Chapter 58

1.8K 238 0
                                    

Chapter - 58
လိင်စိတ်ကြွဆေး


ဗိုက်ပြည့်အောင် စားသောက်ပြီးနောက်မှာတော့ နျဲ့ပုဖန်နှင့် အခြားသူများ မိမိတို့ သက်ဆိုင်ရာ အခန်းအသီးသီးသို့ ပြန်ခဲ့ကြ၏။

ညဘက် ကာလများသည် မြို့၏ အိုဟောင်းသောလမ်းများ၌ မီးအိမ်၊ မီးပုံးများ ထွန်းညှိထားကြသည် ဖြစ်လေရာ ခရိုင်၏ အစည်ကားဆုံး အချိန်ဖြစ်သည်။

ထိုအချိန်၌ အနက်ရောင် ဝါးဦးထုပ်ကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ရျှိန်းမြို့၏ ပြည့်တန်ဆာ အိမ်ကြီး သုံးခုထဲမှ တစ်ခု ဖြစ်သည့် ရှန်ဟဲ ဂေဟာသို့ သွားနေ၏။ သူသည် ငွေတုံး တစ်တုံးကို ပြည့်တန်ဆာအိမ် ပိုင်ရှင်ထံ တိုက်ရိုက်ပေးလိုက်ပြီး အသံတိုးတိုးဖြင့် ဆိုသည်။

''ဒီည ငါ့ သခင်ကို ပြုစုဖို့ အလှဆုံး မိန်းကလေး ပို့ပေးပါ။ ပေါင်ဖူး ခန်းမဆောင်၊ ကျန်းဇီ အခန်းနံပါတ် ၁''

ပြည့်တန်ဆာ ခေါင်းက သူ့လက်ထဲက ငွေတုံးကိုကြည့်ရင်း တုံ့ဆိုင်းသွား၏။

အနက်ရောင်ဝတ် လူက ဆိုသည်။

“ငါ့သခင်က ရက်ရောတယ်၊ ရှုပ်ရှုပ်ရှက်ရှက်တွေလုပ်လို့ကတော့ ဘာအကျိုးအမြတ်မှ ရှိမှာ မဟုတ်ဘူးနော်''

ပြည့်တန်ဆာ ခေါင်းက ထိုစကားကို ကြားတဲ့အခါ တစ်ဖက်လူကို ယုံကြည်သွား၏။ ကျန်းဇီ အခန်းနံပါတ် ၁ မှာ နေတဲ့သူ ဆိုကတည်းက ၎င်းဟာ မဆင်းရဲဘူးဆိုတာ သေချာသည်။

သူမက မေးလိုက်၏။

"မင်းရဲ့သခင်က ဘယ်လို မိန်းကလေးမျိုးကို ကြိုက်သလဲ''

"ငါတို့ သခင်က ငယ်ရွယ်ပြီး ချစ်စရာကောင်းသော မိန်းကလေးမျိုးကို မကြိုက်ဘူး၊ ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသမီးတွေကို ပိုပြီး နှစ်သက်တယ်''

အနက်ရောင်ဝတ် ထိုလူက အထူးသဖြင့် 'ရင့်ကျက်သည်' ဟူသော စကားလုံးကို အလေးပေး ဖော်ပြလိုက်၏။

ပြည့်တန်ဆာ ခေါင်းလည်း သဘောပေါက်ပြီး “စိတ်မပူပါနဲ့။ ငါ့ရဲ့ ရှန်ဟဲ ဂေဟာမှာ အိပ်ခန်းထဲက အတွေ့အကြုံရှိတဲ့ သခင်မလေးတွေ အပြည့်ပါပဲ'' လို့ ပြန်ပြောလိုက်သည်။

"တကယ်တော့ ငါ့သခင်အတွက် ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ချင်တယ်၊ ကျေးဇူးပြုပြီး အဆင်ပြေ မလား''

"ကိစ္စ မရှိပါဘူး၊ ဒီနည်းက ပိုကောင်းပါတယ်''

ပြည့်တန်ဆာ ခေါင်းက အနက်ရောင်ဝတ်လူကို ခြံဝင်း အတွင်းသို့ ပို့ဆောင်ပေးခဲ့သည်။

ခဏကြာတော့ အဲ့လူ ပြန်ထွက်လာတာကို ပြည့်တန်ဆာ ခေါင်း တွေ့လိုက်သည်။ အနက်ရောင်ဝတ်လူက ခေါင်းညိတ်ပြပြီး ...

