Chapter 59

1.9K 248 4
                                    

Chapter - 59
ခြေလှမ်း မမှားသင့်ဘူး


ကျန်းဟူနယ်၏ ဝူလင်း ခေါင်းဆောင် ဖြစ်သည့် ဝေဒီတွင် မြင့်မြတ်သောသိုင်းပညာနှင့် နက်နဲသော အတွင်းအားများ ရှိသည်။ ယေဘူယျအားဖြင့် လိင်စိတ်ကြွဆေးက  သူ့စိတ်ကို ပျက်ယွင်းစေမည်မဟုတ်သော်လည်း စည်းမျဥ်းများ ကျော်လွန်လာသော သူ့ ရင်ခွင်ထဲမှ လူကြောင့် သူ့ကိုယ်သူ ထိန်းထားရန် အလွန် ခက်ခဲစေသည်။ ချောမောလှပသော မိန်းမများပင်လျှင် သူ၏ ယောက်ျားကောင်းကို ကာအိန္နြေကို မပျက်ပြားစေနိုင်၊ ဒါပေမယ့် သည်ကောင်လေး အပေါ်မှာ သူ့ရဲ့ လိုလားတောင့်တမှုတွေက မစောင့်စည်းနိုင် ဖြစ်နေပြီ။

ဝေဒီ၏ အတွေးများသည် အနည်းငယ် ရှုပ်ထွေးသွားပြီး သူ့လက်များက ရင်ခွင်ထဲက လူ၏ ခါးကို အလိုလျောက် ဖက်ထားကာ အနမ်းတို့ကို ကြည်နူးစွာ ဖလှယ်နေမိသည်။ နွေးထွေးသော အသက်ရှုသံများနှင့် ထိတွေ့နေသော ခန္ဓာကိုယ် အစိတ်ပိုင်းများက လိုချင် တပ်မက်မှုကို အရှိန်မြှင့်ပေး၏။

သည်အချိန်မှာ နျဲ့ပုဖန်က သူ့ နှုတ်ခမ်းတွေကို ရုတ်တရက် ဖယ်လိုက်သည်။ ပါးပြင်တွေ နီမြန်းနေပြီး ဝေဒီကို ကြောင်အအ ကြည့်ကာ "မင်းက ဘယ်သူလဲ"

ဝေဒီ ဘာမှ ပြန်မပြောနိုင်။

နျဲ့ပုဖန်က သူ့မျက်နှာကို ကိုင်ထားပြီး "အရမ်း မြင့်နေတယ်၊ ခြေဖျား ထောက်ရတာ နာကျင်နေပြီ။ နည်းနည်း ငုံ့ပေးပါလား'' ဟု ဆိုသည်။

ဝေဒီ ရုတ်တရက် ရယ်ချင်လာ၏။ သည်ကောင်က ဘာလို့ သည်လောက် ချစ်စရာ ကောင်းရတာလဲ။

နျဲ့ပုဖန်က သူ့လက်ဖြင့် ဝေဒီ၏ အင်္ကျီကော်လာစကိုကိုင်ကာ တောင့်တင်းသော ကြွက်သား ထူထူများရှိရာ ရင်ဘတ်၌ မျက်နှာကို အပ်ထား၍
“မတ်တပ် ရပ်ရတာ အဆင်မပြေဘူး၊ အိပ်ချင်တယ်” ဟု ရေရွတ်သည်။

သည်စကားတွေကို ကြားတော့ ဝေဒီက သူ့ကို ပွေ့ချီပြီး ကုတင်ပေါ် တင်လိုက်၏။ သူ့ကိုယ်သူလည်း နျဲ့ပုဖန် ခန္ဓာကိုယ်ပေါ် အုပ်မိုးကာ နေရာယူလိုက်သည်။

နျဲ့ပုဖန်က တခစ်ခစ် ရယ်ပြီး သူ့ နဖူး၊ နှာခေါင်း၊ နှုတ်ခမ်းတွေကို အနမ်းတွေ ကြဲ ချလိုက်သည်။ ခြေထောက်တစ်ဖက်က သူ့ ခါးကို ချိတ်ပြီး သူ့ခန္ဓာကိုယ် တစ်လျောက်ကိုလည်း အကြိမ်ကြိမ် ပွတ်သပ်နေသည်။

