Chapter 33

2.4K 313 4
                                    

Chapter-33
ကျန်းကျွင်းရှီ၏မဟာဗျူဟာ
.......................................


နောက်တစ်နေ့နံနက်၌ လီယီတစ်ယောက် ဝမ်းချုပ်နေသလို မျက်နှာမျိုးဖြင့် နျဲ့ပုဖန် အိမ်မှ ထွက်သွားခဲ့သည်။ အချိန်တော်တော်ကြာတဲ့အထိတော့ သူ နျဲ့ပုဖန်အပေါ် စော်စော်ကားကား လုပ်ရဲမည် မဟုတ်တော့ပေ။

ကျန်းကျွင်းရှီလည်း ထိုအဖြစ်အပျက်ကို သိပြီးသွားသည့်နောက်တွင် ခါးခါးသီးသီး ပြုံးလိုက်သည်။
'ဒီကောင် နျဲ့ပုဖန်အပေါ် ရာရာစစ မတော်ရာတွေလုပ်ရတယ်လို့၊ နည်းတောင်နည်းသေးတယ်' ဟုတွေးမိ၏။

နျဲ့ပုဖန်မှာတော့ သူ့ကို ခြောက်လှန့်နေမည့် အန္တရာယ်တစ်မျိုး ကင်းသွားလေပြီ။ သူမည်မျှပျော်ရွှင်နေမည်ကို ဖော်ပြ၍ပင် မရပေ။
နျဲ့ပုဖန် စိတ်သက်သာရာ ရသွားတဲ့နောက်မှာတော့  နတ်မိမယ်၊ စုချန်းယိ၊ ရှန်းမုလန်၊ လီဟိုက် အပါဝင်ရွာရှိလူများမှာ အရင်ရက်က နျဲ့ပုဖန် ချက်ကျွေးခဲ့သော ဆိုးဝါးသည့် အစားအသောက်များကြောင့် သွေးမှိုရောဂါပါ ဖြစ်နေကြသည်။ မအိပ်နိုင် မစားနိုင်ပဲ ဆံပင်ကျွတ်သူက ကျွတ်ကုန်၏။

စုချန်းယိက လီယီနှင့် ကျန်းကျွင်းရှီကို တွေ့သောအခါတွင် နျဲ့ပုဖန်ကို ဖြောင်းဖျပေးဖို့ ပြောကြလေသည်။

''မင်းတို့တွေက နျဲ့ပုဖန်နဲ့ အခင်ဆုံးမိတ်ဆွေတွေပဲ။ သူ့ကို ကောင်းကောင်း စီမံခန့်ခွဲ ချက်ပြုတ်ဖို့ ပြောပေးကြပါလား''

ထိုစကားကို ကြားရသောအခါ လီယီ၏ မျက်နှာဟာ ရုတ်တရက် အေးစက်တောင့်တင်းသွား၍  ခန္ဓာကိုယ်မှ အနက်ရောင် အခိုးအငွေ့များ ထွက်လာသလို ခံစားရ၏။
ကျန်းကျွင်းရှီကတော့ ပြူံးပြုံးဖြင့်ပင် နျဲ့ပုဖန်ကို နားချပေးမည်ဟု ပြောလိုက်သည်။

ထိုနေ့တွင် နျဲ့ပုဖန်အပြင်မှ ပြန်လာချိန်၌ သူ့အိပ်ရာပေါ်တွင် ကြက်ဥတစ်လုံးရှိနေသည်ကို တွေ့လိုက်ရ၏။
နျဲ့ပုဖန် အံ့သြသွားသည်။ ရွာရှိ ကြက်မများသည်သူ၏ အုပ်ချုပ်မှုအောက်တွင် သူ့အိပ်ရာပေါ်မှာ ဥလာ မ,ဥ ကြတော့သည်မှာ ကြာလေပြီ။ ဒီနေ့တော့  ဒီဥက ဘယ်လိုဖြစ်လို့ ဒီရောက်နေတာလဲဟု တွေးမိသည်။
နျဲ့ပုဖန် ကြက်ဥကို ကောက်ကိုင်လိုက်သည်။ ကြက်ဥသည် လက်ထဲတွင် နွေးနွေးလေးဖြစ်နေသည်။ နောက်ပြီး အထဲမှာလည်း လှုပ်စိလှုပ်စိနဲ့ အခွံကို ထိုးဆွနေသလို အသံကြားရသည်။
၎င်းမှာ အကောင်ပေါက်တော့မည့် မျိုးအောင်သော ကြက်ဥလေး ဖြစ်မည်။ အထဲတွင် ကြက်သန္ဓေသားလေး ရှိနေပုံရသည်။

