Chapter 53

2.1K 252 0
                                    

Chapter - 53
အစွမ်းထက်သောဆေး


ညဘက် ရောက်သောအခါတွင် လီယီသည် အေးစက်သော မျက်နှာနှင့် နျဲ့ပုဖန်အား ကြည့်ရန်ရောက်လာခဲ့သည်။

သို့ရာတွင် နျဲ့ပုဖန်သည် ပန်းပွင့်မိန်းကလေး အနိုင်ကျင့်ခံရသည့်အတွက်၊ ထိုပြဿနာကို ဖြေရှင်းရန် ကြက်ခြံထဲ ရောက်နေခဲ့၏။

နျဲ့ပုဖန်သည် ထောင့်တစ်နေရာတွင် ဝပ်နေသော ကြက်မည်းတစ်ကောင်အား ဆူနေသည်။

"လက်နက်ကြီး၊ မင်းမှာ ဒေါသထွက်ရင် သွေးဆိုးတဲ့အကျင့်ရှိနေတာလား၊ မင်းရဲ့ မောင်နှမတွေကို မင်း ဘာလို့ အနိုင်ကျင့်ရတာလဲ''

ကြက်မည်းသည် ခေါင်းကို မော့ကာ လည်တိုင်ကို မြင့်၍ ခက်ခက်ထန်ထန် မော့ကြည့်သည်။

နျဲ့ပုဖန်က အဝါရောင် ကြက်ကလေးတစ်ကောင်ကို လက်ထဲမှာအုပ်ပြီး ကြက်မည်း အရှေ့တွင် ဆုပ်ကိုင်ထား၏။ ထို့နောက်သူက ချော့မော့သောလေသံဖြင့် ...

“ကြည့်စမ်း၊ မင်း ညီလေးက ချစ်ဖို့မကောင်းဘူးလား။ ဖောင်းဖောင်းလုံးလုံးနဲ့ ဝိုင်းစက်နေတာ ချစ်စရာကောင်းတယ် မဟုတ်လား”

ကြက်မည်းသည် အတောင်ပံများကို ဆတ်ခနဲဖြန့်ကာ အဝါရောင်ကြက်ကလေးအား အော်ဟစ်လိုက်သည်။ အဝါရောင် ကြက်ကလေးသည် အလွန်ထိတ်လန့်သွားပြီး နျဲ့ပုဖန်၏ အဝတ်ထဲသို့ ခုန်ဝင်ကာ အတွင်းဘက်၌ ပုန်းအောင်းလျှက် တုန်ရီနေခဲ့သည်။

နျဲ့ပုဖန်လည်း ဒေါသထွက်ပြီး ကြက်မည်းကို တစ်ချက်ရိုက်ကာ အော်ငေါက်လိုက်သည်။

''မင်း၊ တော်တော် ဆိုးသွမ်းတဲ့ ကြက်။ မင်း အင်မတန် ရိုင်းစိုင်းတာပဲ။ ဒီလိုနဲ့ နောက်ဆိုရင် မင်းမှာ ဘယ် ညီအစ်ကို မောင်နှမမှ ရှိမှာ မဟုတ်တော့ဘူး!''

ကြက်မည်းသည် မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ခေါင်းကို လှည့်သွားသည်။

ကြက် စံချိန် စံညွှန်းအရ ၎င်း၏ အသွင်အပြင်မှာ အမှန်တကယ်ပင် အကျဥ်းတန်၏။ အမွေး အတောင်တွေက ဦးခေါင်းနဲ့ လည်ပင်းမှာ အဖြူဖြစ်ပြီး ကျန်တာတကောင်လုံး အနက်ရောင်ဖြစ်နေသည်။ ၎င်း၏ နှုတ်သီးကလည်း ဆိုးဝါးစွာ ကွေးနေပြီး ၎င်း၏ မျက်လုံးများမှာ ခက်ထန်သည်။ ဦးခေါင်းပေါ်တွင် အမောက်လည်း မရှိသဖြင့် မသန်မစွမ်းသော ကြက်အသွင် သိသိသာသာ ပေါက်နေသည်။

နျဲ့ပုဖန်က ဒေါသဖြစ်ပြီးနောက် တစ်ဖန် သနားစိတ်အနည်းငယ် ခံစားလာရပြီး သူ၏ လေသံကို နိမ့်ချကာ တိုးညှင်းစွာ ပြောလိုက်သည်။

