Chapter 35

2.3K 263 0
                                    

Chapter-35
ကျီဝေါရွာ၏ အဖိုးတန်ရတနာ
......................................

ထိုညတွင် သုံးဦးသား မောဟိုက်စွာ အိပ်ပျော်သွားခဲ့ကြ၏။
ကျန်းကျွင်းရှီနှင့် လီယီတို့သည် ၎င်းတို့၏ လုပ်ရပ်မှာ ရှက်ဖို့ကောင်းမှန်း သိကြသည့်အလျောက် နောက်များတွင် ဂုဏ်သိက္ခာရှိသော လုပ်ရပ်ကိုသာ လုပ်ဖို့ ဆင်ခြင်မိကြ၏။

မယုံကြည်နိုင်လောက်စွာ နျဲ့ပုဖန်မှာမူ ၎င်းတို့နှစ်ဦးကြားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည်။
ထိုသို့ သုံးဦးသား အတူတူနေခဲ့ကြပြီး နောက်တစ်နေ့နံနက်တွင် လီယီနှင့် ကျန်းကျွင်းရှီတို့ စောစော အိပ်ရာနိုးလာခဲ့ကြသည်။
ညကဘာမှမဖြစ်ခဲ့ကြသယောင်ဖြင့် နေ့ဘက်တွင်လူကြီး၊ လူကောင်းဆန်စွာ ကျင့်ကြံပြုမူနေရန်ကြိုးစားကြလေ၏။

လီယီသည် အိပ်ရာမှ ထခါနီးတွင် နှစ်ခြိုက်စွာအိပ်ပျော်နေသော နျဲ့ပုဖန်၏ ပါးပြင်ကို နံနက်ခင်းအနမ်းလေး ပေးလိုက်၏။
ထိုအခါ ကျန်းကျွင်းရှီကလည်း အားကျမခံ နျဲ့ပုဖန် နှုတ်ခမ်းကို ဖွဖွနမ်းလိုက်သည်။

ပါးသော လီယီကလည်း ထိုအခြေအနေကို  မြင်ကာမျက်မှောင်ကုပ်သွား၏။
ထို့နောက် နှစ်ဦးသားမှာ အခန်းထဲက ဘယ်သူမှအရင် ထွက်မသွားပဲ ရပ်နေကြသည်။

''အစ်ကိုလီ၊ ခင်ဗျား မျက်နှာသစ်ဖို့ မသွားဘူးလား''
ကျန်းကျွင်းရှီက ပြုံး၍ ပြောလိုက်၏။

''ရပါတယ်။ မင်းသာ အရင်သွားသစ်ပါ''

''ဒါဆိုလည်း တိတ်တိတ်နေပြီး နျဲ့ပုဖန်ကိုကောင်းကောင်း အိပ်ခွင့်ပေးရအောင်၊ သူမနေ့ညကအရမ်း ပင်ပန်းထားတာလေ''

ကျန်းကျွင်းရှီက အမှန်ကို ပြောပြသည်။

''ဒါဆို အတူတူသွားကြမယ်''

''ကောင်းတာပေါ့''
........
''အစ်ကိုလီ ထွက်လေ''

''မင်း အရင်ထွက်ပါ''

''ပြိုင်တူ စထွက်မယ်''

.............

''မင်းတို့နှစ်ယောက် မသွားနိုင်ကြသေးဘူးလား''

တစ်ယောက်နှင့်တစ်ယောက် ထိုးချနေသော ကျန်းနှင့် လီတို့၏ အရေမရ၊ အဖတ်မရ စကားသံတွေကြောင့် နျဲ့ပုဖန် န်ိုးလာ၏။

နှစ်ယောက်သား ခေါင်းလှည့်ကြည့်လိုက်ကြသည့်အခါ ကုတင်ပေါ် ခါးတစောင်းလှဲလျက် သူတို့ကိုစိတ်ရှုပ်စွာကြည့်နေသော နျဲ့ပုဖန်ကို မြင်လိုက်ရသည်။
သည့်အပြင် စောင်အပြင်သို့ ပေါ်နေသော နျဲ့ပုဖန်၏ ပေါင်သားဖွေးဖွေးမှာ ၎င်းတို့၏စိတ်ကို မငြိမ်မသက် ဖြစ်သွားစေသည်။
ထိုပုံစံမှာ ဖျက်စီးပစ်ချင်လောက်အောင် ဆွဲဆောင်မှု ရှိနေ၏။

