Chapter 109

1.1K 121 1
                                    

Chapter - 109
စုချန်းယီ


ကြက်သိုက်ရွာမှ တော်ဝင် စံအိမ်တော်သို့ ပြန်ရောက်လာသည့် နောက်တွင် စုချန်းယီ သည် အရာအားလုံး အဓိပ္ပါယ်မဲ့သွားသလို ခံစားခဲ့ရသည်။  မြို့တော်၏ စည်ကား သိုက်မြိုက်မှု၊ ကြီးကျယ်ခမ်းနားသော လူနေမှု၊ ကျေးကျွန်များနှင့် ဂုဏ်ကျက်သရေ အမျိုးမျိုးတို့မှာလည်း သူ့အတွက် ဘာမှ အရေးမပါတော့သလို ခံစားနေရ၏။ ထို့အပြင် တစ်ချိန်က သူ နှစ်သက်ခဲ့သော မောင်းမ မိဿံများသည်လည်း သူ၏ စိတ်ဝင်စားမှုကို မနှိုးဆွနိုင်တော့ပေ။

နျဲ့ပုဖန်နှင့် အတူတူ နေပြီးသည့် နောက်တွင် သူ၌ ကြီးမားသော ပြောင်းလဲမှု တစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ သူ ကိုယ်တိုင်က ထိုပြောင်းလဲမှုကို ငြင်းဆန်နေပေမယ့်လည်း၊ ထို့ကြောင့် သူသည် အိပ်ရာပေါ်က ကိစ္စများကို ပြုလုပ်ရန် ကျွန်များ တိတ်တဆိတ်ဝယ်ယူခဲ့၏။

မိန်းမလှလေးများကို ချစ်မြတ်နှိုးသော တော်ဝင်မင်းသားလေးသည် ခရီးထွက်ပြီးနောက် ယောကျ်ားများအပေါ် ဘာအတွက်ကြောင့် စိတ်ဝင်စားလာသည်ကိုတော့ မည်သူမှ မသိကြပေ။
ထို့ကြောင့် သူ၏ ယခင် မောင်းမ မိသာန်တို့က သူ့အိပ်ရာပေါ် တတ်ရန် ကြိုးစားကြသေးသည်။

ဒါပေမယ့် စုချန်းယီ က ကျွန် ယောက်ျား တစ်ယောက်ကို အိပ်ခန်းထဲ လာဖို့ ဆင့်ခေါ်လိုက်တဲ့နောက်မှာတော့ ဘယ်အမျိုးသမီးမှ သူ့ အိပ်ရာပေါ်တတ်ဖို့ အကြံအစည်ကို မရရှိခဲ့ကြတော့ပေ။

ပထမနေ့တွင် သူက ကျွန် ယောကျ်ား တစ်ယောက်ကို ခေါ်လိုက်သည်။

"ဒီကိုလာခဲ့" စုချန်းယီက ကုတင်ပေါ် မှီလျှက် ထိုကျွန်ငယ်ကို လက်ညိုးထိုး၍ ခေါ် လိုက်သည်။  ထိုသူငယ်သည် အနက်ရောင် ၀တ်စုံရှည်ကို ၀တ်ဆင်ထားပြီး ဆံပင်များ ဖားယားချကာ အင်္ကျီ ရင်ဘတ်ကို ဖွင့်ဟလျှက် သန်မာသော ရင်ဘတ် ကြွက်သားများကို ပေါ်လွင်စေသည်။ ထိုသူ၏ ရုပ်ရည်မှာ အထက်တန်းကျပြီး ညှို့ငင် ဆွဲဆောင်မှု ရှိလှသည်။

သို့ရာတွင် ထိုလူငယ်လေးသည် မျက်ရည်များ ဝဲကာ နှလုံးခုန်သံ မြန်လျှက် စုချန်းယီ အနီး ကပ်လာခဲ့သည်။

စုချန်းယီ က သူ့ မေးစေ့ကို လက်ညိုးနဲ့ ပင့်လိုက်ပြီး "မင်း အသက် ဘယ်လောက်ရှိပြီလဲ" ဟု ပျင်းရိစွာ မေးသည်။

''အရှင် မင်းသားကို လျှောက်တင်ပါတယ်။ ဒီကျွန်က အသက် ၁၅ နှစ်ပါ''

"၁၅ နှစ်ပဲ ရှိသေးတာလား။ ဒါဆို မင်းကို ဘာကြောင့် မင်း အိမ်က ရောင်းစားလိုက်တာလဲ''

