Chapter 16

2.7K 398 5
                                    

Chapter-16
ရတနာ သော့
...................

လတ်တလော၌ သတင်းဖြန့်၍ ကြက်ဥနှင့်လက်ဖက်ရည် ရောင်းသည့်ကိစ္စတွင် သူ့နာမည်ထွက်မလာခင် ခေတ္တရှောင်နေရန် နျဲ့ပုဖန် ကျီဝေါရွာသို့ ပြန်ခဲ့၏။
ကျီဝေါရွာသည် နျဲ့ပုဖန်၏ လုံခြုံရေးအတွက် အာမခံချက် အရှိဆုံးနေရာ ဖြစ်သည်။

နတ်မိမယ်၏ သတင်းပေါက်ကြားလာပြီးနောက် လူတွေကလည်း ဟိုထင် ဒီထင်တွေ ပိုဖြစ်လာကြပြီး၊ ဤတွင် ကံဆိုးသွားကြသူများလည်း ရှိပါသည်။
နျဲ့ပုဖန်တစ်ယောက် မကြောက်မလန့်နဲ့ စျေးထဲကိုဖြတ်လျှောက်တိုင်း ဒေါသပွက်ပွက်ဆူကာ ခံပြင်းနေသူတစ်ဦးလည်း ရှိပါသည်။ ထိုသူမှာ စုချန်းယိ ပင်ဖြစ်သည်။ ဒီပြဿနာတွေ အားလုံးက နျဲ့ပုဖန် လက်ချက်မှန်း နတ်မိမယ်တို့ဘက်က မသိပေမယ့်  စုချန်းယိကတော့ ပြဿနာအားလုံးရဲ့တရားခံက နျဲ့ပုဖန် ဆိုတာသိသည့်အပြင် သူ့ဆီကငွေတွေလည်း လိမ်ယူသွားခံလိုက်ရသည်လေ။
စုချန်းယိသည် တော်ဝန်မင်းသားတစ်ပါးဖြစ်သည့်အလျောက် ငယ်စဥ်ကတည်းက သူကိုမည်သူတစ်ဦးတစ်ယောက်ကမှ ထိုသို့မလှည့်စားဝံ့ကြချေ။

သည့်အတွက်ကြောင့် စုချန်းယိသည် နတ်မိမယ်ကိုရအောင်ယူမည်၊ နတ်မိမယ်ကိုရပါက နျဲ့ပုဖန်၏ အပြစ်များကို ဖော်ထုတ်ပြီး အပြစ်ပေးမည်ဟု စိတ်ထဲတွင် တေးမှတ်ကာ သည်းခံထား၏။

နတ်မိမယ်၏ သတင်းပေါက်ကြားလာပြီးနောက်  နတ်မိမယ်၏အား အသေအချာ စောင့်ကြည့်နေကြသူများ,များလှ၏။
ထိုထဲတွင် စုချန်းယိရော အတူတူပဲလား ဆိုလျှင်  မဟုတ်ပါ။ စုချန်းယိသည် နတ်မိမယ်အား ကိုယ်တိုင်မြင်ပြီးသောအခါ စိတ်ပျက်သွားခဲ့သည်။ နတ်မိမယ်သည် ရုပ်ရည်ချောမောပြေပြစ်တာတော့မှန်ပေမယ့် စုချန်းယိ အမြင်တွင် နည်းနည်းအဆင့်နိမ့်ကျသည်ဟု ခံစားရ၏။ အပြုအမူ အကျင့်သိက္ခာတို့မှာ နန်းတော်မှ သာမာန်မိန်းကလေးများနှင့် မခြားလှပေ။
ဒါ့အပြင် နတ်မိမယ်သည် ယုချုံ အဖြစ် သရုပ်ဆောင်နေခဲ့ရသည့်အတွက် အပြုအမူအကျင့်စရိုက်တို့မှာ သာမာန်ကဲ့သို့ ဖြစ်နေခြင်းဖြစ်ပါသည်။
သူမပုံစံမှာ သွက်သွက်လက်လက် ထက်ထက်မြတ်မြတ်ဖြစ်နေ၍ ကောလဟာလများကဲ့သို့ နူးညံ့သိမ်မွေ့သည်၊ သိက္ခာတရားကြီးမားသည် ဟူသောစကားများနှင့် အကွာကြီး ကွာခြားနေပါသည်။

