Chapter 94

826 89 0
                                    

Chapter - 94
ဆန်းကြယ်သော ရေညှိဟင်းရည်


နိုင်ငံတော် ပညာရှိကြီး၏ ဂဏန်းဖမ်းပွဲသည်အောင်မြင်ခဲ့သည်။
လိမ္မာပါးနပ်သော စကားများ၊ ကြမ်းတမ်းသော လှိုဏ်းလုံးများ ကြားတွင် ရွာလူကြီး နျဲ့ပုဖန်အား အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့သည်။

(TN: ကဏန်းသည် တရုတ်လို ဆင်ဆာအတွက် သံတူကြောင်းကွဲ ဖြစ်သည်။  )

ရေခူသင်္ဘောသည်လည်း ညအချိန်တွင် လျန်ကျင်း သို့ ရောက်ရှိခဲ့သည်။

သင်္ဘောကို ကမ်းစပ်တွင် ဆိုက်ကပ်ထားသည်။  ထိုက်ယန်သည် ကိစ္စ အဝဝကို စီစဉ်ပြီးနောက် ဖန်းလုံနှင့် နျဲ့ပုဖန်ထံသို့ အတူတူ ထမင်းစားရန် ဖိတ်ခေါ်ဖို့ သွားခဲ့သည်။

သူ အချိန်အတော် ကြာအောင် ခေါက်ပြီးနောက် အထဲမှလူက တံခါးကို အနည်းငယ်ဟာက တွန့်ဆုတ်စွာ ဖွင့်လိုက်ပြီး ထိုအဟကြားမှ ဝှက်ထားသော မျက်နှာ တစ်ဝက်ကို ဖွက်ထား၍ တစ်ဝက်ကို ထုတ်ဖော်လာသည်။ မျက်နှာ ရှေ့တွင် ရှုပ်ယှက်ခတ်နေသော ဆံပင်များနှင့် ဆံပင်အောက်တွင် မျက်လုံးများ တဖျပ်ဖျပ် ခတ်လျက် လက်ချောင်းသွယ်များက တံခါးအစွန်းကို လက်သည်းများဖြင့် ကုပ်ထားသောကြောင့် 
ဤတိတ်ဆိတ်၍ မီးရောင်ဖျော့ဖျော့သာလင်းနေသောပတ်ဝန်းကျင်တွငိ အော်ဟစ်ချင်စရာ ကောင်းလောက်အောင် ထိတ်လန့်ဖွယ် အခြေအနေကို ဖန်တီးပေးနေသည်။

"ဘာဖြစ်တာလဲ" နျဲ့ပုဖန်က ညိုးငယ်သော လေသံဖြင့် မေးလိုက်သည်။

“အိုး…..” ထိုက်ယန် က မဝံ့မရဲနဲ့ “သင်္ဘောဆိုက်ပြီ၊ တစ်ခုခု စားကြမလားလို့ လာမေးတာပါ''

နျဲ့ပုဖန်က သူ့ကို အချိန် အကြာကြီး စိုက်ကြည့်ပြီးနောက် တုန်တုန်ယင်ယင်ဖြင့် လက်ဖဝါးကို ဆန့်ထုတ်ကာ ထိုက်ယန်၏ အင်္ကျီစကို ဆွဲကိုင်လိုက်ပြီး “အဝတ်တစ်ထည် အရင် ယူပေးပါ၊ မင်းကိုပဲ ငါ နှောင့်ယှက်ရတော့မယ်” ဟု တုန်တုန်ယင်ယင်နဲ့ တောင်းဆိုလာသည်။

"အဝတ် ယူပေးရမယ်၊ ဟုတ်လား" ထိုက်ယန် ၏အကြည့်သည် တံခါး၏ အဟကြားမှတစ်ဆင့် တံခါး နောက်ကွယ်ဘက်သို့ မသိမသာ ချောင်းကြည့်ကာ တံခါးနောက်ရှိ ဝှက်ထားသည့်အပိုင်းကို ကြည့်ရန် ကြိုးစားလိုက်သည်။

ထိုအခါ နျဲ့ပုဖန်က တံခါးကို ပိုတင်းတင်း ပိတ်ပြီး “မင်း ဘာကြည့်နေတာလဲ။ အဝတ်မပါတဲ့ အမျိုးသားက ဘယ်လို ပုံစံလဲဆိုတာ မမြင်ဖူးဘူးလား”

"အဟွတ်.." ထိုက်ယန်က သူ့နှာခေါင်းကို သူ ထိလိုက်ကာ ယှက်ရွံ့သော အပြုံးဖြင့် "ကောင်းပြီ၊ သခင်လေး ဝေ ကို အဝတ်ပေးဖို့တစ်ယောက်ယောက် လွှတ်လိုက်ပါမယ်''