ဝေဒီမှာ အသက်ပြင်းပြင်း ရှူရင်း မျက်လုံးများ မှိတ်လျှက်ရှိသည်။ သူ့ လည်ပင်းကို လက်ချောင်းများဖြင့် ညင်သာစွာ ဖက်တွယ်လာသော တစ်ဖက်လူ၏ ခန္ဓာကိုယ်တွင် ပြင်းထန်သော အနံ့အသက် မရှိသော်လည်း သန့်ရှင်းပြီး လတ်ဆတ်သော မြက်မွှေးရနံ့ကဲ့သို့ သင်းပျံ့သော ကိုယ်သင်းနံ့လေးကို ရလိုက်သည်။ ဝေဒီမှာ ထိုဆွဲဆောင်မှု အောက်မှ ရုန်းမထွက်နိုင်တော့၊ သူ တကယ်ပဲ စမ်းကြည့်သင့်သလား။

ဝေဒီက တစ်ခုခုပြောဖို့ ပါးစပ်ကို ဖွင့်လိုက်ပေမယ့် နျဲ့ပုဖန်က ခန္ဓာကိုယ် အပေါ်ပိုင်းကို ကွေးကာ ခေါင်းလေး လှန်၍ နှုတ်ခမ်းလေး ကိုက်ထားသောပုံစံကြောင့် သူ မိန်းမော သွားမိသည်။ မှိတ်ထားသော နျဲ့ပုဖန်၏ မျက်တောင် ကော့ကော့များသည်ပျံသန်းတော့မည့် လိပ်ပြာငယ်လေးလို ဟန်ရှိ၏။တစ်ချိန်တည်းမှာပဲ နျဲ့ပုဖန်က ကွေးထားသော ခြေထောက် တစ်ဖက်ကို သူ့ ခြေထောက်များ ကြားသွင်းကာ သူ့ အောက်ပိုင်းအား ပွတ်သပ်လာကာ စောင့်စည်းထားသော သူ့ဆန္ဒကို လှုံ့ဆော်သည်။

ဝေဒီလည်း မထိန်းနိုင်တော့ပဲ ခေါင်းငုံ့ကာ တစ်ဖက်လူ၏ နှုတ်ခမ်းများကို ဖမ်းယူ နမ်းရှိုက်ရန် စတင်လုပ်ဆောင်၏။

သူ့ ခန္ဓာကိုယ်ထဲ စီးဝင်သွားသော စိတ်ကြွဆေးဟာ သည်အချိန်မှာ အပြည့်အဝ အစွမ်းထက်လာပုံပေါ်ပြီး သူ့ဆန္ဒတွေကလည်း လှိုင်းလုံးကြီးများ တစ်ခုပြီးတစ်ခု ရိုက်ခတ်လာသလို ရှိနေသည်။ သူ့ လက်နှစ်ဖက်ဟာ တစ်ဖက်သား၏ ခန္ဓာကိုယ်အနှံ့ကို စတင်စူးစမ်းနေ၏။

နျဲ့ပုဖန်သည် မူလကတည်းက အပေါ်ဝတ်ရုံ ပါးပါးလေး တစ်ထည်ကို ၀တ်ထားသောကြောင့် အကြိမ်အနည်းငယ် ပွတ်သပ်ခြင်းခံရပြီး နောက်မှာတော့ သူ့ အရှက်ကို လုံခြုံရန်ပင်် ရှိတော့ချေ။ ဝေဒီမှာ ဘာအဝတ်မှ မချွတ်ရသေးသော်လည်း အစောကလှုပ်ရှားမှုတွေကြောင့် ခန္ဓာကိုယ်ရှိ ကျစ်လစ်သောကြွက်သားများက အတိုင်းသား ပေါ်နေပြီ ဖြစ်သည်။

ဤသို့ဖြင့် အခန်းထဲတွင် ငြီးငြူသံများ ပိုပိုပြင်းထန်လာပြီး မီးရောင် မှိန်မှိန်တွင် ယောကျ်ားနှစ်ယောက် အချင်းချင်း လုံးထွေးနေသည်ကို တွေ့ရပါလိမ့်မည်။ ပြတင်းပေါက်မှ ဖြတ်ဝင်လာသော လ၏ အလင်းရောင်အောက်တွင် ရောထွေးနေသော သဏ္ဍာန်နှစ်ခုသည် စည်းချက်ကျကျ ကခုန်နေသည့်ဟန်ရှိနေ၏။

ဝေဒီလည်း သူ့ နှလုံးသားထဲတွင် ထိန်းချုပ်မှုတို့ကို စွန့်လွှတ်လိုက်ပြီး ဆန္ဒ ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။ သူ ဝင်လိုက်သည့် အခိုက်တွင် တိမ်များဖုံးလွှမ်းသွားသလို ခံစားလိုက်ရသဖြင့် စိတ်ကျေနပ်စွာ သက်ပြင်းချမိသည်။