“အင်း။ သူက ညအချိန် ၉ နာရီ၊ ၁၀နာရီ မတိုင်ခင် ရောက်ရမယ်။ နောက်မကျစေနဲ့၊ အပိုတွေလည်း မပြောရစေနဲ့''

ပြည့်တန်ဆာ ခေါင်းသည် ထိုသူ့ကို ထူးဆန်းသောအကြည့်ဖြင့် လှည့်ကြည့်နေတုန်းမှာ ၎င်းသည် ညနက်နက်အတွင်း ပျောက်ကွယ်သွားလေသည်။

ပေါင်းဖူ ခန်းမ၊ ကျန်းဇီ အမှတ် ၁။

ဝေဒီသည် အနက်ရောင်ဝတ် အစောင့်နှင့် စကားပြောနေ၏။

အနက်ရောင်ဝတ်စုံဝတ် အစောင့်က လေးလေးစားစားဖြင့် ...

“သခင်၊ ကြက်သိုက်ရွာရဲ့ တည်နေရာ အတိအကျကို သိပါပြီ။ ရတနာသိုက်သော့ ကိုင်ထားသူတွေ အားလုံး အဲ့မှာပဲ နေနေကြတယ်။ မနက်ဖြန် ငါတို့ အဲ့ကို သွားလို့ရတယ်”

ဝေဒီက ခေါင်းညိတ်ပြီး "ကောင်းပြီ၊ သူတို့ ရတနာသိုက် ဖွင့်ပြီးပြီလား"

''အဲ့ဒါကိုတော့ ဒီလက်အောက်ငယ်သား မသိပါဘူး"  အနက်ရောင်ဝတ် အစောင့်က ဆက်ပြောသည်။

"ကြက်သိုက်ရွာကို တင်းတင်းကြပ်ကြပ် အစောင့်အကြပ်တွေ ထားထားတဲ့အတွက် ဒီလက်အောက်ငယ်သားက ချဉ်းကပ်ဖို့ ခက်ခဲပါတယ်"

"အိုး"  ဝေဒီ က မျက်ခုံးပင့်လိုက်ပြီး "မင်း မဝင်နိုင်လောက်အောင် တင်းတင်းကြပ်ကြပ် အကာအကွယ်တွေ ရှိနေတာလား"

အနက်ရောင်ဝတ် အစောင့်က ခဏတုံ့ဆိုင်းနေပြီးပြန်ဖြေ၏။

“တကယ်က ဒီလောက် တင်းတင်းကြပ်ကြပ် အစောင့်အကြပ်တွေ ရှိတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရွာရဲ့ နေရာတိုင်းမှာ ကြက်တွေ ရှိနေတာပါ။ နေ့ရော၊ ညရော၊ ကြက်တွေ ကင်းလှည့်နေတယ်။ ဒီလက်အောက်ငယ်သားက ခြေလှမ်း တစ်လှမ်း ချဉ်းကပ်လိုက်တာနဲ့ သူတို့ ချက်ချင်း သိသွားပြီးတိုက်ခိုက်ကြပါတယ်''

ဝေဒီ အံ့အားသင့်သွားကာ ခဏလောက် ငြိမ်နေပြီးမှ ရုတ်တရက်မေးလိုက်သည်။

''ကြက်တွေက ရှီရှန်းမြို့ရဲ့ လာဒ်ကောင် တိရိစ္ဆာန်လား''

“အမ်း…အဲဒါကိုတော့ မကြားဖူးပါဘူး…”

ဝေဒီလည်း သူ့ မေးခွန်းက နည်းနည်း ထူးဆန်းနေမှန်း သိသည်။  သူက သူ့လက်ကို ဝှေ့ယမ်းပြီး “ကောင်းပြီ၊ မင်း သွားပြီး အဆင်သင့် ပြင်ထား၊ မနက်ဖြန် ကြက်သိုက်ရွာကို သွားကြမယ်” ဟု ဆိုလိုက်သည်။

အနက်ရောင်ဝတ် အစောင့်လည်း ဦးညွှတ်ကာနောက်ပြန်ဆုတ်သွားသည်။ ထိုအချိန်မှာပဲ တံခါးခေါက်သံ ထွက်ပေါလာ၏။

ဝေဒီရော အနက်ရောင်ဝတ် အစောင့်ရော အဲ့ဒါကို သိပ်ဂရုမစိုက်ကြ။ တစ်ဖက်သား၏ အသက်ရှုသံနှင့် ခြေသံများအရ တံခါး လာခေါက်သူမှာ သိုင်းပညာရှင် မဟုတ်ကြောင်း ထင်ရှားသည်။

အနက်ရောင်ဝတ် အစောင့်က ရှေ့ကို တိုးလာပြီး တံခါးကို ဖွင့်လိုက်သည်။ တံခါး အပြင်ဘက်မှာတော့ ဝတ်ရုံခြုံထားသော အမျိုးသမီးတစ်ဦး ရပ်နေသည်။ သူ့မျက်နှာကို တစ်ယောက်မှ မမြင်ရသေးသော်လည်း မွှေးပျံ့သော ရနံ့က သင်းပျံ့နေပြီး သူမ၏ လက်သည်းများကို အနီရောင်ခြယ်ထားသည်။