သူ စကား မဆုံးမီတွင် "ဘန်း" ကနဲဟူသည့် အသံ ဖြင့် တံခါးပိတ်သွားကာ ထိုက်ယန် သည်လည်း ခဏတာမျှ ကြောင်အ၍ အေးခဲသွား၏။ သို့သော်လည်း မကြာမီတွင် တံခါးပေါက်က တစ်ခါ  ပြန်ပွင့်လာပြန်သည်။ သည်တစ်ခါတော့ လူ့ဦးခေါင်း ထွက်မလာပဲ ကတ်ကြေးလိုဟန် လက်နှစ်ချောင်းဖြင့် အထဲက လူ၏ အသံက တိုးလျနေသည်။

"နှစ်စုံ၊ ငါတို့ နှစ်စုံလိုတယ်"

ထိုက်ယန်က နားမလည်နိုင်စွာ ထွက်သွားပြီး သူ့နှလုံးသားထဲမှာ ခိုးလို့ခုလုနှင့် ငါးတစ်ကောင် ဝင်ရောက်နေသလို စူးစမ်းလို စိတ်တွေ ပွက်ပွက်လောရိုက်နေလေသည်။

ဖန်းလုံကဲ့သို့ ဂုဏ်ကျက်သရေ ကြီးမြတ်သူသည် တခြားယောကျ်ား တစ်ယောက်နှင့် အခန်း တစ်ခုတည်းတွင် အဝတ်မပါပဲ အတူအိပ်နေခြင်းက သူ့အတွက် အလိုလို အံ့သြစရာဖြစ်နေသည်။
သူတို့ရဲ့ဆက်ဆံရေးက ဘာလဲ။ အခန်းထဲမှာ ဘာတွေ လုပ်ခဲ့ကြတာလဲ။

အမှန်တရားကို သိရှိရန်အတွက် ထိုက်ယန်သည် ကိုယ်တိုင်ကိုယ်ကျ အဝတ်သန့်သန့် နှစ်စုံ ယူလာပြီး တံခါးကို ခေါက်လိုက်၏။

“နိုင်ငံတော် ပညာရှိကြီးနဲ့ ဝေ သခင်လေးတို့၊ အဝတ်တွေ ဒီမှာပါ”

တံခါးဖွင့်လိုက်သည်နှင့် သူသည် မတော်တဆ တိုက်မိဟန်ဆောင်ကာ တံခါးကို ဆောင့်တွန်းလိုက်ပြီး အခန်းထဲသို့ ပြုတ်ကျသွားလိမ့် မည်ဟု သူစီစဉ်ထားပြီး ဖြစ်သည်။

သူ့ စိတ်ထဲတွင် တစ်ခဏမျှ ပုံဖော် တွေးတောနေပြီး နောက် တံခါးသည် တဒုန်းဒုန်းဖြင့် ပွင့်လာသည်။  ထိုက်ယန်က သူ့ကိုယ်သူ ပြင်ဆင်ပြီး တံခါးဘက်သို့ လဲကျကာ အသံကျယ်ကြီးမည်သွားပြီး သူ့ခန္ဓာကိုယ်၏ အလေးချိန် တစ်ဝက်ကို တံခါးဘောင်ပေါ်တွင် ဖိထားသော်လည်း တံခါးက လုံးဝ မရွေ့ပေ။

ထိုက်ယန် အံ့အားသင့်သွားပြီး လက်ဖြင့် တွန်းလိုက်ပေမယ့်လည်း တံခါးက မလှုပ်မယှက်ဖြစ်ပဲ ဖြစ်သည့်အပြင် ပို၍ တင်းတင်းကြပ်ကြပ် ပိတ်ထားခဲ့သည်။

တံခါးက ကပ်နေတာလား။ ထိုက်ယန်သည် ဇွဲလုံ့လဖြင့် ဆက်လက် တွန်းသော်လည်း ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။

ထိုအခိုက်တွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်-
''ဒုတိယကျွန်းသခင် ဘာလုပ်နေတာလဲ။ ဒီတံခါးက ဘယ်လောက် ခိုင်ခံ့တယ်ဆိုတာ စမ်းသပ်ကြည့်နေတာလား''

ထိုက်ယန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီးနောက် သူ့ အပြုအမူက အနည်းငယ် မိုက်မဲနေသည် ကို သတိရမိသည်။ သူသည် သူ့ကိုယ်ဟန်အနေအထားကို တည့်မတ်ပြီး နျဲပုဖန်ကို လှည့်ကြည့်ကာ တည်ကြည်သော အပြုံးကို ပြသလျှက်