"အရှင်မင်းသားကို ပြန်ဖြေပါရစေ။ ဒီကျွန်ရဲ့ မိသားစုက ဆင်းရဲပါတယ်၊ ကျွန်တော့်ရှေ့မှာ အကိုကြီးတစ်ယောက်၊ ကျွန်တော့် နောက်က ညီမလေးတစ်ယောက်ရှိပါတယ်၊ ဒါ့အပြင် မိသားစုကတော့ လူတွေ အများကြီး ရှိတဲ့အတွက် ထမင်းနပ်မှန်မှန် စားဖို့တောင် အနိုင်နိုင် ဖြစ်နေရပါတယ်''

''ထမင်းနပ်မှန်အောင်တောင် မစားနိုင်ဘူးတဲ့လား? ဒီနေ့ခေတ်လို တိုင်းပြည်ကြီးစည်ပင် သာယာ ဝပြောတဲ့ခေတ်မှာ မိသားစုရဲ့ကျန်းမာကြံ့ခိုင်တဲ့ယောကျ်ားသားတိုင်းအတွင် ဧကရာဇ်မင်းတရားကြီးက အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးဖွင့်လှစ်ပေးထားတယ်လေ၊ ဒါကိုဘာကြောင့်ထမင်း ငတ်ရမှာလဲ''

''အရှင် မင်းသားကို ဖြေပါရစေ၊ ဒီကျွန်ဟာ ရုပ်ပိုင်းဆိုင်ရာ အားနည်းတဲ့အပြင် စာလည်း မတတ်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်ကို ရောင်းတာမှ လွဲလို့ ဒီကျွန်က ဘာလုပ်ရမှန်း မသိတော့ပါဘူး”

"ဆင်ခြေ များလိုက်တာ" 
စုချန်းယီ က သူ့လက်ကို ခါလိုက်ပြီး အေးစက်စက်နဲ့ ပြောလိုက်သည်။

"မင်းရဲ့အသွင်ပြင်ကို ကြည့်တာနဲ့ ခက်ခဲ ပင်ပန်းတဲ့အလုပ်တွေ မလုပ်ဖူးဘူးဆိုတာ သိသာနေတာပဲ၊ အသားအရည်ကလည်း ချောမွေ့ပြီး ကြည်လင်နေသေးတယ်၊ မင်းက ဆင်းရဲတဲ့ မိသားစုမှာ မွေးဖွားလာတာ်ဆိုပေမယ့် ဘယ်လိုအလုပ်လုပ်ရမှန်းမသိဘဲ သက်တောင့်သက်သာနဲ့ ကျော့ကျော့မော့မော့နေခဲ့ပုံရတယ်၊ မင်းက ယောကျ်ားမှ ဟုတ်သေးရဲ့လား''

လူငယ်လေးသည် ကြောက်လန့်တကြား ဒူးထောက်ထိုင်ချလိုက်၏။ သူ့ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီနေသည်။ 

ထို့နောက် သူက တိတ်ဆိတ်စွာတွေးမိသည်။
'ဤမင်းသားသည် အလုပ်ကြမ်းများ လုပ်ကိုင်ရသော ကြမ်းတမ်းသည့် ယောကျ်ားနှင့် ချစ်ခင် စုံမက်ကာ အခက်အခဲများကို တွေ့ကြုံခံစားခဲ့ရပြီး ခိုင်မာ ပြတ်သားသော စိတ်နှလုံးကိုပိုင်ဆိုင်ထားပြီလား။ ပြောရရင် ဘာလို့များ လိင်ကျွန် ယောကျ်ားတစ်ယောက်ကို ဝယ်ယူခဲ့သေးလဲ။ လမ်းပျောက်နေတဲ့ လူငယ်ကို မှန်ကန်သော လမ်းကြောင်းပေါ်ရောက်အောင် သင်ကြား ပြသ ကူညီပေးချင်လို့လား'

စုချန်းယီသည် ကျွန် ကောင်လေးကို ပြန်ငဲ့ကြည့်မိချိန်တွင် ရင်ထဲ၌ ထိတ်ကနဲ ခံစားလိုက်ရ၏။

- "ဒီမင်းသားက မင်းကို ဒူးထောက်ခိုင်းလို့လား။ ထစမ်း၊ မတ်တပ်ရပ်"

လူငယ်သည် တုန်တုန်ယင်ယင် မတ်တပ်ရပ်လိုက်သည်။

"ဒီမင်းသားက အရမ်း ကြောက်ဖို့ကောင်းသလား။  မင်း ခေါင်းမော့ပြီး ဖြေစမ်း''

