Chapter 38

2.3K 313 1
                                    

Chapter-38
လီ၊ ကျန်း နှင့် ဝမ်
......................

လီယီသည် ရုန်းကန်တိုက်ခိုက်နေရင်း တစ်ချက်တွင် အငိုက်မိသွားကာ ခံလိုက်ရ၏။
ဤသို့ လီယီနှင့် နျဲ့ပုဖန်တို့ ကွာသွားသည်ကို အခွင့်ကောင်းယူကာ ဝမ်ရှင်းချန်သည် လေဟုန်ကဲ့သို့အလျှင်ဖြင့် နျဲ့ပုဖန်အား စောင်ဖြင့်ပတ်ကာထမ်း၍ ပြေး၏။

လီယီ သတိပြန်ဝင်လာသောအချိန်၌ အခန်းထဲတွင်ဝမ်ရှင်းချန်ရော နျဲ့ပုဖန်ပါ ရှိမနေကြတော့ပေ။
လီယီသည် ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းမသိပဲမျက်စိမျက်နှာပျက်ကာ ကျန်ခဲ့၏။
တစ်ဖက်တွင် ဝမ်ရှင်းချန်သည် နျဲ့ပုဖန်ကို ထမ်းလျှက် တောနက်ထဲသို့ မရပ်မနား ပြေးဝင်ခဲ့၏။
နျဲ့ပုဖန်မှာ တစ်ကိုယ်လုံး ခြေဆုံးခေါင်းဆုံး စောင်ဖြင့် ရစ်ပတ်ခံထားရသည့်အပြင် ဘာမှမမြင်ရသည့်အတွက် ဘာတွေဖြစ်နေမှန်း မသိချေ။

''လီယီ၊ မင်းဘာလုပ်တာလဲ။ ဘယ်သွားနေတာလဲ''
နျဲ့ပုဖန်က အော်နေသည်။
ဝမ်ရှင်းချန်က ဘာမှပြန်မဖြေပဲ ဆက်သွားနေပြီး လှိုဏ်ဂူတစ်ခုသို့ အရောက်တွင် နျဲ့ပုဖန်အား ချပေးလိုက်သည်။
နျဲ့ပုဖန်မှာ ၎င်းလက်ကလွတ်သည်နှင့် စောင်လိပ်အောက်မှ ရုန်းထွက်လာပြီး ဦးစွာ ရန်တွေ့ရန် ပြင်၏။

''လီယီ၊ မင်း ... ငါ့ကို ဒီလောက်ထိ အနိုင်ကျင့်ရမှဖြစ်မှာလား...ဟင်...ဒါဘယ်နေရာလဲ''

သူမြင်လိုက်ရသောနေရသည် သူ့အိပ်ခန်း မဟုတ်ပဲ  မရင်းနီးသော လှိုဏ်ဂူတစ်ခု ဖြစ်နေသောကြောင့် နျဲ့ပုဖန် လန့်သွား၏။
လှိုဏ်ဂူ၏ အပေါက်ဝမှာတော့ လူရိပ်တစ်ခု ရပ်လျှက်ရှိနေသည်။

နျဲ့ပုဖန်သည် ထိုလူရိပ်ကို လက်ညိုးထိုး၍ ထိတ်လန့်စွာမေး၏။

''လီယီ၊ မင်းဘာဖြစ်နေတာလဲ။ ငါ့ကို ဒီတောနက်ကြီးထဲ ခေါ်လာပြီး ဘာလုပ်မလို့လဲ''

လူရိပ်သည် ဂူပေါက်ဝ၌ တစ္တေတစ်ကောင်သဖွယ်  မလှပ်မယှက်ရပ်နေ၏။

နျဲ့ပုဖန် တံတွေးမျိုချကာ စိတ်တည်ငြိမ်ဖို့ ကြိုးစားလိုက်သည်။

''လီယီ၊ မင်းဘာလုပ်ဖို့ ကြံနေတာလဲ ပြောစမ်းပါ၊ ငါ မင်းကို ဘာတွေများဒုက္ခပေးဖူးလို့ ငါ့ကို ဒီလိုလုပ်နေတာလဲ၊ မင်း ငါ့ကို သတ်မလို့လား။ မလုပ်ကောင်းဘူးနော်၊ ဟေ့''