"မင်းမှာ အမောက် မပါတာ မင်းအပြစ် မဟုတ်ဘူး။  မင်း ဒီလောက်ထိ အရှက်ရ မနေသင့်ပါဘူး။ အခုလည်း ဘဝက အရမ်းသာယာနေတာကို ဘာလို့ စိတ်တိုနေရတာလဲ။ မင်း ဘယ်လို ပုံစံရှိပါစေ။ မင်းရဲ့သခင် ငါ မင်းကို ချစ်ပါတယ်''

သို့သော် ကြက်မည်းသည် ဒေါသ အလွန်ထွက်သွားပုံရသည်။ အတောင်ပံများကို ခတ်ကာ အော်ဟစ်လေသည်။ ပတ်ဝန်းကျင်ရှိ မြက်ပင်များလည်း ပျက်စီးကာ သူ့ တောင်ပံခတ်ခြင်းကြောင့်လေပွေးငယ် အသေးစားလေး တစ်ခု ဖြစ်သွား၏။

နျဲ့ပုဖန်သည် သူ့ ခေါင်းပေါ်ကျလာသော မြက်ပင်အချို့ကို ပေါ့ပေါ့ပါးပါး ပုတ်ခါလိုက်သည်။ ထို့နောက် နောက်ကနေ လီယီ၏ ညင်သာတဲ့အသံထွက်ပေါလာ၏။

''အဲ့ကောင်က ကြက် မဟုတ်ဘူး၊ မင်းသိလား''

"ဟင်"  နျဲ့ပုဖန်က လီယီကို လှည့်ကြည့်ပြီး ကြက်မည်းကို တစ်ချက် ပြန်ကြည့်ကာ ရှုပ်ထွေးသွားသည်။

''ကြက် မဟုတ်ဘူးလား''

လီယီ က အမှန်တရားကို ထောက်ပြခဲ့၏။

"သူက လင်းယုန် အကောင်ငယ်လေးဆိုတာ သိသာနေတာပဲ''

"လင်းယုန် လား"  နျဲ့ပုဖန်သည် ကြက်မည်းကိုစေ့စေ့စပ်စပ်ကြည့်လိုက်၏။ ၎င်း၏ ရင်အုပ်ကအမွေးများဖြင့် ဖောင်းနေပြီး အတော်လေး မာန်မာနကြီးသည့်ပုံ ပေါက်နေသည်။

ထိုအခါ နျဲ့ပုဖန်လည်း သဘောပေါက်သွား၏။

“ဒါက ဒီလိုကိုး။ မင်းကို နည်းနည်း ထူးဆန်းတယ်လို့ ငါ အမြဲထင်နေတာ အံ့သြစရာ မဟုတ်ဘူး။ မင်းက မွေးရာပါ မသန်မစွမ်း ဖြစ်တာကြောင့်လို့ ထင်ခဲ့တာ''

ကြက်မည်း၊ မဟုတ်ဘူး၊ လင်းယုန်နက်။

ထို့နောက် လက်နက်ကြီးသည် အရမ်း ဒေါသထွက်ပုံပေါ် လာပြီး၊ ရုန်တရက် နျဲ့ပုဖန် ခေါင်းပေါ် ပြေးတက်ကာ၊ အဝေးသို့ ဒေါသတကြီး ပျံထွက်သွားတော့သည်။ 

နျဲ့ပုဖန်လည်း ခေါင်းပေါ်မှာ ကြက်အသိုက်ကဲ့သို့ အမွေးများနှင့် ကျန်ခဲ့၏။
သည့်နောက် မတ်တပ် ထရပ်ကာ လီယီကို ပခုံးတွန့်ပြသည်။

"လင်းယုန်တစ်ကောင် ဖြစ်ရင်တောင် သူ့ရဲ့ဒေါသကြီးတဲ့ စိတ်ကို ဖျောက်ဖျက်လို့ မရဘူး"

လီယီက စကားမပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။

နျဲ့ပုဖန်က မေးလိုက်သည်။

"အရမ်း နောက်ကျနေပြီ၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ၊ အနား မယူသေးဘူးလား"

"မင်း ဘယ်လိုထင်လဲ" 