“အရှင် မင်းသားကို ဒီကျွန် မဖြေကြားဝံ့ကြောင်းပါ''

"မဖြေရဲဘူး၊ ဟုတ်လား" စုချန်းယီ သည် ထိုကောင်လေး၏ ထိတ်လန့်နေသော အမူအရာကို ကြည့်ရင်း ဒေါသ ထွက်လာ၏။

''မင်း ယောကျ်ား တစ်ယောက် ဖြစ်နေပြီးတော့များ မယားငယ်လေးလိုမျိုး တုန်လှုပ် ကြောက်လန့်နေတဲ့အသံနဲ့ 'အရှင်မင်းသားကို ဒီကျွန် မဖြေကြားဝံ့ကြောင်းပါ' ဆိုတဲ့ သိမ်ငယ်လှတဲ့ စကားကို ပြောဝံ့တယ်၊ မင်းက အဆင့်အတန်း နိမ့်ကျတယ်ဆိုတာ တမင်တကာ ဖော်ပြနေတာလား''

ကောင်လေးသည် ပို၍ပင် ထိတ်လန့် တုန်လှုပ်သွားလေသည်။

"ထွက်သွား၊ မြန်မြန် ထွက်သွားစမ်း၊ ဒီမင်းသားက မင်းကို ကြည့်ရတာ စိတ်ရှုပ်လာပြီ''
စုချန်းယီသည် စိတ်မရှည်စွာ လက်ခါပြလိုက်သည်။

ကောင်လေးသည် လွတ်ငြိမ်းချမ်းသာခွင့်ကို ရလိုက်သကဲ့သို့ တစ်စက္ကန့်ပင် ကြာအောင် ဆက်၍ မနေတော့ပဲ တုန်လှုပ် ချောက်ချားသော ခြေလှမ်းများဖြင့် နောက်ပြန်ဆုတ်သွားခဲ့သည်။

ဒုတိယနေ့တွင်၊ စုချန်းယီ သည် အခြားကျွန်ယောကျ်ား တစ်ယောက်ကို ခေါ်ယူခဲ့၏။
သူသည် ၎င်း ယောကျာ်းနှင့် ကောင်းမွန်သော စကားဝိုင်းကို ဖန်တီးချင်သော်လည်း ခြွင်းချက် မရှိပဲ ၎င်း၏ ဖော်ရွေသော၊ နှိမ့်ချသော အမူအရာများနှင့်အတူ အလိုလိုက် အကြိုက်ဆောင်သော အဖြေများကိုသာ ရရှိခဲ့သည်။ ထို့ကြောင့် စုချန်းယိလည်း ဒေါသဖြစ်လာကာ သူ့အား စိတ်မသက်မသာ ဖြစ်စေသော ထိုယောကျ်ားကို မောင်းထုတ်လိုက်ပြန်၏။

သုံးရက်မြောက် နေ့မှာလည်း ထိုနည်းတူပင်ဖြစ်သည်။

၎င်းယောကျ်ားငယ်တွေ အားလုံးဟာ ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ သူတွေ ဖြစ်ပေမယ့် သူတို့ရဲ့အတွင်းစိတ်တွေကတော့ တစ်ပုံစံတည်းတစ်သတ်မတ်ထည်း ဖြစ်နေသည်။၎င်းတို့တွင် ၎င်းတို့၏ အထူး သွင်ပြင် လက္ခဏာများ ရှိကောင်း ရှိနိုင်သော်လည်း ထိုဆွဲဆောင်မှုများကို ဖော်ထုတ်ပြရန် လုံလောက်သော အရည်အချင်းများ မရှိကြပေ။ သူတို့သည် မင်းသားတစ်ပါး၏ မျက်လုံးများကို တိုက်ရိုက် မကြည့်ဝံ့သကဲ့သို့ ၎င်းတို့၏ စိတ်ခံစားချက်များကိုလည်း မဖော်ပြဝံ့ကြပေ။ ထိုနည်းတူ မင်းသား တစ်ပါး အနားတွင် နေပြီး သဘာဝကျကျနေထိုင်က ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို ဝေမျှရန် သတ္တိရှိဖို့ဆိုသည်မှာလည်း ပို၍ပင် မဖြစ်နိုင်ပေ။

