Chapter 68

1.6K 196 3
                                    

Chapter - 68
ဝေဒီနဲ့ အတူတူ နေတဲ့အခါ


နျဲ့ပုဖန်၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး မာကျောသော အရာဝတ္ထုတစ်ခုက အောက်ပိုင်း တစ်ခုလုံး ပြည့်သွားသလို ခံစားချက်နှင့်အတူ ကြောင်မှိန်းကာ နိုးလာသည်။ သူ့ နားထဲတွင် အသားချင်း ရိုက်သံများ ပဲ့တင်ထပ်နေ၏။

သူ့ မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်သောအခါတွင် ချက်ချင်းပင် ဆန္ဒ ပြည့်ဝသွားသော ဝေဒီ၏ မျက်နှာကြီးနှင့် မျက်နှာချင်းဆိုင် လိုက်ရသည်။

“မင်း…” လို့သာ ပြောလိုက်နိုင်ပြီး၊ ဝေဒီ၏  ပြင်းထန်တဲ့ တိုက်ခိုက်မှုကြောင့် ချက်ချင်း စကား မပြောနိုင်အောင်ဖြစ်သွား၏။

လက်ရှိတွင် နျဲ့ပုဖန်သည် အိပ်ယာခင်းများကို ဆုပ်ကိုင်ကာ သူ့ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ကြိုးစားနေရသည်။ ပတ်ပတ်လည်ကို လှည့်ကြည့်ပြီးနောက် ဤနေရာသည် သေးငယ်ပြီး ထူးဆန်းသော အခန်း ဖြစ်နေ၏။ အမိုးနှင့်ကြမ်းပြင်ကို သစ်သားဖြင့် ပြုလုပ်ထားသော အခန်း တစ်ခန်း ဖြစ်ပြီး ထိုအခန်းက တလှုပ်လှုပ်ဖြစ်နေသည်ကို တွေ့ရှိရသည်။ စင်စစ် လှေတစ်စင်းရဲ့ ခန်းထဲမှာ သူ ရှိနေသလို ခံစားရ၏။

"နိုးပြီလား" ဝေဒီက ရပ်တန့်ကာ ရမ္မက် ဆန္ဒနှင့် ဒေါသများ ရောင်စုံ တောက်နေသော ယုန်မျက်လုံးအစုံဖြင့် နျဲ့ပုဖန်ကို စိုက်ကြည့်နေသည်။

ဒေါသလား။ ဒေါသထွက်တဲ့ နျဲ့ပုဖန်ပဲ ဖြစ်သင့်တယ် မဟုတ်လား။

နျဲ့ပုဖန်သည် သူတို့ ခန္ဓာကိုယ် နှစ်ခု၏ ရင်းနှီးသော အနေအထားကို သိပ်ဂရုမစိုက်ပေ။

“ဒါက ဘယ်မှာလဲ၊ ငါ ဘာလို့ ဒီကို ရောက်နေတာလဲ"

သူ မှတ်မိသလောက် ရွာမှာ မီးလောင်နေစဥ်က မီးငြှိမ်းသတ်နေတဲ့ လူတွေကို ကြည့်နေခဲ့သည်၊ ရုတ်တရက် လည်ပင်းမှာ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီးနောက်  ယခု လက်ရှိ နေရာမှာသူ သည်အတိုင်း နိုးလာခဲ့သည်။

"ငါ မင်းကို ခေါ်လာတာ'' ဝေဒီက သဘာဝကျကျ ပြန်ဖြေ၏။ "ငါတို့ အခု မြို့တော်ကို သွားနေတာ"

"မြို့တော်လား" နျဲ့ပုဖန်က မကျေမနပ်ဖြစ်သွားသည်။
"ဘာလို့ မြို့တော်ကို ခေါ်သွားတာလဲ။ ငါမသွားဘူး"

"ဟမ်၊ ဒါက မင်း သွားချင်တာ၊ မသွားချင်တာ ငါနဲ့ မဆိုင်ဘူး''
ဝေဒီ၏ မျက်လုံးများမှ တစ်ဖန် စူးရှသော အကြည့်များထွက်ပေါ်လာပြန်၏။

