဖန်က ချီးကျူးလိုက်သည်။
နျဲ့ပုဖန်၏ သင်ကြားပြသမှုအောက်၌ မျောက်ကလေးသည် မည်သို့ ကြီးပျင်းလာသည်ကို မည်သူမျှသိနိုင်လိမ့်မည် မဟုတ်ပေ။

ထိုစဥ်မှာပဲ နတ်မိမယ်သည် နျဲ့ပုဖန်၏ ခြံဝန်းထဲသို့ကုတ်ချောင်းချောင်းဖြင့် ဝင်လာသည်ကို မြင်လိုက်ရသောကြောင့် နျဲ့ပုဖန်မှန်ကို ဝှက်လိုက်သည်။

''နျဲ့ပုဖန်၊ ကျွန်မ ဘယ်လိုလုပ်ရမလဲ။ ပဥ္စမမြောက်သော့ကိုလည်း ရှာမတွေ့သေးဘူး။ အခု မဟူရာလိပ်နဂါးခေါင်း မှန် (ရှန်းဝူမှန်) ကလည်း အခုပျောက်သွားပြန်ပြီ''

နတ်မိမယ်က တိုးတိုးကပ်ပြော၏။

နျဲ့ပုဖန်က ဂရုမစိုက်သလို စောင်းကြည့်လိုက်သည်။

''ဘာတွေ ပူပန်နေတာလဲ ခင်ဗျားက''

''ဘယ်လိုလုပ် မပူပန်ပဲနေနိုင်မှာလဲ။ အခု အခြေအနေတွေက ပိုပိုပြီး ဆိုးလာပြီလေ၊ ရတနာသိုက်ဖွင့်ဖို့ ရက်ကို ထပ်ပြီး ရွေ့ဆိုင်းရတော့မယ်ထင်တယ်၊ နောက် ပုထန်းကုန်းရဲ့ဂုဏ်သိက္ခာက ငါ့လက်ထဲမှာလေ။ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး''

နတ်မိမယ်က ဝမ်းနည်းစွာပြော၏။

''ခင်ဗျားက တကယ့်ခေါင်းပဲ''
နျဲ့ပုဖန်က သူမကို စိုက်ကြည့်၍ ပြောလိုက်သည်။

''အရင်ဆုံး စဥ်းစားကြည့်၊ အခုကိစ္စမှာ သော့ပျောက်သွားတာက ရှန်းမုလန်လေ၊ အကယ်၍ ရတနာသိုက်ဖွင့်မရခဲ့ရင် ဘယ်သူ့အမှားကြောင့်ဖြစ်မလဲ ''

နတ်မိလည်း သဘောပေါက်ကာ ဝမ်းသာအားရဖြစ်သွား၏။

''ဟုတ်သားပဲ၊ ငါ ဘာလို့ ဒါကို မတွေးမိခဲ့တာလဲ''

ထို့နောက် နျဲ့ပုဖန်က ဆက်ပြောလိုက်သည်။

''ဒီလိုဆိုရင် ရှန်းမုလန်ဘက်က ရှန်းဝူမှန်ကို ရှာမတွေ့မချင်း ခင်ဗျား ဘာမှ စိတ်ပူနေစရာမလိုဘူး၊ ခင်ဗျားက ပဥ္စမသော့ကို ရှာဖို့ပဲ အာရုံစိုက်ပါ''

နျဲ့ပုဖန်သည် ဟိတ်ဟန်ထုတ်ကာ ပြုံးလိုက်သည်။
ထို့နောက် နတ်မိမယ်သည် နျဲ့ပုဖန် အနားသို့ကပ်ကာ တိုးတိုးဖြင့် မေးလိုက်သည်။

''အရင်တစ်ခေါက်က ရှင် ကျွန်မကို ကူညီပေးမယ်ဆိုတဲ့ ကတိရှိတယ်လေ၊ အဲ့ဒါ အခု ရှန်းဝူမှန်ကိစ္စကရှင့်လက်ချက် မဟုတ်လား''

''ဒါကိုတော့ ဘုရားပဲသိပါစေ''

နတ်မိမယ်သည် သူမ ခေါင်းကို ငုံ့ကာ ရှက်ရွံ့စွာဖြင့်  ဝမ်းသာအားရ ဆုတောင်းဟန် ပြုလိုက်သည်။

''ရွာလူကြီးမင်း၊ ရှင်က အရမ်းထက်မြတ်တာပဲ၊ ရှင်က အတော်ဆုံး ဥာဏ်ကြီးရှင်ပဲ''