နျဲ့ပုဖန်သည် ဟုတ်မဟုတ် သိရရန် ကြက်ဥကိုနေရောင်ပြပြအောက်၌ ထောင်၍ကြည့်၏။
ထို့နောက် ကြက်ဥလေးကို အင်္ကျီအိတ်ထဲသို့ တယုတယထည့်ကာ သားဖောက်ဖို့ အသင့်ဖြစ်မည့်ကြက်မတစ်ကောင်ကို ရှာရန် ထွက်လာခဲ့သည်။

ထိုအချိန်တွင် နျဲ့ပုဖန်ထံသို့ ကျန်းကျွင်းရှီ ပြုံးပြုံး ပြုံးပြုံးဖြင့် ရောက်လာသည်။

''ဟေ့ မင်းအားလား။ အားတယ်ဆိုရင် ဆိုင်ကို ငါနဲ့အတူတူ ခဏလောက်လိုက်ခဲ့ပေးပါလား''

''ဘာလို့လဲ''

''မင်းအရင် တစ်ခေါက်က ငါ့ကို ကြက်ဥလက်ဖက်ရည်ချက်နည်း ရောင်းခဲ့တယ်လေ။ ဆိုင်မှာ ချက်နည်းအတိုင်း ကြက်ဥလက်ဖက်ရည် စမ်းလုပ်ကြည့်ထားတယ်။ ရောင်းဖို့တော့ မထုတ်ရသေးဘူး။ အဲ့ဒါ မင်းလိုက်မြည်းကြည့်ပေးပါလားလို့ ပြောတာ''

''အိုး အဲ့ဒါလား။ ကောင်းပြီ ဒါဆို မြန်မြန်သွားကြမယ်လေ။ ဒါမှ ညနေမစောင်းခင် ပြန်လာလို့ရမှာ''

ထို့နောက် နျဲ့ပုဖန်နှင့် ကျန်းကျွင်းရှီတို့ ရွာမှ ထွက်သွားခဲ့၏။

ထိုအချိန်မှာပဲ လီယီသည်လည်း စုချိန်ယိ အိမ်သို့သွားပြီး စုချန်းယိ၏ တံခါးကိုဖွင့်ဝင်ကာ တံခါး၌  မည်သူမျှ ဝင်မလာစေရန် မနှောက်ယှက်ရ အမှတ်အသား ပြထားလိုက်သည်။

ကျန်းကျွင်းရှီနှင့် နျဲ့ပုဖန်တို့ ကျန်းစားသောက်ဆိုင်သို့ ရောက်လာကြသည်။
ဆိုင်မှ ရှောင်းအာက ကြက်ဥ လက်ဖက်ရည်တစ်အိုးနှင့် ဝိုင်အိုး အပါအဝင် အခြားအရံဟင်းပွဲများကို ကျန်းကျွင်းရှီ၏ အခန်းထဲသို့ လာချပေးသွားသည်။

''ဘယ်လိုလဲ။ အရသာရှိလား''
ကျန်းကျွင်းရှီက မေးသည်။

''အင်း၊ ငါချက်တာထက်တောင် အများကြီး ပိုကောင်းသေးတယ်'' ဟု နျဲ့ပုဖန် ခေါင်းညိတ်လျှက်ထောက်ခံသည်။
ကျန်းကျွင်းရှီ ပြုံးလိုက်သည်။
''အဲ့ဒါ ဧည့်သည်တွေ ပိုခံတွင်းတွေ့အောင် ပါဝင်ပစ္စည်းတွေ ထပ်ထည့်ထားတာလေ''

ထို့နောက် ၎င်းတို့နှစ်ယောက် ဝိုင်ခွက်တွေကို ခွက်ချင်းတိုက်ကြရင် လွတ်လွတ်လပ်လပ် ပြောကြ၊ ဆိုကြ၊ စားကြ၊ သောက်ကြသည်။

ဤသို့ဖြင့် ဝိုင်သောက်ရင်း ညဘက်သို့ ရောက်ရှိလာလေ၏။ ပြတင်းပေါက်၏ အပြင်ဘက်ကောင်းကင်၌ ကြယ်အမှုန်အဝါး အစက်ပျောက်များကို မြင်နေရသည်။ လမ်းမ၌လည်း လူအသွားအလာ ကျဲပါးနေချေပြီ။

''မင်းဒီမှာပဲ ညအိပ်လိုက်ပါတော့လား"
ကျန်းကျွင်းရှီက အကြံပြုသည်။
နျဲ့ပုဖန်လည်း မူးဝေနေသော မျက်လုံးများဖြင့် ပြတင်းပေါက်သို့ လှမ်းကြည့်ပြီးနောက် ဝေဝေဝါးဝါးဖြင့် သဘောတူလိုက်သည်။