လီယီ၏ လေသံက မှောင်မိုက်သည်။ ထို့အပြင်သူ၏ စူးစူးရှရှ မျက်ဝန်းတို့နဲ့ ပေါင်းစပ်လိုက်သောအခါ ပို၍ပင် ကောက်ကျစ်သယောင်ရှိနေသည်။

သည်တစ်ခါမှာတော့ လီယီသည် နျဲ့ပုဖန်အား လှည့်စားရန် အခွင့်မပေးတော့ပဲ အိမ်ဆီသို့ ထမ်းခေါ်သွားခဲ့သည်။

နျဲ့ပုဖန် ရုန်းကန်သော်လည်း မည်သို့မျှ မအောင်မြင်ဘဲ မျောက်တစ်ကောင်ကဲ့သို့ ကားယားလေးပါသွားရသည်။

လီယီ၏ လက်မောင်း အင်အားသည် အံ့မခန်း ဖြစ်ပြီး သူ၏ အလေးချိန်ကို လက်တစ်ဖက်တည်းဖြင့် ထိန်းနိုင်၏။ သူ့ အလေးချိန်ကို ထမ်းထားသော်လည်း လီယီ၏ ခြေလှမ်းများက တည်ငြိမ်နေပြီး သူ့ မျက်နှာနဲနဲလေးမှ ပျက်မသွား။

ထို့နောက် ရေချိုးခန်းထဲ တန်းဝင်သွားကာ လီယီက သစ်သားတံခါးကို ခြေဖြင့် ပိတ်လိုက်သောကြောင့်အသံကျယ်ကြီး ထွက်ပေါ်လာသည်။ အရင်တစ်ခေါက်က ကျန်းကျွင်းရှီ ကန်ဖွင့်ခဲ့သော တံခါးသည် စက္ကန့်ပိုင်းအတွင်း လုံးဝ ပြိုပျက်သွားလေသည်။

လီယီသည် နျဲ့ပုဖန်ကို သူ့ ခန္ဓာကိုယ်မှ ချပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ အဝတ်အစားများ ချွတ်ပေးသည်။

နျဲ့ပုဖန်က ခါးစည်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး နောက်ကို ဆုတ်သွား၏။ 
“ငါ ကိုယ်တိုင်လုပ်မယ်။ မင်းရဲ့လက်ကို ဖယ်လိုက်"

လီယီက လှုပ်ရှားမှုများကို မရပ်တန့်ဘဲ သုံးစက္ကန့်အတွင်း နျဲ့ပုဖန်ကို ကိုယ်လုံးတီး ချွတ်ပစ်လိုက်သည်။ ထို့နောက် ရေအပြည့်ဖြည့်ထားသော ရေချိုးကန်ထဲသို့ လျှောက်သွားကာ နျဲ့ပုဖန်ကို ပစ်ချလိုက်၏။

"မင်း အဝတ်အစားတွေ မချွတ်ရသေးဘူးလေ'' 
နျဲ့ပုဖန် အော်လိုက်သည်။

လီယီက သူ့လက်ကို ခါ၍ ချက်ချင်းပင် သူ့ကိုယ်ပေါ်ရှိ ရေစိုနေသော အဝတ်များကို ချွတ်ကာ ရေချိုးကန်ထဲမှ အဝေးသို့ လွှင့်ပစ်လိုက်သည်။ နျဲ့ပုဖန်တစ်ယောက်မှ လီယီ ဘယ်လို ချွတ်လိုက်သလဲဆိုတာ မသိနိုင်အောင် မြန်ဆန်၏။

ထို့နောက် နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ကာ စကားအပြောအဆိုလည်းမရှိပဲ ကိုယ်လုံးတီးနှင့် ရေစိမ်နေကြသည်။

နျဲ့ပုဖန်သည် ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ နိမ့်ချကာ ရေထဲသို့ ငုပ်သွားပြီး သူ့ နှာခေါင်း အပေါ်ပိုင်းကိုပဲဖော်ထားကာ ပါးစပ်မှ ပူဖောင်းများ ထွက်လာသည်။

ရုတ်တရက် လီယီသည် မည်သည့်နေရာမှ ရေခွက်ကို ကိုင်လိုက်တယ် မသိ၊ နျဲ့ပုဖန်၏ ခေါင်းပေါ်မှ ရေတစ်ခွက် လောင်းချလိုက်သည်။  ထို့နောက် ဆပ်ပြာ ယူကာ ဆံပင်တွေကို လိမ်းနယ်လျော်ဖွတ်ပေးလိုက်၏။