ထိုအခါ နျဲ့ပုဖန်က ဝေဒီ ခေါင်းကို ခေါင်းအုံးနဲ့ ထုရိုက်ကာ ရုန်းကန်လေသည်။

ဝေဒီသည် ဒေါသတကြီးဖြင့် ခေါင်းအုံးကို ဆုတ်ဖြဲကာ သူ့ လက်များဖြင့် နျဲ့ပုဖန်ကို ဖိကာ ချုပ်ထားလိုက်၏။

“အာ” နျဲ့ပုဖန်က သူ့ခြေထောက်ကိုကွေးပြီး ဝေဒီရဲ့မျက်နှာကို တိုက်ရိုက် ကန်လိုက်သည်။

ဤတွင် ဝေဒီက သူ့ခြေထောက်တွေကို ဆွဲကား၍ ဆက်လက်ပြီး သောင်းကျန်းတော့သည်။

"ကူညီပါ၊ ဒီမှာ လူသတ်နေပါတယ်။ လူသတ်နေပါတယ်ဗျို့''

နျဲ့ပုဖန်က ငိုယိုကာ အော်ဟစ်သည်။

"ပါးစပ်ပိတ်ထား" ဝေဒီသည် ဒေါသတကြီးဖြင့် ပြန် အော်လိုက်သည်။ သင်္ဘော တစ်စင်းလုံးသည် ထိုအော်သံကို ကြားနေရ၏။

"ငါ ပါးစပ် မပိတ်ဘူး"  နျဲ့ပုဖန်က အာခံနေသည်။

"မင်းရဲ့ အကျင့်ဆိုးတွေကို လူတိုင်းသိစေရမယ် ဝေဒီ''

ဝေဒီက ရယ်မောကာ နျဲ့ပုဖန် အတွင်းထဲသို့လက်ချောင်း တစ်ချောင်း ထပ်ထိုးထည့်လိုက်၏။ နျဲ့ပုဖန်၏ အော်သံသည် ရုတ်ခြည်း အဆုံးသတ်သွားပြီး မျက်လုံးများသာ လှုပ်ရှားနေခဲ့သည်။

နျဲ့ပုဖန်သည် သူ၏ အသံကြိုးများရှိ ဖိအား အမှတ်ကို အမှန်တကယ်ပင် တစ်စုံတစ်ခုက ပိတ်ဆို့လိုက်သလို ခံစားရသည်။ ကြက်သိုက်ရွာရှိ အခြားလူများသည် ဤကဲ့သို့ တစ်ခါမျှ မလုပ်ဖူးကြသောကြောင့် ဤအရာမျိုး ရှိမည်ဟု နျဲ့ပုဖန် လုံးဝမတွေးခဲ့မိပေ။ 

“အဲ့ညက ထပ် မင်းက ပိုပြီးတော့ လှနေတယ်”  ဝေဒီက အသက်ပြင်းပြင်း ရှူရင်း ဆိုသည်။

စောက်ရူးပဲ။ မင်း အဲ့ညက စိတ်ကြွဆေးတွေ စားမိထားတာလေ။
နျဲ့ပုဖန်သည် စကား မပြောနိုင်သည့်အတွက် မျက်လုံးတွေနဲ့ တိတ်တဆိတ် ဆန္ဒပြနေ၏။

ဝေဒီက သူ ဘာကို ဆိုလိုနေတာလဲ နားလည်ပုံရသည်။ သူ့ မေးစေ့ကို တင်းတင်းစေ့ဆွဲလိုက်ရင်း ...

“မင်း ပြောတော့ မင်းမှာ ထူးဆန်းတဲ့ ရောဂါရှိလို့ တစ်သက်လုံး အိမ်ထောင် မပြုနိုင်ဘူးလို့ လိမ်ပြောခဲ့တယ် လူလိမ်ကောင်။ လိင်ဆက်ဆံတိုင်း မင်းဘဝဟာ နှစ်ပေါင်းများစွာ အသက်တိုတောင်းသွားလိမ့်မယ်ဆိုပြီး လိမ်တယ်''

နျဲ့ပုဖန်က တုန်တုန်ယင်ယင်နဲ့ သူ့ကို မော့ ကြည့်နေသည်။

ဝေဒီက ဆက်တိုက်လှုပ်ရှားရင်း ...