သို့သော် တစ်စုံတစ်ဦးမှာတော့ ထိုသို့သော သတ္တိရှိခဲ့သည်။ ပထမဆုံတွေ့ကတည်းက မင်းသားတစ်ပါးဖြစ်သော သူ့ကို ဘယ်တုန်းကမှ မကြောက်ခဲ့ပေ။
သူနှင့် စကားနိုင်လုခဲ့သည့်အပြင် အသေးအဖွဲလှည့်စားမှုတို့ကိုလည်း ပြုလုပ်ဝံ့၏။

စင်စစ်တွင် စုချန်းယီသည် ထိုသူ၏ အရိပ်၊ ထိုမောက်မာမှု၊ မုန်းတီးစရာ ကောင်းသော ထိုအကျင့်ပျက်သူကို လိုအပ်နေခြင်း ဖြစ်သည်။

''စုချန်းယီ မင်းကတော့ သွားပါပြီကွာ''

စုချန်းယီ က သူ့နဖူးကိုသူ ပွတ်ရင်း ညည်းညူလိုက်သည်။

အရင်က အတူတူ နေစဥ်တုန်းက ထိုယောကျ်ားဟာသူ့အတွက် အရေးမပါဘူးလို့ ပေါ့ပေါ့တန်တန် ထင်ခဲ့သည်။ ပျင်းရိသောအခါတွင် သူနှင့်အတူ ကျီဆယ် ကစားနိုင်သည့် တည်ရှိမှု တစ်ခု ဖြစ်ပြီး သူ့အတွက် ပျော်စရာ ကောင်းသော လူတစ်ယောက်အဖြစ်သာမှတ်ယူခဲ့၏။

ယခုမူ ၎င်းတို့သည် လမ်းခွဲလိုက်ကြပြီး အနာဂတ်တွင် နောက်ထပ် ဆက်သွယ်မှု ရှိတော့မှာ မဟုတ်ပေ။ သည့်နောက်တွင် ဆုံးရှုံးရမှာ ကြောက်သောစိတ်ခံစားချက်တို့က သူ့ ရင်ထဲ တိုးဝင်လာခဲ့၏။

သူ့တွင် အခြားသူများအတွက် မနာလိုဖြစ်စေပြီး ခေါင်းမော်၍ပင် မျှော်ကြည့်ရသော အဆင့်အတန်းနှင့် ကြွယ်ဝမှု ရှိသည်။  သူသည် လောကတွင် ရှိရှိသမျှ ဘုန်းအသရေနှင့် စည်းစိမ်ဥစ္စာ  အားလုံးကိုပိုင်ဆိုင်ထားရသော်လည်း နျဲ့ပုဖန်နှင့် နေခဲ့ပြီး နောက်တွင် ၎င်းဂုဏ်သရေစည်းစိမ်ဥစ္စာအားလုံးကိုစွန့်လွှတ်ကာ ပျော်ရွှင်မှုကိုသာရှာလိုသောစိတ်များဖြစ်ပေါ်နေ၏။

ဝမ်ရှင်းချန် ပြောခဲ့သလိုပဲ၊ အဲ့လူဟာ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား တည်ရှိနေတဲ့ ထူးဆန်းတဲ့ ဖြစ်တည်မှု တစ်ခု ဖြစ်ပြီး အနာဂတ်မှာလည်း သူနဲ့ တူတဲ့လူ ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်ဘူးတဲ့။

ထိုစကားရဲ့အဓိပ္ပါယ်ကို နားလည်သွားပြီးတဲ့နောက်မှာ ထိုလူကို စွန့်လွှတ်ဖို့ ဆန္ဒ လုံးဝ မရှိတော့ပေ။
ဒါပေမယ့် သူဟာ ဝမ်ရှင်းချန် နဲ့ လီရီတို့ လောက် ပြတ်ပြတ်သားသား လုပ်ဖို့လည်း မတတ်နိုင်။  တော်ဝင် မိသားစုရဲ့ မင်းသားတစ်ပါးအနေနဲ့ မျိုးနွယ်စု၏ ဂုဏ်အသရေနှင့် သိက္ခာတရားတို့အပြင် အိမ်ထောင်မှု ရေးရာကိုလည်း ထည့်သွင်း စဉ်းစားရဦးမည် ဖြစ်သည်။

"အင်း၊ ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်သလဲ''

မင်းသား တစ်ယောက်အနေနှင့်ပင် နျဲ့ပုဖန်ကို သူ့အပိုင်အဖြစ် သိမ်းယူရန် နည်းလမ်း မရှိပေ။ သို့ရာတွင် ဤ မိုက်မဲသော ကြက်မွေးမြူရေးသမားပတော့ အမှန်တကယ်ပင် ဂုဏ်သိက္ခာ ရှိသော မင်းသား တစ်ပါးကို မေ့ပစ်ထားနိုင်သည်။