''အဝတ်အစားတွေက ဒီမှာပါ၊ နှစ်သက်ပါ့မလားတော့ မသိဘူး''
ဟု ယဥ်ကျေးစွာ ပြောလိုက်သည်။

နျဲ့ပုဖန်သည် အဝတ်အစားကို ချက်ချင်း မယူခဲ့ပေ။ ယင်းအစား၊ သူသည် ဖြည်းညှင်းစွာယူပြီး  အဝတ်အစားများအတွက် ကျေးဇူးတင်စကားပြော၍ တံခါးကို ပိတ်လိုက်သည်အထိ သူသည် ထိုက်ယန်ကို အလင်းလို မျက်လုံးများဖြင့် ခေါင်းစခြေဆုံး အကဲခတ်ကာ ကြည့်နေခဲ့သည်။

ထိုက်ယန်သည် ကွဲလွဲသော ခံစားချက်များစွာဖြင့် တံခါးအတွင်းဘက်သို့ လှမ်းကြည့်ရန် ကြိုးစားသော်လည်း လျှို့ဝှက်ချက်ကို မတွေ့ခဲ့ရပေ၊ သနားစရာပင်။

အခု သည်တံခါးက ဘာဖြစ်နေတာလဲ ဆိုပါလျှင်။
- ပိတ်ထားတဲ့ တံခါးနောက်မှာ ကြက်တန်း တစ်တန်းစီ ရပ်နေပြီး တံခါးကို ဆောင့်တွန်းပြီး သတိနဲ့ စောင့်နေခြင်း ပင်ဖြစ်သည်...။

သပ်သပ်ရပ်ရပ် ဝတ်စားထားသော နျဲ့ပုဖန်သည် သင်္ဘောပေါ်မှ ဆင်းကာ အမြဲလိုလို တောက်ပသောအပြုံးဖြင့် ကမ်းပေါ်တက်ခဲ့သည်။ သူ့ နောက်မှ လိုက်လာသော ဖန်းလုံ သည်လည်း ပေါ့ပါးသော ခြေလှမ်းများဖြင့် နွေဦးရာသီကို မျက်လုံးများဖြင့် နှစ်ခြိုက်စွာ ကြည့်နေလေသည်။ သူ၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးကာ ပြုံးနေပြီး သူ့ တစ်ကိုယ်လုံးသည် နံနက် နှင်းရည်ဖြင့် ပက်ဖြန်းထားသော ပျိုနီးပန်းလေး ကဲ့သို့၊ သဘာဝဆန်ဆန်လှပနေခဲ့သည်။

ထိုက်ယန်မှာ ၎င်းတို့ နှစ်ယောက်၏ တောက်ပမှုကြောင့် မျက်လုံး နည်းနည်း ကျိန်းသွားသလို ခံစားလိုက်ရပြီး အုံ့မှိုင်းတဲ့ညမှာ လွှတ်လိုက်တဲ့ အလင်းရောင်တွေကဲ့သို့ ၎င်းတို့၏ တောက်ပလန်းဆန်းနေမှုမှာ မဖုံးကွယ်ထားနိုင်ပေ။

ထိုက်ယန်နှင့် သူ့ လူတွေက ၎င်းတို့ကို ကမ်းစပ်ကို ပို့ဆောင်ပြီး “ဒီမှာ ရွာလေး တစ်ရွာပဲ ရှိတယ်။  အခြေအနေက နည်းနည်း ရိုးရှင်းပေမယ့် အစားအသောက်က မဆိုးပါဘူး၊ ဒါကြောင့် ခင်ဗျားတို့နှစ်ယောက် ကို အတူတူ ထမင်းစားဖို့ ဖိတ်ခေါ်ချင်ပါတယ်''

''ငါကတော့ တစ်ယောက်တည်း လျောက်လည်ချင်တယ်''

နျဲ့ပုဖန်က လက်နှစ်ဘက်ကို နောက်ပစ်လျှက် ကိုယ်ကို မတ်မတ်ထားကာ ...

''လက်ဖက်ရည်ကြမ်းနဲ့၊ အစားအသောက်ခြောက်တွေကို မေ့ပစ်ပြီး၊ ငါးဟင်းချိူ ပူပူနွေးနွေးလေး စားရမယ်''

''မင်းကို ဒုတိယကျွန်းသခင်က အတူတူ သွားရအောင်လို့ ပြောနေတာလေ''