"မင်းက ဘာလဲ'' အနက်ရောင်ဝတ် အစောင့်က မေးလိုက်သည်။

"ရှန်ဟဲ ဂေဟာက လာတာပါ။ ဒီကျွန် ဖေးရန် သခင်းကို အရိုအသေပြုပါတယ်'' မိန်းကလေးက ဦးညွှတ်လိုက်သည်။

"ရှန်ဟဲ ဂေဟာ လား''

အနက်ရောင်ဝတ် အစောင့်က ဝေဒီကို တစ်ချက်ကြည့်လိုက်သည်။ သူ့ သခင်က ဒါမျိုး ဖြစ်နိုင်ပါ့မလား။ သူ့မ သိစိတ်၌ သံသယဝင်မိသည်။

"မင်းကို ဘယ်သူ ဖိတ်ခေါ်လိုက်တာလဲ''

ဝေဒီက မျက်မှောင်ကြုတ်ကာ အေးစက်စွာ မေးလိုက်သည်။

အမျိုးသမီးက အနက်ရောင်ဝတ် အစောင့်ကို ညွှန်ပြပြီး လှမ်းကြည့်ကာ “ဒီအနက်ရောင်နဲ့ သခင်က ရှုရှီချိန် (၇နာရီ မှ ၉နာရီကြား) တုန်းက ရှန်ဟဲဂေဟာကို လာခဲ့ပါတယ်။ သူ့ သခင်အတွက် အသုံးတော်ခံဖို့ မိန်းကလေး တစ်ဦး ရှာနေတယ်လို့ပြောပြီး ဒီကျွန်ကို သူ ကိုယ်တိုင် ရွေးချယ်ခဲ့တာပါ''

ဝေဒီ၏ စူးစူးရှရှ အကြည့်များက အနက်ရောင်ဝတ် အစောင့်ကို လှမ်းကြည့်လိုက်သည်။

အနက်ရောင်ဝတ် အစောင့်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး ...

“သခင်၊ ဒီလက်အောက်ငယ်သားက ရှန်ဟဲ ဂေဟာကို တစ်ခါမှ မရောက်ဖူးပါဘူး” ဟု ဆိုကာ လျောက်တင်လိုက်၏။

ဝေဒီလည်း သူ့ လက်အောက်ငယ်သားများက သူ့အတွက် ပြည့်တန်ဆာ ရှာပေးဖို့လောက်အထိ သတ္တိရှိမည် မဟုတ်ကြောင်း သိသည်။

''မင်း ဒီလူက ရှန်ဟဲ ဂေဟာ လာခဲ့တယ်ဆိုတာ သေချာလား"  ဝေဒီက ထပ်မေးသည်။

အမျိုးသမီးက တုံ့ဆိုင်းစွာ ပြန်ဖြေ၏။

“အဲ့ လူက ဝါးဦးထုပ် ဆောင်းထားတယ်၊ ဒီကျွန်က ဘယ်သူ ဘယ်ဝါ ဆိုတာ သေချာ မတွေ့လိုက်ရပေမယ့်၊ အနက်ရောင် ဝတ်ရုံ ဝတ်ထားတဲ့ သူ့ ခန္ဓာကိုယ် ကိုယ်လုံးကိုယ်ပေါက်က ဒီသခင်နဲ့ အတူတူ နီးပါးပါပဲ”

အနက်ရောင်ဝတ် အစောင့်က မိန်းကလေးကိုစောင်းငဲ့ကာ ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပဲ သူ့ကို တစ်ယောက်ယောက်က ချောက်ချဖို့ ကြံစည်နေပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။

ဝေဒီက သူ့ လက်အောက် ငယ်သားကို တစ်ချက်ကြည့်လိုက်၏။ အနက်ရောင်ဝတ် အစောင့်လည်း အရိပ်အခြေကို ကြည့်ကာ ဆင်ဝှေ့ရန်ရှောင် စကားတစ်ခွန်း လျောက်တင်လိုက်၏။

''သခင်၊ ဒါဟာ လက်အောက် ငယ်သားတစ်ယောက်ယောက်က သူ့ရဲ့ ကျေးဇူးသိတတ်မှုကိုဖော်ပြဖို့အတွက် လုပ်ပေးတာ ဖြစ်နိုင်ပါတယ်''

"ကျေးဇူးသိတတ်တယ်၊ ဟုတ်လား''

ဝေဒီ သက်ပြင်းချလိုက်သည်။

''ငါ့ကို ကျေးဇူးဆပ်ဖို့အတွက် ပြည့်တန်ဆာတန်းက ကြုံရာ မိန်းမ တစ်ယောက် သွားခေါ်လာတယ်တဲ့လား။ ဒါ ကျေးဇူး သိတတ်တာလား။ ဒါမှမဟုတ် ငါ့ကို လှည့်စားဖို့ တမင်တကာ လုပ်တာလား''