''မင်းတို့ မြန်မြန်ထွက်သွားကြ၊ ငါ့ကို ခဏလောက်နားအေးအေး နေခွင့်ပေးစမ်းပါ''

နျဲ့ပုဖန်က လက်ယပ်ပြကာ ၎င်းတို့ကို ယင်ကောင်တွေမောင်းသကဲ့သို့ မောင်းထုတ်၏။

ကျန်းနှင့် လီတို့သည် သူ့အား တစ်ခုခုလုပ်ပစ်ချင်သော မျက်လုံးများဖြင့် ကြည်နေကြလေသည်။

၎င်းတို့ကတော့ ထွက်မသွားကြသေးပဲ ပြန်အိပ်ရန်ပြင်နေသည့် နျဲ့ပုဖန်အနားသို့ ကပ်လာကြ၏။
ထို့နောက် မှောက်လျက်သား အိပ်တော့မည့် နျဲ့ပုဖန်၏ ခြေနှင့်လက်တို့အား ပြိုင်တူမကာ လေထဲတွင် မြှောက်လိုက်ကြသည်။

''အား...''
ရုတ်တရက်လန့်သွားသော နျဲ့ပုဖန်က ထအော်သည်။
''ဘာလုပ်တာလဲ။ ပြန်ချပေး..."

နျဲ့ပုဖန်၏ အော်သံသည် ကျန်းနှင့် လီတို့၏ နားများကို ပင်းသွားစေလောက်ပေမယ့် ထိုသို့ စနောက်ရသည်ကို ၎င်းတို့ ပျော်နေကြ၏။
လေထဲတွင် ဆက်မြှောက်ထားသောအခါ နျဲ့ပုဖန်က သဘောကျလာပြီး ပျော်ရွှင်စွာရယ်မော၏။

''ဟား ဟား ဟား... ဒါ တော်တော်ပျော်ဖို့ကောင်းတယ်''

နျဲ့ပုဖန်က ပျော်ရွှင်စွာ အမူအရာအမျိုးမျိုးလုပ်နေသည်။
ဤတွင် ကျန်းနှင့် လီတို့သည် အချင်းချင်းမျက်နှာရိပ်၊ မျက်နှာကဲပြကာ လက်များကို လွတ်ချလိုက်၏။ ထိုအခါ နျဲ့ပုဖန်မှာ အိပ်ရာပေါ်မှောက်လျက်သားကျသွားပြီး ခေါင်းအုံးနှင့် မျက်အပ် လျက် နာကျင်သွား၏။

''မင်းတို့ ဘယ်လိုလုပ်တာလဲ။ ငါ့ နှာခေါင်းရိုး ကျိုးပြီထင်တယ်''

ကျန်းနှင့်လီတို့သည်နျဲ့ပုဖန်၏ဆူပုပ်တွန့်လိမ်နေသောပုစံကိုကြည့်ကာအားရစွာရယ်မောကြလေသည်။

ထို့နောက် ကျန်းကျွင်းရှီသည် နျဲ့ပုဖန်၏ ခေါင်းကိုပုတ်ပေးကာ ''မင်း အရိုးကျိုးသွားရင် ငါက ပြုစုပေးမှာပေါ့'' ဟု နူးညံ့စွာပြော၏။

''မင်း ကျိုးသွားလည်း အေးတာပဲ'' ဟု လီယီက ရုပ်တည်ကြီးဖြင့် နောက်လိုက်သည်။
ထိုအခါ နျဲ့ပုဖန်သည် မဲ့ရွဲ့လျက် ဘာမှပြန်မပြောပေ။
ဆက်အိပ်မရတော့မှန်း သိတာကြောင့်သူအိပ်ရာမှထကာအဝတ်များဝတ်လိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ သတ္တဝါသေးသေးလေးဆီသို့ အကြည့်ရောက်သွား၏။

''အား၊ သူ မျက်လုံးပွင့်နေပြီကွ''