နျဲ့ပုဖန်မှာ မျက်လုံးများကိုပါ ရေများဖြင့် ဖုံးလွှမ်းနေသောကြောင့် ပူဖောင်းများကို ဆက်လက်မှုတ်ထုတ်နေပြီး စကားလည်း မပြောနိုင်၊ မျက်စိလည်း မဖွင့်နိုင်သောကြောင့် လီယီကို စိတ်ကြိုက် ကစားခွင့်ပေးလိုက်ရသည်။

ထိုအချိန်တွင် သူ့ခေါင်းပေါ်သို့ နောက်ထပ် ရေတစ်ခွက်ကို လောင်းချလိုက်သည်။ အမြှုပ်များကို ဆေးကြောပြီး စိုစွတ်နေသော ဆံပင်များသည် ညသန်းခေါင်ကဲ့သို့ မည်းမှောင်ကာ ၎င်း၏ မူလအရောင်ကို ပေါ်လွင်စေသည်။

လီယီ သည် နျဲ့ပုဖန်၏ မျက်နှာပေါ်ရှိနေသော ဆံပင်များကို ဖယ်ပေးလိုက်၏။ ထိုအခါအနည်းငယ် တုန်နေသော မျက်တောင်များကို မြင်လိုက်ရသည်။ မျက်တောင်ပေါ်က ရေစက်လေးတွေက ဖယောင်းတိုင်မီး မှိန်မှိန်လေးမှာ ချစ်စရာကောင်းတဲ့ မျက်ဝန်းတို့ကို လင်းလက်စေသည်။ ထို့နောက်  တစ်ခုခု ပြောချင်သလိုလို နှုတ်ခမ်းနီလေး ပွင့်သွားသည်။

လီရီက ခေါင်းငုံ့ကာ လျှာကို ဆန့်ထုတ်လျှက် ထိုနှုတ်ခမ်းများကို ဖြည်းညှင်းစွာ နမ်းလိုက်သည်။  အခြားတစ်ဖက်က နှုတ်ခမ်းကို ပိတ်ခါနီးတွင် သူ့လျှာကို အတွင်းပိုင်းအထိ ထိုးသွင်းလိုက်သည်။

နျဲ့ပုဖန်သည် မျက်လုံးများကို ဖွင့်လျှက် သူ့ရှေ့ကလူကို ကြည့်ကာ အာရုံမစိုက်နိုင်တော့ပဲ အသက်ရှုကြပ်လာသည်။

လီယီ သည် သူ့အပေါ် အာရုံမစိုက်သော နျဲ့ပုဖန်ကြောင့် မကျေမနပ် ဖြစ်လာသည်။ နျဲ့ပုဖန် လက်တွေကို ခါးမှာ ချိတ်စေပြီး သူ့ ပေါင်ပေါ်မှာ ထိုင်ဖို့ တင်ပါးတွေကို မြှောက်ပေးကာ သူ့လက်ချောင်းတွေကိုလည်း ထိုးသွင်းလိုက်သည်။

နျဲ့ပုဖန်မှာ မောဟိုက်ကာ ပူပြင်း၍ မာကျောသော အရာနှင့် ထိတွေ့လိုက်ရသောကြောင့် သူ့အောက်ပိုင်းကို ရွှေ့လိုက်သည်။

လီယီသည် နျဲ့ပုဖန်၏ နှုတ်ခမ်းများကို လွှတ်လိုက်ပြီး လည်ပင်းကို နမ်းလိုက်သည်။ ခဏကြာတော့ ရေအောက်ထဲ ငုပ်လျိုးသွားကာ နျဲ့ပုဖန် ရင်ဘတ်ပေါ်က ချယ်ရီ နီနီကို စုပ်လိုက်၏။ သူ့လျှာက တလှုပ်လှုပ်နဲ့ ကျွမ်းကျင်စွာ ကစားနေသည်။

"အင်း...အင်း၊ မကိုက်နဲ့၊ အဲ့ဒါ ပဲနီစေ့ မဟုတ်ဘူးဟ" 