“မင်းဟာ သန့်ရှင်းပြီး ရိုးသားတဲ့သူလို့ ငါ တကယ်ထင်ခဲ့တယ်၊ ဒါပေမယ့် မင်းက အရင်ကတည်းက တခြားသူတွေနဲ့ အရင် အိပ်ပြီးနေပြီ''

နျဲ့ပုဖန်၏ မျက်နှာမှာ သူ့ ပြစ်မှုတွေပေါ်သွားသည့်အတွက်လည်း မလုံမလဲ ဖြစ်ရမည့်အစား ဝေဒီကိုသာ စိုက်ကြည့်နေ၏။

ဝေဒီက ဆက်ပြောသည်။

"ဒါပေမယ့် ကောင်းပါတယ်၊ မင်း အနာဂတ်မှာ မင်းကို တခြားယောက်ျားတွေနဲ့ အတူနေခွင့် မပေးဘူး"

နျဲ့ပုဖန်သည် အချိန် အတော်ကြာအောင် ငြိမ်နေပြီးမှ ရုတ်တရက် ဝေဒီ အငယ်လေးအား လက်ညှိုးတစ်ချောင်းဖြင့် ထိတွေ့ကာ နီးကပ်လာစေရန် လှုံ့ဆော်ပေးလိုက်၏။

"မင်း ဘာလုပ်တာလဲ" ဝေဒီသည် မျက်ခုံးပင့်လိုက်သည်။

နျဲ့ပုဖန်သည် စကား မပြောနိုင်သဖြင့် လက်ညှိုးကို ဆက်၍ ပွတ်ဆွဲလိုက်၏။

ဝေဒီသည် သံသယဖြင့် ခေါင်းငုံ့လာရာတွင်
နျဲ့ပုဖန်က ရုတ်တရက် ခေါင်းထောင်ကာ ဝေဒီ၏ နှာခေါင်းကို အပြင်းအထန် ကိုက်ချလိုက်သည်။

“အား” ဝေဒီက နာကျင်စွာ အော်ပြီး အထဲမှ ထုတ်လိုက်သည်။ သူ့မျက်နှာဟာ အရက် အလွန်အကျွံသောက်သူကဲ့သို့ နီရဲနေပြီး နှာခေါင်းတွင် ထင်ရှားသော သွားကိုက်ရာ နှစ်ချက် ပေါ်နေသည်။ ၎င်းသည် သူ၏ နဂိုက ချောမောသော မျက်နှာကို အပြစ် အနာအစာ ဖြစ်သွားစေ၏။

ထိုအခါ နျဲ့ပုဖန် က ပါးစပ်ကို ဖွင့်ပြီး အားရပါးရ ရယ်မောလိုက်သည်။ သူ့ လည်ချောင်းထဲမှ ထူးဆန်းတဲ့ အသံတွေ ထွက်နေပြီး ခြေထောက်ကလည်း လေထဲမှာ မြှောက်၍ လှုပ်ရမ်းကာ အောင်ပွဲခံနေ၏။

ရေချိုးပြီးနောက် ဝေဒီသည် မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်လိုက်သည်။ သူ့ နှာခေါင်းဟာ ညိုမဲစ ပြုလာပြီး သွားကိုက်ရာတွေ မြင်နေရတုန်းပဲ ဖြစ်သည်။

သူ သည်လောက် ရယ်စရာ ကောင်းတာမျိုး တစ်ခါမှ မဖြစ်ဖူးပေ။ သည်မျက်နှာနဲ့ အပြင်ထွက်ပြီး သူ့ကိုယ်သူ အရှက်မခွဲနိုင်ပါ။ နျဲ့ပုဖန်၏ အော်ဟစ်သံတွေကြောင့် လှေပေါ်ရှိလူတိုင်းက သူ့ကို သားရဲဟု ထင်နေကြသည်ကိုလည်း ကြောက်ရွံ့နေခဲ့သည်။ အမှန်တော့၊ သူ နည်းနည်းလွန်သွားခဲ့၏။ အကြိမ်ပေါင်းများစွာ အထွတ်အထိပ်ရောက်ပြီးတာတောင် ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို ဇွတ်တရွတ် ခိုင်းနေသေးသည်။

