Chapter 11

2.9K 440 31
                                    

Chapter-11
အချစ်၏အခြေခံ
.........................

ကျန်းကျွင်းရှီအား နှစ်သစ်ကူးအတွက် လိုအပ်သောပစ္စည်းပစ္စယများဝယ်ရန် နျဲ့ပုဖန်က မြို့ကိုလွှတ်လိုက်၏။
ကျန်းကျွင်းရှီ မြို့ကိုရောက်သည်နှင့် သူ့မိတ်တွေများက လာရောက်နှုတ်ဆက်ကြလေသည်။
ဤတွင် လူကြီးတစ်ယောက်က စာတစ်စောင်ကိုင်လျက် ကျန်းကျွင်းရှီ ထံရောက်လာလေ၏။
''လူလေး ဒီစာကသခင်ကြီးကပေးခိုင်းလိုက်တာပါ''

ကျန်းကျွင်းရှီမှာ စာကိုကြည့်လိုက်ရင်း သူ၏နူးညံ့သိမ်မွေ့သော မျက်နှာအမူအရာမှာ အနည်းငယ်အေးအေးစက်စက်ဖြစ်သွား၏။
စာတွင် ရှီရှန်းမြို့ရှိ ဆိုင်ခွဲများ၏အခြေအနေကို မေးထားပြီး၊ မြို့သို့ရောက်ရှိလာမည့် ပုထျန်းကုံးနတ်မိမယ်အား ကြိုဆိုရန် ဦးစားပေး လုပ်ဆောင်ရမည်ဟုမှာထားသည်။ ကြိုဆိုရာတွင် အခက်အခဲမရှိစေရန် ရည်ရွယ်၍ စာရွက်အတော်များများဖြင့် နတ်မိမယ်၏အကြောင်းကို ရေးသားထားသည်။
ကျန်းကျွင်းရှီသည် စာကိုလေးပင်စွာဖတ်ရှုပြီးနောက် သေတ္တာထဲသို့ခေါက်သိမ်းလိုက်၏။
ထို့နောက် မှင်နှင့်စုတ်တံကိုယူကာ ပြန်ရိုးရှင်းသောပြန်စာတစ်စောင် ရေးသားလိုက်လေသည်။
ကျန်းကျွင်းရှီ၏ဖခင်မှာ အလွန်စည်းကမ်းတင်းကြပ်သောပုဂ္ဂိုလ်ဖြစ်၏။ ၎င်းသည် ယခုတွင်ကုန်သည်အိမ်၌နေ၍ စည်းမျဥ်းစည်းကမ်းများထုတ်ကာ စီးပွားရေးကို ကောင်းကောင်းအုပ်ချုပ်ထားဆဲဖြစ်သည်။
ကျန်းကျွင်းရှီသည် ငယ်စဥ်ကစာပေ ပညာများကိုအပတ်တကုပ်လေ့လာသင်ယူခဲ့ရသည်၊ အရွယ်ရောက်လျှင် မိသားစုဂုဏ်သိက္ခာတက်စေရေးအတွက် မင်းမျိုးစိုးမျိုးအသိုင်းအဝိုင်းသို့ ဝင်ရောက်နိုင်ရန်ဖြစ်သည်။ သို့သော် ကျန်းကျွင်းရှီမှာ  မင်းမျိုးစိုးမျိုးအသိုင်းအဝိုင်းသို့ မဝင်ရောက်လိုခဲ့ပါ။

ဤကိစ္စနှင့်ပက်သက်၍ ဖခင်ဖြစ်သူထံ ကျွင်းရှီ ဝန်ခံပြီးနောက်တွင် အနာဂတ်အတွက်ဘာဆက်လုပ်ရမည်နည်းဟု သူတွေဝေနေခဲ့သည်။ ထိုအစား မိသားစုစီးပွားရေးကို လက်လွှဲယူကာ သူ့တွင်စီးပွားရေးပါရမီရှိကြောင်း ကြိုးစားပြချင်ခဲ့သည်။
သို့သော် ကျွင်းရှီ၏ဖခင်ဖြစ်သူမှာ အမြတ်ထွက်၍  ကျွင်းရှီအား ဝေးလံခေါင်ဖြားသောအရပ်သို့ နှင်လွှတ်ကာ အခွင့်အရေးအားလုံးကိုပိတ်ပင်ခဲ့သည်။
သို့သော် ကျန်းကျွင်းရှီ၏ ဆရာတစ်ဆူကဲ့သို့ငွေရှာနိုင်စွမ်းကိုတော့ မတားဆီးနိုင်ခဲ့ပေ။ သူ့လက်ထဲတွင် ငွေမရှိခဲ့ပေမယ့်လည်း စီးပွားရေးအခွင့်အလမ်းများက အလိုလိုရှေ့ရောက်လာခဲ့ဖြင်းဖြစ်သည်။ ဥပမာဆိုရပါလျှင် ရှီရှန်းမြို့ရှိဆိုင်ခွဲများကို ထုတ်ကုန်ဖြန့်ဖြူးရောင်းချရန် သူ့ကိုယ်ပိုင်အစွမ်းအစဖြင့် တည်ထူထောင်နိုင်ခဲ့လေသည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now