နျဲ့ပုဖန်သည် ထိုဘေးတွင်ထိုင်ကာ မျောက်ကလေးကို လက်ညိုးနှင့် ထိကြည့်ဖို့ ကြိုးစား၏။ မျောက်ကလေးသည် ၎င်း၏ ခြေလက်သေးသေးလေးများကို ဆန့်ထုတ်လာသည်။ နျဲ့ပုဖန်၏ လက်ညိုးအား ၎င်း၏အမြီးကလေးဖြင့် ရစ်ပတ်ကာ အနားကိုဆွဲယူ၍ နမ်းဖို့လုပ်သည်။
၎င်း၏ မျက်လုံးပြူးပြူးနှင့် မျက်နှာလေးမှာအတော်ချစ်ဖို့ကောင်းလှ၏။

''ဝူခုံး၊ မင်းက အရမ်းချစ်စရာကောင်းတယ်''

နျဲ့ပုဖန် ဝမ်းသာပီတိဖြစ်နေ၏။

''မြန်မြန်ကြီးလာပါ။ မင်းရဲ့ ထန်စန်းကို ငါရှာပေးမယ်''

''ဘာလဲ ထန်စန်းဆိုတာ''
ကျန်းကျွင်းရှီက မသိ၍ မေးလိုက်၏။

''မှော်ဝိဉာဥ်မျိုးစိတ်တစ်ခုလေ၊ ကောင်းကင်မှာ ပျံနိုင်တာ၊ မိစ္ဆာတွေကို တိုက်ခိုက်နိုင်တာတို့''

နျဲ့ပုဖန် ပြောသော မှော်မျိုးစိတ်ဆိုသည်မှာ ဝမ်ရှင်းချန်နှင့်တောင် တူနေသေးသည်။

ထို့နောက် နျဲ့ပုဖန်သည် ပြုလုပ်ထားသော သားရေအစို့ကလေးနှင့် မျောက်ကလေးအား နို့တိုက်ကျွေး၏။
သူသည် ပါးလေးဖောင်းကာ နို့စို့နေသော မျောက်ကလေးကို ချစ်မဝနိုင်စွာ တသသဖြစ်နေသည်။

''မင်း ဒီမှာ ဘယ်လောက်ကြာကြာ ဆက်နေဦးမှာလဲ''
လီယီက မေးလိုက်၏။

''ဟုတ်သား၊ ဒီနေ့ပြန်ရင် ကောင်းမလားပဲ''
ထို့နောက် နျဲ့ပုဖန်က ကျန်းကျွင်းရှီကို လှည့်ကြည့်သည်။

''ကျန်းကျွင်းကို ငါဒုက္ခပေးရဦးမယ်၊ မင်းရွာကိုနို့တစ်နေ့တချိုင့် ပို့ပေးဖို့ လူလွတ်ပေးပါလား။ ပို့ခ ငါရှင်းပါမယ်''

သို့သော် ကျန်းကျွင်းရှီက ငွေကိုလက်ခံမည် မဟုတ်။
''အဲ့ဒါက လွယ်ပါတယ်။ မင်းပိုက်ဆံရှင်းဖို့ မလွယ်ပါဘူး။ ငါ့ကိုသာ စိတ်ချထားလိုက်ပါ''

နျဲ့ပုဖန်၏ မျက်လုံးများသည် တောက်ပသွားပြီး ကျန်းကျွင်းရှီ၏လက်ကို ဆုပ်ကိုင်ကာ ဝမ်းပမ်းတသာ ကျေးဇူးတင်လိုက်၏။

''ကျန်းကျွင်း၊ မင်းက ငါ့အတွက် တကယ့်မိတ်ဆွေကောင်းပဲ''

''အဟမ်း''
လီယီက ၎င်းတို့ကို ချောင်းဟန့်၏။

နျဲ့ပုဖန်လည်း လီယီ၏ပုခုံးကို ပုတ်ကာ နှစ်သိပ်ပေးပြီး။
''မင်းကလည်း အသုံးဝင်တဲ့လူပါပဲ။ မင်း ဂျုံကောင်းကောင်းနယ်ပေးလို့ ငါတို့အရသာရှိတဲ့ခေါက်ဆွဲတွေ၊ ဖက်ထုပ်တွေ စားရတယ်''