''ကျုပ် အစွမ်းအဆကို မြင်ပြီးမလား''

နျဲ့ပုဖန်က ဆရာကြီးဟန်ဖြင့် မေးစေ့ကို လက်ဖြင့်သပ်ပြသည်။

နတ်မိမယ်၏ မျက်လုံးထဲတွင် လောကကြီး၏ နေရောင်ခြည်သည် လှပစွာတောက်ပနေပြီး ကြက်တို့၏ အနံ့အသက်ကပင် မွှေးကြိုင်သယောင် ခံစားနေရလေသည်။

နတ်မိမယ် ထွက်သွားသောအခါ နျဲ့ပုဖန်သည်ပြတင်းပေါက်တွင် ရပ်လျှက် အဝေးသို့ ငေးကြည့်ရင်း ရေရွတ်လိုက်သည်။

''ရတနာသိုက်ကို ဖွင့်ဖို့ ဘုရားသခင်က ခွင့်မပြုမှတော့ ငါက ကောင်းကင်ဘုံကို လွန်ဆန်ဖို့ ဘယ်တတ်နိုင်ပါ့မလဲ''

ထိုညအခါ၌ နျဲ့ပုဖန်သည် နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့လေသည်။ ရွာရှိ လူများ၏ အိပ်မပျော်နိုင်ခြင်းများကို သူမသိပေ။

နတ်မိမယ်မှာ ရတနာသိုက်အတွက် ပူပန်ရန် မလိုတော့၍ ကြိတ်ကာ ပျော်ရွှင်နေသည်။
ရှန်းမုလန်ကတော့ သူ၏ ပေါ့ဆမှုကြောင့် သော့ပျောက်သွားရသည့်အတွက် ပူပန်နေ၏။
စုချန်းယိသည် နေ့လည်က နျဲ့ပုဖန်နှင့် ရေထဲတွင်တိုက်ခိုက်ခဲ့ကြသည့် အကြောင်းကို ပြန်တွေးနေသည်။
လီဟိုက်မှာတော့ ရွာတွင်ရကြာကြာဆက်နေရတော့မည့် အကြောင်းကို တွေးရင်း ရူးချင်စော်နံနေလေသည်။

လီယီမှာတော့ ဘာပြဿနာမှ မရှိပေမယ့် ကျန်းကျွင်းရှီ စောင့်ကြည့်ရန် လွှတ်ထားသော ကြက်များ၏ မျက်စိအောက်တွင် ဒုက္ခရောက်နေရ၏။
ကျန်းကျွင်းရှီသည် ရွာရှိ ကြက် ဒါဇင်ကျော်လောက်ကို လာဘ်ထိုးကာ လီယီအား စောင့်ကြည့်ရန် စေခိုင်းထားခြင်းဖြစ်သည်။
လီယီမှာ ကျီဝေါရွာ၏ ကြက်များကို တိုက်ခိုက်ခြင်းပြုရန် မတတ်နိုင်ပေ။

ကျန်းကျွင်းရှီကတော့ နျဲ့ပုဖန်ဆီ ညဘက်သွား၍ နှောက်ယှက်ဖို့ကို တွန့်ဆုတ်နေသည်။ သူနှင့် နျဲ့ပုဖန် မျက်နှာချင်းဆိုင်ကာ စကားကောင်းကောင်း မပြော ဖြစ်သည်မှာ ကြာလေပြီ။
ထို အသည်းနှလုံးမရှိသော ယောကျ်ားသည် သူ့ကို ရှောင်ဖယ်နေခဲ့သည်။
ကျန်းကျွင်းရှီ တွန့်ဆုတ်နေချိန်တွင် တခြားသူတစ်ယောက်သည် နျဲ့ပုဖန်အား အပိုင်သိမ်းဖို့ ကြိုးစားနေသည်ကို သူမသိနိုင်ခဲ့ချေ။

ဝမ်ရှန်းချန်သည် ၎င်း၏ ထူးကဲလှသော စွမ်းအင်များကို အသုံးပြုကာ နျဲ့ပုဖန်၏ အခန်းထဲသို့ ခိုးဝင်ခဲ့၏။
ထို့နောက် နျဲ့ပုဖန်အား နွေဦး၏ ပူလောင်မှုများဖြင့်ဖြည့်စွက်ပေးဖို့ ကြိုးစားခဲ့သည်။