တင်းကျပ်ပြီး အရမ်းပူနေတဲ့ ခံစားချက်ကြောင့် သူ့တင်ပါးတွေကို ကြမ်းကြမ်း ဆောင့်သွင်းဖို့ပင် ဟန်မကို့နိုင်တော့ပါ။ နှေးသည်မှ မြန်သည်၊ တိမ်သည်မှ နက်သည်၊ အထပ်ထပ်အခါခါ အချိန်တိုင်းတွင် ဖော်မပြနိုင်သော သာယာကျေနပ်မှု ခံစားချက်များအား ရရှိနေ၏။

နျဲ့ပုဖန်လည်း မူးဝေ မိန်းမော နေပြီး သူ့ဆန္ဒ အတိုင်း လိုက်နာနိုင်ကာ သူ့အပေါ်ရှိ လူက သူ့ခန္ဓာကိုယ်ထဲသို့ မသမာစွာ ကျူးကျော် ဝင်ရောက်နေခြင်းအား ခွင့်ပြုထားရန်သာ တတ်နိုင်သည်။

အချိန်မည်မျှ ကြာသည်မသိ၊ သို့သော် ဝေဒီသည် သူ့ ကိုယ်တွင်းမှ ခံစားချက် လှိုင်းလုံးကြီးကို ထုတ်လွှတ်လိုက်ပြီးနောက်တွင် အနည်းငယ် ကျေနပ်သွားသည်။ ထိုအချိန်မှာ နျဲ့ပုဖန်က အိပ်ပျော်နေပြီ၊ တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေကာ အောက်ပိုင်းမှာလည်း နီရဲ၍ ခန္ဓာကိုယ်သည် စေးကပ်မှုများဖြင့် ဖုံးအုပ်လျှက်ရှိ၏။

ဝေဒီက သူ့အရာကို ဆွဲထုတ်လိုက်ပြီးနောက်တွင် သူ့ စိတ်တွေ တဖြည်းဖြည်း ကြည်လင်လာသလိုခံစားရသည်။ နျဲ့ပုဖန်ကို ကြည့်သော သူ့ မျက်လုံးများသည် မှောင်မိုက်ပြီး တက်မက်မှုများ ပြည့်နေသည်။
တခြားသူ၏ ခန္ဓာကိုယ်ပေါ်တွင် သူ ထွင်းထုခဲ့သောအချစ်သင်္ကေတများကို အသေးစိတ် ကြည့်ရင်း ဤည၏ ရူးသွပ် မိုက်မဲမှုကို ပြန်တွေးနေမိသည်။
ထိုအတွေးများ အလျောက်ပင် သူ့ ခန္ဓာကိုယ်အောက်ပိုင်းသည် ပြန်လည် နိုးကြွလာပြီး ၎င်းအရာဟာ ထပ်မံ ထောင်မတ်လာတော့သည်။

သူ ချက်ချင်း ထထိုင်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ဝင်ချင်စိတ်ကို နှိမ့်ချကာ နျဲ့ပုဖန်အား စောင်ဖြင့် ခြုံပေးလိုက်၏။

ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ကောင်းကင်ကြီးက ဖြူစင်နေပြီ (မနက် ၅ နာရီမှ ၇ နာရီ အချိန်)။  တကယ်တော့ သူသည် ဤသို့ အခြားလူတစ်ဦးနှင့် အထိန်းအကွပ် မရှိ အရိုင်းဆန်စွာဆက်ဆံနိုင်သည်မှာ သူ့တွင် သာလွန်ကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားရှိခြင်း ကြောင့် မိုးလင်းသည်အထိ စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

သည်ကောင်လေး အပေါ်မှာ သူ အကောင်းမြင်စိတ်တွေ ရှိလာပြီ ဆိုတာကို မငြင်းနိုင်တော့ပါ။ ယခင်က ရိုးရှင်းသော အသိ မိတ်ဆွေမျှသာ ဖြစ်ခဲ့သော်လည်း ယခုအခါ ပိုမို ရင်းနှီးသော ဆက်ဆံရေးတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပြီ မဟုတ်ပါလား။

သည်လို ဆက်ဆံရေးမျိုးကို သူ မမုန်းတီးပါ။ ဒါ့အပြင် ဆန့်ကျင်ဘက်အနေနဲ့ သာယာတဲ့ ခံစားချက်တွေတောင် ရရှိခဲ့သေးသည်။ သည်လိုဆိုရင် သည်ကလေးမှာ ဘယ်လိုလူပဲ ဖြစ်နေပါစေ သူဟာအနာဂတ် ဝေဒီရဲ့လူ ဖြစ်ကို ဖြစ်လာရမယ်။

ထို့သို့ ဆုံးဖြတ်ပြီးနောက် ဝေဒီသည် တက်ကြွလန်းဆန်းသော ဟန်ဖြင့် အိပ်ရာမှ ထကာ အဝတ်အစားများကို ပြန်လည် ဆင်မြန်းလိုက်သည်။