ထိုလူအရိပ်သည် လှိုင်ဂူထဲရွေ့လာသော်လည်း ဘာမှတော့ ပြန်မပြောပေ။

လှိုဏ်ဂူသည် အေးစိမ့်နေသည့်အပြင်ညချမ်း၏ လေက တိုးဝှေ့တိုက်ခတ်လာသည့်အတွက်ကြောင့်နျဲ့ပုဖန် ချမ်းစိမ့်ကာ သူ့ကိုယ်သူ ဖက်ထားလိုက်မိသည်။

''မင်း ဘာမှပြန်မပြောဘူးဆိုလည်း ငါ့ကို ဝတ်စရာအဝတ်အစားလေးတော့ပေးကွာ၊ ဒီမှာ ကိုယ်တုံးလုံးနဲ့ ချမ်းလို့သေတော့မယ်''

နျဲ့ပုဖန်က သနားစဖွယ်ဆိုသည်။

ထိုအခါ ၎င်းလူရိပ်သည် ရွေ့လျားသွား၏။ ထို့နောက် ၎င်း၏အဝတ်များကို ချွတ်ဟန်ဖြင့် နျဲ့ပုဖန် ရှိရာသို့လျောက်လာကာ အဝတ်အစားများကို နျဲ့ပုဖန်အား ကမ်းပေး၏။

ဤကဲ့သို့ ၎င်းအနားကပ်လာသည်ကို အခွင့်ကောင်းယူကာ နျဲ့ပုဖန်သည် ၎င်း၏အဝတ်စကို ယူလိုက်ပြီး တင်းတင်းဆုပ်၍ ၎င်းအား ရုတ်တရက်ဖမ်းချုပ်ကာ လှဲချလိုက်သည်။
ညကလည်း မှောင်နေပြီး လှိုဏ်ဂူထဲတွင်အလင်းရောင် မရှိသောကြောင့် ၎င်းမည်သူမည်ဝါဆိုတာ နျဲ့ပုဖန် မမြင်ရပေ။

''ဟေ့ကောင်၊ မင်းကဘာလုပ်ချင်တာလဲကွ။ ဘာလုပ်ချင်တာလဲကွ၊ ဟေ''

ဝမ်ရှင်းချန်မှာ နျဲ့ပုဖန်၏ အငိုက်ဖမ်းတိုက်ခိုက်မှုကြောင့် အထိနာကာ မူးဝေသွား၏။ သူ နျဲ့ပုဖန်ကို လွှတ်ပေးဖို့ ပြောချင်ပါသော်လည်း နျဲ့ပုဖန် ကအတင်းဖိချုပ်ထားသည်အတွက် စကားပင်ပြော၍ မရပေ။

၎င်းတို့၏ ခန္ဓာကိုယ်နှစ်ခုသည် တစ်ယောက်ပေါ်တစ်ယောက်ထပ်လျှက်ရှိရာ အပေါ်မှ နျဲ့ပုဖန်၏ ပွတ်တိုက်မှုကြောင့် ဝမ်ရှင်းချန် ထူးဆန်းသောခံစားချက်မျိုး ခံစားလိုက်ရသည်။

ဝမ်ရှင်းချန်သည် အားသုံး၍ ရုန်းကန်လိုက်ပြီး နျဲ့ပုဖန်အား ဖယ်ထုတ်ရန် ကြိုးစားနေသည်ကိုသိ၍ နျဲ့ပုဖန်သည် ၎င်း၏ နှုတ်ခမ်းအား အလျင်အမြန် ဖိကပ် နမ်းလိုက်လေသည်။
ဝမ်ရှင်းချန်မှာ မျက်လုံးများ ပြူးကျယ်သွားကာနှုတ်ခမ်းနှင့် လျာများ၏ ရောရှက်မှုကြောင့်ခန္ဓာကိုယ်အတွင်းတွင် တစ်ခါမှ မကြုံဖူးသောအတွေ့ထူးတစ်မျိုးကို ခံစားလိုက်ရ၏။

သူ၏ တိုက်ခိုက်မည့် လက်များသည်လည်း ရပ်တန့်သွားကာ နျဲ့ပုဖန်၏ ခါးပေါ်တွင် အသာဖက်တွယ်ထားလိုက်သည်။

