Chapter 28

1.5K 129 0
                                    

Chapter-28
စောင့်ကြည့်နေတယ်
.............................

ကြက်ဖ ရှောင်ဝမ်၏ မကြုံစဖူး အနံ့ဆိုးကြီးကြောင့် ရန်ပွဲမှာ အဆုံးသတ်သွားရ၏။

ထိုအချိန်က ကြက်ဖ ရှောင်ဝမ်သည် လေသင့်ရာဘက်တွင် ရပ်နေ၍ တိုက်ပွဲကို ကြည့်နေခဲ့သည်။ တစ်ခဏအကြာတွင် ၎င်းသည် စိတ်လှုပ်ရှားလွန်း၍ မအောင့်အီးနိုင်ပဲ အီးပေါက်မိသွားခြင်း ဖြစ်သည်။ ကျယ်လောင်သောအသံနှင့်အတူ နွေဦးလေပြေလေညင်းလေးများသည် လွင့်စင်သွားပြီး ထူးဆန်းသော အနံ့က လီယီ အပါအဝင် အခြားသူများကို ထိတ်လန့်စေခဲ့သည်။ အနံ့ကြောင့် လူတွေ ပစ်လဲကုန်ကြပြီး ကြက်တွေကပါ နေရာရှဲသွားကြသည်။ လီယီ နှင့် အခြားသူများမှာ နှာခေါင်းကို လက်ဖြင့် ပိတ်ထားရသည်။ ထိုတစ်ခဏအတွင်းမှာပဲ ပတ်ဝန်းကျင်ရှိ သက်ရှိသတ္တဝါများအားလုံးမှာ  ရပ်တန့်သွားကြသည်။

''ဟေ ... ရန်ပွဲပြီးသွားပြီလား''

နျဲ့ပုဖန်သည် အပြင်၌ အသံပလံများ မကြားရတော့သည့်အတွက် မီးဖိုချောင်ထဲတွင် ဟင်းချက်နေရာမှ အပြင်ကို ထွက်ကြည့်လိုက်သည်။
အခင်းဖြစ်ပွားရာနေရာ၌ ကြက်တွေ တစ်ကောင်မှ မရှိတော့ပဲ နံစော်နေသော အနံ့ကြောင့် လူများသည် အသက်ရှူအောင့်ကာ သစ်သားတုံးများကဲ့သို့ တောင့်တောင့်ကြီးနေ၍ အိန္ဒြေကို ထိန်းထားကြရသည်။

''ကျုပ် ရေပူတွေ ပြင်ဆင်ပေးထားတယ်။ အရင်ဆုံး လန်းဆန်းသွားအောင် ရေချိုးလိုက်ကြပါလား''

နျဲ့ပုဖန်က လှမ်း၍ အော်ပြောသည်။

ဤသည်ကိုကြားသောအခါ လီဟိုက်သည် ပထမဆုံးဘာမှမပြောပဲ သူ့အိမ်ဆီသို့ ပြန်ပြေးသွား၏။
စုချန်းယိ၊ ရှန်းမုလန်တို့ အသီးသီးလည်း ထွက်သွားကြပြီး ရန်ပွဲ၏ အဓိကဇာတ်ဆောင် ဝမ်ရှင်းချန်သည်လည်း ကိုယ်ပျောက်သွားပြန်၏။
လီယီသည် ဟင်းချင်နေသော နျဲ့ပုဖန် ထံသို့ လျောက်လာခဲ့သည်။ သို့သော် နျဲ့ပုဖန်က လီယီ ဝင်မရအောင် မီးဖိုခန်းတံခါးကို ပိတ်ထားလိုက်၏။

''မင်း ရေအရင်သွားချိုးစမ်းပါ။ မင်းကိုယ်ကအနံ့အသက်ဆိုးလွန်းလို့ ခြင်တွေတောင် မူးမေ့သွားလောက်တယ်''

တကယ်တမ်းတွင် လီယီ ကိုယ်မှ အနံ့ဆိုးများဟာ  ကြက်ဖ ရှောင်ဝမ်၏ အနံ့မဟုတ်ပဲ ဝမ်ရှင်းချန်နှင့် တိုက်ခိုက်ရင်း ကူးဆက်လာသော အနံ့များ ဖြစ်ပါသည်။

လီယီသည် အတင်းဝင်ကာ နျဲ့ပုဖန်ကို မရရအောင်လိုက်ဖမ်း၍ သူ့အနံ့တွေ ကူးသွားအောင် ပွတ်သပ်လိုက်သည်။

''လီယီ ... မင်းလူယုတ်မာ ...''