ဤအခိုက်အတန့်တွင် သူက ရုတ်တရက် ခြေသံတစ်ချို့ကို ကြားလိုက်ရ၏။ သူ ဖြတ်ကနဲ လှည့်ကြည့်လိုက်တော့ ပြတင်းပေါက်ကနေ အနက်ရောင်အရိပ်တစ်ခုက လျှပ်တပြတ် သူ့ဆီ ပြေးလာနေသည်ကို မြင်လိုက်၏။

သူ ရှောင်လိုက်တဲ့အခါ ၎င်းအနက်ရောင် အရိပ်သည် စားပွဲပေါ် ကျသွားသည်။
၎င်းသည် ရွှေခဲဟု ခေါ်သော ကြက် ဖြစ်ပြီး ၎င်းနောက်တွင် မျောက်ကလေး ဝူခုံးလည်း ပါလာ၏။

ဝေဒီက နှုတ်ခမ်းတွေကို ကွေးအောင် ပြုံးလိုက်သည်။ "မင်းတို့ရဲ့သခင်ကို ကာကွယ်ဖို့ ပြန်လာတာ အရမ်း နောက်ကျနေပြီ၊ မင်းတို့သခင်က ငါ့လူ ဖြစ်သွားပြီ''

ရွှေခဲဟာ ညဘက် အပြင် ထွက်လေ့ရှိပြီး ညတိုင်း လျောက်သွားတတ်သည်။ ရွှေခဲနှင့် ဝူခုံးတို့က ညဘက် အပြင်ထွက်ကာ အစာ ရှာတတ်သည်။ ယခု သူတို့ ပြန်လာချိန်တွင် အခန်းထဲ၌ မမျှော်လင့်ထားသော ကျူးကျော်သူ တစ်ဦးကို တွေ့လိုက်ရ၏။

ရွှေခဲသည် ဒေါသတကြီး ဖြစ်နေပြီး အမြီးများ ထောင်းလျှက် ပတတ်ရပ်ကာ ဝေဒီဆီသို့ ပြေးဝင်သွားပြန်သည်။ ၎င်းသည် ကြက်တစ်ကောင်မျှသာဖြစ်ကြောင်း ထင်ရှားသော်လည်း ၎င်း၏ သွက်လက်မှုနှင့် ခွန်အားသည် အလွန် အားကောင်းသောကြောင့် ၎င်း၏ ခြေသည်းများသည် သစ်သားပရိဘောဂများပေါ်သို့ ဆင်းသက်လာသောအခါတွင် ရှင်းလင်း ပြတ်သားသော ခြေသည်းရာများကျန်ရစ်ခဲ့၏။

ဝေဒီ၏ မျက်လုံးများဟာ ထိတ်လန့်တကြား ပြူးကျယ်လာပြီး ရှောင်တိမ်းနေချိန်တွင် ရွှေခဲ၏ သန်မာမှုကို သိလိုက်ရသည်။

မျောက်ကလေးကတော့ ကုတင်ပေါ်၌ တဆတ်ဆတ် ခုန်ကာ ရွှေခဲကို အားပေးနေပုံရ၏။

ရွှေခဲသည် လည်ချောင်းထဲမှ အသံနက်နက်ဖြင့်အော်ဟစ်လိုက်ပြီး ၎င်း၏ တိုက်ခိုက်မှုဟာလည်းပို၍ပင် ပြင်းထန်လာသည်။

ဝေဒီသည် သူ၏ မြင့်မားသော သိုင်းပညာ စွမ်းရည်ကို အမြဲ ဂုဏ်ယူ ဝံ့ကြွားခဲ့သော်လည်း မမျှော်လင့်ဘဲ သူ၏ တန်ပြန် တိုက်ခိုက်ချက်များသည် များစွာ လွဲချော်နေခဲ့၏။ သူသည် ရွှေခဲကို တစ်ချက် တစ်ချက်ထိအောင် တိုက်လိုက်နိုင်သော်လည်း ၎င်းက ရွှေခဲ၏ လှုပ်ရှားမှုများကိုသာ နှေးကွေးစေပြီး ထိခိုက်မှု လုံးဝရှိဟန် မတူပေ။

ဒါက ကြက်တစ်ကောင်ရော ဟုတ်ရဲ့လား။ ဝေဒီသည် ကမ္ဘာကြီးက အနည်းငယ် ဆန်းကြယ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သည်ကောင် ကြက် ဖြစ်နေတာတောင် သည်လောက် သန်မာနေမှတော့ တခြား သားရဲ တိရစ္ဆာန်တစ်ကောင်သာ ဖြစ်ကြည့်၊ ဘယ်လို နေလိုက်မလဲ။ သူ့ ကြောင်က သည်ကြက်ကို ကြောက်နေတာ အံ့သြစရာ မဟုတ်ဘူး။ ကြက်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်ရေး စွမ်းအားက တကယ့်ကို နတ်ဆိုး တစ်ကောင်လိုပဲ။