နျဲ့ပုဖန် သဘောတူလိုက်သည်နှင့် ကျန်းကျွင်းရှီ၏ မျက်လုံးများမှာလည်း တောက်ပသွားလေသည်။ထို့နောက် အပြင်သို့ထွက်ကာ အစေခံများကို ရေချိုးဖို့ ပြင်ခိုင်းလိုက်သည်။

ထိုအခါ လူနှစ်ယောက်ဝင်ဆံ့သည့် သစ်သားရေစည်ကြီးသည် ရေချိုးကန်ထဲတွင် အဆင်သင့်ဖြစ်နေ၏။ ၎င်းမှာ နျဲ့ပုဖန် ရွာက လူလေးငါးယောက် ဝင်စိမ်လို့ရသော ရေချိုးကန်လောက် မကောင်းသော်လည်း လူနှစ်ကိုယ်စာတော့ အသာလေး ဝင်ဆံ့သေးသည်။

နျဲ့ပုဖန်သည် အဝတ်အစားတွေချွတ်ရင်း ရေချိုးခန်းထဲသို့ ဝင်လာ၏။ ကျန်းကျွင်းရှီလည်း ရေချိုးကန်ထဲမှာ ရှိနှင့်နေပြီ ဖြစ်သည်။ ရုတ်တရက် နျဲ့ပုဖန် အင်္ကျီထဲမှ ကြက်ဥလေးတစ်လုံး ထွက်ကျလာသည်ကို တွေ့သောအခါ ကမန်းကတန်း ဖမ်း၍ ရေချိုးကန်ဘေးနားက စားပွဲပေါ်မှာ သူ့အဝတ်အစားများနှင့်အတူ တင်ထားပေးလိုက်သည်။

နျဲ့ပုဖန်သည် မူးမူးရူးရူးဖြင့် ရေမြင်သည်နှင့် သူ့ရွာက ရေကန်ဟုထင်ကာ ရေထဲသို့ အရှိန်ဖြင့် ခုန်ချလိုက်၏။ ကျန်းကျွင်းရှီသာ သူ့ကို အမြန်မဖမ်းလိုက်ဘူးဆိုလျှင် ဤနေရာ၌ မုန်တိုင်း ဖြစ်သွားပေလိမ့်မည်။
ရင်ခွင်ထဲ ရောက်လာသော နျဲ့ပုဖန်ကို ကျန်းကျွင်းရှီက တုံနိဘာဝေ မျက်နှာထားဖြင့် ကြည့်လိုက်၏။ ထို့နောက် စိတ်မထိန်းနိုင်တော့ပဲ ပါးပြင်တွေကို နမ်းရှိုက်ကာ ရေထဲသို့ ဆွဲချ၍ တင်းတင်းဖက်ထားလိုက်သည်။ ဤသို့ဖြင့် အဝတ်ဗလာ ခန္ဓာကိုယ်နှစ်ခုမှာ ပူးကပ်သွားလေသည်။

''မရည်ရွယ်ပါဘူးကွာ''
နမ်းပြီးကာမှ ကျန်းကျွင်းရှီဟာ တီးတိုးပြန်တောင်းပန်သည်။

ဘာမှမသိအောင် မူးနေသော နျဲ့ပုဖန်မှာတော့ ကိုယ့်လက်မောင်းလေးကိုယ် ပွတ်ကာ  ..
''ကျန်းကျွင်း၊ ငါ ခေါင်းကိုက်တယ်'' ဟုရေရွတ်၏။

''ဘာမှမဖြစ်ပါဘူး။ ပြီးရင် သက်သာသွားမှာပါ''

ကျန်းကျွင်းရှီက သဘက်စောင်တစ်ထည်ယူလိုက်ပြီး နျဲ့ပုဖန်ကို သုတ်ပေးမလို့ လုပ်ပေမယ့် နျဲ့ပုဖန်သည် အငြိမ်မနေပဲ ခန္ဓာကိုယ်ချင်းပွတ်တိုက်၍ တွန့်လိမ်ခွေခေါက်ကာ ပါးစပ်လာရာ သီချင်းတွေအော်ဆိုလိုက် ငိုလိုက်ရယ်လိုက် လုပ်ပြန်သည်။
နျဲ့ပုဖန်၏ ပွတ်တိုက်မှုများကြောင့် ကျန်းကျွင်းရှီမှာ ဆန္ဒတွေ ဖြစ်လာရ၏။

''မင်း အဲ့လို ထူးထူးဆန်းဆန်းတွေ ဆက်လုပ်နေမယ်ဆိုရင် ငါ့ကိုယ့်ငါ ထိန်းနိုင်မှာ မဟုတ်တော့ဘူး''
ကျန်းကျွင်းရှီက သတိပေးကာ တားသည်။