ထိုအချိန်မှာပဲ နျဲ့ပုဖန်က ခြေထောက်များကို လေထဲတွင် ဝှေ့ယမ်းရင်း ပေါ့ပေါ့ပါးပါး ပြုံးနေ၏။
"မင်း ငါ့ကို ပြန်ခွင့် မပြုရင် မင်းကို ငါ ဆက်ပြီး ဒုက္ခပေးရလိမ့်မယ်"

ဝေဒီက သူ့ကို အလေးအနက် မထားဘဲ စိုက်ကြည့်နေသည်။

နျဲ့ပုဖန်က ဆက်ပြော၏။

“မင်းပြီးမှ နောင်တရမနေနဲ့ ဒီရွာလူကြီးကို ပြန်ပေးဆွဲတဲ့ စရိတ်က အရမ်းကြီးတယ်”

"အိုး၊ ဘယ်လောက် ကြီးနိုင်လို့လဲ" ဝေဒီက ညင်သာစွာ ပြန်မေး၏။

နျဲ့ပုဖန်သည် ပြတင်းပေါက်လေးကို မှီ၍ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူသည် နေဝင်ချိန် အနီရောင်ဖြင့် အရောင်ဆိုးထားသော ကောင်းကင်ကြီးကို ကြည့်ကာ လင်းယုန်ငှက် တစ်ကောင် ပျံသန်းလာသည်ကို တွေ့ ခဲ့သည်။

သူက ပေါ့ပေါ့တန်တန် ပြောလိုက်၏။

"မင်း နောင်မှာ သိလိမ့်မယ်"

ဤ သင်္ဘောသည် ကိုယ်ပိုင် သင်္ဘော ဖြစ်ပုံရပြီး ဇိမ်ကျသော အဖိုးတန် ပစ္စည်းများဖြင့် အလှဆင်ထားသည်။ သင်္ဘောပေါ်တွင် အစား အသောက် အမြောက်အမြား သိုလှောင်ထားပြီး သီးသန့် စားတော်ကဲ များနှင့် အစောင့်အရှောက်များဖြင့် နေ့စဉ် ဆောင်ရွက်ပေးလျက် ရှိသည်။

ကုန်းပတ်ပေါ်တွင် မတ်တပ် ရပ်လိုက်သောအခါတွင် ကြည်လင်သော မြစ်ရေများ ပြည့်နေသောမြစ်ပြင်ကျယ်နှင့် မြစ်နှစ်ဘက်ရှိ တောင်တန်းများကို မြင်နိုင်သည်။ လေပြေညှင်းကလည်း စိတ်ကို လန်းဆန်းစေသည်။

ကြက်သိုက် ကျေးရွာရှိ လူများနှင့် တိရစ္ဆာန်များပါရှိလျှင် ဤခရီးစဉ်သည် ကောင်းမွန်ပါလိမ့်မည်။  ဘေးမှာ ရပ်နေတဲ့ ဝေဒီက သူ့မျက်နှာကို ကာဖို့ ယပ်တောင် ကိုဖြန့်ကာ ကိုင်ထား၏။

ခရီးက ချောချောမွေ့မွေ့ ဖြစ်ခဲ့ပြီး သုံးရက် အကြာတွင် သင်္ဘော ဆိုက်ကပ်ခဲ့သည်။

နျဲ့ပုဖန်က ဝေဒီ နှင့် အစေခံများ နောက်သို့ လိုက်သွားရာ ချမ်းသာ ကြွယ်ဝသော မြို့ကြီး ဖြစ်သည့် ကျင်းယွင် မြို့တော်သို့ ရောက်ရှိခဲ့၏။

ထို့နောက်တွင် အုပ်စုဖွဲ့ အခြေချနေထိုင်ရန် တည်းခိုခန်း တစ်ခုကို တွေ့ရှိခဲ့သည်။

ဝေဒီနှင့် နျဲ့ပုဖန်က တစ်ခန်းတည်း နေခဲ့၏။ လိုက်ပါလာတဲ့ အစေခံ တွေက သူတို့ရဲ့ ဆက်ဆံရေးကို ကောင်းကောင်း သိပြီး ဘာမှ ထုတ်ဖော်မပြောဝံ့ကြချေ။