ပထမဦးစွာ နျဲ့ပုဖန်သည် ထူးဆန်းသော အိမ်မက်တစ်ခုမက်နေသည်ဟု ခံစားရသည်။ နတ်သမီးတမျှ ချောမောလှပသော အမျိုးသမီးများလေးသည် သူ၏ အိမ်ခေါင်မိုးပေါ်၌ တိမ်စိုင်၊ တိမ်းခိုးများကြားထဲတွင် လူးလွန့် ပျော်ပါးနေကြ၏။ ထို့နောက် မိန်းကလေးများသည် သူ့ဆီသို့ ဆင်းသက်လာကာ ညင်သာစွာ ပွတ်သပ် နမ်းရှိုက်ကြသည်။ ဤသို့ဖြင့် နျဲ့ပုဖန်မှာ စိတ်အားထက်သန်မှုများ ပြင်းထန်ကာ အာခေါင်များ ခြောက်ကပ်လာ၏။
ခန္ဓာကိုယ်၏ ထိလွယ်ရှလွယ်သော အစိတ်အပိုင်းများသည် ရေဘဝဲတစ်ကောင်၏ ရစ်ပတ်ပွတ်သပ်ခြင်းကို ခံနေရသကဲ့သို့ သာယာသော အထိအတွေ့နှင့် အနိမ့်အမြင့် အတိမ်အနက် အရသာတို့ကို သာယာစွာ ခံစားနေရသည်။ နောက်ဆုံးတွင်တစ်စုံတစ်ရာက သူ့ထံသို့ ပြင်းစွာ ထိုးဖောက်လိုက်သည်ကို ခံစားရသောအခါ နျဲ့ပုဖန် နိုးသွားခဲ့သည်။

''ဟင် ''
နျဲ့ပုဖန် မျက်လုံးဖွင့်လိုက်ရာ၌ အမှောင်ထုကိုသာတွေ့ရ၏။
သူ၏ ညာဘက်ခြေထောက်သည် သူ့ကိုယ်ပေါ်ရှိတစ်စုံတစ်ဦး၏ မြောက်ပင့်ခြင်းကို ခံထားရပြီး ခန္ဓာကိုယ်သည် နိမ့်လိုက်မြင့်လိုက် ယိမ်းနွဲ့နေသည်။
ထိုသူ၏ အလွန်စွမ်းအားကြီးမှု တည်ငြိမ်မှုကို ခံစားရပြီး နျဲ့ပုဖန်မှာ သုခဘုံသို့ ရောက်နေသကဲ့သို့အထွတ်အထိပ်ကို ခံစားလိုက်သည်။

နျဲ့ပုဖန်မှာ မောဟိုက်သွားပြီး စကားပြောဖို့အရှိန်အတော်ယူရလေသည်။

''လီ...လီယီ...မင်း လာပြီး ယုတ်မာပြန်ပြီ''

ထိုအခါ အပေါ်ရှိ ပုဂ္ဂိုလ်မှာ ဆောင့်သွင်း၍ ကြမ်းတမ်းစွာ ဆက်ဆံလိုက်သောကြောင့် နျဲ့ပုဖန်မရပ်မနား အော်ဟစ် ငြီးတွားရတော့သည်။

''အိုး၊ ငါ မင်းကို အရမ်းမုန်းတာပဲ''

နျဲ့ပုဖန်သည် တုန်ရီစွာဖြင့် ကျိန်ဆဲလိုက်သည်။

''မင်းမှာ သိဏ္ခာမရှိတော့ဘူးလား၊ ဒီလိုမျိုး လူကို ခိုးပြီး စော်ကားတာက အကျင့်ပျက်လွန်းတယ်ကွ... အား...အမ်း...တော်ပါတော့၊ ဖြေးဖြေးလုပ်ပါ၊ မင်းမရပ်ဘူးဆိုရင် ငါတံတွေးနဲ့ ထွေးထုတ်လိုက်မှာ...အား''

နျဲ့ပုဖန်မှာ ပါးစပ်ကို ပိတ်ဆို့ခြင်း ခံလိုက်ရသည်။

အမှောင်ထဲတွင် တအုအု ဟူသော အသံများသာအဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ ဤသည်မှာ တစ္ဆေတစ်ကောင်၏ အဆုံးမရှိ ငြီးတွားသံကဲ့များသဖွယ်ဖြစ်၏။

ည၏ လေပြေညင်းသည် ပျင်းရိစွာ တိုက်ခိုက်နေ၏။ လမင်းသည် ကောင်းကင်ယံ၌ တစ်ကိုယ်တည်း အထီးကျန်လျက် တိမ်များကဆွေးလွင့်စွာ ရွေ့လျားနေကြလေသတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now