"မင်းတို့ မနက် အစောကြီး ဘာလုပ်နေတာလဲ" ရုတ်တရက် အိပ်ချင်မူးမူး အသံတစ်ခု ထွက်ပေါ်လာ၏။

ထိုအခါ ရွှေခဲသည် ၎င်း၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်လိုက်ပြီး ဝေဒီကို စိုက်ကြည့်ကာ တည်တံ့စွာ ရပ်နေလေသည်။

ဝေဒီသည် ကုတင်ဘက်ကို လှည့်ကြည့်လိုက်ရာ ကုတင်ပေါ်တွင် စောင်ကို ကိုင်ထားပြီး အိပ်ချင် မူးတူးဖြင့် သူ့ကို ကြည့်နေသော နျဲ့ပုဖန်အား တွေ့လိုက်ရ၏။

သူ ကုတင်ပေါ် တက်သွားပြီး နျဲ့ပုဖန် ဆံပင်တွေကို တို့ထိလိုက်၏။
"မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လိုနေသေးလဲ၊ ဆက်အိပ်ပါ၊ နောက်ပြီးရင် ရေနွေးတစ်ပုံး ယူလာခိုင်းလိုက်မယ်''

နျဲ့ပုဖန်က သူ့ကို ခဏတာ မှင်တက်စွာ ကြည့်ပြီးနောက်မှာ ရုတ်တရက် ထထိုင်လိုက်သည်။

“အိုး...”
သို့ရာတွင် နျဲ့ပုဖန်က သူ့ အောက်ပိုင်း နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

"နာလို့လား"  ဝေဒီက မေး၏။

“ခင်ဗျား၊ ခင်ဗျား…” နျဲ့ပုဖန်က တုန်ရီသော လက်ဖြင့် ဝေဒီကို လက်ညှိုးကို ထိုးပြီး “မင်း ဘာလုပ်လိုက်တာလဲ” ဟု တုန်လှုပ်စွာ မေးလိုက်သည်။

"မင်းက ဘယ်လိုထင်လဲ" ဝေဒီက အပြုံးတစ်ဝက်ဖြင့် ပြန်မေးခွန်း ထုတ်လိုက်၏။

ထိုအခါ နျဲ့ပုဖန်က ဒေါသတကြီးနဲ့ အော်ပြောတော့သည်။

“ခင်ဗျား ဗျာ၊ ဒါ ဘယ်လိုဖြစ်ရတာလဲ။ ခင်ဗျားရဲ့ ဝတ်စား ဆင်ယင်မှုနဲ့ အသွင်အပြင်ကို ကြည့်ရင် ခင်ဗျားက မကောင်းဆိုးဝါး တစ်ကောင်လို့ ထင်ရက်စရာ မရှိဘူး၊ ဒါပေမယ့် အခု ခင်ဗျားက မူးယစ်ဆေးသုံးတဲ့ မုဒိန်းကောင်ပဲ။ ခင်ဗျားက ကျုပ်ရဲ့ အပြစ်ကင်းစင်မှုကို မူးယစ်ဆေးနဲ့ အသုံးချပြီး မုဒိမ်းကျင့်ခဲ့တယ်။ ခင်ဗျား စက်ဆုပ် ရွံရှာစရာ ကောင်းလွန်းတယ်”

ဝေဒီ ဘာမှ ပြန်မပြောနိုင်။
သူ့ မူလ ရည်ရွယ်ချက်က နျဲ့ပုဖန်ကို ဆေးခပ်ချင်ခဲ့တာပေမယ့် သူ ကိုယ်တိုင် သောက်မိလိမ့်မယ်လို့ မထင်ထားခဲ့။

နျဲ့ပုဖန်က ဒေါသကြီးစွာ ဆက်ပြော၏။

“ခင်ဗျားရဲ့ သိုင်းပညာနဲ့ဆိုရင် ဆေးမသုံးဘဲနဲ့တောင် ကျုပ်ကို အနိုင်ယူလို့ရတယ်။ အခု ခင်ဗျား မသင့်တော်တာတွေ လုပ်မိတယ်လို့ မထင်ဘူးလား"

နျဲ့ပုဖန်က အခု သူ့အပေါ် အပြစ်တွေ အားလုံး ပုံချနေတာလား။
ဝေဒီ ဆက်လက်၍ စွံ့အနေခဲ့သည်။

ထို့နောက် နျဲ့ပုဖန်က ခဏတိတ်သွားပြီး တစ်ခုခုကိုစဥ်းစားမိသလို တအံ့တသြနဲ့ ထပ်ပြောလိုက်၏။

