Chapter 112

1.7K 121 1
                                    

Chapter - 112
ထိုက်ပိုင်

ထိုက်ပိုင် သည် ကျီယု ကျွန်း၏ သခင်လေး ဖြစ်သည်။  သူသည် ပင်လယ်တို့ပတ်ပတ်လည်ဝန်းရံလျက်ရှိသောအရပ်၌ ကြီးပြင်းလာကာ သူ၏ ရေကူးစွမ်းရည်သည် ကမ္ဘာပေါ်တွင် မည်သူမျှ မယှဉ်နိုင်လောက်အောင် ကောင်းမွန်သည်။
ကလေး ဘဝတုန်းကတည်းက နို့ထိန်းသည် မရှိချိန်မှာ ရေ အပြည့် ထည့်ထားတဲ့ ရေစည်ပိုင်း ထဲကို တွားသွားတက်နေခဲ့ပြီး၊ လူကြီးတွေက နောက်ဆုံး သူ့ကို ရှာတွေ့တဲ့ အခါမှာတော့ ကလေးလေး ထိုက်ပိုင်ဟာ ရေထဲသို့ လုံးလုံး နစ်မြုပ်နေပြီ ဖြစ်ပြီး ရေမျက်နှာပြင်ပေါ် ပူဖောင်းတွေ တစ်ခုပြီးတစ်ခုပလုံစီတတ်လာသည်ကိုသာ မြင်ရတော့သည်၊  မိခင်ဖြစ်သူမှာ အလွန် ထိတ်လန့်သဖြင့် အလျင်အမြန် ရေထဲ ဆင်း၍ ကယ်ဆယ်ခဲ့သော်လည်း ထိုနို့စို့အရွယ် ကလေးလေးသည် ရေမျက်နှာပြင်ပေါ်ပြန်ရောက်သည်နှင့် ပါးစပ်ထဲမှ ရေများ ဖူးကနဲ မှုတ်ထုတ်ကာ ရေထဲတွင် ရယ်မော ဆော့ကစား၍ အမှန်တကယ် ပျော်ရွှင်နေခဲ့သည်။

ထို့ကြောင့် ဖခင် ဖြစ်သူက ထိုက်ပိုင် ဆယ်နှစ်သားအရွယ်မှာပင် ပင်လယ်ထဲသို့ ခေါ်သွားပြီး ရေပြင်၌ စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်စေ၍ လေ့ကျင့်သင်ကြားပေးခဲ့သည်။ ထိုက်ပိုင် သည်လည်း  ရေနစ်မည်ဟု သူ ထင်တိုင်း နီးပါး လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းဖြင့် ရေထဲမှ အမြဲလွတ်မြောက်လာတတ်သည်။

ဤသို့ဖြင့် သာ အသက် ဆယ့်သုံးနှစ် အရွယ်တွင် ဖခင် ဖြစ်သူက သူ့ကို ရေပေါ် ရေအောက် သွားလာလှုပ်ရှားမှု မှန်သမျှ၌ တားမြစ် ပိတ်ပင်ခြင်း မပြုတော့ပေ။

သူသည် ပင်လယ်ထဲတွင် နေ့တိုင်း ရေကူးရင်း ပုလဲများကို ကောက်ယူ၍ ငါးဖမ်းခြင်းတို့ကို ပြုလုပ်သည့်အပြင် ရေအောက် ရတနာများကို ရှာဖွေကာ ပင်လယ်ငါးများကဲ့သို့ပင် ရေထဲ၌ နေထိုင်လေသည်။ သူသည် လုံးဝ အထိန်းအကွ ပ်မရှိသကဲ့သို့ ဘာကိုမှ ဂရုမစိုက်ပေ။

သူသည် စီးပွားရေး လုပ်ရတာ မကြိုက်၊ စာပေပညာရှင်များကို မကြိုက်၊ အရေး ကိစ္စအဝဝကို စီမံခန့်ခွဲဖို့ တစ်နေရာတည်းတွင် စာအုပ် စာပေများနှင့်နေထိုင်ရတာကို မကြိုက်ပါ။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now