''ဟမ်...သခင်လေး၊ ငါက ဒီသခင်လေးကို မသက်မသာဖြစ်အောင်လုပ်မိသလား။ အပေါ်စည်းက နေရတဲ့ အရသာက ဘယ်လိုလည်းဆိုတာ ငါလည်းမြည်းစမ်းကြည့်ပါရစေ''
နျဲ့ပုဖန်က နား,နားကပ်ကာ လေသံဖြင့် ညုတုတုပြော၏။
''ဒီတစ်ခါတော့ မင်းငါ့လက်ထဲ လိမ်လိမ်မာမာနေရင် ဘယ်လိုကောင်းမလဲဆိုတာ ငါပြပေးမယ်''

ဤည၏ အမှောင်ထုထဲတွင် ပူနွေးသော အသက်ရှုသံများနှင့် တက်မက်ဖွယ် စပ်ယှက်မှုများ စတင်ဖြစ်ပေါ်လာလေသည်။

ဝမ်ရှင်းချန်သည် အစကတော့ မိမိမည်သူမည်ဝါမှန်းပြောမလို့ပေမယ့် မပြောပဲမှိန်းနေလိုက်၏။

''ထူးဆန်းလိုက်တာ ငြိမ်နေတယ်''
နျဲ့ပုဖန်က ပြောရင်း နှာခေါင်းကို အသာကိုက်လိုက်၏။

''မင်း ဘယ်လောက်ငြိမ်နေနိုင်မလဲ ကြည့်ရသေးတာပေါ့''

ပြောပြီးသည်နှင့် ဝမ်ရှင်းချန်၏အဝတ်ထဲသို့လက်ဝင်ကာ မေးစေ့မှ စ၍ နမ်း၏။
ဝမ်ရှင်းချန်သည် တဖြေးဖြေး သည်းခံနိုင်ရည်စွမ်းအားများ ကုန်ဆုံးလာပြီဟု ခံစားရသည့်အတွက် နျဲ့ပုဖန်အား တွန်းထုတ်လိုက်သည်။သို့သော် အားမပါ၍ အကွာအဝေးတစ်ခုအထိ ကွာတာ ဆိုရုံမျှသာ ဖြစ်ပြီး နျဲ့ပုဖန်သည်ပြန်လည်၍ အံဝင်ခွင်ကျ ဖက်တွယ်လာသည့်အတွက် ဝမ်ရှင်းချန်မှာ ရူးလောက်စရာ စိတ်အားထက်သန်မူနှင့် နှိုးစွမှုကို ခံစားလိုက်ရသည်။
ဝမ်ရှင်းချန်၏ ဘဝတစ်လျောက်၌ စောင့်ထိန်းခဲ့သော သီလသမာဓိတို့သည် ပျက်စီးတော့ပေမည်။ နောက်ဆုံးတွင် သူသည် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်ပေမယ့် လက်တစ်စုံက သူ့ပါးကို ဆွဲညှစ်လိုက်သည့်အတွက် စကားများ ပြောထွက်မလာတော့ပေ။

''ဟမ်း...''
ဝမ်းရှင်းချန်မှာ ထိုသို့ မပီမသ အော်ညည်းရန်သာတတ်နိုင်တော့သည်။

''ဟားဟား..လီယီ၊ ဒီည မင်းက တော်တော်ချစ်ဖို့ကောင်းနေတယ်၊ မင်း တုန့်ပြန်ပုံက ပျော်စရာပဲ''

နျဲ့ပုဖန်က ပျော်နေသောအသံဖြင့် ဆက်ပြော၏။

''ဟုတ်ပြီ။ ဒီညအဖို့ ကျွန်တော်မျိုးက ဟောဒီ လူကြီးမင်းနဲ့ သေလောက်တဲ့အထိ အကြိမ်သုံးရာလောက် ဆက်ဆံမယ်၊ ပြီးရင်တော့ တစ်လလုံး မင်းကို ဘာအခွင့်ရေးမှ ယူခွင့် မပေးတော့ဘူးမှတ်''