''.....''
လီယီမှာ ဘာမှစောဒက မတတ်နိုင်ဖြစ်သွားရှာသည်။
ကျန်းကျွင်းရှီကတော့ ရယ်နေ၏။

ရွာကို ပြန်ရန်ဆုံးဖြတ်လိုက်သောကြောင့် ၎င်းတို့အားလုံး သန့်ရှင်းရေးလုပ်ကာ ပြင်ဆင်လိုက်ကြသည်။

ကျီဝေါရွာသို့ ပြန်ရောက်သည်နှင့် နျဲ့ပုဖန်သည် သူ၏ ကြက်များကိုတောင် နှုတ်ဆက်မအားပဲ အိမ်ထဲသို့ ပြေးဝင်ကာ တံခါးကို အလျင်စလိုပိတ်ထားလိုက်သည်။
ထို့နောက် သူ့လက်ထဲမှ မျောက်ကလေးကို ရင်တမမဖြင့် ထုတ်ကြည့်၏။
မျောက်ကလေးသည် ကြက်အဖြစ်သို့ ပြောင်းမသွားပေ။ ဤသည်မှာ ရွာအပြင်တွင် မွေးဖွားလာသော မျိုးဆက်သစ်များသည် ကြက်များဖြစ်လာမည် မဟုတ်သည်က သေချာသွားလေပြီ။
ဒါဟာ ကျီဝေါရွာ၏ကျိန်စာကို ချိုးဖျက်ဖို့ လမ်းစများလားဟု တွေးမိသောအခါ နျဲ့ပုဖန် မျက်လုံးများ တောက်ပလာ၏။

''နျဲ့ပုဖန် ...''
ထိုအချိန်တွင် အိပ်အပြင်မှ စုချန်းယိ၏ အော်ခေါ်သံကို ကြားလိုက်ရလေသည်။

နျဲ့ပုဖန် တံခါးကိုဖွင့်ကာ ရွှင်ပြနေသောမျက်နှာထားဖြင့် စုချန်းယိကို ပြုံးပြ၏။

''အစ်ကိုစု ဘာဖြစ်လို့လဲ''

စုချန်းယိသည် နျဲ့ပုဖန်ကို ကြည့်လိုက်ရာ မျက်နှာနှင့် အင်္ကျီကော်လံအောက်မှ ပေါ်နေသောအရေပြားတို့ရှိ အမှတ်အသားများကို တွေ့သွားလေသည်။

ထို့ကြောင့် မနေနိုင်မထိုင်နိုင် စနောက်လိုက်လေသည်။
''မင်းကတော့ ပူလောင်တဲ့ နွေဦးညလေးကို ကုန်ဆုံးခဲ့တဲ့ပုံပဲ''

ထိုအခါနျဲ့ပုဖန်သည် နဖူးပေါ်ကျနေသော ဆံပင်များကို လေဖြင့်မှုတ်ထုတ်ကာ ဝန်ခံရတော့၏။

''အစ်ကိုစုက အမြင်စူးရှပါပေတယ်''

သူသည် ဒီပုဂ္ဂိုလ်၏ ပါးနပ်မှုကို လျော့မတွက်သင့်ပေ။

''ငါ မင်းကိုပြမလို့။ နျဲ့ပုဖန်၊ ဒါကိုကြည့်စမ်းပါ''
စုချန်းယိက သူ့အင်္ကျီလက်ထဲမှ အရာဝတ္တုတစ်ခုကို ထုတ်ကာ နျဲ့ပုဖန်အားပြ၏။

''ငါ ဒါကိုရွာထဲက ကောက်ရလာတာ။ ဒါဘာလဲ မင်းသိလား''
နျဲ့ပုဖန် ထိုအရာကို ကြည့်လိုက်၏။
၎င်းသည် အဖြူရောင်ရှိကာ တိရစ္ဆာန်အဆွယ်တစ်ခုခုကို အရောင်တောက်အောင်သွေး၍ အနုစိတ် ပုံဖော်ထားသောကြောင့် အဖြူရောင်ကျောက်စိမ်း ရတနာကဲ့သို့ ဖြစ်နေသည်။

''ဒါ ကျောက်စိမ်းတော့ မဟုတ်ဘူး''