အခန်းထဲ ဝင်လာတော့ ဝေဒီက တံခါးကို ပိတ်လိုက်ပြီး နျဲ့ပုဖန်ကို ဆွဲဖက်ကာ တစ်ကိုယ်လုံး အနှံ့ကို ထိတွေ့နေသည်။

"မင်း ဘာလုပ်တာလဲ"  နျဲ့ပုဖန်က ဒေါသတကြီးပြော၏။ 
''ထမင်း စားချိန်နီးနေပြီ၊ လိင်ဆက်ဆံချင်နေသေးတာလား''

ဝေဒီက စကားကို လျစ်လျူရှုကာ ခန္ဓာကိုယ်ကို ပွတ်သပ်ရင်း နျဲ့ပုဖန်၏ ခါးပတ် ပိုက်ဆံအိတ်၊ ဝတ်ရုံလက် အတွင်းမှ ရွှေတုံးများ၊ ငွေစက္ကူ ရွက်များကို စမ်း၍ နှိုက်ယူလိုက်သည်။ ထို့နောက် ခါးပတ်ပေါ်ရှိ ကျောက်စိမ်းဆွဲသီးကို ပွတ်ဆွဲကာ ဘွတ်ဖိနပ်ကိုပင် ချွတ်ရန် ကြိုးစား၏။

နျဲ့ပုဖန်သည် ချက်ချင်း ငုတ်တုတ် ထိုင်ချလိုက်ပြီး သူ့ ခြေထောက်များကို ပွေ့ဖက်ကာ အလျှော့မပေးဘဲ “မင်း ဓားပြပဲ။  မင်းက ဘာလို့ ငါ့ ဥစ္စာတွေအကုန်ယူတာလဲ"

"မင်း ခိုးပြီး ထွက်ပြေးသွားမှာစိုးလို့ မင်း ပစ္စည်းတွေကို ငါ ခဏ သိမ်းထားမယ်" ဝေဒီသည် မတုန်လှုပ်ဘဲ နျဲ့ပုဖန်၏ ဖိနပ်ကို ဆက်၍ ဆွဲချွတ်သွားသည်။

"ဒါ ငါ့ ဖိနပ်နဲ့ ဘာဆိုင်လို့လဲ။ ဖိနပ်က ဘာမှ တန်ဖိုးမရှိပဲနဲ''

"ဟမ်" ဝေဒီ က အေးစက်စွာအသံပြု လိုက်ပြီး "လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း ငါ့ဆီက ငွေစက္ကူ ဘယ်လောက် ခိုးယူသွားမှန်း ငါ မသိဘူး မထင်နဲ့"

"မင်း ဘယ်အကြောင်း ပြောနေတာလဲ။ ငါ့လို ရိုးသားတဲ့သူက မင်းရဲ့ ငွေစက္ကူကို ဘယ်လို ယူနိုင်မှာလဲ" နျဲ့ပုဖန် က အရှက်ကွဲ မခံဘဲ ပြန်ပြောသည်။

"ဒါဆို မင်းလက်ကို မြှောက်ထားပြီး ငါ စစ်ဆေးခွင့်ပြုပါ"

"စစ်မယ်လို့ ပြောလိုက်တာနဲ့ ငါက မင်းကို စစ်ဆေးခွင့်ပေး ရမှာလား။ ငါ ဒီလောက် မနုံအဘူး"

ဝေဒီ၏ မျက်လုံးများ စူးရှလာကာ ရုတ်တရက် နျဲ့ပုဖန်ကို လက်နှစ်ဖက်ကို မြှောက်ပြီး ကုတင်ပေါ်သို့ လှဲချလိုက်သည်။ ချက်ခြင်းပဲ သူ့ ခြေထောက်တစ်ဖက်ကို ဆွဲကိုင်ပြီး ဖိနပ်ကို ဆွဲချွတ်လိုက်တယ်။

"အား-" နျဲ့ပုဖန်က သူတို့ နှစ်ယောက် ချစ်တင်းနှော နေတဲ့ အချိန်မှာ အော် လိုက်တဲ့ အော်သံထက်တောင် ပိုဝမ်းနည်းစရာကောင်းတဲ့ အသံဖြင့် အော်လိုက်သည်။