ဝမ်ရှင်းချန် ဘာမှပြန်မပြောပဲ နျဲ့ပုဖန်အား ဖိ၍ နမ်းချလိုက်သည်။ နျဲ့ပုဖန်သည် စိတ်အား ပိုမိုထက်သန်လာကာ သူ့လက်ဖြင့် အဝတ်အစားများကို ဆွဲဖြဲလိုက်၏။
တစ်ခဏအတွင်း ဝမ်ရှင်းချန်၏ ခန္ဓာကိုယ်တွင်အဝတ်ဗလာဖြစ်သွားပြီး ယာဂမီးများကြောင့်ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်လာ၏။
နျဲ့ပုဖန်သည် ဝမ်ရှင်းချန်၏ ပေါင်ပေါ်မှာနေ၍ အမျိုးမျိုးသော မထိတထိ နှိုးစွမှုများကို ဝမ်ရှင်းချန် တောင့်မခံနိင်တော့သည်အထိ ပြုလုပ်ခဲ့သည်။
နောက်ဆုံး ဝမ်ရှင်းချန်လည်း သည်းမခံနိုင်တော့ပဲနျဲ့ပုဖန်၏ ခြေထောက်များကို သူ၏ခါး၌ ချိတ်စေ၍ ဗဟိုချက်ချင်းပူးကပ်ကာ အောက်ဘက်တွင်းပေါက်ထဲသို့ ထိုးထည့်လိုက်တော့သည်။
''အား...''
ပြည့်နှက်သွားမှုကြောင့် နျဲ့ပုဖန်လည်း အော်ငြီးရင်ခန္ဓာကိုယ်ကို အပေါ်ကြွလိုက်၊ ထိုင်လိုက်လုပ်ပေးသည်။

ရုတ်တရက်တွင် ဝမ်ရှင်းချန်သည် နျဲ့ပုဖန်အား လှဲချလိုက်ကာ ပြင်းထန်သော ထိုးစစ်ကို စတင်လေတော့သည်။

ဤသို့ဖြင့် ညအမှောင်ထုထဲတွင် ယင်ဓာတ်နှစ်ခု၏ စပ်ယှက်သံတို့သည် မညီမညာ ပေါ်ထွက်လာတော့သည်။

''ကျစ်...အား...နာတယ် အရမ်းနာတယ်''

''......''

''ဟမ်း... မင်း အရမ်းကြမ်းတမ်းနေတာပဲ။ ကျားမာန်ဟုန်တွေများ စားထားသလား...အား...''

''လီယီ... တစ်ခုခုမှားနေသလား။ မင်းဟာရဲ့အရွယ်အစားက အရင်က ဒီလောက်ထိ မကြီးဘူးလေ''
နျဲ့ပုဖန် မောဟိုက်နေရင်း ပြောလိုက်သည်။

ဝမ်ရှင်းချန်၏ လှုပ်ရှားမှုများမှာ ညင်သာလိုက်၊ ကြမ်းတမ်းလိုက်ဖြင့် အမျိုးစုံသော ခံစားမှုများကိုပေးနေ၏။

ထိုည၌ နျဲ့ပုဖန်မှာ တစ်ညလုံးနီးပါး မောပန်းခဲ့ရသည်။
ထိုညတွင် နျဲ့ပုဖန်သည် ရှစ်ကြိမ်ထက်မကသောပြီးမြောက်ခြင်းကို ခံစားခဲ့ရ၏။ ပထမဆုံးအကြိမ်ကသာ နာကျင်ခဲ့ပေမယ့် နောက်တွင် ထပ်ခါထပ်ခါခံစားချက်ကောင်းခဲ့၏။ နောက်ဆုံးတစ်ခေါက် ပထမများစွာ ထုတ်လွှတ်ပြီးချိန်မှာတော့ တစ်ကိုယ်လုံးရှိ အားအင်များ စုပ်ယူခံလိုက်ရသလို ခမ်းခြောက်ကာ အရုပ်ကျိုးပျက်လဲကျ၍ သတိလစ်သွားခဲ့လေသည်။

နံနက်ခင်း နျဲ့ပုဖန် ပြန်နိုးလာသောအခါ၌ သူ့အိပ်ရာထဲ ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။
သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် လေးလံကာ တဆစ်ဆစ်ကိုက်ခဲနေ၏။
သူသည် ငြီးတွားရင်း ထထိုင်လိုက်သည့်အခါခန္ဓာကိုယ်ပေါ် လွှမ်းထားသောခြုံစောင်မှာ လျောကျသွားသောကြောင့် ဝမ်းဗိုက်အောက်ပိုင်း၌ ဒဏ်ရာဒဏ်ချက်တို့ကို တွေ့လိုက်ရသည်။ သို့သော်ညစ်ပေ စေးကပ်မှုများမရှိပဲ သန့်ရှင်းနေ၏။