လီယီသည် မျက်နှာမပျက်ပဲ နျဲ့ပုဖန်ကို ပြောလိုက်၏။

''ရေနွေး အဆင်သင့်ဖြစ်နေပြီဆိုတော့ ငါတို့အတူတူရေချိုးကြမလား''

''ဟမ် ...''

ကျန်းကျွင်းရှီက သူတို့ကို လှမ်းကြည့်နေတာ မြင်သောကြောင့် နျဲ့ပုဖန်သည် လီယီကို အတင်းတွန်းထုတ်သည်။ ထို့နောက် ကျန်းကျွင်းရှီထံ ပြေးကပ်၍ လက်မောင်းကို ချိတ်လိုက်သည်။ ကျန်းကျွင်းရှီပါ အနံ့ကူးသွားအောင် ပွတ်သပ်ပေးလိုက်သည်။
လီယီက မျက်မှောင်ကြီးကြုတ်၍ ကြည့်နေသည်။ ကျန်းကျွင်းရှီ ကတော့ ပြုံးနေသည်။

''ဟေ့ကောင်တွေ၊ အခုတော့ ငါ့တို့ကိုယ် ငါတို့ သန့်ရှင်းအောင် အဖတ်ပြန်ဆယ်ဖို့ ရေအတူတူချိုးရတော့မယ်''
နျဲ့ပုဖန်က ရေချိုးအိမ်သို့ လက်ညိုးထိုးပြ၍ ဝံ့ဝံ့ကြွားကြွားဆိုသည်။
သို့သော် နောက်ဆုံး၌ ရေကန်ထဲသို့ အတူတူဆင်းသွားရသူမှာ လီယီနှင့် ကျန်းကျွင်းရှီတို့သာဖြစ်သည်။

သူတို့ ရေနွေးကန်ထဲတွင် စိမ်နေချိန်၌ နျဲ့ပုဖန်က လျစ်ကနဲပျောက်သွား၏။ နှစ်ယောက်မှာ  ရေကန်၏ တစ်ဖက်တစ်ချက်စီတွင်နေ၍ တစ်ယောက်နှင့် တစ်ယောက် အကဲခတ်နေကြသည်။

ထိုစဥ် လီယီသည် ရေချိုးကန်ထဲကနေ ရုတ်တရက်ထရပ်လိုက်ပြီး အဝတ်တွေ ပြန်ဝတ်ကာ ထွက်သွား၏။
ခဏအကြာတွင် သူ့လက်ထဲ၌ နျဲ့ပုဖန်ကို ပွေ့လျှက် ပြန်ရောက်လာပြီး နျဲ့ပုဖန်အား ရေကန်ထဲ ပစ်ချလိုက်သည်။

နျဲ့ပုဖန်က ရေထဲကနေ ခေါင်းပြန်ပေါ်လာကာ မကြိုက်သလို လေသံဖြင့်မေးသည်။

''လီိယီ ... မင်း ဒါဘာလုပ်တာလဲ''

''ရေချိုးပေးတာလေ''

''ငါ ရေမချိုးသေးပါဘူးဆိုနေ''

လီယီက သူစကားကို မသိချင်ယောင်ဆောင်ကာ  အဝတ်တွေ ပြန်ချွတ်၍ ရေကန်ထဲသို့ ပြန်ဝင်လာခဲ့၏။

''အစ်ကိုကျန်း ... ကြည့်ပါဦး၊ လီယီက အရမ်းဆိုးတာပဲ''