''မဟုတ်မှ...ခင်ဗျားက ဆေးသုံးမှ လိင်စွမ်းဆောင်နိုင်တာလား။ ဖြစ်နိုင်ပါ့မလား''

ဝေဒီ၏ မျက်နှာသည် အိုးမဲသုတ် ခံလိုက်ရသကဲ့သို့ မည်းမှောင်သွားပြီး တစ်ဖက်လူကို တည့်တည့်စိုက်ကြည့်နေသည်။

“ဒါဆိုရင် ထားလိုက်ပါ၊ ခင်ဗျားအတွက် ကျုပ် လျှို့ဝှက်ထားမယ်။ နောင်တစ်ခါကျရင်တော့ ကျုပ်ကို ခင်ဗျားနဲ့အတူ ဆေးတွေ ထပ်မစမ်းခိုင်းတော့ဖို့ မျှော်လင့်ပါတယ်" 
နျဲ့ပုဖန်က သူ့လက်ကို အားပျော့စွာ ဝှေ့ယမ်းရင်းဆိုလိုက်သည်။

''မဟုတ်ဘူး။ မင်း ပြောသလို မဖြစ်တော့ဘူးဆိုရင်ရော" ဝေဒီက နျဲ့ပုဖန် မေးစေ့ကို ကိုင်လိုက်ပြီး ...

“မင်းဟာ အခု ငါ့အပိုင် ဖြစ်နေပြီ၊
အခုမှပဲ မင်းကို ငါ့ နောက်လိုက် လုပ်ခိုင်းရမယ်'' ဟု ယုံကြည်ချက်ရှိတဲ့ လေသံနဲ့ ပြောလိုက်သည်။

နျဲ့ပုဖန်က သူ့ကို အပြင်းအထန် ဖျားနာနေတဲ့ လူနာကို ကြည့်သလိုမျိုး ကြည့်ပြီး ...

“ခင်ဗျား ကျုပ်ကို သောက်ရူးကောင် ထင်နေလား။ ခင်ဗျား တစ်ကြိမ် အခွင့်အရေး ယူပြီး တော်ပြီပေါ့၊ ကျုပ်က တစ်သက်လုံး ခင်ဗျား အခွင့်အရေး ယူတာ ခံရမှာလား''

"ဒါ ငါ မင်းနဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး မင်းကို အမိန့် ပေးနေတာ''
ဝေဒီက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ဖိနှိပ်လိုက်သည်။

ဤအမှားသည် ထာဝရအတွက် နောင်တ ရစရာ ကိစ္စတစ်ခု ဆီသို့ ဦးတည်နေလေသလား။

တစ်လျှောက်လုံး၌ နျဲ့ပုဖန်သည် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး ပိုင်စိုးပိုင်နင်း ဆက်ဆံပုံမျိုးကို မကြုံဖူးသေးပေ။ 
စုချန်းယီ ကဲ့သို့ မြင့်မြတ်ပြီး မာနကြီးသူပင်လျှင် ဤကိစ္စမျိုး သီးသန့် ထိန်းသိမ်းထားဆဲ ဖြစ်သည်။  အနည်းဆုံးတော့ တစ်ညတာ အိပ်လိုက်ယုံနဲ့ အပိုင်ဖြစ်သွားပြီလို့ ဘယ်သူမှ မသတ်မှတ်ဘူး။ သို့သော် နျဲ့ပုဖန် အရှေ့တွင် ရှိနေသော လူသည် စိတ္တဇ အရူးတစ်ယောက် ဖြစ်နေသည်၊ သူနဲ့ အိပ်လျှင် သူ့ အပိုင်ဖြစ်ရမည်၊ အခြား မည်သူ့ကိုမျှ လိုချင် တပ်မက်ခြင်း မပြုရ ဆိုတာမျိုး။

နျဲ့ပုဖန် ကတုန်ကယင် တွေးလိုက်မိသည်၊ သူ လူပျိုဘဝကို ဆုံးရှုံးလိုက်ရတာ နှစ်ပေါင်း ရှစ်ရာလောက်တောင် ကြာနေပြီ။ ကြက်သိုက်ရွာမှာ သူ့ အပေါ် အိမ်ထောင်ရေး ဖောက်ပြန်နေတဲ့သူတွေ အစုအပုံ ရှိနေတယ်ဆိုတာ သည်လူ သိရင် ဘယ်လိုများနေလိုက်မလဲ။
အဲ့အချိန်ကျရင် သည်လို ဒေါသအိုး ကွဲပုံမျိုးနဲ့ ကြက်သိုက်ရွာကြီး သွေးချောင်း စီးမလားပဲ၊
အဲ့အခါကျရင် သည် ကျန်းဟူ သိုင်းလောကရဲ့ ဝူလင်း ခေါင်းဆောင်နဲ့ ကြက်သိုက်ရွာက လူတွေ ပြိုင်ဘက်တွေ ဖြစ်လာကြမလား။