နျဲ့ပုဖန်သည် ကိုယ့်နဖူး ကိုယ်ပွတ်ရင်း မနေ့ညကအဖြစ်အပျက်များသည် အိပ်မက်များလားဟုသံသယဝင်မိသည်။
သူနှင့် လီယီတို့သည် အမြဲလိုလို အိပ်ရာပေါ်ပဲ နေဖြစ်ကြတာ ဖြစ်သည်။ ဒါကို လီယီက ဘာကြောင့်သူ့ကို ဂူထဲခေါ်သွားတာလဲဟု တွေးမိ၏။ ထို အယုတ်တမာကောင်က စွန့်စွန့်စားစား အသစ်အဆန်း ထွင်ချင်တာလားဟုလည်း တွေးမိသည်။
သို့သော် လီယီသည် ထိုမျှလောက် ယုတ်မာမည့်သူမျိုး မဟုတ်ပေ။ နျဲ့ပုဖန် စိတ်ရှုပ်နေသည်။

သနားစရာ လီယီမှာ ဘာမှလည်း မလုပ်ရပါပဲနဲ့ နျဲ့ပုဖန်၏ ကျိန်ဆဲခြင်းကို ခံနေရရှာသည်။

နျဲ့ပုဖန်သည် လီယီကို ကျိန်ဆဲရင်း အပေါ်ဝတ်ရုံကို ဝတ်လိုက်၏။ ထို့နောက် သူသည် ကိုယ်လက်သန့်စင်ရန်သွားဖို့ ပြင်သည်။ သို့သော်တစ်စုံတစ်ယောက်က သူ့အတွက် ရေပူဇလုံကိုအခန်းထဲတွင် ပြင်ပေးထားသည်ကို တွေ့လိုက်ရ၏။
နျဲ့ပုဖန် အံ့သြသွားသည်။ လီယီဟာ ဘယ်တုန်းက ဒီလောက်အထိ သိတတ်သွားပါလိမ့်။

နွေးထွေးသွားသော နှလုံးသားနှင့်အတူ နျဲ့ပုဖန်သည် ရေပူကို အနေတော်၊ မတော်စမ်းကြည့်ပြီးနောက် ကိုယ်လက်သန့်စင်၍ အဝတ်အစားအသစ်လဲလိုက်သည်။

ထို့နောက်တွင် ခြံဝန်းထဲသို့ ဆင်းလာခဲ့၏။
ခြံဝန်းထဲ၌ မြင်နေကျမဟုတ်သောလူကို နျဲ့ပုဖန်မြင်လိုက်ရသည်။ ဤသည်မှာ အမြဲလို ကိုယ်ရောင်ဖျောက်နေတတ်သော ဝမ်ရှင်းချန် ဖြစ်ပြီး၊ ၎င်းသည် သစ်ပင်ကိုမှီကာ လက်ပိုက်လျက် နျဲ့ပုဖန်ကို စိုက်ကြည့်နေသည်။

နျဲ့ပုဖန်လည်း ဝမ်ရှင်းချန်ထံသို့ ထူးဆန်းသောပုံစံဖြင့် ဖြေးဖြေးချင်းလျောက်သွားပြီး နှုတ်ဆက်လိုက်သည်။

''ကောင်းသော နံနက်ခင်းပါ ခင်ဗျာ''

ဝမ်ရှင်းချန်သည် နျဲ့ပုဖန်၏ ဝမ်းဗိုက်အောက်ပိုင်းသို့ မသိမသာလေး ဖြတ်ကနဲ တစ်ချက်ကြည့်ကာမျက်နှာလွဲလိုက်သည်။

နျဲ့ပုဖန်သည် အနားသို့တိုး၍ ဝမ်ရှင်းချန်၏ ပုခုံးကိုပုတ်ကာ ပြုံးပြသည်။

''အစ်ကိုဝမ်ကို ကြည့်ရတာ ဒီနေ့ပျော်နေသလိုပဲ၊ မနေ့က ဘာတွေကောင်းတာ ဖြစ်ခဲ့လို့လဲ''

ဝမ်ရှင်းချန်က ဘာမှပြန်မပြောပဲ အဝေးဆီသို့ အကြည့်လွဲလိုက်၏။

''အစ်ကိုဝမ်၊ ဒီလိုမျိုး ပေါ်လာတာရှားတယ်။ ဆိုတော့ ဒီနေ့ နေ့လည်စာ အတူတူစားကြမလား၊သက်သက်လွတ် စားပွဲပြင်ပေးပါမယ်''