စုချန်းယိသည် နတ်မိမယ်အပေါ်  စိတ်ဝင်စားမှု အတော်ကလေး လျော့နည်းသွားသော်လည်း သူ့ခေါင်းထဲတွင် 'လီရှောက်ယောင်' ဟူသည့် နာမည်ပေါ်လိုက်တိုင်း နောက်တွင် 'သတ်ပစ်ရမယ်'  ဟူသော အတွေးပါ ကပ်ပါလာသည်။

ထိုအချိန်တွင် အစေခံတစ်ယောက်သည် ခန်းမထဲသို့လျှောက်၍ ဝင်လာ၏။

''မင်း သွားစုံစမ်းတာ ဘယ်လိုဖြစ်သွားပြီလဲ''
စုချန်းယိ မေးလိုက်သည်။

''မင်းသားဆီက ပြန်သွားပြီးနောက်ရက်မှာ ကျွန်တော်တို့တွေ အဲ့ဒီလူနောက်ကိုလိုက်ပြီး စုံစမ်းခဲ့ပါတယ်၊ အဲ့ဒီလူရဲ့ဇာတိရုပ်အစစ်က 'လီရှောက်ယောင်' မဟုတ်ပဲ ကျီဝေါရွာရဲ့ ရွာလူကြီး နျဲ့ပုဖန် ဆိုတာ သိခဲ့ရပါတယ်''

နာမည်အတုနဲ့ ငါ့ကိုလိမ်ရဲတယ်။ မင်းတော့ နောက်တစ်မှု တိုးပြီ။

''ကျီဝေါရွာ ဟုတ်လား။ ဘယ်နေရာမှာလဲ''

ထိုရွာနာမည်ကို ကြားကသည်မှာ အဆင့်အတန်းနိမ့်ကျလှသည်။

''လွန်ခဲ့တဲ့တစ်နှစ်လောက်ကအထိ ဒီရွာနာမည်ကို မှတ်တမ်းတွေထဲမှာ မတွေ့ရပါဘူး။ အခုနောက်ပိုင်းမှာမှ တဖြည်းဖြည်း နာမည်ကျော်ကြားလာတာပါ၊ အဲ့ဒီရွာက ကြက်မွေးမြူလို့ နာမည်ကြီးပါတယ်။ ကျန်းကျွင်းရှီ စားသောက်ဆိုင်က ကြက်တွေအားလုံး အဲ့ဒီရွာကနေယူတာပါ''

စုချန်းယိသည် လက်ဖက်ရည်ခွက်ကို ကိုင်လျှက်တွေးမိသည်။
လယ်သမားမိသားစုက ကောင်လေးသည် သူကဲ့သို့မင်းမျိုးမင်းနွယ်ကို လှည့်ဖြားဝံ့သည်။ အံ့သြစရာတော့ ကောင်းသည်။ ထိုလူသည် တကယ်ပဲ ကျန်းမိသားစုနှင့် လီမိသားစုတို့ရဲ့ ကျောထောက်နောက်ခံကို ရထားတာလားဆိုတာ စဥ်းစားစရာပင် ဖြစ်သည်။

ခဏမျှ တွေးနေပြီးနောက် ထပ်မေးလိုက်သည်။
''နတ်မိမယ် တို့ဘက်ကရော ဘာကြားသေးလဲ''

''ထူးခြားတာတော့ ဘာမှမရှိပါဘူး၊ နတ်မိမယ် နေတဲ့နေရာက တံခါးတွေ အလုံပိတ်ထားတာမို့လို့ ဘာမှစုံစမ်းလို့မရပါဘူး''

''ကောင်းပြီ၊ နတ်မိမယ်ကို ဘေးကင်းအောင် သေချာစောင့်ကြည့်ထား''

''ဟုတ်ကဲ့ပါ သခင်''

ထိုအချိန် ကျီဝေါရွာ၌ ...