မဟုတ်ဘူး၊ သူနဲ့ သည်ဇယားကို ရှင်းရှင်းလင်းလင်း အစ ကတည်းက လုပ်ရမယ်။ ဘာပဲဖြစ်ဖြစ် သည်လူကိုတော့ ကြက်သိုက်ရွာမှာ ပါဝင်ခွင့် မပေးနိုင်ဘူး။

"ခေါင်းဆောင် ဝေ"  နျဲ့ပုဖန်က တည်တည်ငြိမ်ငြိမ်အသဲနှင့် ပြော၏။

“ဒါကို ခင်ဗျားသိမှာ မဟုတ်ပေမယ့် တကယ်တော့ ကျုပ်မှာ ထူးဆန်းတဲ့ ရောဂါရှိနေလို့ တစ်သက်လုံးလက်ထပ်လို့ မရဘူး။ လိင်ဆက်ဆံတဲ့ အခါတိုင်း ကျုပ်ရဲ့သက်တမ်းဟာ နှစ်ပေါင်းများစွာ တိုတောင်းလာလိမ့်မယ်။ လိင်တူဆက်ဆံမှုဟာ တားမြစ် ပိတ်ပင်ထားတယ်ဆိုတဲ့ အချက်ကို ဘေးဖယ် ထားလိုက်ရင်တောင် ခေါင်းဆောင် ဝေနဲ့ တစ်ညတာ အပြီးမှာ ကျုပ်ရဲ့အခြေအနေက ပိုဆိုးလာလိမ့်မယ်။ ကျုပ် ဘယ်နှစ်နှစ်လောက် အသက်ရှင်နိုင်မလဲလို့ တွေးမိတယ်”

ထိုအခါ ဝေဒီက သူ့ကို စိုက်ကြည့်ပြီး ...

“မင်း စကားကို ယုံမယ် ထင်နေလား''

"ခေါင်းဆောင် ဝေ က မယုံဖို့ ရွေးချယ်မယ်ဆိုလည်းရပါတယ်'' နျဲ့ပုဖန်က အလွန်ရိုးသားသောအကြည့်ဖြင့် သူ့ကို ကြည့်ကာ "ကျွန်တော်က ခေါင်းဆောင် ဝေ ကို သနားလို့ ပြောတာပါ၊ ကျွန်တော့်ကို ဖိအားမပေးပါနဲ့။ မသေခင်လေးမှာ   တစ်သက်လုံး စိတ်အေးချမ်းသာစွာနဲ့ နေပါရစေ''

ဝေဒီက သူ့အား ချီးစား ပြောတောင် မင်းကို ငါ မယုံဘူး ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

“ဒီကမ္ဘာမှာ ဒီလို ထူးဆန်းတဲ့ ရောဂါ ရှိတယ်ဆိုတာ ငါ မသိဘူးပဲ။ ဒါပေမယ့် မင်းရဲ့ ရောဂါ ကိုရှာဖွေကုသပေးဖို့ ဉာဏ်ကြီးရှင် သမားတော်တွေကို ငါ  တောင်းဆိုပေးမယ်။ ဒါဆို သေချာပေါက် သက်သာလာလိမ့်မယ်"

တကယ်က ခင်ဗျားကိုယ်ခင်ဗျား အရင် သွားကုရမှာ အရူးရဲ့။
နျဲ့ပုဖန်စိတ်ထဲတွင် အော်ဟစ်လိုက်သည်။
ခင်ဗျားက အကြွေစေ့လေး တစ်စေ့ ရဖူးတာနဲ့ တခြားသူတွေရဲ့ အကြွေစေ့ကိုပါ လုယူချင်နေတာလား။ ဘယ်လို ဆိုးဝါးမှုကြီးလဲ။
ခင်ဗျားမှာ လူကြီးလူကောင်းဆန်တဲ့ စိတ်ကလေးဘာလေး မရှိဘူးလား။

"ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းဆောင်ဝေကို မနှောက်ယှက်ချင်ပါဘူး" နျဲ့ပုဖန်ကမျက်နှာငယ်လေးနဲ့ တကယ်ကြီး စိတ်ရင်းထဲကအားနာဟန်ဆောင်နေ၏။

“ဒီကိစ္စက ငါ့ အမှားဆိုရင် ငါ အဆုံးထိ တာဝန် ယူရမှာပေါ့” 