စုချန်းယီ၏ ဘဝသည် စိတ်ပျက်စရာများနှင့် ပြည့်နှက်နေပြီး သူ့တာဝန်နှင့် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရသည့်တိုင် ခါးသီးသော နေ့ရက်များကိုသာ ရင်ဆိုင်နေရသည်။ သူ့အပေါ် တစ်စုံတစ်ယောက်ရဲ့လွှမ်းမိုးမှုကို မှေးမှိန်အောင် လုပ်ဖို့ အလုပ်ထဲ၌သာစိတ်နှစ်ရန် ဆုံးဖြတ်ခဲ့ပေမယ့် သက်ရောက်မှု မရှိခဲ့ချေ။

တစ်နှစ်ကျော် ကြာအောင် တောင့်ခံပြီးသည့်  နောက်ဆုံးတွင် သူ ခံနိုင်ရည် မရှိတော့ပေ။ သူ ဘာကြောင့် သည်လို ဖြစ်နေရသလဲဆိုတာ သူ ကိုယ်တိုင်ပင် မသိ။

သေချာတာကတော့ ကြက်သိုက်ရွာကို သွားနေသရွေ့ အဲ့လူကို သူ မြင်နိုင်မှာ သေချာသည်။
ထိုသူနှင့် တွေ့ပါက သူ စိတ်ဆန္ဒရှိသည့်အတိုင်း နှစ်ယောက် အတူတူ အချိန်ကုန်ဆုံး၍ ရမည်။
သည်လောက်လွယ်တဲ့ ကိစ္စကို သူ့ကိုယ်သူ ဘာကြောင့် သည်လို နှိပ်စက်နေရတာလဲ မသိတော့ပါ။

နောက်ဆုံးတော့ စုချန်းယီ ကိုယ့်ကိုယ်ကို ဝန်ခံလိုက်ရပြီ၊ သူ့လို မြင့်မြတ်တဲ့ မင်းသား တစ်ပါးရဲ့ စိတ်ဆန္ဒနဲ့ နှလုံးသားဟာ ထိုနိမ့်ကျတဲ့ ယောကျ်ားရဲ့လက်အောက်မှာ လွှမ်းမိုးခြင်းခံနေရလေပြီ။

လူ့ဘဝက တိုတောင်းလွန်းတယ်၊ ဘာကြောင့် ဆက်ပြီး တုန့်ဆိုင်းနေတော့မှာလဲ။ ဘာတွေကို ငဲ့ညှာငဲ့ကွက်နေရမှာလဲ။

သူများတွေ လျောက်တဲ့လမ်းကို သူ ဘာကြောင့် မလျောက်နိုင်ရမှာလဲ။

ဤသို့ဖြင့် စုချန်းယီ သည် သူ၏ ရုံးတော်က စာရွက်စာတန်းတွေကို စားပွဲပေါ် ပစ်ချလိုက်ပြီး
"လာကြစမ်း၊ ဒီမင်းသားရဲ့ ခရီးဆောင် အိတ်ကိုပြင်ဆင်ပေးထား မနက်ဖန် ခရီးထွက်မယ် မြင်းလှည်းလည်း ပြင်ဆင်ပေးပါ။ ဒီမင်းသားက ရှီရှန်းမြို့ကို ခရီးထွက်မယ်၊ အဲ့မှာ တစ်လခွဲလောက်နေမယ်''

ဤသို့ဖြင့် သူ ကြက်သိုက်ရွာသို့ ထပ်မံ ရောက်ရှိလာသောအခါမှာတော့ ကြက်သိုက် ကျေးရွာသည် တောရိုင်း တိရစ္ဆာန်များသာမက မုန်လာဥနီခေါင်းနဲ့ လူသေးသေးလေးတွေပါ နေရာအနှံ့လွှမ်းမိုးနေသည်ကို တွေ့လိုက်ရသည့်အတွက် အံ့သြဝမ်းသာ ဖြစ်မိလေတော့သည်။ ပြီးတော့ သူကိုယ်တိုင်လည်း ဒီရွာလေးမှာ မျိုးစေ့ချပြီး ထူးခြားတဲ့ အသီးအပွင့်လေး နှစ်ခုလောက်ကို ရိတ်သိမ်းရပေဦးမည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now