နျဲ့ပုဖန်သည် ကျန်းကျွင်းရှီ ဘက်သို့ သွားကာ ကျန်းကျွင်းရှီ ကို ဖက်တွယ်၍ လီယီ မကောင်းကြောင်းပြောသည်။

ကျန်းကျွင်းရှီက နျဲ့ပုဖန် ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးသည်။
''ဘာမှမဖြစ်ဘူး၊ ငါရှိပါတယ်''

လီယီသည် သူတို့ကို ဘုကြည့်ကြည့်ကာ နျဲ့ပုဖန်အား ကျန်းကျွင်းရှီ လက်ထဲကနေ ပြန်ဆွဲထုတ်ဖို့လုပ်၏။
သို့သော် နျဲ့ပုဖန်သည် ကျန်းကျွင်းရှီ၏ လည်ပင်းကို ရစ်ပတ်ကုတ်တွယ်ထားပြီး ကျန်းကျွင်းရှီ ကလည်း ခါးကနေ မလွတ်တမ်း ဖက်ထားတာကြောင့် လီယီမှာ တိုးမပေါက် ဆွဲမရ ဖြစ်နေသည်။

ကျန်း နှင့် လီ တို့၏ မျက်လုံးများထဲ၌ မီးတောက်များဖြင့် အချင်းချင်းပစ်ကာ အကြည့်ချင်း စစ်ခင်းကြလေသည်။

နောက်တွင် လီယီသည် လက်လျော့ကာ ရေကန်ဘောင်ကို ကျောမှီလျှက် အေးအေးဆေးဆေး နေ,နေလိုက်သည်။ သို့သော် နျဲ့ပုဖန်၏ နောက်ကျောကို ထိရန် ခြေထောက်များကို တမင်ဆန့်ထုတ်ထား၏။
ဤသည်ကိုသိသော နျဲ့ပုဖန်ကလည်း နေရာပြောင်းကာ ကျန်းကျွင်းရှီ၏ ပေါင်ကြားတွင် ဝင်၍ ရင်ခွင်ကို မှီလျှက် လီယီကို ကြည့်လိုက်သည်။
ကျန်းကျွင်းရှီမှာ ခန္ဓာကိုယ်အောက်ပိုင်းနေရာတို့၏ အချင်းချင်း ထိတွေ့ပွတ်တိုက်မှုကြောင့် အလူးအလဲ ခံစားနေရပြီး နျဲ့ပုဖန်၏ မရိုးသားသော ဆွဲဆောင်မှုကို ကြိတ်မှိတ်အောင့်ခံနေရသည်။ သို့သော် လီယီသည် လက်မလျော့သေးပဲ နျဲ့ပုဖန်၏ အောင်ပိုင်းကို ထိရန် ခြေထောက်ကို နျဲ့ပုဖန်၏ ပေါင်များကြားသို့ ဆန့်ထည့်ထား၏။ နျဲ့ပုဖန်ကလည်း လီယီ မထိနိုင်အောင် ခြေထောက်ကို လှုပ်ခါ၍ ရှောင်တိမ်းနေရသည်။

ကျန်းကျွင်းရှီ ခမျာမခံနိုင်သည့် အဆုံးတွင် သူ့ကိုယ်သူ အားခဲကာ နျဲ့ပုဖန်ကို တွန်းထုတ်ပြီး ဆက်ကနဲ ထရပ်လိုက်၏။
နျဲ့ပုဖန်မှာ တအံ့တသြဖြစ်သွားကာ သူ့အားနက်နက်နဲနဲ ကြည့်နေသော မျက်လုံးများကို စူးစိုက်၍ ပြန်ကြည့်ခဲ့သည်။
လီယီ၏ မကောင်းဆိုးဝါး ခြေထောက်ကတော့ နျဲ့ပုဖန်၏ အောက်ပိုင်းကို အထက်အောက် ပွတ်သပ်နေသည်။ ဤတွင် ကျန်းကျွင်းရှီသည် ဘောင်းဘီကိုချွတ်၍ ကြမ်းပြင်ပေါ်သို့ လွင့်ပစ်လိုက်သည်။ထို့နောက် နျဲ့ပုဖန်အား သူ့ခြေထောက်ကြားတွင် ပြန်နေစေလိုက်သည်။ နောက် ဖြစ်လာမယ့်ကိစ္စများကတော့ ပုံဖော်ကြည့်၍ မရနိုင်လောက်အောင်ဖြစ်၏။

