Chapter 73

1.7K 198 3
                                    


Chapter - 73

အရိပ်မဲ့ ကြက်တပ်ဖွဲ့

ဝေဒီ ၏ ချွမ်ကျွင်း ဓား မိတ်ဆက်ပွဲ အခမ်းအနားကို တိုင်းပြည် တစ်ဝှမ်းမှ သိုင်းပညာ ရှင်များ ပူးပေါင်း ပါဝင်ကာ အောင်မြင်စွာ ကျင်းပခဲ့ပြီး၊ ယခုတွင် စားသောက် ဧည့်ခံပွဲ ကျင်းပနေ၏။

အဓိက အစားအစာ မတည်ခင်းမီတွင် ဧည့်သည်များ အားလုံးကို တုန်းရှင်းရှောင်းဖူ ၏ ပန်းဥယျာဉ်သို့ သွားရောက် လည်ပတ်ရန် သို့မဟုတ် လက်ဖက်ရည် တည်ခင်း၍ စစ်တုရင် ကစားရန်၊ ပန်းများကို ကြည့်ရှုကာ ၎င်းတို့၏ ခံစားချက်များကို ဖွဲ့နွဲ့ရန် သို့မဟုတ် သိုင်းပညာ ယှဉ်ပြိုင်ရန် စသဖြင့် ဧည့်သည်များ အားလုံး အသီးသီး ပျော်ပါးနေကြ၏။

ဤဝန်းကျင်သည် အပန်းဖြေမှုနှင့် ပျော်ရွှင်မှုနေရာ တစ်ခု ဖြစ်လာသည်။ ကျော်ကြားသော သိုင်းပညာဂိုဏ်း တစ်ခု အနေဖြင့် တုန်ရှန်းရှောင်းဖူ သည် တိမ်များနှင့် မြူခိုးများ အတွင်း၌ တစ်စိတ် တစ်ဒေသ ဖုံးကွယ်ကာ တည်ရှိနေပြီး လှပသော ရှုခင်းကို ပိုင်ဆိုင်ထားသည့် လပြည့်ဝန်း တောင်ကြားဆိုသည့် နေရာလည်း ရှိနေသည်။ ထိုနေရာသည် နတ်ဘုံ နတ်နန်း တစ်ခု သဖွယ် ဖြစ်ပြီး လာရောက်လည်ပတ်သူများမှာ မကြည်ညိုပဲ မနေနိုင်။

အမှန်တော့ တုန်းရှန်းရှောင်းဖူ သည် ပြင်ပလူများကို စိတ်ကြိုက် သွားလာခွင့် မပြုထပေ။ ဥပမာ နျဲ့ပုဖန်ကို ထိန်းသိမ်းထားသော အတွင်းဘက် ဝန်းများကဲ့သို့သော အရေးကြီးသော နေရာများမှာ တားမြစ် ဝင်ပေါက်များ ဖြစ်သည်။

ပန်းဥယျာဉ်တွင် ဓားသမား လူငယ် တစ်ဦးက သူ၏ အဖော်အား စကားပြောနေသည်။

"ခေါင်းဆောင် ဝေက ကြောင်တွေ မွေးမြူရတာကို နှစ်သက်တယ်ဆိုပြီး ကြားသိခဲ့ရတယ်။ ဒါပေမယ့် ကျုပ် အိမ်ခန်းထဲမှာ တစ်နေကုန် နေခဲ့တာတောင် ကြောင်တစ်ကောင်ကိုမှ ဘာကြောင့် မတွေ့ခဲ့ရတာလဲ"

သူ၏ အဖော်ဖြစ်သူက "ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း တော်တော် အံ့ဩမိပါတယ်။ ကြောင်တွေ အကုန်လုံးကို ခြံဝင်း တစ်ခုထဲမှာ ပိတ်လှောင်ထားတာ ဖြစ်နေမလား''

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now