''မင်းနတ်မိမယ်ကို တွေ့တုန်းက ဘယ်လိုမြင်လဲ'' ဟု နျဲ့ပုဖန်က လီယီကို မေးသည်။

လီယီက နျဲ့ပုဖန်ကို တစ်ချက်ကြည့်ပြီးပြန်ပြောသည်။

''အဲ့တုန်းက မင်းကိစ္စရှုပ်နေတာနဲ့ နတ်မိမယ်ကိုတောင် သေချာကြည့်ချိန်မရလိုက်ဘူးလေ''

''တကယ်လို့များ...''
နျဲ့ပုဖန်က နံရံကိုမှီပြီး အမှုမဲ့ အမှတ်မဲ့ စိတ်ထင်ရာကို ပြောသကဲ့သို့ ပြောလိုက်၏။

''နတ်မိမယ်က သူတကယ်ချစ်ရတဲ့သူကို ရှာချင်တာဆိုရင်တော့ ပထမဆုံး သူတစ်ယူသန်တွေးနေလို့ မဖြစ်ဘူး၊ ဒါက စိတ်ပျော်ပါးဖို့ကိစ္စပဲဥစ္စာ။ သူ့ ကြည့်ရတာတော့ ကြင်ယာတော်ကို ဥယျာဥ်ပွဲတော်တစ်ခုတည်းကပဲ ရွေးမယ်မထင်ဘူး။ ကြည့်ပါလား၊  ပွဲတော်က လူတွေအကုန်လုံး အထက်တန်းစား အသိုင်းအဝိုင်းကတွေချည်းပဲ ဒါပေမယ့် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှကြိုမသိနိင်ကြဘူး။ ငါ့အထင်တော့ နတ်မိမယ်က သိပ်ပြီးဂုဏ်မမောက်လောက်ပါဘူး၊ သူအခုလိုလုပ်နေတာတွေက တမင်စမ်းသပ်နေတာလား၊ ဒါမှမဟုတ် ဘာရည်ရွယ်ချက်မှမရှိပဲ လုပ်နေတာလားဆိုတာတော့ မသိဘူးပေါ့လေ..''

လီယီ မျက်ခုံးပင့်သွားသည်။
နျဲ့ပုဖန်သည် အဆင်ခြင်မဲ့လုပ်တတ်ပေမယ့်  အမျှော်အမြင်ရှိတဲ့သူဟု လီယီ ပြောနိုင်ပါသည်။

''မင်းပြောတာမှန်တယ်၊ နတ်မိမယ်ရဲ့ရည်ရွယ်ချက်က ကြင်ရာတော်ရှာဖို့ တစ်ခုတည်းအတွက် မဟုတ်ဘူး''

''အိုး ... ဒါဆိုဘာအတွက်လဲ''

''မင်း ပညာရှိကြီး ပွားပေါင် ဆိုတဲ့ နာမည်ကို ကြားဖူးလား''

နျဲ့ပုဖန်က သိပုံမပေါ်။

''မင်း ဒီပုဂ္ဂိုလ်ကိုတောင် မသိတာတော့ ငါစိတ်မကောင်းဘူး''
လီယီက နျဲ့ပုဖန်ကို အထင်သေးသလို တစ်ချက်လှည့်ကြည့်ကာ အစအဆုံး ရှင်းပြပါတော့သည်။

''ပညာရှိကြီး ပွားပေါင်ဆိုတာ လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်တုန်းက ရှိခဲ့တဲ့ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးပဲ၊ သူက သူအသက် ဆယ့်ခြောက်နှစ်သားမှာမိသားစုကနေ ထွက်ခဲ့တယ်။ သူအိမ်က ထွက်လာပြီးတဲ့နောက် ဝေးလံခေါင်ဖြားတဲ့ တိုင်းပြည်တွေဆီ ခရီးထွက်တယ်၊ ပင်လယ်ရပ်ခြားက တိုင်းပြည်တွေကိုလည်း လျောက်သွားတယ်။ သူ အသက်ငါးဆယ်အတွင်းမှာ မရေမတွက်နိုင်လောက်အောင် များပြားပြီး ထူးခြားရှားပါးတဲ့ တိုင်းတစ်ပါးက ရတနာတွေ၊ ရွှေ ၊ ငွေ၊ ကျောက်စိမ်း၊ ကြေးနီတွေ၊ ပန်းပုရုပ်တွေ၊  သီးခြား ရှေးဟောင်းစာအုပ်တွေ၊ စာဝှက်တွေမပါနဲ့တောင်တန်း၊ မြစ် မြေပုံတွေကို တိုင်းပြည်တစ်ဝှမ်းကရော၊ တိုင်းတစ်ပါးကပါ စုဆောင်းနိုင်ခဲ့တယ်။ 
လက်နက်တွေ၊ ကုန်စည်တင်သင်္ဘောတွေ၊ စစ်သင်္ဘောတွေ အားလုံးကို နက္ခတ်ဗေဒ၊ ပထဝီဝင်ပညာရပ်တွေနဲ့ တည်ဆောက်ထားတာလို့ သူကပြောခဲ့တယ်။ ပညာရှိကြီးပွားပေါင်းက  ဘာသာစကားတွေ အများကြီးကို တတ်မြောက်ပြီး၊  ခန္ဓာဗေဒတို့ ဂဏန်းသင်္ချာအရာတို့မှာလည်း သိပ်ထူးချွန်တယ်၊ နောက်ပြီး သိပ်လိမ္မာပါးနပ် ထက်မြတ်တဲ့သူပဲ။ တော်တော်ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးလို့ပြောရမယ်''