သည်ကောင်ရဲ့စကားက မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ သူ ဝေဒီ နှင့် အတူရှိနေသရွေ့တော့ အမှန်တရားကို ရှာလို့ရမည် ဖြစ်သည်။ တစ်ဖက်က လိမ်ပြောနေရင်တောင် အမှားကို အမှန်ဖြစ်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ သူ့မှာ အများကြီး။

နျဲ့ပုဖန် ဝမ်းနည်းသွားသည်။ သည်လူကို လိမ်ဖို့ မလွယ်ဘူးလို့ သူ့ကိုယ်သူ တိတ်တိတ်လေးသတိပေးလိုက်၏။ ထို့နောက် ကျန်တဲ့ တစ်ခုတည်းသော နည်းလမ်းမှာ နှောင့်နှေးစေသော နည်းဗျူဟာကို အသုံးပြုရန် ဖြစ်သည်။ အစပိုင်းတွင် ဝေဒီ အလိုကျ နာခံ၍ နေပြလိုက်မည်။ သူ စိတ်ချက် လက်ချ ဖြစ်သွားသာအခါမှ ထွက်ပြေးကာ ကြက်သိုက်ရွာမှာ ပြန်ပုန်းနေလိုက်မည်။

ဟုတ်တယ်၊ သည်ဆုံးဖြတ်ချက်က အကောင်းဆုံးပဲ။

ဝေဒီကတော့ နျဲ့ပုဖန် တိတ်ဆိတ်နေခြင်းမှာ ၎င်း၏ သန့်ရှင်းစင်ကြယ်မှု ဆုံးရှုံးလိုက်ရခြင်းကြောင့် ဖြစ်မည်ဟု သတ်မှတ်လိုက်သည်။
သူ တစ်ဖက်သားကို လုံးဝ နားလည်နိုင်သည်။
သာမန် သန့်ရှင်းစင်ကြယ်သော ယောကျ်ားတစ်ယောက်ဟာ သူရဲ့စင်ကြယ်မှုကို တခြား ယောကျ်ားတစ်ယောက်ဆီမှာ ဖျက်စီး ခံလိုက်ရတဲ့အခါ သည်အကျိုးဆက်ကို လက်ခံနိုင်ဖို့ အချိန်လိုသည်။

အခုတော့ သည်ကောင်လေးရဲ့ရိုင်းစိုင်းမှုကို သူ ခဏ ခွင့်လွှတ်ထားလိုက်မည်။ မည်သို့ပင်ဆိုစေ လုံလောက်အောင် အချိန်ပေးပြီးတဲ့ အခါမှာတော့ သည်ကောင်လေး သေချာပေါက် သူ့ လူ ဖြစ်လာရမည်။
ဒါ့အပြင် ညက ရူးသွပ်ဖွယ် ပုံရိပ်တွေကို ပြန်တွေးမိတဲ့ အခါမှာတော့ ဝေဒီ ချက်ချင်း ဆိုသလိုကယောင်ကတမ်း ဖြစ်ကာ အာခေါင်ခြောက်လာသည်။

ဝေဒီရဲ့အကြည့်က အနည်းငယ် ထူးဆန်းလာသည်ကို နျဲ့ပုဖန် စိတ်ထဲမှ သတိ ပြုမိသောကြောင့် ချက်ချင်းပဲ စောင်အောက်ထဲ လျင်မြန်စွာ ဝင်၍ လှဲလျောင်းပြီး သူ့ကိုယ်သူ ဂေါ်ဖီထုပ် တစ်ထုပ်လိုစောင်နှင့် ရစ်ပတ်ထားလိုက်သည်။
ထို့နောက် “ပင်ပန်းနေပြီ၊ အိပ်ချင်ပြီ” ဟု ရေရွတ်လိုက်သည်။

ဝေဒီက မျက်လွှာချကာ အတင်းအကြပ် မလုပ်ပေ။

"ကောင်းပြီ၊ မင်း အရင် အနားယူပါ။ ငါ မင်းကိုနောက်မှ လာရှာမယ်"
ဟု ပြောလိုက်၏။

ထို့နောက် ဝေဒီသည် မတ်တပ်ရပ်ကာ ရွှေခဲရဲ့ အကြည့်ကို လျစ်လျူရှုပြီး တံခါးဆီသို့ တည့်တည့်လျှောက်သွားသည်။ ယနေ့ ကြက်သိုက်ရွာသို့ ခရီးထွက်မယ့် ကိစ္စကို ရွှေ့ဆိုင်းထားရန် ဆုံးဖြတ်လိုက်၏။ ဤ မတော်တဆ ရရှိခဲ့သော အဖိုးတန်ရတနာသည် သူ၏ စိတ်ဝင်စားမှုကို ပို၍ပင် နှိုးဆွနေခဲ့ခြင်းကြောင့် ဖြစ်လေသတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now