သို့သော် နျဲ့ပုဖန်သည် ကျန်းကျွင်းရှီအပေါ် တောင့်တောင့်ကြီးထိုင်ကာ မျက်နှာတည်တည်ဖြင့် သူ့အောက်ပိုင်းကို သူထိုးပြရင်း ပြော၏။

''ငါမနေနိုင်တော့ဘူး။ ငါဆက်ပြီး မခံစားနိုင်တော့ဘူး''

''.......''
ဟုတ်ပြီ၊ ဒါမင်းပြောတာ။

ကျန်းကျွင်းရှီသည် နျဲ့ပုဖန်ကို စူးစူးရဲရဲစိုက်ကြည့်ကာ ရေချိုးကန်၏ နံရံဆီသို့ အားဖြင့် ဆောင့်တွန်းလိုက်ပြီး နှုတ်ခမ်းများကို တရှိုက်မက်မက် ဖိကပ်နမ်းရှိုက်လေတော့သည်။

''အင်း ဟင်း...''
နျဲ့ပုဖန်၏ မျက်လုံးများမှာ ပိုမိုလေးလံဝေဝါးလာကာ ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ပါပဲ ကျန်းကျွင်းရှီကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားမိလျှက်သား ဖြစ်နေ၏။
၎င်းတို့နှစ်ဦးသားသည် ရေချိုးကန်အတွင်းတွင်တစ်ယောက်နှင့် တစ်ယောက် တင်းကျပ်စွာ ပူးကပ်ဆွဲငင်နေကြရင်း ရေချိုးကန်အတွင်းရှိ ရေများမှာ  မီးပွင့်မတတ် လှိုင်းထန်နေ၏။
ကျန်းကျွင်းရှီသည် နျဲ့ပုဖန်နှင့် နှုတ်ခမ်းချင်းခွာ လိုက်သောအခါ၌ နှစ်ယောက်သား ဖလှယ်ထားသော တံတွေးစလေးသည် နှုတ်ခမ်းနှစ်ခုကြား၌ ငွေချည်မျှင်ပမာ သွယ်တန်းလျှက် ဖြစ်နေသည်။
ထို့နောက် ကျန်းကျွင်းရှီသည် နျဲ့ပုဖန်၏ မေးစေ့မှ လည်တိုင် ညှပ်ရိုးများ၊ ပုခုံးသားများမှတဆင့် ရင်ညွန့်ဆီသို့ တဖြေးဖြေးအောက်သို့ ဆင်းကာ နမ်းလာလိုက်၏။ ထို့နောက် ခါးကို စွေ့ကနဲပင့်မကာ  ရင်ဘတ်ရှိ ချယ်ရီသီးရဲရဲလေးများကို ဖိနမ်းလိုက်စုပ်လိုက်လုပ်သည်။

''အား၊ ကျန်းကျွင်း...''

နျဲ့ပုဖန်၏ စိတ်အစဥ်သည် ရှုပ်ထွေးဝေဝါးနေသော်လည်း သူ၏ ခန္ဓာကိုယ်အနှံ့က လှုံ့ဆော်မှုတို့ကြောင့် ရင်ခုန်သံများ မြန်ဆန်ကာ နီနီရဲရဲ ခရမ်းချဥ်သီး တစ်လုံးသဖွယ် ဖြစ်နေသည်။
ကျန်းကျွင်းရှီသည် ဘာစကားမှပြောမနေပဲ နျဲ့ပုဖန်ကို ရေကန်ထဲမှဆွဲထုတ်ကာ နံဘေးရှိ ဖျင်ဖျာပေါ်တွင် လှဲလျှက်သားလေး တင်ထားလိုက်သည်။

''ဒီညတော့ မင်းကို ငါပိုင်တယ်'' ဟု ကျန်းကျွင်းရှီက ဆိုပြီး နျဲ့ပုဖန်၏ ပေါင်ကြားသို့ဝင်ကာ သူ၏ လက်များဖြင့် နျဲ့ပုဖန်အား ပူနွေးစေ၏။

နျဲ့ပုဖန်သည် ကမ်းစပ်ပေါ်တွင် သောင်တင်နေသော ငါးလေးပမာ ခြောက်သွေ့ပူနွေးကာ အသက် အလုအယက် ရှုနေရရှာသည်။
၎င်း၏ တံငါသည် ကျန်းကျွင်းရှီကတော့ ငါးကလေးကို စိတ်တိုင်းကျ ခြယ်လှယ် စားသုံးနေလေ၏။

''အား...မလုပ်ပါနဲ့..."