ဤတွင် နျဲ့ပုဖန်က တအံ့တသြ ကြားဖြတ်မေးလိုက်၏။

''တကယ် ထူးခြားတဲ့ပုဂ္ဂိုလ်ပဲ။ ဒါနဲ့နေပါဦး၊ သူစုဆောင်းထားတဲ့ မရေတွက်နိုင်လောက်အောင် များတဲ့ရတနာတွေဆိုတာရော ဘယ်ရောက်သွားလဲ''

''အဲ့ဒါ အဓိကအချက်လေ''

လီယီက နှုတ်ခမ်းများ တွန့်ကွေးကာ ပြုံးလိုက်၏။

''ပညာရှိကြီး ပွားပေါင်က ခန္ဓာဗေဒနဲ့ ဂဏန်းသင်္ချာပညာမှာ ထူးချွန်တယ်လို့ ငါမင်းကို အခုပဲပြောလိုက်တယ်မလား။ ဖြစ်ပုံကတော့ သူသက်ရှိထင်ရှားရှိစဥ်ကတည်းက သူ့ရဲ့ရတနာတွေကို လောဘတက်ပြီး လိုချင်တဲ့သူတွေများလှတယ်။ အဲ့ဒီ လောဘသားတွေထဲမှာ ဧကရာဇ်ပြည့်ရှင် ကိုယ်တိုင်ပါတယ်။ နှစ်ပေါင်းတစ်ကျော်ကြာပြီးနောက် သူ သက်ရှိထင်ရှားမရှိတော့တဲ့အချိန်မှာ ပညာရှိကြီး ပွားပေါင်က သော့ငါးခုနဲ့အတူ စကားတစ်ခွန်းချန်ခဲ့တယ်၊ 'သော့ပိုင်ဆိုင်ထားတဲ့သူတိုင်းက ရတနာတွေကိုဝေစုအလိုက် ခွဲဝေပိုင်စားခွင့်ရှိတယ်၊ ဒါပေမယ့် ရတနာတွေကိုဖွင့်ဖို့ဆိုရင် သော့ငါးခုပြည့်အောင် ရှာရမယ်' တဲ့။ ဒီသတင်းထွက်လာတာနဲ့တပြိုင်တည်း တစ်ကမ္ဘာလုံးကိုရိုက်ခတ်သွားပြီး ခဏကြာတော့ အလွှာပေါင်းစုံ အဆင့်အတန်းအမျိုးမျိုးက လူတွေကြားမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တယ်''

''မင်းရော သော့ရှာနေတာလား''

လီယီက ခေါင်းငြိမ့်လျှက် ဆက်ပြော၏။

''သော့လေးခုကိုတော့ ရှာတွေ့ပြီးပြီ။ ပုထျန်းကုန်းနန်းတော်အရှင်ရဲ့ ကူညီတွက်ချက်မှုနဲ့ပေါ့၊ အခုသော့လေးခုကို ရှန်ဘုရင်အိမ်တော်နဲ့ လီအိမ်တော်မှာ ထိန်းသိမ်းထားတယ်''

''နောက်ဆုံးသော့ကရော''

''ငါလည်းမသိဘူး၊ ဒါပေမယ့် အိမ်တော်ကြီးလေးခုခန့်မှန်းတာကတော့ နောက်ဆုံးသော့က နတ်မိမယ်ဆီမှာ ရှိလိမ့်မယ်တဲ့''

ဤတွင် နျဲ့ပုဖန်က ဖြတ်ပြောလိုက်သည်။

''ဒါဆို နတ်မိမယ်ရဲ့ကြင်ရာတော်ရွေးပွဲဆိုတာ လူတွေကို အာရုံပြောင်းဖို့ သက်သက်လုပ်တဲ့ သဘောပေါ့''

ထို့နောက်ခဏကြာစဥ်းစားနေပြီး ...