ကျန်းကျွင်းရှီမှာ အဖြစ်အပျက်များကို မျက်လုံးရဲရဲဖွင့်ကာ မကြည့်နိုင်ပေမယ့် သူ့ရင်ခုန်သံများကတော့ အတိုင်းမသိ မြန်ဆန်နေခဲ့သည်။
၎င်းတို့သုံးဦးမှာ အသံတိတ်ဆိတ်နေကြပြီး ရေချိုးခန်းတစ်ခုလုံး တိတ်ဆိတ်လွန်းလှပေမယ့် ရေများကတော့ ဘောင်ပင်ခတ်လှုပ်ခတ်နေခဲ့သည်။

ရုတ်တရက် နျဲ့ပုဖန်သည် သူ့ကို ပွတ်သပ်နေသော လီယီ၏ ခြေထောက်အား စောင့်ဆွဲချလိုက်သည်။ လျှပ်တပြတ်မို့ လီယီသည် ဟန်ချက်မထိန်းနိုင်ပဲ  ရေထဲသို့မြုပ်ကာ လေပူဖောင်းလေးများ ထလာသည်။
အောင်မြင်သော လှုပ်ရှားမှုကြောင့် နျဲ့ပုဖန် စိတ်ကျေနပ်သွားသည်။
ထို့နောက် လီယီ ရေကန်ထဲမှ ထ,အထွက်တွင် ကျန်းကျွင်းရှီသည် နျဲ့ပုဖန်၏ နှုတ်ခမ်းအား ငုံ့၍ ဖြတ်ကနဲ နမ်းလိုက်သည်။ ထို့နောက် အရေပျော်ကျစေလောက်သော အပြုံး ချိုချိုဖြင့် ပြုံးနေသည်။
နျဲ့ပုဖန်သည် အနမ်းခံလိုက်ရသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးကြောင်းတစ်ခု ဖြတ်စီးသွားသကဲ့သို့ အသွေးအသားထဲမှ ထုံကျင်ကာ မှင်သေသွားသည်။

လီယီမှာ မှုန်ကုပ်နေသော မျက်နှာကြီးဖြင့် နျဲ့ပုဖန်တို့ကို ကြည့်ကာ ရင်ထဲမှာ ဗလောင်ဆူနေပေမယ့်  ဘာမှပြောမထွက်ပေ။
နျဲ့ပုဖန်က ရေကန်ဘောင်ကို ကျောမှီထိုင်လျှက် လီယီကို လှမ်းစ,သည်။
''လီယီ ... မင်း ရေချိုးချင်တယ်ဆိုလို့ ရေလည်း ချိုးပြီးပြီကို ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ''
နျဲ့ပုဖန်သည် ခြေထောက်တစ်ဖက်ကို လေထဲမှာ မြှောက်ကာ မျက်လုံးတစ်ဖက် မှိတ်ပြ၍ ...
''ဘာလဲ။ အနှိပ်ခံချင်သေးလို့လား နှိပ်ပေးရမလား''

''မလိုပါဘူး''
လီယီက ခပ်ပြတ်ပြတ် ပြန်ပြော၏။
ကျန်းကျွင်းရှီ သဘက်တစ်ခုယူ၍ နျဲ့ပုဖန်၏ မျက်နှာရှိ အစွန်းထင်းများကို သုတ်ပေးဖို့ လုပ်လိုက်သည်။
သို့သော် နျဲ့ပုဖန်က ကျန်းကျွင်းရှီ၏ လက်ကို ဖယ်ထုတ်ကာ သူ့ဘာသာ ယူသုတ်သည်။
ဒါကို မြင်တော့လည်း လီယီက မျက်နှာကြီး ထပ်၍ ဆူပုပ်သွားပြန်သည်။