''ဒါ ကျီဝေါရွာထဲကဟာ မဟုတ်ဘူးလား''
စုချန်းယိက မေးသည်။

''ရွာထဲကတော့ ရွာထဲကဟာပဲ''
ရွာရှိ ကြက်များသည် လှိုက်ဂူထဲကို တူးဝင်၍ ရတနာတွေ ယူလာတတ်ကြောင်း နျဲ့ပုဖန် အမှတ်ရသွား၏။ သူသည် ထိုကိစ္စကို လျှို့ဝှက်ထားဖို့ကြိုးစားခံသော်လည်း ယခုတွင် စုချန်းယိ တွေ့သွားခဲ့ပြီ။

''ဘာဖြစ်လို့လဲ''
စုချန်းယိက သံသယဖြစ်စွာ ထပ်မေး၏။

နျဲ့ပုဖန် သက်ပြင်းချ၍ ရှင်းပြရန် ကြိုးစားရတော့သည်။
''ကျွန်တော်တို့ရွာမှာ ဒီလို အဖိုးတန်ရတနာတွေက ပြန့်ကျဲနေတာ၊ ကြက်ကလေးတွေက အဲ့ရတနာတွေကို ချီ,ချီလာပြီး ဆော့ကြတယ်လေ၊ တွေ့သလောက် ကောက်ပြီး စုထားပေမယ့် ဘာတွေလဲဆိုတာ တွက်ကြည့်လို့ မရဘူး''

''ကျီဝေါရွာမှာ ဒီလို အဖိုးတန်ရတနာတွေရှိတယ်လို့မင်းပြောတာလား။ ငါ ကြည့်ကြည့်လို့ရမလား''
စုချန်းယိသည် သံသယ ပိုရှိသွားခဲ့၏။

''အဲ့ဒါတွေက ကြက်တွေပိုင်တာမို့ ပြလို့မရဘူး''

''....'' စုချန်းယိ ဘာမှပြန်မပြောနိုင်။

ထိုစဥ်မှာပင် နတ်မိမယ် ယုချုံက နျဲ့ပုဖန်ထံ အပြေးအလွှား ရောက်လာ၏။
သို့ရာတွင် စုချန်းယိကို မြင်သောကြောင့် သူအိန္နြေသူ ပြန်ဆယ်ကာ နဂိုအတိုင်း မျက်နှာထားတည်၊ မောက်မာသောပုံ ဖမ်းလိုက်၏။

''မင်းသား စုချန်းယိ၊ ကျန်းမာတော်မူပါရဲ့လား''

ယုချုံက အရို့အသေပေး၍ နှုတ်ဆက်၏။
ထို့နောက် စုချန်းယိသည် နျဲ့ပုဖန်ကို ထိုသို့မှာကြားကာ အလိုက်တသိ ထွက်သွားပေး၏။

''နောက်ကျရင်လည်း မင်းရတနာတွေ မကြာခဏရှာတွေ့ပါစေလို့ မျှော်လင့်ပါတယ်။ ငါယူမှာ မဟုတ်တာကိုတော့ စိတ်ချပါ၊ ငါသွားလိုက်ဦးမယ်''

စုချန်းယိ ထွက်သွားသည့်နောက်၌ ယုချုံသည် နျဲ့ပုဖန်အား အိမ်ထဲသို့ အတင်းဆွဲခေါ်လာကာ တံခါးကိုစောင့်ပိတ်လိုက်၏။ သူမသည် တခုခုကို တုန်လှုပ်နေပုံ ပေါ်လေသည်။

ထို့ကြောင့် နျဲ့ပုဖန်သည် မိမိရင်ဘက်ပေါ် မိမိလက်တင်ကာ ကျိန်ဆိုပြ၏။

''ပြောချင်တာကို ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်။ ကျွန်တော် နျဲ့ပုဖန်၊ ခင်ဗျားအပေါ် သစ္စာမဖောက်ဘူးလို့ ကျိန်ဆိုပါတယ်''

''ကဲ ပြပါ။ လက်ထဲက ဘာတွေလဲ''