နျဲ့ပုဖန်သည် သူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းလာသော ခံစားချက်များကို ခံစားလိုက်ရသဖြင့် ညီးတွား လိုက်မိသည်။

လီယီသည် နျဲ့ပုဖန် ခန္ဓာကိုယ်အား မုန့်စိမ်းကို ဆုပ်နယ်၊ ပွတ်သပ်သကဲ့သို့ ပွတ်ယပ် ဆုပ်နယ်ကာသူ တတ်သမျှ နည်းလမ်း အားလုံး အသုံးပြု၍ ပြုစုပေးနေသည်။ သူ့ကိုယ်တွင်း ခွန်အားကို အားလုံးကိုအသုံးပြု၍ သာယာမှုပေးနေသောကြောင့် နျဲ့ပုဖန်ခန္ဓာကိုယ်အနှံ့က သာယာမှုအမှတ်များကို အဆက်မပြတ် နှိုးဆွပေးသလို ဖြစ်ပြီး နျဲ့ပုဖန်ကို ပျော့ခွေပြီး အရိုးမဲ့သွားစေသလိုပင်။

ရုတ်တရက် နျဲ့ပုဖန်သည် မျက်လုံးများ ပြူးကျယ်သွားကာ မျက်နှာ နီမြန်းသွားသည်။ သူ ရေထဲကို အမြန်ငုံ့ကြည့်သည်။

လီယီက ရေအောက်တွင် ငုပ်သွားခဲ့ပြီး သူ၏ ဦးခေါင်းသည် ယခုအခါ နျဲ့ပုဖန်၏ ခြေထောက်များကြားတွင် နစ်မြုပ်နေပြီ ဖြစ်သည်။

နျဲ့ပုဖန်မှာ ရှက်ရွံ့စွာ ရုန်းကန်ကာ အောက်နှုတ်ခမ်းကိုလည်း ကိုက်ထားရသည်။ ပထမဆုံး အကြိမ်အဖြစ် သူ၏ ညည်းညူသံများနှင့် အော်သံများကို ထိန်းမထားနိုင်ခဲ့ပေ။

သို့သော် မမျှော်လင့်ဘဲ လီယီဟာ ရုတ်တရက် ပြင်းပြင်းထန်ထန် စုပ်ယူလိုက်ရာ နောက်ဆုံးတွင် သူ မထိန်းနိုင်တော့ဘဲ ခေါင်းကို နောက်လှန်ကာ ကျယ်လောင်စွာ ညည်းတွားလိုက်သည်။

လီယီ သည် ရေထဲမှ ထွက်လာပြီး နျဲ့ပုဖန်ဘာမှ မတုံ့ပြန်မီ တစ်ကြိမ်ထပ်နမ်းလိုက်သည်။ ၎င်း အနမ်းသည် ကာမဇော အဟုန်ဖြင့် လွမ်းမိုးထားသောကြောင့် ပြင်းထန်ကာ အသက်ရှုသံများ နှေးကွေးလာသည်။

ထို့နောက် နျဲ့ပုဖန်၏ ခြေထောက်များကို လက်နှစ်ဘက်ဖြင့် မြောက်ထားလိုက်ပြီး ရုတ်တရက်နက်နဲသောနေရာသို့ လီယီ ထိုးသွင်းလိုက်သည်။

"အဟင့်... ဖြည်းဖြည်း  ... ..."

လီယီသည် ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ဖြစ်ပြီး သူ၏ လှုပ်ရှားမှုများသည် ပြင်းထန်ပြီး ရပ်တန့်ခြင်း မရှိပေ။

ရေမျက်နှာပြင်ဟာ တုန်ခါနေပြီး ရေတွေ တဖျပ်ဖျပ် လှုပ်နေ၏။ အက်ကွဲကွဲ ညည်းညူသံများနှင့် ရေပွက်သံများ ရောထွေးနေသည်။

နျဲ့ပုဖန်မှာ လီယီကို ဖက်ထားရုံသာ တတ်နိုင်ခဲ့သည်။ အဆက်မပြတ် ပြည့်နှက်လာသော ခံစားမှုများကြောင့် သူ့မှာ တစ်ကိုယ်လုံး တုန်ခါပြီး အသိစိတ်မဲ့နေလေပြီ။