အနက်ရောင်ဝတ် အစောင့်လည်း ဘာမှမပြောဘဲ ပါးစပ်ပိတ်ထားလိုက်သည်။

ဝေဒီသည် မျက်လုံးများ မှိတ်ကာ ခဏမျှ စဥ်းစားပြီးနောက် မိန်းကလေးအား ထိုသို့ ပြောလိုက်သည်။

''မင်းရဲ့ဝတ်ရုံကို ချွတ်လိုက်စမ်း ငါ့အတွက် လာတဲ့မိန်းကလေးက ဘယ်လို အမျိုးအစားလဲဆိုတာ ကြည့်ပါရစေ''

ထိုစကားကို ကြားသောအခါ အမျိုးသမီးသည် မဝံ့မရဲဖြင့် ဝတ်ရုံကို ချွတ်ဖယ်ကာ သူမ၏ 'ရင့်ကျက်သော' အသွင်အပြင်ကို ထုတ်ဖော်လိုက်သည်။
အမျိုးသမီးသည် အသက်လေးဆယ်ကျော်အရွယ်ရှိပြီး သူမ၏ ထူထဲသော မျက်နှာချေ အမှုန့်များကပင်လျှင် သူမ၏ မျက်လုံးတစ်ဝိုက်ရှိ အရေးအကြောင်းများနှင့် လျော့ရဲနေသော အသားအရေကို ဖုံးကွယ်ရန် ခဲယဉ်းလေသည်။ သူမ၏ နှုတ်ခမ်းများကိုလည်း အနီရောင်တောက်တောက် ခြယ်သထားပြီး အရသာ မရှိသော အသီးတစ်လုံးလိုဖြစ်သည်။ သူမသည် အပျော်မယ်ဆိုတာထက် အသက်ကြီးသော အောင်သွယ်သမားဟု ဆိုခြင်းက ပိုသင့်လျော်ပါသည်။

တကယ်တော့ သူမဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမှန်တကယ်အောင်သွယ်တစ်ယောက် ဖြစ်ခဲ့ပေမယ့် သူမရဲ့ မရိုးမသားမှုကြောင့် ရွာသားတွေ နှင်ထုတ်တာခံခဲ့ရပြီး နောက်ဆုံးမှာ သူမကိုယ်သူ ရောင်းစားခဲ့ရသည်။ သူမမှာ တခြား လုပ်ကိုင်စားသောက်စရာ အရည်အချင်းတွေ မရှိသလို သူမ ကောင်းကောင်း လုပ်နိုင်တာက အိပ်ရာကိစ္စနဲ့ ပတ်သက်တာ တစ်ခုတည်းပါပဲ။ တစ်ခါတရံမှာ ဖောက်သည်ကို ဝန်ဆောင်မှုပေးဖို့ မသင့်တော်တဲ့ ပြည့်တန်ဆာ မိန်းကလေးတွေ ရှိတဲ့အခါ၊ ပြည့်တန်ဆာခေါင်းက သူမကို အစားထိုး ခိုင်းစေလေ့ရှိသည်။ မီးလုံးတွေ ပိတ်ပြီး အမှောင်အောက်မှာ အရက်မူးတဲ့ ဖောက်သည်တွေက မိန်းကလေးဘယ်သူဘယ်ဝါကို တကယ် ပွေ့ဖက်ထားတယ်ဆိုတာ ယေဘူယျအားဖြင့်တော့ သိနိုင်ကြသည် မဟုတ်ပေ။

“သခင်၊ ဒီကျွန်က သာမာန်ပုံ ပေါက်ပေမယ့် ကျွန်မရဲ့ အိပ်ရာထဲက အရည်အချင်းဟာ တော်တော်ကောင်းပါတယ်။ အထီးကျန်စရာ ညကလည်း နက်နေပြီ။ သခင်လေး၊ ဘာလို့ မစမ်းကြည့် သေးတာလဲ''

အမျိုးသမီးက ဝေဒီကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်၏။ သူမ အရှေ့က လူဟာ ချောမော၍ ကြီးကျယ် ခမ်းနားလှ၏။ တကယ့်ကို ရှားရှားပါးပါး နှစ်လိုဖွယ်ကောင်းသော အဖော်ကို ရထားခြင်းဖြစ်သည်။

ဝေဒီက မျက်မှောင်များ ကြုတ်ကာ ရုတ်တရက် မေးလိုက်သည်။

''မင်းတို့ ပြည့်တန်ဆာရုံက မိန်းကလေးတွေဟာ လိင်ကိစ္စ ကောင်းမွန်ဖို့အတွက် ဆေးဝါးတွေ ယူဆောင်လာတတ်တယ်လို့ကြားဖူးတယ်''

အမျိုးသမီးက ဝေဒီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤကိုယ်ခံအား ကောင်းပြီး နုငယ် ပျိုမြစ်သော ယောကျ်ားသည် လိင်စိတ်ကြွဆေးဝါးတွေလိုအပ်သလား။