ကျန်းကျွင်းရှီက သူ့ထဲသို့ ဝင်ရောက်တော့မည့်ဆဲဆဲတွင် နျဲ့ပုဖန်သည် အထိတ်တလန့်ဖြင့် ကျန်းကျွင်းရှီ၏ ဝမ်းဗိုက်ကို ကန်ကာတား၏။
ကျန်းကျွင်းရှီက နျဲ့ပုဖန်၏ ခြေထောက်ကို အသာဖယ်လိုက်ပြီး နူးညံ့စွာဆိုသည်။

''မကြောက်ပါနဲ့။ ငါ့တို့အတွက် ပထမဆုံးအကြိမ်ဆိုပေမယ့် ညင်သာမှာပါ''

''ပထမဆုံးအကြိမ် မဟုတ်တော့ဘူး။ ပထမဆုံး မဟုတ်တော့ဘူး။ ယောကျာ်းတွေက ငါ့အပေါ် ဘာလို့ ဒီလိုလုပ်နေကြတာလဲ''

နျဲ့ပုဖန်က အလန့်တကြား ငြင်းဆန်နေ၏။

''အိုး၊ ဒါဆို မင်းက လီယီနဲ့လည်း အိပ်ပြီးသွားပြီလို့ပြောချင်တာလား''

ကျန်ကျွင်းရှီ စိတ်တိုသွားကာ နျဲ့ပုဖန်၏ ပုခုံးကိုကိုက်၍ အထဲသို့ စောင့်သွင်းလိုက်၏။
နျဲ့ပုဖန်က လက်မခံပဲ ၎င်းဝင်မရအောင် ညှစ်ထားသည်။

''အထင်မမှားနဲ့။ အဲ့ဒါက မတော်တဆဖြစ်သွားတဲ့ အမှားတစ်ခုပါ''

''အိုး တကယ်လား''
ကျန်းကျွင်းရှီက မချိပြုံး, ပြုံးလိုက်သည်။
''အခု ငါတို့လည်း မတော်တဆအမှားပဲလေ။ မင်းလည်း သေရေမူးနေတယ်။ ငါလည်းမူးနေတယ်လေ''

''....ငါမူးနေရင် မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်သွားလိမ့်မယ်''

''ပိုကောင်းတာပေါ့''

ကျန်းကျွင်းရှီအောက်တွင် အားစိုက်လိုက်သောကြောင့် အနည်းငယ် ပိုဝင်သွား၏။

နျဲ့ပုဖန်သည် ကြမ်းပြင်၌ သူ၏ တံတောင်နှစ်ဖက်ဖြင့် ထောက်၍ထထိုင်ကာ ကျန်းကျွင်းရှီ၏ လက်မှရုန်းနိင်အောင် ကြိုးစား၏။ သို့သော် အချည်းနီးသာ ဖြစ်လေသည်။
ခန္ဓာကိုယ်နှစ်ခုဟာ ယှက်နွယ်မြဲအတိုင်း ရှေ့တိုး နောက်ဆုတ် ယှက်နွယ်လျှက် ရှိနေသည်။

နျဲ့ပုဖန်မှာ အားနည်းလာပြီး ကျန်းကျွင်းရှီအားအသနားခံသော မျက်ဝန်းများဖြင့်သာ ကြည့်နေနိုင်တော့သည်။
ကျန်းကျွင်းရှီသည် အမြဲနူးညံ့သိမ်မွေ့သူ ဖြစ်ပါသော်လည်း ယခုတွင် နျဲ့ပုဖန်အား တစ်စက်ကလေးမှ ကြင်ကြင်နာနာ မဆက်ဆံပေ။ ထို့နောက် သူသည် နျဲ့ပုဖန်ထဲသို့ ပိုဝင်နိုင်စေရန် နျဲ့ပုဖန်၏ အားအားထိန်းမ၍ မတ်တပ်ရပ်ဖို့ ကြိုးစားလေသည်။
ဤသို့ဖြင့် အဆုံးထိ တိုးဝင်သွားသောအခါ နျဲ့ပုဖန်မှာ နာကျင်စွာ အော်ဟစ်လေသည်။

''အားး ... နာတယ်''