''နတ်မိမယ်က ရှီရှန်းမြို့ကို ပွဲတော်နေရာ သတ်မှတ်ထားတာကလည်း တစ်ခုခုရှိလို့မလား''

''ဟုတ်တယ်၊ ပုထျန်းကုန်းနန်းတော်အရှင်ရဲ့ တွက်ချက်မှုအရဆိုရင် ပညာရှိကြီး ပွားပေါင်က သူ့ရတနာတွေကို ရှီရှန်းမြို့အနားမှာ မြှုပ်ထားခဲ့တယ်လို့ ဖော်ပြထားတယ်၊ ဒီနှစ်က ရတနာတွေပေါ်လာရမယ့်ကာလလို့ ဆိုတယ်''

နျဲ့ပုဖန် ခဏမျှထပ်၍ စဥ်းစားသွား၏။ ထို့နောက်ပြုံးကာ ရုတ်တရက်ပြောလိုက်သည်။
''ငါ့အထင်ဆိုရင် သော့က နတ်မိမယ်ဆီမှာ ရှိမနေဘူး''

''ဘာလို့လဲ''

''နတ်မိမယ်ဆီမှာ သော့ရှိပြီးသား၊ ရတနာတွေထားတဲ့နေရာကိုလည်း သိပြီးသား ဆိုရင် အိမ်တော်လေးခုကို လျှို့ဝှက်ဆင့်ခေါ်  သော့တွေစုပြီး ရတနာကိုဖွင့်လို့ရတာပဲလေ၊ ဘာလို့မလုပ်သေးတာလဲ။ သူရတနာတွေရတဲ့အထိ စောင့်ပြီ အသာလေးယူသွားလို့ရသလို၊ ကြင်ရာတော်ကိုလည်း သူကိုယ်တိုင်ရုပ်လုံးထွက်ပြပြီး ရှာလို့ရတယ်လေ၊ အခုတော့ သူ့သဘောက လုံးဝ ကိုယ်ရောင်ဖျောက်နေချင်တာမဟုတ်လား။ အခုဆိုရင် နတ်မိမယ်ရဲ့သတင်းကလည်း ပြန့်နေပြီ စိတ်ဝင်စားတဲ့သူတွေကလည်း တစ်နေ့ထက်တစ်နေ့ များလာပြီ။ နတ်မိမယ်အနေနဲ့  ဘာဆက်လုပ်မယ်ထင်လဲ''

လီယီလည်း ခဏလောက်တွေးနေသည်။

''မင်းဆိုလိုချင်တာ သူက ရေညစ်ရေပုပ်ထဲ ငါးမြှားချင်နေတယ်ဆိုတဲ့ သဘောမလား၊ ဒါ နောက်ဆုံးအခွင့်အရေးကို အမိအရယူပြီး သော့ကိုတွေ့အောင် ရှာမယ်ပေါ့''

''တစ်ရာမှာ ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းလောက် မှန်တယ်''

နျဲ့ပုဖန်က ဝံ့ကြွားစွာ ခေါင်းငြိမ့်၏။

လီယီသည် နျဲ့ပုဖန်ကို စေ့စေ့မကြည့်ပါ။

နျဲ့ပုဖန်သည် သူ့ဆံပင်တွေကိုသပ်ကာ လေပူတွေမှုတ်ထုတ်ရင်း ဂုဏ်ယူဝံ့ကြွားစွာဆို၏။

''ဒီလိုကျတော့လည်း ငါလေးက ရွှေဉာဏ်တော်  တယ်ဆူးရောက်ပါလား''

လီယီကတော့ မနိုင်ဘူးဟုသဘောဖြင့် တစ်ချက်လှည့်ကြည့်လိုက်သည်။

''ဒါနဲ့နေပါဦး၊ ရတနာသော့ကဘယ်လိုပုံစံမျိုးလဲ?''
နျဲ့ပုဖန်ထပ်မေးလိုက်သည်။

''ငါသိသလောက် အိမ်တော်လေးခု ပိုင်ဆိုင်ထားတဲ့သော့တွေက အိမ်တော်လေးခု သင်္ကေတတွေဖြစ်တဲ့  အဇူရာနဂါး၊ ကျားဖြူ၊ ဇာမဏီငှက်၊ မဟူရာလိပ် ပုံစံအရုပ်တွေပဲ၊ သော့ဆိုပေမယ့် သော့နဲ့မတူဘူး''