အားလုံး ပြီးသွားတဲ့နောက်မှာတော့ သုံးယောက်သား ဘာမှမဖြစ်ခဲ့သလို ပုံမှန်ပဲနေခဲ့ကြသည်။
သို့သော် သူတို့တွေရဲ့ စိတ်ထဲမှာတော့ အတွေးတစ်မျိုးစီ ရှိနေကြ၏။

ကျန်းကျွင်းရှီသည် အတွေးများမနေပဲ ခေါင်းထဲက မြန်မြန်ရှင်းထုတ်ကာ ပေါ့ပေါ့ပါးပါး နေလိုက်သည်။
လီယီမှာ စိတ်ထဲ မသက်မသာ ခံစားနေရကာ သူ့စိတ်သူ ဘယ်လိုထိန်းသိမ်းရမလဲ တွေးနေ၏။
နျဲ့ပုဖန်ကတော့ ထူးထူးဆန်းဆန်း ခေါင်းကိုက်သလိုလို ခံစားနေရသည်။ သို့သော် သူသည် မီးဖို့သို့ သွားရဦးမည်။ ထို့ကြောင့် ဘာမှတွေးမနေပဲ မီးဖိုခန်းသို့ လာခဲ့၏။ ထို့နောက် အုတ်ဖိုထဲတွင် သူတင်ထားခဲ့သော ကြက်ပေါင်းအိုးကို ဖွင့်ကြည့်လိုက်သောအခါ ရှိမနေခဲ့။

''ကြက်သားပေါင်းအိုး ဘယ်ရောက်သွားတာလဲ'' ဟုအော်လိုက်သည်။
မီးဖိုတစ်ခုလုံး လိုက်ရှာသော်လည်း မရှိပါ။ သို့ရာတွင် ထူးထူးဆန်းဆန်း အနံ့တစ်ခုက မီးဖိုထဲတွင် စွဲကျန်နေတာမို့ ဝမ်ရှင်းချန် လက်ချက်ပဲ ဖြစ်ရမည်။
ဝမ်ရှင်းချန်ကတော့ မီးဖိုက မီးကိုသတ်ပြီး ကြက်ပေါင်းတစ်အိုးလုံးကို ခိုးသွားပြန်ပြီ။

''ဝမ်အိမ်တော်ရဲ့သားအကြီးဆုံးက ဂုဏ်သိက္ခာကြီးမားပြီး အဖိုးတန်တဲ့ ဧည့်သည်ဆိုတာ ဘယ်သူကများ ပြောလိုက်တာလဲ''

နျဲ့ပုဖန်မှာ အံတကြိတ်ကြိတ် ဖြစ်နေသည်။

ကျန်းကျွင်းရှီ နှင့် လီယီတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ဘာမှမပြောပဲ ငြိမ်နေသည်။

''ဒီနေ့ကနေစပြီး ယာဂုအဖြူနဲ့ ကြက်ဥပဲ နေ့တိုင်းချက်ကျွေးတော့မယ်''
နျဲ့ပုဖန်က စားပွဲခုံကို ရိုက်လိုက်ပြီး အသံခပ်မာမာပြောသည်။

''အင်း ... တကယ်ဆို ဝမ်ရှင်းချန်က  သက်သက်လွတ်သမား မဟုတ်လား ယာဂုအဖြူနဲ့ ကြက်ဥဆို သူ့အတွက် ပိုအဆင်ပြေတာပေါ့လေ''

ကျန်းကျွင်းရှီက တွေးတွေးစစဖြင့် ဆို၏။

လီယီ ကလည်း ခေါင်းငြိမ့်ထောက်ခံသည်။

နျဲ့ပုဖန်က ပြုံးလိုက်၏။
''ယာဂုကို စပ်ပြဲနေအောင် အစပ်တွေထည့်ပြီး  ကြက်ဥကို ကြက်သွန်ဖြူနံ့ ထောင်းထောင်းထအောင် ချက်ကျွေးမယ်''

ကျန်းကျွင်းရှီသည် ငါတို့တော့ ဒုက္ခရောက်ပြီ၊ ဒီကနေထွက်ပြေးရအောင် ဟူသော အကြည့်မျိုးဖြင့် လီယီကို လှမ်းကြည့်သည်။
လီယီ ကလည်း မင်းလျှာရှည်တာကို ဟူသော အကြည့်ဖြင့် ပြန်ကြည့်သည်။

၎င်းတို့နှစ်ယောက်ကို လျစ်လျူရှုကာ နျဲ့ပုဖန်က ယာဂုချက်ရန် ဆန်ဆေး၏။

ထို့နောက် အဆက်စပ်မရှိ ထမေးသည်။

''ဝမ်ရှင်းချန် အနှစ်သက်ဆုံးအရာက ဘာလဲ ...''