တကယ်တမ်းတွင် ကျန်းကျွင်းရှိသည် အလွန်စိတ်လှုပ်ရှားကာ ရင်ခုန်သံများအတိုင်း မသိမြန်နေခဲ့သည်။ နျဲ့ပုဖန်အထဲသို့ အပြီးအပိုင် ဝင်ရောက်လိုက်နိုင်သည့်အခါမှာတော့ နိဗ္ဗာန်နှင့်တူသော ခံစားချက်က သူ့ကို အံ့အားသင့်စေသည်။
သာယာမှုကို တဖြေးဖြေး ပိုခံစားလာရသည်။
ခံစားချက်တွေ အရမ်းပြင်းထန်လာသည့်နောက်မှာတော့ နှစ်ယောက်သား ထပ်တူကျသွားခဲ့၏။
နှစ်ယောက်သား အကြည့်ချင်းဆုံသောအခါတွင် ပြင်းထန်သော လှိုင်းလုံးများ ပေါက်ကွဲတော့မည်ကဲ့သို့ ခံစားလိုက်ကြရ၏။
နောက်ဆုံး၌ နျဲ့ပုဖန်သည် ဖျက်စီးပြီးရင် ဖျက်စီးခံခဲ့ရပြီး သူသည် စစ်မှန်သော ယောကျ်ားတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်တော့မည် မဟုတ်ဟု တွေးရင်း ယူကြုံးမရ ဖြစ်နေမိသည်။
သို့ရာတွင် အားမတန်၍ မာန်လျော့ကာ တစ်ဖက်လူနှင့် လိုက်လျောညီထွေနေပေးခဲ့သည်။

''ဟမ်း....''
နျဲ့ပုဖန် နက်နက်နည်းနည်း အော်ဟစ်ညီးတွားလိုက်၏။

''တိတ်တိတ်နေ၊ နံရံမှာ နားတွေရှိတယ်''
ကျန်းကျွင်းရှီက နားနားကပ်ကာ သတိပေးသည်။

''အမ်း...ဟမ်း...''
နျဲ့ပုဖန်က မလုပ်နဲ့ဆို ပိုလုပ်သည်။
ကျန်းကျွင်းရှီလည်း အတင်းဖိနမ်းလိုက်ပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပစ်လိုက်၏။ ထို့ကြောင့် နျဲ့ပုဖန် မျက်လုံးပြူးကာ ပါးများ နီမြန်းသွားသည်။
ထိုအခါ ကျန်းကျွင်းရှီ၏ မျက်လုံးထဲ၌ အပြုံးတစ်စုံပေါ်ထွက်လာကာ လှုပ်ရှားမှုများကိုလည်း ပြန်ညှင်သာလိုက်သည်။

ဤသို့ဖြင့် နှစ်ယောက်သား လူးလွန့်ယှက်နွယ်ကြရင်း ညည်းတွားမိန်းမောသံများ ဆက်ယှက်သံများသည် ပတ်ဝန်းကျင်၌ ပျံနှံ့ထွက်ပေါ်နေလေတော့သည်။
ထိုညသည် ညတာရှည်သော ညတစ်ည ဖြစ်ခဲ့လေသည်။
နောက်တစ်နေ့နံနက်ခင်း၌ နျဲ့ပုဖန် ခေါင်းကိုက်လျှက် နိုးလာခဲ့၏။ သူသည် အားအင်ချိနဲ့ ပင်ပန်းမှုကို ခံစားလိုက်ရသည်။
ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ကျန်းကျွင်းရှီ ပေးခဲ့သောအမှတ်အသားအရာများဖြင့် ပြည့်နေပြီး အဓိကအစိတ်အပိုင်းများမှာ စပ်ဖျင်းဖျင်းဖြစ်နေတာက လွဲလို့ အရင်တစ်ခေါက်လောက် နာကျင်မှု မရှိတော့ပေ။
ပထမအကြိမ်တွင် လီယီသည် ဆိုးဝါးသော နည်းလမ်းကိုသုံးခဲ့သည်။ နျဲ့ပုဖန် အရက်မူးနေတာကို အခွင့်အကောင်းယူကာ လီယီက အဓ္ဓမပြုကျင့်ခဲ့သည်။
သို့သော် ကျန်းကျွင်းရှီ၏ နည်းလမ်းမှာ ပို၍ ရက်စက်လေသည်။ အစပိုင်းတွင် အေးအေးဆေးဆေး သေရေသောက်လိုက်အစာစားလိုက်အေးအေး နေခဲ့သော်လည်း မူးလာပြီးနောက်မှာ အသာတကြည် အခွင့်ရေးယူခဲ့လေသည်။
ယခုအချိန်တွင် နျဲ့ပုဖန်သည် မည်မျှ ဥာဏ်နီဥာဏ်နက်များသူဖြစ်နေပါစေ သူသည် တစ်ပါး ယောကျ်ားသား၏ စားသုံးမှုကို ပျော်ရွှင်စွာခံခဲ့ပြီး ဖြစ်ပါသည်။
ကျန်းကျွင်းရှီသည် ပြုံးလျှက် အိပ်ခန်းထဲသို့ ဝင်လာခဲ့၏။ နျဲ့ပုဖန်လည်း ပြန်ပြုံးပြသည်။

''မင်း ခန္ဓာကိုယ် နာနေသေးလား''
ကျန်းကျွင်းရှီသည် ကုတင်ထောင့်စွန်းတွင် ထိုင်ကာ နျဲ့ပုဖန်၏ လက်လေးအား ဆုပ်ကိုင်၍ နူးညံ့စွာမေး၏။
''မင်း ထပ်အနားယူပြီး အိပ်နေချင်သေးလား''

