Chapter 71

1.8K 223 5
                                    

Chapter - 71

ညီငယ်လေး



ဤနေ့တွင် ဧည့်သည်တော် အများအပြားသည် တုန်းရှန်းရှောင်းဖူ သို့ ရောက်ရှိလာကြပြီး အလွှာပေါင်းစုံမှ သိုင်းပညာရှင်များ တစ်နေရာတည်းတွင် စုရုံးခဲ့ကြသည်။


ချွမ်ကျွင်း ဓား ပြန်ပေါ်ခြင်းကို ဂုဏ်ပြုရန်အတွက် လူတိုင်း၏ သက်သေအောက်တွင် ဘဏ္ဍာတိုက်၌ ထည့်သွင်း သိမ်းဆည်းထားနိုင်စေရန်အတွက် ဝေဒီ မှ အထူး တွေ့ဆုံပွဲ တစ်ခုကို ပြုလုပ်ခဲ၏။


အရှေ့ဘက် အိမ်တော်မှ ထွက်လာသော ဆူညံသံများကို ကြားတော့ နျဲ့ပု​ဖန်သည် စိတ်လှုပ်ရှားနေပြီး ထိုပွဲ၌ ပါဝင်ရန် စိတ်အားထက်သန်နေခဲ့သည်။ သို့သော်၊ သူ့ လမ်းကို ပိတ်ဆို့ကာ သက်တော်စောင့် တစ်ဦး ထွက်လာပြီး အေးစက်စွာ သတိပေးခဲ့သည် -

"တောင်းပန်ပါတယ် သခင်လေး၊ နောက်ရက်အနည်းငယ်အတွင်း မင်းကို အရှေ့ဘက် အိမ်တော်ဆီ ချဉ်းကပ်ခွင့် မပြုဖို့ အမိန့်ပေးထားပါတယ်"


"အို...တကယ်ပဲလား" နျဲ့ပုဖန် စိတ်ပျက်သွားသည်။


သက်တော်စောင့်က နောက်ပြန်ဆုတ်သွား၏။ ဆက်လျှောက်သွားကာ နှစ်ယောက်ကြား မီတာ ၁၀၀ အကွာအဝေးကို ထိန်းထားလိုက်သည်။


နျဲ့ပုဖန် က သူ့ကို ကြည့်ကာ "မင်း ငါ့ကို ဒီလိုမျိုး ဘယ်လိုတားနိုင်မလဲ။ စကားလေး နည်းနည်း ပြောပြီး ထွက်သွားနိုင်မယ်လို့ မင်း ထင်နေလား"


သက်တော်စောင့်သည် ရှေ့တွင် သူ့ ဓားကို အလျားလိုက် ကိုင်လိုက်ပြီး ...

"ဒီလက်အောက်ငယ်သားရဲ့ စကားကို လိုက်နာနိုင်မယ်လို့ မျှော်လင့်ပြီး အခြေအနေက အင်အား သုံးစရာ မလိုတော့ဘူးလို့ပဲ မျှော်လင့်ပါတယ်"


"ကောင်းပြီ ဝေ လေး၊ ငါတို့ တစ်ယောက်ကို တစ်ယောက် တွေ့ဖူးတာ ဒါ ပထမဆုံးလည်း မဟုတ်ဘူး၊ အရမ်းကြီး မရက်စက်ပါနဲ့"

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now