ထိုအခါ ယုချုံသည် သူ့မအင်္ကျီလက်ထဲမှ ပစ္စည်းတစ်ခုကို ပုန်းလျှိုး၊ ကွယ်လျှိုး နှိုက်ယူကာ နျဲ့ပုဖန်အား ကပ်တိုးလေး ပြသည်။
''ဒီမှာ ကျွန်မ ရွာထဲမှာ ရှာတွေ့လာတာ တစ်ခုရှိတယ်''

''ကြက်ဥကြီးတော့ မဟုတ်ပါဘူးနော်''

''ကြက်ဥအကြောင်း လာမပြောနဲ့''

အရင်တစ်ခေါက် ကိစ္စကတည်းက ယုချုံတစ်ယောက် ကြက်ဥကို စိတ်နာနေခဲ့ခြင်း ဖြစ်သည်။

''တကယ်သာဆိုရင် ကျွန်မနောက်ဆုံးသော့ကို ရှာတွေ့တာပဲ ဖြစ်ရမယ်''

''အိုး ... ပြပါဦး။ ဘယ်လိုလဲ''

နျဲ့ပုဖန်က မျက်လုံးအဝိုင်းသားလေးဖြင့် မျှော်ကြည့်၏။
ယုချုံသည် အိတ်ထဲမှ ပါလာသောပစ္စည်းကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။

ဤသည်မှာ နတ်မြင်းပျံပုံပါသော ကျောက်စိမ်း ဆံထိုးလေးတစ်ချောင်း ဖြစ်သည်။ ကြည်လင်ပြတ်သားပြီး လက်ရာမြောက်စွာ ထွင်းထုထားသောကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့ တန်ဖိုးကြီးမှန်းသိသာပေသည်။

''တကယ် တွေ့သွားပြီပဲ''
နျဲ့ပုဖန်က အံ့သြစွာ ပြောလိုက်သည်။

ထို့နောက် ယုချုံသည်လည်း ဂုဏ်ယူဝံ့ကြွားစွာဖြင့်
''ဒါက တကယ့်နောက်ဆုံးသော့လို့ ရှင်လည်း ထင်တယ်မလား၊ ကျွန်မတို့တွေ အားလုံးနောက်ဆုံးသော့ဟာ နတ်မြင်းပျံသဏ္ဍာန်ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြတာ၊ အခုတကယ်ပဲ နတ်မြင်းပျံဆံထိုးကို ရှာတွေ့ခဲ့တယ်။ ဒါ အစစ်ဖြစ်မယ်ထင်လား''

နျဲ့ပုဖန်သည် ပြန်မဖြေပဲ ဗီဒိုဘက်သို့ လျောက်သွားကာ အထဲမှတစ်ခုခုကို ရှာဖွေနေသည်။

''ရှင် ဘာတွေရှာနေတာလဲ''
သူ၏ ထူးဆန်းသောအပြုအမူကို ယုချုံကမေးခွန်းထုတ်သည်။

နျဲ့ပုဖန်သည် သစ်သားသေတ္တာငယ်တစ်လုံးကိုထုတ်လာကာ ယုချုံအရှေ့၌ ဖွင့်လိုက်၏။
''ဒါပဲ''

ယုချုံသည် သေတ္တာထဲကပစ္စည်းများကိုအသေအချာတွေ့ရပြီးနောက် အံ့သြမှင်သက်ကာကြက်သေသေသွားခဲ့ရသည်။
အထဲတွင် ရတနာသိုက်သော့လေးခုရှိနေသည်။ ၎င်းတို့မှာ အဇူရာနဂါး၊ ကျားဖြူ၊ ဇာမဏီငှက်၊ မဟူရာလိပ်နဂါးရုပ်ပုံ ပါရှိသောဆံထိုးများ ဖြစ်ကြသည်။ ၎င်းရတနာသော့တို့၏ အရည်းအသွေးနှင့်သွေးဖြတ်ထွင်းထုထားဟန်မှာ သူမ တွေ့လာတော့နတ်မြင်းပျံရုပ်ဆံထိုးနှင့် တထေရာတည်း ထင်ရ၏။

နျဲ့ပုဖန်သည် နတ်မြင်းပျံ ရုပ်ဆံထိုးကို ကောက်ကိုင်လိုက်ပြီး လေးနက်စွာပြုံး၍ ပြောသည်။