သူက ဖိနပ် မချွတ်ရသေးတဲ့ ခြေထောက် တစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ခေါင်းပေါ် ကို မြှောက်တင်လိုက်၏။

"ငါ ခြေထောက်တွေ နံနေတယ်"

ဝေဒီသည် နျဲ့ပုဖန်၏ စကား ကြောင့် ထိတ်လန့်သွားပြီး ပါးစပ် အဟောင်းသားဖြင့် မျက်ခုံးများ အနည်းငယ် လှုပ်သွားသည်။

ခဏ အကြာတွင် မူလအတိုင်း အေးစက်သော တည်ငြိမ်မှုကို ပြန်လည်ရရှိကာ နျဲ့ပုဖန်ထံသို့ ချဉ်းကပ်လာပြန်သည်။

ဝေဒီကို မျက်ရည်ဝဲနေ သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် သိုးငယ်လေးကဲ့သို့ နျဲ့ပုဖန်သည် ကုတင်ထောင့်တွင် ကျုံ့ကျုံ့လေး နေနေ၏။

ဝေဒီသည် ထိုအသွင်အပြင်ကြောင့် ချက်ချင်းပင် စိုးထိတ် သွားသော်လည်း၊  ပို၍ပင် လျှင်လျှင်မြန်မြန် နီးကပ်သွားလိုက်သည်။

နျဲ့ပုဖန်က ခေါင်းအုံးကို ကိုင်ကာ သူ့ထံကို ပစ်ပေါက် လိုက်သည်။ ထို့နောက် နျဲ့ပုဖန်သည် တဒင်္ဂအတွင်းမှာပဲ ကုတင်ပေါ်မှ အမြန် ခုန်ဆင်းကာ ဝေဒီကို ကျော်၍ ပြေးထွက်ရန် ကြိုးစားလိုက်၏။

ဝေဒီက အလျင်အမြန်ပဲ လက်တစ်ဖက်ကို လှမ်းဆွဲပြီး သူ့ကို နောက်ပြန်ဆွဲထားလိုက်သည်။

သို့သော် နျဲ့ပုဖန်က ခြေထောက်ဖြင့် တစ်ချက်ကန်ကာ ဝေဒီ ရင်ခွင်ထဲမှ ထပ်မံ ထွက်ပြေးသွားပြန်သည်။

သူ့ လက်က တံခါး လက်ကိုင်ကို ကိုင်လိုက်နိုင်ချိန်မှာပဲ ဝေဒီက သူ့ ခန္ဓာကိုယ်ကို လှည့်ပြီး တံခါးနဲ့ ဖိထားပြီးသား ဖြစ်နေသည်။ 

“မင်း ကစားလို့ ဝပြီလား''

နျဲ့ပုဖန် ပါးပြင်များ အနည်းငယ် နီမြန်းသွားရ၏။ ဝေဒီ၏ မျက်လုံးများသည် အားမာန် အပြည့်ဖြင့် ဝင့်ကြွားနေပြီး အာဏာပြင်းသော ရောင်ဝါကို ပေါ်လွင်စေသည်။

ဝေဒီသည် မျက်လုံးများ မှိတ်လိုက်ပြီးနောက်  ခေါင်းငုံ့ကာ နျဲ့ပုဖန်ကို နမ်းလိုက်သည်၊ သူ့လျှာက နျဲ့ပုဖန် နှုတ်ခမ်းလွှာကို ဖွင့်ကာ လွှမ်းမိုးကြီးစိုးနေသည်။

“အွမ်း…” နျဲ့ပုဖန် ကောင်းကောင်း အသက်ရှူမဝပေ။သူသည် လျှာဖြင့် ကျူးကျော်လာသူ ဝေဒီအား တွန်းထုတ်ရန် ကြိုးစားချင်သော်လည်း သူ့မှာ တင်းတင်းကျပ်ကျပ် ချုပ်နှောင်ခံထားရသည်။