သည့်နောက် လီယီသည် ရုတ်တရက် သူတို့နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်တွေကို ရေထဲသို့ ဆွဲချကာ ရေအောက်သို့ ထိုးဆင်းသွားတော့သည်။ သူ ဝင်လိုက်တိုင်း ခါတိုင်းထက် ခွန်အား ပိုကြီးလာသည်။  အသက်ရှုမဝတဲ့ ခံစားချက်က တောင့်တောင့်ကြီး ဖြစ်နေပေမယ့် တစ်ချိန်တည်းမှာပဲ လွတ်မြောက်မှုကို ရှာတွေ့သလို ဖြစ်၏။

နျဲ့ပုဖန်မှာ လီယီလောက် ကြာကြာ အသက်အောင့်ထားနိုင်စွမ်း မရှိပေ။ ထို့ကြောင့်  စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ ရုန်းကန်စ ပြုလာသည်။

လီယီသည် သူ့ကို ရေထဲမှ ဆွဲထုတ်လိုက်သောအခါ နျဲ့ပုဖန်မှာ ဦးနှောက်ထဲတွင် အောက်ဆီဂျင် မရှိသကဲ့သို့ဖြစ်ပြီး ခပ်မျော့မျော့ အခြေအနေသို့ ရောက်သွားခဲ့သည်။

ဒါက ချစ်တင်းနှောတာ မဟုတ်ပဲ လက်တွေ့ကျကျ လူသတ်မှုနေတာ။
အသိစိတ်လွတ်နေသည့်တိုင် နျဲ့ပုဖန်၏ စိတ်ထဲတွင် ဒေါသအတွေး ဝင်လာသည်။

သူ့ ခန္ဓာကိုယ်ပေါ်ရှိ လူသည် မမောမပန်း ရွေ့လျားနေဆဲ၊ သူ၏ အတွင်းအားသည် ၎င်းတို့၏ ချိတ်ဆက်မှု နေရာတွင် တဖြည်းဖြည်း ကြီးမား လာနေပြီး နျဲ့ပုဖန်၏ ဆန္ဒ တက်ကြွမှုကိုလည်း တဖြည်းဖြည်း အားကောင်းလာစေသည်။

အချိန် မည်မျှ ကြာသွားသည် မသိ။ နျဲ့ပုဖန် သတိပြန်လည် သောအခါ လီယီ ပြီးသွားပုံရသည်။ လီယီသည် သူ့အပေါ်၌ ငြိမ်သက်စွာ လှဲလျောင်းနေပြီး အသက်ကို ဖြည်းညှင်းစွာ ရှုသွင်းနေ၏။

သို့သော် လီယီ၏ မီးတောက်နေသော အရာက မပျော့သေးဘဲ သူ့ အတွင်းထဲတွင် မြုပ်နေသေးသည်။

ရေချိုးကန်ထဲက ရေဟာလည်း အပူချိန်အနည်းငယ်သာ ကျန်ရှိတော့တယ်။ တစ်ညလုံး ရေထဲမှာ ဂေါ်ဖီချဉ် စိမ်သလို စိမ်နေရင် လီယီရဲ့ ရောဂါက ပိုဆိုးလာမှာ အသေအချာပဲ။

သည်ကောင်က သည်အခြေအနေမှာ တကယ် အိပ်ပျော်နေတာပဲ၊ သူ တကယ် အိပ်ချင်နေတာပဲ မဟုတ်လား။ အရမ်း ပင်ပန်းနေပေမယ့် ငါနဲ့ အတူလုပ်ချင်နေတုန်းပဲ။ ဒါက ဘယ်လို ဇွဲမျိုးလဲ။

နျဲ့ပုဖန် အနည်းငယ် အံ့သြနေမိသည်။ ထို့နောက် လီယီကို ဂရုတစိုက် အသာလေး မ,ပြီး အောက်က လီယီ အငယ်ကောင်လေးကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

သို့သော် လက်မ အနည်းငယ် ဆွဲထုတ်လိုက်သည်နှင့် ငြိမ်နေသော လီယီက တုန့်ပြန်လာပြီး အတွင်းထဲပြန်ထိုးသွင်းခဲ့သည်။