နျဲ့ပုဖန်က တက်ကြွသောဟန်ဖြင့် ပြော၏။
ဝမ်းရှင်းချန်လည်း ခေါင်းညိတ်လက်ခံလိုက်သည်။

ထိုစဥ်တွင် ကျန်းကျွင်းရှီသည် တင်းမာသောအမူအရာဖြင့် ခြံဝန်းထဲသို့ ဝင်လာ၏။

''နျဲ့ပုဖန်၊ မနေ့ညက လိယီ မင်းကို ဘာလာလုပ်သွားသေးလဲ''

နျဲ့ပုဖန်သည် တစ်ဖက်ကို လှည့်ကြည့်လိုက်စဥ် ဝမ်ရှင်းချန်မှာ ပျောက်ကွယ်သွားပြီး ဖြစ်သည်။
နျဲ့ပုဖန်သည် အသံကိုနှိမ့်ကာ ''ဘာလို့လဲ'' ဟု တိုးတိုးလေး မေးလိုက်၏။

''အိုက်ယား...''
ကျန်းကျွင်းရှီသည် နျဲ့ပုဖန်၏ နားရွက်တစ်ဖက်ကို ဆွဲကာ ဆူပူ၏။

''မင်းမှာ ကိုယ်ရံတော် ကြက်အုပ်ကြီး ရှိနေတာပဲမဟုတ်လား။ ဘယ်လိုဖြစ်ရတာလဲ။ လီယီအတွက်မင်းက ဘာလို့ ဒီလောက်လွယ်နေရတာလဲ''

''နားရွက်ကို လွှတ်စမ်းပါ''

''နောက်တစ်ခါ ထပ်မဖြစ်စေနဲ့၊ ကြားလား'' ဟု ဆိုကာ ကျန်းကျွင်းရှီက လွှတ်ပေးလိုက်၏။

တစ်ဆက်တည်းမှာပင် ကျန်းကျွင်းရှီသည် နျဲ့ပုဖန်၏ လည်ပင်းတစ်ဝိုက်ရှိ အမှတ်များကိုသတိထားမိသွား၏။

''ငါ ဒီည မင်းနဲ့လာအိပ်မယ်''

နျဲ့ပုဖန်သည် မျက်နှာအမူအရာ ပြောင်းလဲသွားကာ အသည်းအသန်ငြင်း၏။

''မရဘူး၊ မရဘူး။ ဒီညတော့ မရဘူး''

''ဘာဖြစ်ရပြန်ပြီလဲ''

''အဲ့ဒါက...''

နျဲ့ပုဖန်သည် ခေတ္တမျှ အကြံထုတ်ပြီး သူ့စိတ်ထဲတွင် ပေါ်လာသော စကားကို ဆင်ခြေပေးလိုက်၏။

''ဒီလိုပဲလေ။ တစ်ချို့ အဆင်မပြေတဲ့နေ့တွေဆိုတာလည်း ရှိတတ်တာပဲ မဟုတ်လား''

''...''
ကျန်းကျွင်းရှီက သက်ပြင်းချ၍ ...
''တခြားမတွေးနဲ့။ မင်းကို ဘာမှလုပ်မလို့ မဟုတ်ဘူး၊ မင်းကို ပေါက်ကရလုပ်မယ့် လူတွေရန်ကနေ ကာကွယ်ပေးမလို့''

''တကယ်လား''
နျဲ့ပုဖန်က သံသယရှိစွာ ကြည့်လိုက်သည်။

''အဟမ်း''

ကျန်းကျွင်းရှီက တည်ငြိမ်ဟန်ဖြင့်။

''အခြေအနေတွေ ပေးရင်တော့ တစ်မျိုးပေါ့လေ။ ငါတို့ အချင်းချင်း ခံစားချက်တွေ ဖလှယ်လို့ ရချင်ရမှာပါ''

''မရဘူး''
နျဲ့ပုဖန်က ပြတ်ပြတ်သားသား ငြင်းသည်။

''နောက် ရက်နည်းနည်းလောက်အထိ ငါ့အိမ်ထဲကို ဘယ်သူ့မှ ပေးမဝင်ဘူး၊ မတရားလုပ်ဖို့လည်း မကြံပါနဲ့။ မင်း ကြက်တွေ လက်ချက်မိသွားလိမ့်မယ်''