''ဗုဒ္ဓ ကျမ်းစာတွေ''
နှစ်ယောက်လုံး ပြိုင်တူဖြေလိုက်ကြသည်။ ဤအချက်ကိုတော့ အားလုံးသိပြီး ဖြစ်လိမ့်မည်။

''သူ ဘယ်လောက်ကြိုက်လဲ ...''

''ငါကြားဖူးတာတော့ အစားစာခါနီးနဲ့ အစားစားပြီးတဲ့ အချိန်မှာတောင် ကျမ်းစာကို တစ်ကြိမ်ဆီ ရွတ်တယ်တဲ့''
လီယီက ပြောသည်။
''သူတို့မိသားစုမှာ အဲ့လိုရွတ်ဖို့ မျိုးရိုးအစဥ်အဆက် လက်ဆင့်ကမ်းခဲ့ကြတာတဲ့''

''အိုး ..''
နျဲ့ပုဖန်သည် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ရေရွတ်လိုက်သည်။

လီယီ တို့မှာ နျဲပုဖန်၏ အမူအရာကြောင့် တစ်ခုခုဖြစ်တော့မှာ သိ၍ တုန်လှုပ်သွားကြ၏။

ထိုည၌ နျဲ့ပုဖန်သည် သူ၏ ကြက်ကလေး စုဆောင်းထားသည့် အထဲမှ စာအုပ်တစ်အုပ်ကို သွားခိုးယူခဲ့သည်။ စာအုပ်မှာ ကြက်ဆိတ်ထားသောကြောင့် အနားများက မညီညာပဲ ပြဲစုတ်နေသည်။ သို့သော် အထဲက စာတွေကတော့ အကောင်းအတိုင်း ပြည့်ပြည့်စုံစုံ ရှိနေသေးသည်။
၎င်းစာအုပ်ကို ဗုဒ္ဓကျမ်းစာ ဟုသိရခြင်းမှာ အဖုံးပေါ်တွင် ဗုဒ္ဓပုံတော် ပါရှိနေခြင်းကြောင့် ဖြစ်သည်။ စာအုပ်တွင် ပါဠိစကားလုံးများသာမက အနက်အဓိပ္ပာယ် ပြန်ဆိုချက်များပါ, ပါရှိနေသည်။
နျဲ့ပုဖန်သည် မှင်တံကို မှင်စွတ်၍ စာရွက်အလွတ်ကို စားပွဲပေါ်တင်၊ မှင်တုံးဖြင့် ဖိသည်။

ထို့နောက် စာအုပ်ထဲမှာပါရှိသော ကျပန်း အနက်အဓိပ္ပာယ်ပြန်ဆိုချက် စာပိုဒ်တို့ကို စာရွက်တွင် ကူးယူ ရေးသားလိုက်သည်။ သူ့လက်ရေးမှာ ကြက်ပျံနေသကဲ့သို့ မညီမညာ တွန့်လိမ်ကောက်ကွေးနေ၏။
ကူးယူပြီးသကာလ စာရွက်အထပ်လိုက်နှင့်အတူ  သံနှင့်တူ တစ်ချောင်းကို ယူကာ ထွက်သွား၏။

နျဲ့ပုဖန် မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်နေ့နံနက်၌ ဝမ်ရှင်းချန်တစ်ယောက် မနေ့က စာရွက်အထပ်လိုက်ကို ကိုင်ကာ နျဲ့ပုဖန် အိမ်ရှေ့သို့ ရောက်လာ၏။