နျဲ့ပုဖန် အံကြိတ်ကာ နောက်သို့ ထပ်ဆုတ်လိုက်ပြီး  လီယီ မတုံ့ပြန်သေးခင်မှာ ထိတွေ့နေသော အစိတ်အပိုင်းကို သူ့ လက်ဖြင့် အလျင်အမြန် ဆုပ်ကိုင်ပြီး နောက်ဆုံးတွင် သူ့ ခန္ဓာကိုယ်ထဲမှ လုံးဝ ဖယ်ထုတ်လိုက်သည်။

သူ့လက်ထဲက အရာဟာ နည်းနည်း ပိုကြီးလာတယ်လို့ ခံစားလိုက်ရတဲ့အခါ သက်ပြင်းတစ်ချက်ချလိုက်မိ၏။ သူ မျက်လုံးပြူးပြီး ဘာမှမလုပ်နိုင်ပဲ သည်ဒဏ္ဍာရီ ရွှေလှံက ပျော့မကျဘူးလားလို့ တွေးနေမိသည်။ ဤမျှလောက် ခိုင်ခံ့ တည့်မတ်နေရသလား။ ရေရှည်မှာ လိင်တံ သန်မာခြင်းက အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်မှုကို ဖြစ်စေတယ် မဟုတ်လား။

နျဲ့ပုဖန်သည် နောင် အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်အတွင်း ရှိနေမည့် လီယီ ၏ ညစ်ညမ်းသောအသွင်အပြင်ကို ကြိုတွေးမိပြီး စာနာစိတ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

"အိမ်း၊ အနည်းဆုံးတော့ ငါတို့မှာ နက်ရှိုင်းတဲ့ ခင်မင်ရင်းနှီးမှု ရှိတယ်၊ ဒါကြောင့် မင်းကို နောင်မှာ ဆေးတွေ ပိုပေးရမယ်"

နျဲ့ပုဖန်သည် လီယီအပေါ် စာနာစိတ်ဖြင့် ပွတ်သပ်ပေးလိုက်သည်။

သူက လီယီကို မတ်မတ် မ,ထားပြီး ရေထိန်းဘားကိုဖွင့်လိုက်၏။ ရေချိုးကန်ထဲက ရေတွေက ချက်ချင်းပဲ ရေစီးကြောင်းတစ်လျှောက် စီးဆင်းသွားသည်။ ၎င်းသည် ယခင်က အိမ်ကို ပြန်လည်မွမ်းမံစဉ်မှာ အထူး ထည့်သွင်းထားသည့် အသေးစား ယန္တရားတစ်ခု ဖြစ်သည်။ ရေထုတ်ရတာ အရမ်း အဆင်ပြေသည်။

ဤအခိုက်တွင် နျဲ့ပုဖန်သည် ရုတ်တရက် လေးလံသော အလေးချိန်ကို ခံစားလိုက်ရသည်။ နောက်တစ်ချက်မှာ သူ့ တစ်ကိုယ်လုံးပေါ်ကို ဧရာမ သတ္တဝါတစ်ကောင်က ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

"လီယီ၊ မင်း ဘာလုပ်နေတာလဲ"

နျဲ့ပုဖန်သည် ခေါင်းကိုထောင်ကာ စူးစူးဝါးဝါးကြည့်သော်လည်း လီယီသည် မျက်လုံးများကို မှိတ်ထားကာ ဝံပုလွေ ကြီးတစ်ကောင်လို အသက်ပြင်းပြင်း ရှူရှိုက်၍ လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ အဆုံးတွင် တစ်စုံတစ်ခုကို ဆုံးဖြတ် လိုက်သကဲ့သို့၊ သူသည် နျဲ့ပုဖန်၏ ခြေထောက်များကို ဒူးနှင့် ခွဲကာ ပစ်မှတ်ကို အတိအကျ ချိန်ရွယ်၍ နောက်တစ်ကြိမ် အဝင် အထွက် လုပ်လိုက်သည်။

“အင့်…မင်း…” နျဲ့ပုဖန်၏ စကားမဆုံးမီတွင် သူ့ကိုယ်လုံး အတွင်းပိုင်းတွင် လီယီ၏ အရည်ပူများဖြင့် ရွှဲနစ်သွားသည်ကို ခံစားလိုက်ရသည်။

