Chapter 21

2.4K 354 10
                                    

Chapter-21


ပိုင်နက်နယ်မြေ


...........................



နောက်တစ်နေ့၌ စုချန်းယိသည် 'တစ်ယောက်တည်း ပျော်ရတာက အများနဲ့ပျော်ရတာလောက် မကောင်းဘူး' ဟူသော သဘောတရားကိုလက်ကိုင်ထား၍ သူ၏မိတ်ဆွေ ရှန်းမုလန် ကိုပါ ကြက်သိုက်ရွာ၌ လာနေရန် ဖိတ်ခေါ်ခဲ့သည်။ ရှန်းမုလန်သည် အိမ်တော်လေးခု၏ သော့ပိုင်ရှင်တစ်ဦး ဖြစ်သည်။ ၎င်းသည်လည်း စုချန်းယိနှင့် အတူတူလာနေရန် သဘောတူခဲ့၏။



ထို့ကြောင့် နျဲ့ပုဖန်မှာ နံနက်စောစောစီးစီး လူအုပ်လိုက်ကြီး ရွာထဲသို့ပြောင်းလာသည်ကို တွေ့လိုက်ရ၏။



စုချန်းယိ နှင့် ရှန်းမုလန် တို့သည် ၎င်းတို့အေးအေးသက်သာနေထိုင်နိုင်ရန် အလွန်အမင်းရိုးရှင်းသော အိမ်နှင့် အိမ်ခန်းတို့ကို ပြုပြင်ပြင်ဆင်မှုများ လုပ်နေကြသည်။ ၎င်းတို့သည် မွေးကတည်းက မြေမဆင်း မင်းသားလေးများ ဖြစ်ကြသည့်အတွက် ဤမျှလောက် နုံချာသေးငယ်သောနေရာလေးမှာ မနေထိုင်ဖူးကြပေ။



ရုတ်တရက်ကြီး ရွာထဲ၌ လူးလာခေါက်တုန့် ဝင်ချည်ထွက်ချည် ပြုနေကြသော လူများကို ရွာထဲရှိကြက်ကလေးများသည် အနှောက်အယှက်မပြုပဲ ငြိမ်ငြိမ်လေး လိုက်ကြည့်နေကြသည်။



အခန်းပြင်ပြီးသောအခါ၌ အခန်း၏ အနေအထားကို စုချန်းယိ နှင့် ရှန်းမုလန်တို့ ဝင်၍ စစ်ဆေးကြည့်ရှုကြသည်။


စုချန်းယိသည် ကြည့်ရှုရင်း တံခါးတွင်ကပ်ထားသောရုပ်ပုံတစ်ခုကို မြင်လိုက်သောအခါ စိတ်ထဲမသိုးမသန့် ဖြစ်သွား၏။ အမှန်တွင် တံခါးသည် အချိန်အဆက် အဆင်ပြေ၏။ ဘောင်များသည်သေသပ်လှပပြီး အထိုင်ကျ၏။ သို့သော် တံခါး၌ကပ်ထားသော နတ်ဆိုးရုပ်ပုံမှာ မသတီစရာကောင်းနေသည်။


သူသည် စိတ်မထိန်းနိုင်စွာဖြင့် လက်ကိုဆန့်ထုတ်ပြီး ရုပ်ပုံစက္ကူအား ဆွဲဖြဲရန် ကိုင်လိုက်ချိန်မှာ သူ၏အနောက်မှ စူးရှသောမျက်လုံးဖြင့် တစ်စုံတစ်ဦး စိုက်ကြည့်နေသည်ကို ခံစားလိုက်ရ၏။


နျဲ့ပုဖန်သည် လက်ထဲ၌ ကြက်တစ်ကောင် ကိုင်လျှက် သူနောက်ထပ်ဘာလုပ်မလဲဟု စောင့်ကြည့်နေ၏။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now