Chapter 7

3.3K 481 11
                                    

အပိုင်း ၇  လီရှောင်းယောင်

နျဲ့ပုဖန်သည် သာမန်လူငယ်များကဲ့သို့ နိမ့်ကျသည့် အဆင့်အတန်းမဟုတ်မှန်း ကျန်းကျွင်းရှီ ရိပ်စားမိသည်။ နျဲ့ပုဖန်သည် ချောမောပြီး ဩဇာရှိသည့်အသွင်သဏ္ဍာန်ရှိသည်။ သို့သော် အဝတ်အစားအား ဆိုးရွားစွာဝတ်စားလေ့ရှိသည့်အတွက် အမြင်ဆိုးနေရခြင်းပင်။ သူ၏ဝတ်စားဆင်ယင်ပုံအား ပုံစံတကျပြောင်းလဲလိုက်မည်ဆိုပါက အသွင်သဏ္ဍာန်သည် အဆင့်အတန်းမြင့်မားသူကဲ့သို့ ပြောင်းလဲသွားနိုင်ပေသည်။ ထိုကဲ့သို့ တွေးမိသော်လည်း မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသည့်အခါတွင် ကျန်းကျွင်းရှီ အံ့ဩသွားလေသည်။

သူ၏ရှေ့တွင်ရှိသောသူသည် အပြာရင့်ရောင်အတွင်းဝတ်အား ဝတ်ဆင်ထားပြီး အပြာနုရောင် ဝတ်ရုံကိုဆင်မြန်းထားသည်။ အင်္ကျီ၏ အနားသတ်များအား တိမ်တောင်များသဖွယ် ပန်းထိုးထားလေ၏။ သေးကျဉ်သည့်ခါးတွင် ခါးပတ်တစ်ခုဖြင့် စုစည်းထားပြီး တစ်ကိုယ်လုံးအား ခြုံငုံကြည့်ပါက နုညံ့၍ ကျက်သရေရှိလှသော ကုန်းဇီတစ်ယောက်၏ ပုံသဏ္ဍာန်အား ဆေးရောင်ရေးချယ်ထားသည်နှင့်ပင် တူနေတော့၏။

ကျန်းကျွင်းရှီသည် ၎င်း၏ရှေ့တွင်ရှိနေသော အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည့် နျဲ့ပုဖန်အား ငေးကြည့်နေမိသည်။
နျဲ့ပုဖန်သည် အင်္ကျီလက်အစများအားသိမ်းကာ ပြောလိုက်သည်။

“ပြီးပြီလေ ညစာစားကြတော့မလား”

“နေဦး”
ကျန်းကျွင်းရှီသည် အနီးရှီဗီရိုအတွင်းမှ ပညာသင်များဆောင်းလေ့ရှိသည့် ဦးထုပ်အားယူကာ နျဲ့ပုဖန်အား ဆောင်းပေးလိုက်လေသည်။
နျဲ့ပုဖန်၏ဆံပင်များသည် မရှည်လျားသည့်အတွက် စည်းနှောင်ထားမည်ဆိုက မလိုက်ဖက်ချေ။ သို့ရာတွင် ဦးထုပ်ဆောင်းလိုက်ရာ ပို၍တင့်တယ်သွားလေသည်။

“ဟုတ်ပြီလေ”
ကျန်းကျွင်းရှီ ပြုံးကာ အခန်းအတွင်းမှထွက်ရန် လက်ပြလိုက်သည်။
နျဲ့ပုဖန်ခေါ်ဆောင်လာသည့် ကြက် ၂ ကောင်သည် တံခါးအပြင်ဘက်တွင် အော်နေကြလေသည်။ ကျန်းကျွင်းရှီသည် ထိုကြက် ၂ ကောင်အား ညွှန်ပြကာ နျဲ့ပုဖန်အား ပြောလိုက်သည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now