''ဟင့်အင်း။ မအိပ်တော့ဘူး''
နျဲ့ပုဖန်သည် သူ့လက်ကို ပြန်ရုတ်ကာ အကြောက်အကန် ငြင်း၏။
''ငါ့က အဲ့လောက် ပျော့ညံ့တဲ့သူလို့ ထင်နေလား။ မင်းနဲ့ တစ်ညလောက် နေပြီးတာနဲ့ အားကိုးရာမဲ့သွားပြီ ထင်နေလား''

ထိုအခါ ကျန်းကျွင်းရှီသည် ပြုံး၍ နျဲ့ပုဖန်ကို စူးစူးစိုက်စိုက်ကြည့်ကာ ''ဒါဆို နောက်ညတွေပါ ဆက်နေပေးရမယ်နဲ့ တူတယ်'' ဟု ရွဲ့ပြောလိုက်သည်။

နျဲ့ပုဖန်က သက်ပြင်းချကာ ခေါင်းငိုက်စိုက်ချလျှက် ဆိုသည်။
''ကျန်းကျွင်း၊ မင်းရော ငါရော မူးနေလို့ ဒီလိုမျိုးမမျှော်လင့်ထားတဲ့ကိစ္စတွေ ဆိုးဆိုးဝါးဝါး ဖြစ်သွားတာပဲ။ ငါတို့ ဒါတွေကို မဖြစ်ခဲ့သလိုပဲ ထားလိုက်ရအောင်''

''ဟမ်...''
ကျန်းကျွင်းရှီသည် မေးစေ့ကို ပွတ်လျှက် ခတ္တစဥ်းစား၏။
''ဒါဆို ငါတို့မူးနေတုန်း တစ်ခါလုပ်ကြတယ်။ နောက်တစ်ခါ ထပ်လုပ်ပြီးမှ မေ့လိုက်ကြရင် ရောဘယ်လိုလဲ''

နျဲ့ပုဖန်သည် ပြောစရာစကားပျောက်ရှသွားပြီး ကျန်းကျွင်းရှီကို မျက်လုံးအပြူးသားဖြင့်သာ ကြည့်လိုက်သည်။

''ကျန်းကျွင်း၊ မင်းက ကျန်းကျွင်း ဟုတ်ရောဟုတ်ရဲ့လား။ ငါ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ ညီအစ်ကိုကျန်းကျွင်း ဟုတ်တယ်မလား''

''ဟုတ်ပါတယ်''
ကျန်းကျွင်းရှီသည် သူအမြဲပြုံးနေကျအတိုင်း ညင်သာစွာပြုံး၏။

''ဘာမှသိပ်မတွေးပါနဲ့။ ငါအဆုံးထိ တာဝန်ယူမှာပါ''

''မင်း ငါ့ကို ဘာတာဝန်မှ ယူဖို့မလိုဘူး''
နျဲ့ပုဖန် ထိတ်ထိတ်ပြာပြာ ငြင်းဆိုလိုက်၏။
''ငါက ဇနီးသည်တစ်ယောက်နဲ့ လက်ထပ်ပြီး ကလေးတွေမွေးဦးမှာ။ ငါ အသက်ကြီးလာရင် ငါ့နေရာကို ဆက်ခံဖို့အတွက် ကလေးတွေ မွေးရဦးမှာ''

သို့သော် ကျန်းကျွင်းရှီက နျဲ့ပုဖန်၏ နဖူးကို ပုတ်ကာ ပြောလိုက်၏။

''စိတ်ကူးယဥ်နေတာတွေ လျော့ဦး''

''........''

''ကောင်းပြီး။ အရင် မင်း လန်းဆန်းသွားအောင် ရေချိုးဖို့ ရေနွေးပြင်ခိုင်းထားလိုက်မယ်။ ပြီးရင် နံနက်စာ အတူတူစားကြတာပေါ့''

ကျန်းကျွင်းရှီသည် နျဲ့ပုဖန်၏နဖူးကို ဖြတ်ကနဲ နမ်းကာ ထွက်သွားလေသည်။

သည့်နောက်တွင် နျဲ့ပုဖန်တစ်ယောက် ဝံပုလွေ တစ်ကောင်လို အော်ဟစ်မြည်တမ်းလျှက် အိပ်ရာပေါ် လူးလွန့်နေတော့သည်။
အရင်တစ်ခါ လီယီက သူ့အပေါ် ကျူးလွန်ခဲ့ပေမယ့်  ကျန်းကျွင်းရှီ ကတော့ ဒါမျိုးလုပ်လိမ့်မယ် မထင်ထားခဲ့။