အနက်ရောင်၀တ် အစောင့်မှာ ထိတ်လန့်သော အရိပ်အယောင်ဖြင့် ကြည့်နေ၏။ သူသည် သခင်နှင့် အတူနေတာကြာပြီ ဖြစ်သော်လည်း သခင်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ ပြဿနာတစ်စုံတစ်ရာ ရှိမည်ကို သူ သတိ မထားမိခဲ့ပေ။

သူတို့ရဲ့ အမူအရာတွေကို မြင်လိုက်တာနဲ့ သူတို့ဘယ်လို တွေးနေမလဲဆိုတာ ဝေဒီ သိလိုက်သည်။

သူက မည်းမှောင်သော မျက်နှာဖြင့် ထပ်ပြော၏။

''မင်းတို့ မဟုတ်တဲ့ အတွေးတွေ မတွေးကြတာကောင်းလိမ့်မယ်။ မဟုတ်ရင် ငါ့ကို အဆုံး မဆိုကြနဲ့။ ကဲ...အမိ၊ ကျုပ် မေးတာကို ဖြေပါ''

အမျိုးသမီးလည်း ထိတ်လန့်သွားပြီး “ဟုတ်ပါတယ်၊ သခင်။ ဒီကျွန်မှာ သခင်ပြောတဲ့ ဆေးရှိပါတယ်” ဟု အလျင်စလို ဖြေလိုက်သည်။

"အကျိုးသက်ရောက်မှုက ဘယ်လိုလဲ"

“စားသုံးတဲ့ ပမာဏက များတယ်ဆိုရင်၊ သက်ကြီးရွယ်အိုတစ်ယောက်က သူ့ရဲ့ငယ်ဂုဏ်ကို ပြန်လည်ရရှိဖို့အထိ လုံလောက်ပါတယ်”

"အရမ်းကောင်းတယ်။ ငါ ဝယ်လိုက်မယ်"  ဝေဒီက က သူမထံ  ရွှေတုံးတစ်တုံး ပစ်ပေးလိုက်သည်။

အမျိုးသမီးက မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရွှေတုံးကို ကမန်းကတန်း ကောက်ကိုင်လိုက်သည်။  ထို့နောက် သူမ အိတ်ကပ်ထဲမှ ကြွေပုလင်းသေးသေးလေးကို ထုတ်ကာ စားပွဲပေါ်တင်လိုက်၏။

“ယေဘုယျအားဖြင့်တော့ တစ်စက်ထဲထည့်ရုံနဲ့ အကျိုးသက်ရောက်မှု ရှိမှာပါ''

ဝေဒီသည် ကြွေပုလင်းငယ်ကို ကောက်ယူကာ မတ်တပ် ထရပ်လိုက်သည်။ 
တစ်ဆက်တည်းမှာ သူက အစေခံ မိန်းကလေးကို မှာကြား၏။

“မင်း သူ့ကို စောင့်ကြည့်ဖို့ ဒီမှာနေ၊ ငါ မကြာခင် ပြန်လာခဲ့မယ်”

အစေခံသည် ဦးညွှတ်ပြီး စိတ်ထဲတွင် သိချင်စိတ်များ တိတ်တဆိတ် တွေးမိသည်။
သခင်က ဆေးကို မည်သူ့ကို ပေးဖို့ ရည်ရွယ်ထားသလဲ။

ဝေဒီ ထွက်လာပြီး စင်္ကြန်ကို ဖြတ်သွားကာ နျဲ့ပုဖန်၏ အခန်းထဲသို့ အလွယ်တကူ ဝင်သွားလိုက်သည်။

အခန်းအတွင်းရှိ မီးမှိန်မှိန်နှင့် အိပ်ယာပေါ်မှ လူမှာ ပိုးကောင်ကဲ့သို့ စောင်ဖြင့် ပတ်လျှက်အိပ်နေသည်။

ဝေဒီက စားပွဲဆီသို့ လျှောက်လာပြီး ခွက်ထဲသို့ ရေတစ်ခွက်ကို လောင်းထည့်လိုက်သည်။ ထို့နောက် သူသည် ကြွေပုလင်းငယ်ကို ဖွင့်ကာ ဆေးကို တစ်စက်ကျစေ၏။ ထို့နောက် ခေတ္တရပ်ပြီး နောက်ထပ်နှစ်စက်ကို ထပ်ချလိုက်သည်။ ထို့နောက် လက်ဖက်ရည်ခွက်ကို ကိုင်ကာ နျဲ့ပုဖန် အိပ်ရာဘေးသို့ လာခဲ့သည်။ ဤအခိုက်အတန့်တွင် အိပ်ရာပေါ်မှ တခြား အရာနှစ်ခုလည်း ရှိနေသည်။

