Chapter 5

3.8K 512 4
                                    

Chapter 5

လီယိ နိုးသွားတဲ့အခါ သူ့အိမ်က သိုလှောင်ရုံထက်တောင် ပိုရှုပ်ပွ နေတဲ့အခန်းတစ်ခုမှာ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သစ်သားစားပွဲတစ်ခုသာ နေရာရဲ့ သုံးပုံတစ်ပုံကို ယူထားပြီး ပန်းကန်စင်များနှင့် အဝတ်လျှော်သည့်ဟာ မှာလည်း တစ်ခုနှင့် တစ်ခု ကပ်လျက်တည်ရှိကာ ခြေတောက်များမှာလည်း သုံးခုလုံးတွင်မရှိပေ။ အရေးကြီးဆုံးကတော့ စားပွဲပေါ်၊ ပန်းကန်စင်ပေါ် တို့တွင် ကြက်တစ်ကောင်စီ ရှိနေတာပင်။

သူတို့သည် ဆူညံသံကို မပြုလုပ်ဘဲ သူတို့ရဲ့နေရာတစ်ဝိုက်တွင်သာ သေးငယ်သော ခြေလှမ်းဖြင့် လမ်းလျှောက်နေပြီး ပဲစေ့အရွယ် မျက်လုံးနှစ်လုံးသည် တစ်ခါတရံ၌ သူ့အပေါ်သို့ ရိပ်ခနဲ ကျရောက်လာကာ သူ့ခန္တာကိုယ် အပေါ်အောက်ကို ကြက်သီး ထသွားစေတတ်သည်။

လီယိသည် အရေးအကြောင်းပေါ်သည်ထိ နဖူးတွန့်သွားပြီး ထူးဆန်းတဲ့ ခံစားချက်ကို လျစ်လျူရှုရန် ကြိုးစားနေရသည်။ သူက စောစောက ဖြစ်ခဲ့တာကို ပြန်သတိရသွားပြီး သူ့ကို နောက်ဆုံး၌ ကယ်တင်ပေးခဲ့တဲ့သူကို ပြန်တွေးမိသွားသည်။ ဒီနေရာက သနားစရာကောင်းလောက်အောင် ဟောင်းနွမ်းနေသော်လည်း သူဒါကို သည်းခံနိုင်နေတုန်းပင်။

ဒါပေမဲ့ သူအများကြီး တွေးခွင့်မရလိုက်။

သူ့ခန္ဓာကိုယ်အခြေအနေကို မြင်လိုက်ရသောအခါ မိုးကြိုးပစ်ခံလိုက်ရသလိုပင် သူ့မျက်နှာမှာ ချက်ချင်းမည်းမှောင်သွားသည် (တင်စားခြင်းသာ)။ သူ့လက်ဖျံများ၊ ဒူးဆစ်များကို ပတ်တီးဖြင့် တင်းတင်းကြပ်ကြပ်ပတ်ထားသည်ကို မြင်လိုက်ရပြီး ထူးခြားပြီးအထာကျတဲ့ ဒီပတ်တီးပတ်နည်းက သူ့ခန္ဓာကိုယ်အား ဒရမ်တီးတုတ်များ ထိုးစိုက်ထားသယောက်ပင် ထင်မှတ်ရလေသည်။ ဒီ ပုံစံက၊ မူးမေ့လဲချင်စရာပင်။

လီယိသည် ကျပ်တည်းနေတဲ့ သူ့ရင်ဘတ်နဲ့ အားနည်းနေတဲ့ ခန္ဓာကိုယ်ကို လျစ်လျူရှုပြီး သူ့လက်မောင်းကို အနည်းငယ်မလိုက်ကာ ပတ်တီးများကို သူ့သွားဖြင့် ဆုတ်ဖြဲရန် အသင့်ပြင်လိုက်သည်။

ထိုအချိန်မှာပဲ့ နျဲ့ပုဖန်သည် အသီးအရွက်စွပ်ပြုတ် ထည့်ထားသော ပန်းကန်လုံးဖြင့် ရောက်လာကာ သူ့ကိုယ်သူ အန္တရာယ်ပြုနေပုံရသည့် အိပ်ယာပေါ်မှ ကြက်ခြေထောက်များထွက်သလိုလူအား တွေ့လိုက်ရသည်။ သူသည် ကြင်နာစွာဖြင့် နှစ်သိမ့်လိုက်ရင်း "မင်းအသက်ရှင်နေတဲ့အတွက် အစွန်းရောက်တာကို ထပ်မလုပ်နဲ့တော့"

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now