ထို့နောက် လီယီသည် စိတ်ကျေနပ်စွာ ပင့်သက်ရှိုက်ကာ သူ့တစ်ကိုယ်လုံး ပျော့ပျောင်းသွားပြီး နျဲ့ပုဖန် ၏ ခန္ဓာကိုယ်ပေါ်တွင် အိပ်ပျော်သွားခဲ့၏။ သူ့မျက်နှာပေါ်တွင် ကျေနပ်သည့် အမူအရာ ဖြစ်ပေါ်နေခဲ့သည်။

နျဲ့ပုဖန်မှာ လှဲလျောင်းရင်း လီယီကို ပုခုံးများ တွန်းဖယ်ကြည့်သည်။

''လီယီ၊ မင်း ဘယ်လောက်ကြာကြာ အိပ်နေမှာလဲ''

နျဲ့ပုဖန်သည် စိတ်မရှည်တော့ သဖြင့် လီယီအား ရေချိုးခန်းထဲတွင် ထားခဲ့ကာ စောင်ပါးပါးလေး ဖုံးအုပ်ထားရန် ဆုံးဖြတ်လိုက်သည်။ သူ့ရောဂါက ပိုဆိုးလာရင် အဲဒါ သူ့ထိုက်နဲ့ သူ့ကံပဲ။

ကံမကောင်းစွာဖြင့် ကောင်းကင်သည် နျဲ့ပုဖန် ဆန္ဒကို မဖြည့်ဆည်းပေးခဲ့ပါ။ နောက်တစ်နေ့တွင် လီရီသည် စွမ်းအင်အပြည့်ဖြင့် နိုးလာသည်။  သူ့အခြေအနေက ပိုဆိုး မသွားရုံတင်မကပဲ ကျန်းကျွင်းရှီတုန်းက အတိုင်း နျဲ့ပုဖန်နဲ့ တစ်ညအိပ်လိုက်သည်နှင့် သက်သာသွားခဲ့သည်။

အိပ်ရာ ထသောအခါတွင် လီယီ အနမ်းပြင်းပြင်းတွေ လာပေးခဲ့ပြီးနောက် ဝမ်းသာအားရစွာ ထွက်ခွာသွားလေသည်။

နှစ်ယောက်လုံးက သူနဲ့ အတူ အိပ်ပြီး ဆေးဝါး မပါပဲ သက်သာသွားခဲ့၏။ နျဲ့ပုဖန်သည် ယခုတော့ တစ်ခုခု ထူးဆန်းနေပြီဟု ခံစားမိသည်။ တစ်ကြိမ်က တိုက်ဆိုင်မှုရှိပေမယ့် နှစ်ကြိမ်က၊ ဗိုက်နာလာတဲ့အခါ ဝမ်းနုတ်ဆေး သောက်တာနဲ့ မတူတော့ဘူး။  ဘယ်လိုလုပ် သည်နည်းက ကုစားနိုင်တာလဲ။

သည်နာမကျန်းဖြစ်မှုက နျဲ့ပုဖန်နဲ့ တကယ်ပတ်သက်တာ တစ်ခုခု ရှိနေတာလား။
နျဲ့ပုဖန် ဘုရားတမိသည်။

နေ့လည်ခင်းတွင် စုချန်းယီကို ဆေးပေးရန်သွားသောအခါ စုချန်းယီသည် နျဲ့ပုဖန်အား ဝံပုလွေချောင်း၊ ကျားချောင်း၊ ချောင်းနေတာကို ခံစားခဲ့ရ၏။ စုချန်းယီမှာ သင်္ချိုင်းကုန်း ခြေတစ်ဝက်လှမ်းနေသော အဘိုးအိုက ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိနိုင်စေမည့် အစွမ်းထက် ဆေးပြားကို ကြည့်နေသကဲ့သို့ နျဲ့ပုဖန်ကို ကြည့်နေခဲ့သည်။

စုချန်းယီ နျဲ့ပုဖန်ကို ထိလိုက်တာနဲ့ နျဲ့ပုဖန်မှာ တစ်စက္ကန့်ကြာအောင်ပင် မနေဝံ့တော့ပဲ ထွက်ပြေးလာခဲ့၏။

ထို့နောက် နျဲ့ပုဖန် ဆုံးဖြတ်ခဲ့သည်။
လေတိုက်ချိန်တွင် မြေနိမ့်ရာကို အမြန်ရှာမှ ဖြစ်မည် ဟူ၍...

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now