ဝေဒီ စေ့စေ့ ကြည့်လိုက်တဲ့အခါ နျဲ့ပုဖန်၏ အိမ်မွေး ကြက်တွေ ဖြစ်တဲ့ ပန်းပွင့် မိန်းကလေးနှင့်ပိုးကောင်လေး ဖြစ်နေကြောင်း သူ အရင်က မြင်ဖူးသဖြင့် သိလိုက်၏။ ရွှေခဲကဲ့သို့ ထူးဆန်းတဲ့အကောင်တွေ အခန်းထဲရှိ မနေပါ။

ဝေဒီ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီးနောက်၊ ကြက်နှစ်ကောင်ကြောင့် သူတို့ သခင် မနိုးသွားစေရန် ကြက်တွေကို လည်တိုင်ကနေ ကိုင်ပြီး မေ့ကြောကိုဖိကာ ဘေးဖယ်ထားလိုက်သည်။
၎င်းတို့သည် အလွန် လိမ္မာပါးနပ်သော ရှားရှားပါးပါး ကြက်များ ဖြစ်သည့်အတွက် ဤအခိုက်တန့်တွင် အသက် မသေစေပဲ ဝေဒီက သနားကြင်နာမှုကို ပြသခဲ့ခြင်း ဖြစ်သည်။

ကြက်များကို ဘေးသို့ ရွှေ့လိုက်ပြီးနောက် သူသည် ရှေ့သို့ တိုးကာ နျဲ့ပုဖန်ကို အကြာကြီး စိုက်ကြည့်နေ၏။ ထို့နောက် နျဲ့ပုဖန် ခြုံအိပ်နေသော စောင်ကိုလှန်လိုက်သည်။
သည်လို ဘာမှ မဝတ်ထားပဲ အကာအကွယ်မဲ့ အိပ်နေတာက ကြက်တွေ အစွမ်းနဲ့ သူ့ကိုယ်သူ ကာကွယ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကြောင့်လား။

ဝေဒီက နျဲ့ပုဖန် နှုတ်ခမ်းကို အနည်းငယ် ဟလိုက်သည်။ ထို့နောက် သူက လည်ပင်းကိုကိုင်ပြီး နျဲ့ပုဖန် ပါးစပ်ထဲသို့ ဆေးခပ်ထားသောရေကို လောင်းထည့်လိုက်၏။

အကြောင်းတစ်ခုခုကြောင့်၊ ပြည့်တန်ဆာ အမျိုးသမီးကို မြင်လိုက်တာနဲ့ ပထမဆုံး သူသံသယ ဝင်မိတာ သည်ကောင်ပဲ။ တကယ်လည်း သူ ခန့်မှန်းချက်က သိပ်သေချာနေ၏။ သည်တောင်ပေါ်မြို့ငယ်လေးမှာ ဘယ်သူက သူ့ကို သည်လိုပုံစံနဲ့ ဟာသ လုပ်ဝံ့မှာလဲ။ သည်ကလေးက တော်တော် မိုက်မဲတယ်။

အဲ့ဒါကြောင့်ပဲ ဝေဒီက သည်အမိုက်အမဲကို ဆေးအစွမ်း မြည်းစမ်းစေပြီး၊  သူ မွှေတဲ့ ပြဿနာကို သူ ပြန်ခံစားရစေမယ်။ သည်အချိန်မှာ တစ်ခုခု မှားခဲ့ရင်တောင် ဝေဒီအတွက် ပြဿနာ ကြီးကြီးမားမား ရှိမှာ မဟုတ်ပေ။

ဆေးဖျော်ရည် သောက်ပြီး တစ်ဝက်လောက်မှာတင် အိပ်ပျော်နေတဲ့လူဟာ ရုတ်တရက် မျက်လုံးပွင့်လာပြီး ဝေဒီရဲ့ ချောမောတဲ့ မျက်နှာလေးကို စိုက်ကြည့်လိုက်လာလေသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ငြိမ်သက်စွာ ကြည့်နေကြပြီး နျဲ့ပုဖန်၏ မျက်လုံးများ မှိတ်တုတ် မှိတ်တုတ် လုပ်လိုက်သည်။ ထို့နောက်  တစ်ဖက်မှ မူးလဲနေသော ကြက်များကိုလည်း တွေ့လိုက်ရသည်။ သူ မြန်မြန်ထပြီး ဝေဒီကို ကုတင်ပေါ်ကနေ တွန်းထုတ်လိုက်၏။

သူက ဦးစွာ ကြက်တွေကို စစ်ဆေးပြီးနောက်မှာ စိုးရိမ်စရာ မရှိတော့မှ စိတ်ငြိမ်သွားသည်။

ထို့နောက်မှာ နျဲ့ပုဖန်သည် ဝေဒီ ဘက်ကို မျက်နှာလှည့်ကာ “ခေါင်းဆောင် ဝေ၊ မင်း ညဥ့်နက်မှ လာလည်တာ ဘာကိစ္စရှိလို့လဲ” ဟု အော်ပြောလိုက်၏။