မနေ့ညက ရူးလောက်အောင် ခံစားခဲ့ရပြီး နောက်မှာ နျဲ့ပုဖန် ရက်အနည်းငယ်ကြာတဲ့အထိ အထိတွေ့ခံနိုင်တော့မှာ မဟုတ်ပေ။

သို့သော် ကျန်းကျွင်းရှီက နျဲ့ပုဖန်၏ ခါးကိုရုတ်တရက်ဖက်လိုက်ကာ နား,နားကပ်၍ ပြောလိုက်သည်။

''ဒါကတော့ မင်းမတရားဘူးလို့ မထင်ဘူးလား၊ လီယီနဲ့ မင်းဘယ်နှစ်ခါတောင် နေပြီးသွားပြီလဲ၊ ဒါပေမယ့် တစ်ခုတော့ ဖြေပေးပါ။ မင်းစိတ်ထဲမှာ ဘယ်သူ့ကို ပိုရှိလဲဆိုတာ''

နျဲ့ပုဖန်က ချက်ချင်း အဖြေပြန်မပေးသေးပဲကောင်းကင်သို့ မော့ကြည့်လိုက်သည်။

''ငါက လွတ်လပ်တဲ့လူပါ။ ဘယ်သူ့ကို ပိုတယ်ဆိုပြီးရွေးချယ်တာမျိုး မရှိဘူး''

''.......''

''တကယ်တော့ ငါ့ရဲ့ရည်ရွယ်ချက်က ချစ်ခင်ရတဲ့မိတ်ဆွေတွေနဲ့အတူတူ ဒီတောင်ပေါ်ရွာလေးမှာ လိုက်လျောညီထွေနေပြီး လယ်ယာတွေ စိုက်မယ်၊ ကြက်ကလေးတွေကို ပျိုးထောင်ပေးမယ်၊ ပြီးတော့ အိမ်ထောင်ပြု ကလေးလေးတွေ မွေးပြီး သာယာတဲ့ရွာလေးတစ်ခု တည်ထောင်ရင်း ပျော်ပျော်နေသွားဖို့ပဲ''

''ကလေးလေးတွေ မွေးမယ်၊  မင်း အိမ်ထောင်ပြုမယ်၊ ဟုတ်လား''

''အေးလေ''

ကျန်းကျွင်းရှီ အံကြိတ်မိသွားသည်။

''မင်း မိန်းမရော ကလေးရောယူဖို့ စိတ်မကူးနဲ့။ ဒီအထိ ရောက်လာပြီးကတည်းက မင်းကို နောက်ပြန်လှည့်ခွင့် မပေးနိုင်ဘူး''

နျဲ့ပုဖန်သည် မသက်သာသော အခြေအနေကို ရိပ်စားမိသည်နှင့် ကျန်းကျွင်းရှီထံမှ ခွာရန်အကြောင်းပြချက်တစ်ခု ထုတ်လိုက်၏။

''ငါဗိုက်စာနေပြီ။ တစ်ခုခု သွားစားဦးမယ်''

''မင်း ငါ့ကို အရူးလုပ်မသွားနဲ့''

ထို နျဲ့ပုဖန်သည် လေးနက်သောအခြေအနေများတွင် ရှောင်ပြေးတတ်သည်။

ကျန်းကျွင်းရှီသည် နျဲ့ပုဖန်အား ဆွဲဖက်လိုက်သည်။

ထို့နောက် နျဲ့ပုဖန်၏ မေးစေ့ကို ပင့်လိုက်သည်။
ကျန်းကျွင်းရှီသည် လီယီ အပါအဝင် ဘယ်သူမှ နျဲ့ပုဖန်အား ထိခွင့်ပြုတော့မည် မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။
နျဲ့ပုဖန်၏ သူတစ်ဦးတည်း၏ မူပိုင်ဖြစ်ကြောင်း သက်သေထူရမည်။

သို့သော် ကျန်းကျွင်းရှီနှင့် လီယီတို့ မသိသည်မှာ ၎င်းတို့ထက် အဆမတန် အင်အားကြီးသောပြိုင်ဘက်သည် ၎င်းတို့အား တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီ ဆိုတာကိုပင် ...

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now