''မင်း ဒါတွေ ဘယ်ကရလာတာလဲ''
ဝမ်ရှင်းချန် မေးသည်။

''ဘာတွေလဲ''
နျဲ့ပုဖန်က မသိချင်ယောင်ဆောင်ကာ ကြည့်လိုက်သည်။

''မဟာယာန နှလုံးသွင်းသုတ္တန်က လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကတည်းက ဖွဲ့ဆိုခဲ့တဲ့ မပြည့်စုံသေးတဲ့ကျမ်းစာတစ်ခုပဲ၊ နောက်ပြီး အဘိဓမ္မာခြောက်ပါး ဗုဒ္ဓကျင့်စဥ်ကလည်း အားလုံးပေါင်း စာအုပ်ခြောက်အုပ်ရှိတယ်၊ လက်ရှိမှာ စာအုပ်သုံးအုပ်ပဲ ကမ္ဘာပေါ်မှာ ရှိတော့တယ်။ ကျန်တဲ့သုံးအုပ်က ပျောက်နေတာ၊ မင်း ရေးထားတဲ့စာက ပျောက်နေတဲ့ တစ်အုပ်ထဲက ကျမ်းစာတွေပဲ၊ ဒါတွေ မင်းဘယ်က ရလာတာလဲ''

''ငါက ဘာလို့ပြောပြရမှာလဲ''
နျဲ့ပုဖန်က ဟန်မပျက် လက်ဖက်ရည်သောက်နေ၏။

ထိုအချိန်တွင် ကျန်းကျွင်းရှီနှင့် လီယီတို့လည်း အချိန်ကိုက်ရောက်လာကြ၏။ ထိုမြင်ကွင်းကို မြင်သောအခါ ၎င်းတို့လည်း ဘာဖြစ်နေမှန်း နားမလည်ကြ။ ထို့ကြောင့် စာရွက်တွေကို ယူဖတ်ကြည့်ကြသည်။ စကားလုံးများသည် ပေါ့ပါး၍ လေးနက်သော အဓိပ္ပါယ်ရှိသည်။ ထိုသို့ လေးနက်သောစကားလုံးများသည် စာသိပ်မတတ်သော နျဲ့ပုဖန်၏ လုပ်ဇာတ် မဟုတ်တန်ရာ။
ဒီလူ ဤဗုဒ္ဓကျမ်းစားများကို ဘယ်ကရလာပါသလဲ။ မနေ့က ဝမ်ရှင်းချန် နှစ်သက်သည့်အရာကို သူမေးသည်၊ ဒီနေ့တော့ တစ်ခုခုလုပ်ထားသည်။အကယ်၍များ 'ယီကျင်းတုကျွယ်' ကျမ်းကို မြင်ရင်ရော ဝမ်ရှင်းချန် မည်သို့ဖြစ်သွားမည်နည်း။

ဝမ်ရှင်းချန်သည် အမြဲအေးအေးချမ်းချမ်း နေ့လေ့ရှိပေမယ့် ယခုတွင် ဒေါသထွက်နေပုံရ၏။ ဆိုးဝါးလှသော လက်ရေးဖြင့် ကူးရေးထားသော ဗုဒ္ဓကျမ်းစားများကို နေရာအနှံ့လျောက်ကပ်ထားခြင်းက သူ့ကို ဒေါသဖြစ်စေချင်းဖြစ်သည်။ မနေ့က သူ့ကို လှည့်စားပြီး ဖမ်းတာထက် ပိုစိတ်တိုရသည်။

''ငါ့ကို အဲ့ဒီ ကျမ်းစာပေးပါ''
ဝမ်းရှင်းချန်က ခပ်ပြတ်ပြတ်ပဲ တောင်းသည်။

''ခင်ဗျားကို အလကားပေးရမှာလား''

''ဒါဆို မင်းက ဘာလိုချင်တာလဲ''

နျဲ့ပုဖန်က ဝမ်ရှင်းချန်ကို ခြေဆုံးခေါင်းဆုံး ကြည့်သည်။

''ခင်ဗျား ဘာလုပ်တတ်လဲ''

''ဘာကိုလဲ''

''ချက်တတ်ပြုတ်တတ်လား"

''မလုပ်တတ်ဘူး''

''အလျော်အဖွတ်ရော''

''မလုပ်ဖူးဘူး''

''ကြက်အစာကျွေးတာရော''

''မသိဘူး''

''... ဒါဆို အိပ်ရာပြင်ဆင်တာရော ...''