"ကျေးဇူးတင်စကား ပြောဖို့ လာခဲ့တာပါ" ဝေဒီ က လက်ကျန် ရေခွက် တစ်ဝက်ကို စားပွဲပေါ် တင်လိုက်ပြီး "မင်း ငါ့ဆီ ပို့ပေးတဲ့ မိန်းမလှလေးအတွက် ကျေးဇူးတင်ချင်လို့လေ'' ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ဘယ်က မိန်းမလှလေးလဲ'' နျဲ့ပုဖန်၏ မျက်လုံးများက ကြည်လင်နေပြီး သူ့အမူအရာက ဖြောင့်မတ်သူကဲ့သို့။

"ခင်များ ဘာတွေ ပြောနေတာလဲ ငါ မသိဘူး။ ဘယ်က မိန်းမလှလေးလဲ။ မိန်းမလှလေးသာ တကယ်ရှိရင် ငါ ခေါ်ထားမှာပေါ့၊ ခင်များဆီ ဘာလို့ ပို့မှာလဲ''

ဝေဒီ ဒါကို ကြားတော့ သူ မှားသွားသလားလို့ တွေးမိသည်။

ဒါပေမယ့် သူက ပေါ့ပေါ့ပါးပါးပဲ ဆက်ပြောလိုက်၏။
"ဒါပေမယ့် ထူးဆန်းလိုက်တာ၊ အဲ့အလှလေး ကိုယ်ပေါ်မှာ ကြက်မွေးတစ်ချောင်း တွေ့တယ်"

ထိုသို့ ပြောသည်နှင့် တစ်ပြိုင်နက် ဝေဒီက ကြက်မွေးတစ်ခုကို ထုတ်ပြ၏။

နျှဲ့ပုဖန်လည်း တိတ်တဆိတ် လန့်ဖျပ်သွားပြီး သူ့ရင်ဘတ်သူ ဖိမိသည်။

“ကြက်အမွေးတွေ အားလုံး ငါ့ဟာလို့ ဘယ်သူ ပြောလဲ၊ ငါ့မှာ ခေါင်းဆောင်ဝေအတွက် မိန်းကလေးတွေ ရှာပေးဖို့ ဘယ်လိုလုပ် ပိုက်ဆံရှိမှာလဲ''

ဟမ်း၊ ဒါ တမင် သက်သက် ဂွင်ဆင်တာ မဟုတ်ဘူးလား၊ အမျိုးသမီးတွေက အသုံးတော်ခံဖို့ မလာခင် ဘာဖြစ်ဖြစ် ရေချိုးခဲ့ကြမှာပဲ၊ တစ်ကိုယ်လုံး ကြက်မွေးတွေနဲ့ ဖုံးပြီးထားခဲ့မယ်ဆိုရင်တောင် အိပ်ယာပေါ် ရောက်လာရင်တော့ ကြက်မွေး မပြောနဲ့ မှုန် တစ်မှုန်တောင် တွေ့ရမှာ မဟုတ်ဘူး။

"အိုး"  ဝေဒီက ပေါ့ပျက်ပျက်ဟန်နဲ့ ကြက်မွေးကို ပြန်သိမ်းလိုက်သည်။

"ငါ နားလည်မှု လွဲနေတာလား"

"မဟုတ်သေးဘူး''
နျဲ့ပုဖန်က စားပွဲပေါ်ရှိ ရေခွက်ကို စိုက်ကြည့်ပြီး
''အဲ့ကိစ္စကို ဘယ်သူပဲ လုပ်လုပ်၊ ဘယ် မိန်းမကိုပဲခေါ်ခေါ် ငါ့ ကိစ္စ မဟုတ်ဘူး! ဒါနဲ့ မင်း ငါ့ကို ဘာတွေတိုက်လိုက်တာလဲ''

ဝေဒီက စကား မပြောဘဲ သူ့ကို စိုက်ကြည့်နေ၏။

နျဲ့ပုဖန်က သူ့ အနားကို ချဉ်းကပ်လာပြီး လက်တစ်ဖက်ကို စားပွဲခုံပေါ် ထောက်ကာ   ပြုံးလျှက်မေးလိုက်သည်။
“အဆိပ်တော့ မဟုတ်ဘူး မလား”

"အဆိပ်ဆိုရင် ဘာဖြစ်လဲ"  သည်ကောင်က ဘယ်လောက်တောင် သတ္တိရှိတယ်ဆိုတာ သူ မြင်ချင်သည်။

“အဆိပ်ဖြစ်ရင်...” နျဲ့ပုဖန် က ခွက်ကို ကိုင်ပြီး သူ့ ပါးစပ် အနားကို ဖြည်းညှင်းစွာတေ့ကာ မျက်စိမှိတ်ပြီး ဆေးရေတွေကို သောက်လိုက်၏။
“ထပ် စမ်းကြည့်ရမှာပေါ့''