''အိုး ... ဒါဆိုရင် ဘယ်လိုပုံစံနဲ့တူလဲ သော့က''

လီယီက ခေတ္တတုန့်ဆိုင်းနေပြီးမှ ဆက်ပြောပြ၏။

''ငါတို့ လီအိမ်တော်ရဲ့ အမှတ်အသားက ဇာမဏီငှက်လေ၊ သော့က ဇာမဏီငှက်ရုပ်ပါတဲ့ ဆံထိုးပုံစံလေး၊ တခြားအိမ်တော်တွေမှာလည်း သူတိူ့အမှတ်အသားနဲ့ သူတို့ပေါ့''

''ဆံထိုးပုံစံ လား။ ဇာမဏီငှက်ရုပ်နဲ့...''

နျဲ့ပုဖန်က မျက်လုံးလှန်၍ စဥ်းစားနေပြီးမှ သတိရကာပြောလိုက်သည်။

''နေပါဦး မင်းပြောတဲ့ဆံထိုးဆိုတာ တစ်ခါ လီဟိုက်ခေါင်းမှာတပ်ထားတဲ့ ဒေါင်းလိုလို ငှက်ပုံနဲ့ ဆံထိုးလား''

တစ်ခါက လီဟိုက် ကျီဝေါရွာကို ရောက်လာတုန်းက ခေါင်း၌တပ်ထားသည့် ဆံထိုးကို နျဲ့ပုဖန် မှတ်မိနေခြင်းဖြစ်သည်။

သူက ဇာမဏီငှက်ရုပ်ကို ဒေါင်းရုပ်ဟု ထင်နေမိခြင်းဖြစ်သည်။

''အဲ့ဒါ နေမှာပေါ့''
လီယီက တုန့်နှေးစွာ ပြန်ပြော၏။

''မင်းတို့ အဲ့လောက်အရေးကြီးတဲ့ပစ္စည်းကို လီဟိုက်ကို ဝတ်ခွင့်ပြုထားတယ်ပေါ့။ အခိုးခံ၊ အလုခံရရင် ဘယ်လိုလုပ်မလဲ။ လီဟိုက်က သိုင်းပညာလည်း အားနည်းတယ်၊ အပြောအဆို အပေါင်းသင်းလည်း မတက်ဘူး၊ ဒေါသကလည်း ကြီးသေးတယ်။ သူ့ကို တစ်ယောက်ယောက်က လိမ်ပြီးယူသွားရင် ဘယ်နှယ့်လုပ်မလဲ''

သူများကို လိမ်တာ မင်းပဲလုပ်တာလေ နျဲ့ပုဖန်ရယ်။

လီယီသည် မျက်လုံးကိုမှိတ်ကာ ထပ်ပြောပြရသည်။

''သော့လေးခုက အိမ်တော်ကြီးလေးခုရဲ့ လက်ထဲမှာပဲ ရှိနေတယ်ဆိုတာ တလောကလုံးသိထားတာပဲ၊ ခိုးနိုင်ရင်ခိုးပေါ့၊ ခိုးတော့လဲ ဘာလုပ်လို့ရမှာလဲ။  သော့ငါးချောင်းထဲက တစ်ချောင်းပဲရမှာဥစ္စာ''

''အဲ့ဒါလည်း ဟုတ်ပါတယ်၊ ပြီးတော့ သော့လေးချောင်းက အိမ်တော်လေးခုရဲ့အမှတ်အသားသင်္ကေတတွေပါတယ်ဆိုတော့ ငါးခုမြောက်သော့က ဘယ်လိုပုံဖြစ်မလဲ''

''တိုးနယားလို ပုံစံဖြစ်မလား''

တိုးနယားက ထူးဆန်းပြီး ကြောက်စရာရုပ်နဲ့အကောင်ပဲ မဖြစ်နိုင်ဘူး။
နျဲ့ပုဖန်သည် ငါးခုမြောက်သော့အကြောင်း အတွေးနယ်ချဲ့နေ၏။

''ကဲ ... မင်းမေးချင်တာ မေးလို့ဝပြီဆိုရင် ငါရေချိုးကန်ထဲက ထွက်လို့ရပြီလား''

''ရပြီ၊ ရေက အေးလာလို့ ငါလည်းချမ်းနေပြီ''

နျဲ့ပုဖန်က အရင်ထသွားသည်။

''မင်းဘာလုပ်နေတာလဲ၊ ထွက်လာပြီး အဝတ်အစားဝတ်လေ''