''မမျှော်လင့်ထားတာတစ်ခုက နောက်ဆုံးသော့ကတစ်ချောင်းတည်း မပြီးဘူး။ သူ့မှာ အဆက်တွဲ တစ်ခု ရှိရဦးမယ်လို့ကြားတယ်''

''ဒါတွေနဲ့ အတူတူပဲလေ၊ မဟုတ်ဘူးလား''
ယုချုံသည် သစ်သားသေတ္တာငယ်ထဲက ရတနာသိုက်သော့များကို လက်ညိုးထိုးပြလျှက်ဖြင့်တုန်လှုပ်စွာ မေးလိုက်သည်။

''မတူပါဘူး။ နောက်ဆုံးသော့ဟာ ပညာရှိကြီးရဲ့အထူးပြောင်မြောက်လှတဲ့ လက်ရာဖြစ်တာမို့ ပိုတန်ဖိုးကြီးပြီး ထူးခြားအောင် လုပ်ခဲ့ပုံရတယ်''

ယုချုံမှာ ပန်းတိုင်ရောက်ပြီထင်ကာမှ ခြေတစ်လှမ်းလိုနေသူလို အမောစို့ကာ စိတ်ဓာတ်ကျသွားရသည်။

ယုချုံသည် ခဏတာတွေဝေနေပြီးနောက်တွင် စားပွဲခုံကို လက်ဖြင့် ထုကာပေါက်ကွဲလေ၏။

''အား၊ ဘာဖြစ်လို့လဲ။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ ...''

နျဲ့ပုဖန်က အလိုက်တသိပင် သူမအတွက် ရေတစ်ခွက်ပေးကာ စိတ်လျော့ဖို့ နှစ်သိမ့်ပေး၏။

''စိတ်လျော့ပါ၊ စိတ်လျော့ပါ၊ အဆင်ပြေသွားမှာပါ''

''စိတ်မလျော့နိုင်ဘူး။ ငါ အဲ့ဒီသော့ကို ရှာနေတာကြာလှပြီး၊ ဘာလို့အခုထိ မတွေ့နိုင်သေးတာလဲ''

''စိတ်ရှည်ရှည်ထားပါ၊ ခင်ဗျား ရှာလို့တွေ့မှာပါ''

နျဲပုဖန်သည် မျောက်ကလေး ဝူခုံးလန့်သွားမှာစိုး၍ ပွေ့ဖက်ချော့မြူနေသည်။

''ကျွန်မရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းတွေ ကုန်တော့မယ်''
ယုချုံသည် ခုံတွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။

ထိုအခါ နျဲ့ပုဖန်က သူမကို နှစ်သိမ့်ပေးဖို့ရာ ဤစကားကိုဆို၏။

''နွေဦးရာသီကုန်တဲ့အထိ ခင်ဗျားကြိုးစားပြီး ရှာကြည့်ပါဦး။ မတွေ့ခဲ့ရင် ခင်ဗျားမျက်နှာ မပျက်ရအောင် ကျွန်တော်လည်း ကူရှာပေးပါ့မယ်''

''တကယ်လား"

''တကယ်ပေါ့''
နျဲ့ပုဖန်သည် အားတတ်သရော ခေါင်းညိတ်၏။

''အစ်ကိုနျဲ့၊ ရှင်က သိပ်ကြင်နာတတ်တာပဲ"

ယုချုံသည် သူ့အား ကျေးဇူးရှင်ကြီးသဖွယ်ယုံကြည်ကိုးစားစွာ ကြည့်လေသည်။

နျဲ့ပုဖန်လည်း နည်းနည်းမြောက်ကြွကြွ ဖြစ်သွား၍ မျက်နှာကိုချီကာ ယုချုံ၏ ကျေးဇူးတင်မှုကို ခံယူခဲ့သည်။

ဤသည်မှာ မိုက်မဲသောလှည့်စားမှုတစ်ခု ဖြစ်မှန်းယုချုံ မသိခဲ့။
နောက်ဆုံးသော့ အစိတ်အပိုင်းသည် နျဲ့ပုဖန်လက်ထဲမှာရှိနေတာ ယုချုံသိသွားခဲ့လျှင် မည်သို့ဖြစ်လာလိမ့်မည်နည်း ...

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now