ဝေဒီ အနည်းငယ် အံ့သြ သွားကာ တစ်ဖက်သားကို ဤသို့ တုံ့ပြန်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သည်စကားကို ပြောလာတဲ့အခါ သူ့မျက်လုံးတွေက ရေလိုပဲ ဝေဝါးကာ ကြည်လင်နေပြီး ဝေဒီအတွက် ၎င်းမျက်လုံးတွေက ချစ်စဖွယ် ဆွဲဆောင်မှုနေ၏။ ထို ဆွဲဆောင်မှုကို မခံနိုင်။ သူ့ ရင်ဘတ်ထဲတွင် ရုတ်တရက် နားမလည်နိုင်သော ဂနာမငြိမ်မှုတစ်ခု ဖြစ်ပေါ်လာ၏။

သူ ထိတ်လန့်သွားချိန်မှာပဲ နျဲ့ပုဖန်က ရုတ်တရက် သူ့ လည်ပင်းကို လက်တစ်ဖက်နဲ့ ချိတ်လိုက်ပြီး သူ့ရဲ့နှုတ်ခမ်းကို နှုတ်ခမ်းချင်း ဖိလိုက်ကာ ပါးစပ်ထဲငုံထားသော ဆေးဖျော်ရည်များကို ဝေဒီ ပါးစပ်ထဲဝင်သွားစေ၏။

ဝေဒီမှာ အသက်ရှု ရပ်မတတ်ဖြစ် သွားသော်လည်း မတွန်းထုတ်ဘဲ နျဲ့ပုဖန်၏ လျှာကို သူ့ နှုတ်ခမ်းနှင့်သွားများ ကြားထဲသို့ ထိုးဖောက် ဝင်ရောက်ခွင့်ပေးလိုက်သည်။

နျဲ့ပုဖန် သောက်ထားသော စိတ်ကြွဆေးသည် နောက်ဆုံးတွင် အကျိုးသက်ရောက်မှု ရှိလာပုံရသည်။ သူ့မျက်လုံးများ မှိန်းသွားကာ အသက်ရှုသံများပူပြင်းလာ၏။ အနမ်းသည် ပြင်းပြပြီး အရှိန်ရလာခဲ့သည်။

ဝေဒီ ရုတ်တရက် သတိ ပြန်ဝင်လာသောအခါ ခေါင်းကို လှည့်၍ အခြားတစ်ဖက်ကို တွန်းထုတ်ရန် ကြိုးစားသော်လည်း နျဲ့ပုဖန်က ဝေဒီ ခါးတွင် ခြေထောက်နှစ်ဖက်ကို ချိတ်ကာ သိုင်းဖက်ထားပြီး လည်ပင်းကိုလည်း လက်နှစ်ဖက်ဖြင့် ဖက်တွယ်ထား၏။ သူ၏ ကိုယ်အလေးချိန် အားလုံး နီးပါးသည် ဝေဒီပေါ်တွင် ချိတ်ဆွဲထားသလိုပင်။

မြေခွေးနတ်ဆိုးလို စွဲမက်ဖွယ် ကောင်းပြီး မြွေဆိုးနတ်ဆိုးလို ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့ ချစ်စဖွယ်ကောင်းတဲ့ဘက်ကို နျဲ့ပုဖန်က ပထမဆုံးအကြိမ် ပြသလိုက်ခြင်း ဖြစ်သည်။ အရက်မူးနေရင်တောင် စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်သေးသည်။  သို့သော် ဆေးပမာဏ တိုးလိုက်ခြင်းကြောင့် လိင်စိတ်ကြွဆေး၏ အစွမ်းသည် မည်သည့် အတားအဆီးကို မဆို ဖယ်ထုတ်ပြီး သုံးဆွဲ သူ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို အပြည့်အဝ ပြသနိုင်စေသည်။

ဝေဒီကဲ့သို့ စိတ်ခိုင်မာမှုနှင့် ခံနိုင်ရည်ရှိသူ တစ်ဦးပင်လျှင် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်နှင့် အစွမ်းထက်သော ပွတ်သီးပွတ်သပ် လုပ်ငန်းစဥ်တို့၏ လှုံ့ဆော်မှုအောက်၌ သူ၏ တစ်ကိုယ်လုံး ပူလောင်ကာ တောင့်တမှုကို မလွန်ဆန်နိုင်ပေ။  သူ့အသက်ရှူသံတွေ ပြင်းလာပြီး နျဲ့ပုဖန်ကို လေးလေးနက်နက် ကြည့်လိုက်၏။

သည်လိုမျိုး ရလဒ်က သူ့ မျှော်မှန်းထားတာထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည် ...

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now