''......''

နျဲ့ပုဖန်က သူ့ကို စိတ်ပျက်သော အကြည့်ဖြင့်သာ ကြည့်လိုက်၏။

''ဒီလို ဘာမှသုံးစားမရတဲ့လူကို ရှားပါးအဖိုးတန် ကျမ်းစာအုပ်ကို ကျုပ်က ဘာလို့ အလကားပေးရမှာလဲ?''

''ငါ ပိုက်ဆံနဲ့ဝယ်မယ်''

''ဆရာကြီး ခင်ဗျား အခုပိုက်ဆံပြတ်နေလို့ ကျုပ်အစားအသောက်တွေတောင် ခိုးစားနေတာ မဟုတ်ဘူးလား''

''ဒါဆို မင်းဘာလိုအပ်လဲ''

ကျန်းကျွင်းရှီ နှင့် လီယီ တို့မှာ ဘေးကသာ ကြည့်နေကြသည်။

နျဲ့ပုဖန်က လေးလေးနက်နက်တွေး၍ ပြောငည်။

''ကျုပ်မှာ ပိုက်ဆံလည်းရှိတယ်၊ အိမ်လည်းရှိတယ်၊ကြက်တွေနဲ့ အိပ်ရာလည်းရှိတယ်။
ချောမောခန့်ညားတဲ့ ရုပ်ရည်သွင်ပြင်နဲ့ ထက်မြက်တဲ့ ဥာဏ်လည်း ရှိတယ်။
အဖော်ပြုပေးမယ့် သူတွေလည်း ရှိတယ်၊ ကောင်းကောင်းစားပြီး ကောင်းကာင်းအိပ်ရတယ်၊ ဘာ စိုးရိမ်ပူပန်စရာမှ မရှိဘူး၊ ကျုပ်မှာ ဘာမှ လိုအပ်မနေဘူးပဲ''

''.....''

သုံးဦးသားမှာ စိတ်ထဲ၌ အောင့်သက်သက် ခံစားလိုက်ရသည်။

''ဒီလိုလုပ်ကြရအောင် ...''
နျဲ့ပုဖန်က လက်ခုပ်လက်တီး၍ ထပြောသည်။
''ခင်ဗျား ကျီဝေါရွာက တစ်ဝိုက်ကို စောင့်ကြပ်ပေးရမယ်၊ ရွာက ကြက်တွေ အခိုးမခံရအောင်လို့၊ ရွာကို မကြာခဏ ဆိုသလို သူခိုးကပ်တတ်တယ်၊ ကျုပ်ရွာက ကြက်တွေက ဖြူစင်ပြီး အားနည်းတယ်၊ တစ်ခုခုဆို ဘာမှလည်း ပြန်လုပ်နိုင်ကြမှာမဟုတ်ဘူး၊ သေချာမစောင့်ကြည့်နိုင်တော့ လာခိုးရင် ပါသွားကြမှာပဲ''

နျဲ့ပုဖန်က သူ့ကြက်တွေကို ဖြူစင်ပြီး အားနည်းတယ်တဲ့။ ဘာမှမလုပ်နိုင်ဘူးတဲ့လေ။ မဖြစ်နိုင်တာ။

သုံးဦးသား ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

''ဘယ်လိုလဲ။ ရွာအစောင့် လုပ်ပေးမလား''

နျဲ့ပုဖန်က သေချာအောင် ထပ်မေး၏။

ဝမ်ရှင်းချန်သည် စဥ်းစားပြီးနောက် ခဏအကြာ၌  နောင်တွင် သူ့ခေါင်းဆင်နင်းမည့် ကိစ္စအား ခေါင်းငြိမ့်လက်ခံခဲ့လေ၏။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now