လီယီ ရှောင်ဖို့ကြိုးစားပေမယ့်၊ မလွှဲရှောင်နိုင်ပါ။
နျဲ့ပုဖန်သည် လီယီမျက်ဝန်းမှ မီးတောက်နေသော အကြည့်များ၏ အဓိပ္ပါယ်ကို နားလည်သော်ငြားလည်း နှုတ်ခမ်းများကို ကွေး၍ ပြုံးလိုက်သည်။

''မင်းကလည်း မမြင်ဖူးတာကျနေတာပဲ ယောကျာ်းအချင်းချင်းပဲဟာ''

လီယီ သက်ပြင်းချလိုက်သည်။

''ဟုတ်ပြီ၊ မင်းပြောတာနော်''

''ဟုတ်တယ်၊ ငါပြောတာ''

နျဲ့ပုဖန် စကားဆုံးသည်နှင့် လီယီသည် ရေထဲမှထလိုက်၏။ ခိုင်ခံ့တောင့်တင်းသော ကိုယ်လုံးကိုယ်ထည်သည် လေအေးအေးနှင့် ဦးစွာထိတွေ့၏။ ထို့နောက် ဝမ်းဗိုက်အောက်ပိုင်းရှိ  ကြီးကျယ်ခမ်းနားသောအရာသည် ရေပေါ်သို့ပေါ်လာ၏။

လီယီသည် ရေချိုးကန်ထဲမှ ထွက်လာကာ ကိုယ်တုံးလုံးဖြင့် နျဲ့ပုဖန် ရှေ့၌ပိတ်ရပ်လိုက်၏။

နျဲ့ပုဖန်၏ အကြည့်များသည် လီယီ၏အောက်ပိုင်းသို့ တဖြေးဖြေးရွေ့သွားရာ၊ အောက်၌ ဒေါသတကြီးထောင်လာသောအရာကို တွေ့လိုက်ရသည်။

''မင်း...''

နျဲ့ပုဖန်မှာ စကားဆက်မပြောနိုင်အောင် ပါးစပ်ကိုနှုတ်ခမ်းတစ်စုံဖြင့် အပိတ်ခံလိုက်ရ၏။
လီယီသည် နျဲ့ပုဖန်အား ခါးမှတင်းတင်းကြပ်ကြပ်ဖက်ထားကာ၊ ကိုယ်လုံးကို နံရံတွင်ကပ်၍ သူ၏ခန္ဓာကိုယ်ဖြင့် နျဲ့ပုဖန်အားအုပ်မိုးထားလိုက်၏။

နျဲ့ပုဖန်မှာ အံ့အားသင့်ကာ တောင့်တင်းနေပေမယ့် လီယီက သူ့ကိုဖြေးဖြေးချင်းနမ်းနေလေသည်။ ခန္ဓာကိုယ်နှစ်ခုမှ အပူလှိုင်းများသည်လည်း တရိပ်ရိပ်တက်လာသည်။

''အမ်း...ခ.. ခဏ..''

နျဲ့ပုဖန်မှာ ခံစားချက် ကောင်းမွန်လာခဲ့သော်လည်း  ကံမကောင်းစွာနဲ့ သူ၏ဦးနှောက်သည် အောက်ဆီဂျင် လိုအပ်နေပြီ ဖြစ်ကြောင်း အချက်ပေး၍  အသက်ရှုမဝဖြစ်နေရသည်။

အဖြစ်အပျက်မှာ ရုတ်တရက်ဆန်လွန်း၍ သူလုံးဝမထင်ထားခဲ့ပေ။

ခဏကြာသော် လီယီသည် နျဲ့ပုဖန်၏ သနားစရာနှုတ်ခမ်းများကို လွှတ်ပေးလိုက်ပေမယ့် ၎င်းတို့၏အောက်ပိုင်းအား ဆက်၍ပူးကပ်ထားသေးသည်။

''မင်း... မင်း ဒါဘာလုပ်တာလဲ''

နျဲ့ပုဖန်မှာ မယုံနိုင်လောက်အောင် ပြူးကျယ်နေသော မျက်ဝန်းများဖြင့် အမောတကောမေး၏။

''ဘာလုပ်လို့လဲ''

လီယီသည် သူ့လက်ချောင်းများဖြင့် အနည်းငယ်ဖူးသွားသော နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။

''မင်း ... မင်း လီယီ မဖြစ်နိုင်ဘူး၊ ဘယ် မကောင်းဆိုးဝါးက အယောင်ဆောင်ထားတာလဲ''

''........''