ဤသို့ဖြင့် ဝေဒီ၏ နက်မှောင်သော မျက်လုံးများက တဖြည်းဖြည်း နိုးကြားလာခဲ့သည်။ သူသည် မူလက လိင်ဆန္ဒ ပြင်းပြသော သူတစ်ယောက် မဟုတ်ခဲ့ပါ။ သို့ရာတွင် နျဲ့ပုဖန်ကို မြည်းစမ်းကြည့်ပြီးနောက်မှာ စွဲလန်းသွားခဲ့ခြင်း ဖြစ်သည်။ သူ့ကိုယ်တိုင် ရုန်းမထွက်နိုင်တော့ပဲ ခံနိုင်ရည် မရှိတဲ့အထိ စွဲလမ်းမိနေခဲ့ပြီ ဖြစ်သည်။

ဆက်လက်၍ သူသည် ခါးပတ်ကို ဖြည်ချကာ သူ၏ အောက်ပိုင်း တစ်ပိုင်းကိုလည်း နျဲ့ပုဖန်၏ ခြေထောက်ကြားတွင် တိုက်ရိုက် ဖိထားလိုက်သည်။

ဝေဒီ၏ ပြင်းပြသော ဆန္ဒကို ခံစားလိုက်ရသော နျဲ့ပုဖန်သည် ဆံပင်များပင် ထောင်ချင်သွား၏။ ထိုစဥ် ခေတ္တ ခွာသွားသော နှုတ်ခမ်းများကို အခွင့်ကောင်းယူကာ ...
“ဦးလေး ဝေ၊ ငါ့ ဖိနပ်ကို တကယ်လိုချင်ရင် ငါ ပေးမယ်။ အရမ်း စိတ်မဆိုးပါနဲ့"

ဝေဒီသည် ခေတ္တ ရပ်နေရာမှ နျဲ့ပုဖန် မျက်နှာပေါ်ရှိ ဝမ်းနည်းပြီး တွန့်ဆုတ်နေသော အမူအရာကို စိုက်ကြည့်ကာ ရယ်ချင်နေမိသည်။

သည်ကောင်ကတော့...တကယ်ပါပဲ။

သူတို့သည် ပါးလွှာသော အဝတ် အကာအရံများသို့အချင်းချင်းတိုးဝင်ကာ  ကြိမ်ဖန်များစွာ ထိတွေ့ပွတ်သပ်ပြီးနောက် နျဲ့ပုဖန်ကို ကုတင်ပေါ်သို့ ဆွဲတင်လိုက်သည်။ ထို့နောက် မဆိုင်းမတွပင် ဖိနပ်ကို ဆွဲချွတ်ကာ အတွင်းမှ ငွေစက္ကူတစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ ဝေဒီ ရေတွက်ကြည့်သည့်အခါ အရင်က ပျောက်သွားတဲ့ ပမာဏအတိုင်း အတိအကျ မရှိတော့ပေ။

ဝေဒီသည် စိတ်ပျက်လက်ပျက် ငိုမဲ့မဲ့ ဖြစ်နေသာ နျဲ့ပုဖန်ကို ကြည့်ကာ ယခုအထိ သည်ငွေလောက်လေးကို ဘာကြောင့် ကုန်အောင် မသုံးသေးတာလဲဟု တွေးနေမိသည်။

"မင်း ဘာလိုချင်လဲ ငါ့ကို ပြောပါ မင်း အတွက် ငါ ပြင်ဆင်ပေးမယ်" ဝေဒီက ငွေစက္ကူအုပ်ကို မြှောက်ပြပြီး ပြောသည်။ “မင်းလိုတာ အကုန် ရစေရမယ်။ ဒီအရာတွေက မင်းအတွက် မလိုအပ်ဘူး”

''မင်း ငါ့ကို အကျယ်ချုပ်ချပြီး ပိတ်လှောင်ထားချင်တာလား''

"ဒါက ဘယ်လို အကျယ်ချုပ်ချတာ ဖြစ်ရမှာလဲ"  ဝေဒီက နှစ်သိမ့်ပေးဟန်ဖြင့် ပြောသည်။
"ထိန်းသိမ်းထားတယ်လို့ ပြောတာက ပိုသင့်တော်တယ်"

ဟင့်၊ ဘာများ ကွာခြားသွားလို့လဲ။
နျဲ့ပုဖန်က သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေသည်။

ဝေဒီက သူ့ခေါင်းကို ကိုင်ကာ ပွတ်သပ်လိုက်ပြီး အိမ်မွေး တိရစ္ဆာန် တစ်ကောင်ကို ချော့မြူသလို ပြောနေ၏။