နေပါဦး၊ ဒါ မဟုတ်သေးဘူး ...
နျဲ့ပုဖန် ငေါက်ကနဲ ထထိုင်လိုက်သည်။
ဝမ်ရှင်းချန်ကရော သူ့ကို ဘာလို့ လာမကယ်တာလဲ။ သူ ဒုက္ခရောက်နေတဲ့အချိန်မှာ အဲ့ဒီလူက ဘယ်မှာ အစားအသောက်တွေ သွားခိုးစားနေပြန်ပြီလဲ။   ၎င်းက လီယီကိုပဲ သတိထားနေလို့ ကျန်းကျွင်းရှီကို မကြည့်မိတာလား။ 
ညဘက် စောင့်ရှောက်ပေးရမယ်ဆိုတာကို သူ မလိုက်နာဘူးလား။

နျဲ့ပုဖန် ဘေးပတ်ဝန်းကျင်ကို သတိထား၍ လှည့်ပတ်ကြည့်၏။ မသင်္ကာစရာ အရိပ်အရောင် မတွေ့ရ၊ ဝမ်ရှင်းချန် သူ့နောက်ကို လိုက်မလာသည်မှာ သေချာပါပြီ။
နျဲ့ပုဖန် မေ့နေသည်မှာ သူနှင့် ဝမ်ရှင်းချန်သဘောတူထားသည့်ကိစ္စသည် ရွာထဲမှာ ကာကွယ်ပေးရန်သာ ဖြစ်သည်။ ဝမ်ရှင်းချန်က ပြောသည့် အတိုင်းတသွေမသိမ်း လုပ်နိုင်လွန်းပေသည်။

ထို့နောက် ဒေါသတကြီးဖြင့် နျဲ့ပုဖန်သည် ရွာသို့ ပြန်ရောက်လျှင် ၎င်းကျမ်းစာတွေကို ချီးကုန်းစက္ကူ လုပ်ပစ်ဖို့ စဥ်းစားထားသည်။

ထိုအခိုက်အတန့်မှာပဲ တစ်ခုခုကွဲအပ်သည့်အသံကို နျဲ့ပုဖန် ကြားလိုက်ရ၏။
နျဲ့ပုဖန်သည် အသံလာရာကို ရှာကြည့်လိုက်ရာ  စားပွဲခုံပေါ်တွင် ကြက်ဥခွံလေး အက်ကွဲနေသည်ကို တွေ့လိုက်ရ၏။

သူ အံ့သြစွာအနားသို့ တိုးကြည့်ရင်း ရေရွတ်မိသည်။
''မင်းက ဒီလိုလည်း အကောင်ပေါက်လာတာပဲလား''

ကြက်များသည် အကောင်ပေါက်ရန် မခက်သော်လည်း အပူချိန်က အရေးကြီးပေသည်။ အပူချိန် ၂၀ ဒီဂရီအောက်တွင် အကောင်ပေါက်နိုင်မည် မဟုတ်။
သို့သော် ဤအခြေအနေတွင် ကြက်ဥခွံလေးများမှာ အက်ကွဲလျှက် ရှိနေသည်။
နျဲ့ပုဖန်သည် ကြက်ဥ၏ ပြောင်းလဲမှုကို မျက်လုံးဖြင့် သေချာအာရုံစိုက်ကာ ကြည့်နေသည်။ ကြက်ဥခွံများ တဖြေးဖြေး ကွာကျလာသည်နှင့်အမျှ အတွင်းမှ နူးညံ့သော အမွှေးလေးများ ထွက်ပေါ်လာတော့သည်။

ဒါ မျောက်တစ်ကောင်ဖြစ်နေသည်။ ကြက်ဥကနေ ပေါက်လာတဲ့မျောက်။

နျဲ့ပုဖန် အံ့သြသွားသည်။
ကျီဝေါရွာသည် ထူးဆန်းသော လှည့်စားမှုများ တည်ရှိသောနေရာ ဖြစ်ပေသည်။

နောက်တစ်ချက်အနေဖြင့် ကြက်သိုက်ရွာရှိ မျိုးအောင် ကြက်ဥများရွာအပြင်၌ ပေါက်သောအခါတွင် သားပေါက်ကောင်သည် မိခင်၏ မူလအသွင်အတိုင်း ပြန်လည်ရရှိလာမည် ဖြစ်သည်။
သို့ရာတွင် ၎င်းရွာအပြင်မှာ မွေးဖွားသော သားပေါက်ကောင်များသည် ကြက်သိုက်ရွာသို့ ပြန်ရောက်သောအခါမှာလည်း ကြက်ပြန်ဖြစ်လာတော့မည် မဟုတ်တော့ပေတကား။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now