''လီယီလို မျက်နှာသေကြီးနဲ့ ကြည့်လိုက်တာနဲ့ အေးတိအေးစက်လူက ဘယ်လိုလုပ်ဒါမျိုးလုပ်နိုင်မှာလဲ''

လီယီသည် ကိုယ်ကိုအနည်းငယ်ခွာ၍ တစ်ခုခုပြန်ပြောရန် အံကြိတ်လိုက်၏။

''ငါ့ကို အေးတိအေးစက်လို့ထင်တာလား။ အေးမအေး မင်းကိုယ်တိုင်စမ်းကြည့်ချင်လား''

''အိုး ... မစမ်းတော့ပါဘူး၊ အာ ... ငါကြက်တွေ အစာကျွေးရဦးမယ် အခုမှသတိရတယ်၊ ဖယ်ပါ ... ငါအရင်သွားတော့မယ်''

နျဲ့ပုဖန်သည် ခါး၌ တင်းတင်းဖက်ထားသော  ကျောက်တုံးကဲ့သို့ မတုန်မလှုပ် လက်အား အတင်းဆွဲခွာရ၏။

''ညီအစ်ကို လီ''

လီယီသည် နျဲ့ပုဖန်ကို တစ်ချက်စေ့စေ့ကြည့်ပြီးမှ လွှတ်ပေးလိုက်သည်။

နျဲ့ပုဖန်သည် လီယီလက်က လွတ်သည်နှင့် သူ့စိတ်သူထိန်းကာ စိတ်တည်ငြိမ်အောင်လုပ်ပြီး ပြောသင့်တဲ့စကားကို ပြောလိုက်၏။

''လီယီ မင်းရဲ့စိတ်ဆန္ဒမကျေနပ်ဘူးဆိုရင် ရီချွမ်ဂေဟာကို သွားဖို့အကြံပေးချင်တယ်၊ အဲ့ဒီမှာ မိန်းမလှလေးတွေ အများကြီးရှိတယ်၊ ချောချောလှလှလေးတွေ မင်းကြိုက်မှာပါ။ ငါတို့တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်ဖို့ဆိုတာမလွယ်ဘူး၊ ဒါကြောင့် စောစောစီးစီး နောက်ပြန်လှည့်သင့်တယ်''

လီယီက တစ်ခုခုပြန်ပြောဖို့ ဟန်ပြင်လိုက်ပေမယ့် နျဲ့ပုဖန်က တံခါးဆီကို ပြေးထွက်သွားနှင့်ပါပြီ။ ထို့အပြင် ထွက်မသွားခင်မှာလည်း ပြန်လှည့်ပြီး အော်ပြောဖို့မမေ့ခဲ့။

''နောက်တစ်ခါ ဒါမျိုးမလုပ်မိပါစေနဲ့နော်။ ငါအကြံပေးတာကိုနားထောင်ပြီး မိန်းကလေးတစ်ယောက်ရှာပြီးတော့ ပျော်ပါးလိုက်ပါ''

နျဲ့ပုဖန်၏ ခြေသံများ ဝေးကွာသွားသောအခါ လီယီသည် ဝမ်းသာအားရ ရယ်မောလိုက်လေ၏။

နောက်ဆုံးတော့ သူ နျဲ့ပုဖန်ကို အသားယူလိုက်နိုင်ပြီမဟုတ်လား
လီယီ နျဲ့ပုဖန်နဲ့ နေစဥ်အတွင်းမှာ နျဲ့ပုဖန်၏ စနောက်မှု လှည့်စားမှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ရသည်။
နျဲ့ပုဖန်နှင့် ပေါင်းသင်းဆက်ဆံဖို့ဆိုရင် ကိုယ်က သူ့ထက်ပိုပြီး အရှက်မဲ့နေမှရမည်။
နောက်တစ်ကြိမ် နျဲ့ပုဖန် စိတ်ကိုနှိုးစွတဲ့အခါမှာလည်း ယခုနည်းကိုပဲသုံးမည်။
နျဲ့ပုဖန် ဖြစ်သွားပုံက ကြက်ကြော်နှင့်တူသည်၊ ရယ်ရပြီး ပျော်စရာကောင်းသည်။
ဒီထက် သူ့အရသာကလည်း အရမ်းကောင်းလေသည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now