Chapter 10

3.1K 435 20
                                    

Chapter-10
ထိုက်ချီ
...............

နံနက်ခင်းစောစော အိပ်ရာနိုးလာခဲ့သည်။
မြေပြင်ဟာ ငွေရောင်နှင်းဖွေးဖွေးများ ဖုံးလွှမ်းလျှက်ရှိကာ ရာသီဥတုမှာ ပကတိကြည်လင်နေ၏။

နျဲ့ပုဖန်သည် အဝတ်အထူကြီးသုံးထပ်ဖြင့်ကိုယ့်ကိုယ်ကို ဘောလုံးသဖွယ်ခြုံပတ်ထားသည်။ ခြံဝန်းထဲ၌ လီယီကတော့ ဝတ်ရုံတစ်ထပ်တည်းဝတ်ကာ မာန်ပါပါဖြင့် လက်ဝှေ့ထိုးလေ့ကျင့်နေ၏။
နျဲ့ပုဖန်သည် မီးဖို၌ရေနွေးတည်ကာ သူနှင့်အတူလာနေသော လူပျင်းနှစ်ယောက်အတွက် နံနက်စာ အဆင်သင့်ပြင်ဆင်ပြီး ဖြစ်နေပြီဖြစ်သည်။ ဤရက်များတွင် နျဲပုဖန်မှာ အားလုံးစားဖို့သောက်ဖို့အတွက် အချိန်ပြည့်ချက်ပြုတ်နေရလေသည်။  ဤသို့ အမြဲချက်ပြုတ်နေရသည်ကို နျဲ့ပုဖန်သိပ်တော့ သဘောမကျလှပေ။
သည့်အပြင် ၎င်းပုဂ္ဂိုလ်နှစ်ဦး၏ စားရေးသောက်ရေး၊ နေရေးထိုင်ရေးအတွက် အစစအရာရာပြင်ဆင်ပေးနေရသေးသည်။

နျဲ့ပုဖန်သည် မီးဖိုချောင်ကြောင်အိမ်ထဲမှတစ်စုံတစ်ခုကိုတွေ့လိုက်သောအခါ အကြံတစ်ခုရသွား၏။
ထို့ကြောင့် နျဲ့ပုဖန်သည် မီးဖိုထဲမှအပြင်ဘက်ကို ခေါင်းပြူကြည့်လိုက်သည်။ လီယီမှာ သူ၏လက်ဝှေ့လေ့ကျင့်ခန်းပြီးသွား၍ ကိုယ့်လက်သန့်ရှင်းရေးလုပ်နေလေပြီ။ ထို့ကြောင့် နျဲ့ပုဖန်သည် လီယီကိုလှမ်းခေါ်လိုက်၏။

''လီယီရေ ဒီကိုခဏလောက်''

လီယီသည် အနားသို့ရောက်လာ၏။

နျဲ့ပုဖန်က ဂျုံမှုန့်ထုတ်ကိုစားပွဲပေါ်သွန်ချ၍
''မင်းငါ့ကိုခေါက်ဆွဲလုပ်ပေးပါလား'' ဟုခိုင်းလိုက်သည်။

''ခေါက်ဆွဲလုပ်ရမယ် ဟုတ်လား''
ရှေ့ကများပြားလှသော ဂျုံမှုန့်ပုံကိုကြည့်ကာ လီယီတွေသွားသည်။
''ခေါက်ဆွဲကဘယ်လိုလုပ်ရတာလဲ"

''အဲ့ဒီဂျုံမှုန့်ထဲကို ရေနဲနဲထည့်ပြီး မင်းလက်နဲ့နယ်ရမှာပေါ့''

လီယီသည် ရေမခြောက်သေးသောသူ့လက်ဖြင့် ဂျုံမှုန့်အနဲငယ်ကိုကိုင်လိုက်ကာ မသတီသလိုပြောလာသည်။
''ငါ့ကိုတခြားဟာခိုင်းစမ်းပါ၊ ဒါကြီးကကပ်စေးကပ်စေးနဲ့မလုပ်ချင်ပါဘူး''

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now