''မင်းကို ကောင်းကောင်းမွန်မွန်ထားမယ်၊ သန့်ရှင်းရေးလုပ်ပေးမယ်၊ အစာကျွေးမယ်''

''မင်း သန့်ရှင်းရေး လုပ်ပေးစရာ မလိုပါဘူး၊ အစားလည်း ငါ့ဟာငါ စားနိုင်တယ်''

နျဲ့ပုဖန်က ဝေ ဒီလက်ကို ပုတ်ထုတ်ပြီး သူ့ ဆံပင်တွေကို သူသပ်ကာ ပွစိပွစိ ပြောနေ၏။

ဝေဒီက သူ့ မျက်လုံးတွေကို မှိတ်ပြီး ပြောသည်။

''မင်း မသန့်ရှင်းရင်တော့ ငါ မင်းကို မစားဘူးနော်''

''မင်း ငါ့ကို စားရင် ငါ အဝတ် မပါပဲ ပတ်ပြေးနေမှာ''

ဝေဒီသည် တိတ်ဆိတ်စွာ သူ့ကို စိုက်ကြည့်နေခဲ့သည်။ ထိုအကြည့်များဟာ ဘာလဲဆိုတာ နားမလည်နိုင်ပေမယ့် သူ့အား ထိုးဖောက်ကြည့်နေသကဲ့သို့ပင် ခံစားရ၏။

အချိန် အတော်ကြာပြီးနောက်မှ ဝေဒီသည် ထထွက်သွားပြီး တံခါးကိုဖွင့်ကာ ပြောလိုက်သည်-

“နောက်မှ ညစာ အပြင် ထွက်စားမယ်၊ ဒီနေ့ အခန်းထဲမှာပဲ စားဖို့ ယူလာခဲ့မယ်''

နျဲ့ပုဖန်သည် ကုတင်ပေါ် လှဲချလိုက်ပြီး စောင်ကို ခေါင်းအထိ ဆွဲခြုံကာ တိတ်တိတ်ဆိတ်ဆိတ် ငိုကြွေးနေတော့သည်။ သူ တကယ်ပဲ ဝေဒီကို သေအောင် ရိုက်ချင်သတ်ချင်နေသည်။

အမေး အဖြေ ကဏ္ဍ -

လင်တော်မောင်များ : ရှန်းမုလန်လိုမျိုး တုနှိုင်းမဲ့ပြီး ချောမောခန့်ညားတဲ့ သခင်လေးကိုကျတော့ မင်းဘာလို့ မဖျားယောင်းခဲ့တာလဲ။

ရွာသူကြီး နျဲ့- တုနှိုင်းမဲ့ပြီး ချောမော ခန့်ညားတဲ့သခင်လေးတဲ့လား၊ ငါကတော့ မြက်ခင်းပြင်ပေါ်ပြေးနေတဲ့ မြင်းတစ်ကောင်လို့ပဲ မြင်တာ။

လင်တော်မောင်များ : “…..”

ရှန်းမုလန် ငိုယိုကာ ထွက်ပြေးသွားသည်။

လင်တော်မောင်များ : "ဒါဆို မင်း ငါတို့ကိုရော ဘယ်လိုထင်လဲ"

ရွာသူကြီး နျဲ့က သူတို့ တစ်ယောက်ချင်းဆီကို လက်ညိုး ထိုး၍ - "မြွေ (စုချန်းယီ)၊ ကျားသစ် (လီရီ)၊ ဒေါင်း (လီဟွေ့ )၊ သစ္စာရှိတဲ့ ခွေးပေါက်လေး (ကျန်းကျွင်းရှီ)၊ ငှက်ကျား (ဝမ်ရှင်းချန်)"

လင်တော်မောင်များ : ...မင်း အမြင်က တော်တော်ထူးဆန်တာပဲ၊ တကယ်ပဲ မင်းက သားရဲတိရိစ္ဆာန်တွေကို ချစ်တာလား'။

ရွာလူကြီးနျဲ့ အနည်းငယ်စဥ်းစားပြီး- သားရဲတိရစ္ဆာန်တွေလား။ အင်း...မင်းတို့ကလည်း တကယ် တိရိစ္ဆာန်တွေပဲလေ။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now