ဖန်းလုံက သတိပေးလိုက်သည်။

နျဲ့ပုဖန်က ဖန်းလုံကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"ငါ့ကို နားမကောင်းဘူး ထင်နေလား၊
ငါ့ ဆန္ဒကို ငါ့ သဘောနဲ့ ငါ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်၊ ရှေ့တိုးရမလား၊ နောက်ဆုတ်ရမလားဆိုတာ ငါကအကုန်လုံး ကောင်းကောင်း သိတယ်၊ ငါ့ ဘဝနဲ့ ငါ့ စိတ်ဝိညာဥ်က အမြင့်ဆုံး နယ်ပယ်ရောက်နေပြီးသားမို့လို့ မင်းတို့လောက် အရည်အချင်းနဲ့ လူတွေ ငါ့ စကားကို နားမလည်ဘူး''

ဖန်းလုံနှင့် ထိုက်ယန် တိတ်ဆိတ်သွားသည်။

နျဲ့ပုဖန်ရဲ့ အမှားနဲ့ ဘဝအမြင်ကို ပြုပြင်ဖို့ မကြိုးစားပါနဲ့။ ကြိုးစားပါက ရလဒ်နှစ်ခုသာ ရှိမည်။ ပြုပြင်ဖို့ကြိုးစားသူက ရူးသွားမည် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူ့ အယူအဆတွေနဲ့ ဦးနှောက်ဆေးပေးပြီး မိမိကို ဘယ်တော့မှ ပြန်လမ်း မရှိအောင် လုပ်ပေလိမ့်မည်။

လျန်ကျင်းသည် ဝေးလံခေါင်သီပြီး ပြည်မကြီးနှင့်အလှမ်းဝေးသောကြောင့် အနည်းငယ် တိတ်ဆိတ်ခြောက်ကပ်သော ဒေသ ဖြစ်သည်။ ရေလမ်းက လွဲလို့ ကုန်းလမ်းက သွားလာရေး အရမ်း အဆင်မပြေချေ။ ၎င်းကို မင်ပြည်ထောင်၏ မြေပုံပေါ်မှာတောင် အမှတ်အသား ပြုမထားဘဲ ယေဘုယျအားဖြင့် ပင်လယ်သင်္ဘောများ ခေတ္တဆိုက်ကပ်ရန်အတွက် ယာယီ အကူးအပြောင်း နေရာအဖြစ်သာ အသုံးပြုခဲ့သည်။

သို့သော် ကျီယု ကျွန်းမှ လူများသည် တစ်နှစ်ပတ်လုံး ထိုနေရာ နှစ်ခုကြားတွင် ခရီးသွားခဲ့ကြပြီး လျန်ကျင်း၏ ဒေသခံ တံငါသည်များနှင့် ရင်းနှီးကြသည်။ ပင်လယ်ကူး ကုန်သည်များအတွက် ရေချို၊ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ ဖြည့်ဆည်းပေးရန်အတွက် လျန်ကျင်းမှ တံငါသည်များသည် ရိက္ခာတို့ကို သိုလှောင်ထားကာ လိုအပ်သည်များကိုဖြည့်ဆည်း ကူညီပေးသော  ရွာတစ်ရွာ ဖြစ်၏။

သူတို့သည် သင်္ဘောသားများအတွက် နားနေစရာနေရာ စီစဥ်ပေးပြီးနောက် အတူတကွ ထမင်းစားကြသည်။

နျဲ့ပုဖန်၏ ကြက်များကတော့ ကမ်းပေါ်ရောက်သည်နှင့် လှေပေါ်၌ ကြာရှည်စွာ ပိတ်လှောင်ခံထားခဲ့ရသည့်အတွက် ထွက်ပြေးကာ ပျောက်ကွယ်သွားကြသည်။ နောက်ဆုံးတော့ ဝူခုံးလေး တစ်ကောင်သာ နျဲ့ပုဖန် ဘေးမှာ ကျန်ရှိနေခဲ့၏။

ထို့နောက်တွင် အစေခံများက ဟင်းပူပူတွေကို တစ်ယောက်ပြီး တစ်ယောက် ထည့်ပေးသည်။ လူတိုင်းသည် ခရီးတွင် မောပန်း ငတ်မွတ်နေသောကြောင့် ယဉ်ကျေးစွာ ပြောဆိုခြင်းပင် မပြုနိုင်ကြဘဲ ဟင်းများကို လက်ဗလာဖြင့် ကောက်ကိုင်ကာ ပျော်ရွှင်စွာ စားသောက် နေကြတော့သည်။

နျဲ့ပုဖန်က ဝူခုံးကို အရင်ဆုံး အစားအစာတွေ ခွဲဝေပေးပြီးနောက် သူ ကိုယ်တိုင် အေးအေးဆေးဆေးစားသောက်နေခဲ့သည်။

ဒါပေမယ့် နှစ်ချက်လောက် ကိုက်ပြီးနောက်တော့ သူက ဝါးတူချောင်းတွေကို ဇလုံထဲကို ပစ်ချလိုက်ပြီး “အဆိပ် ရှိတယ်” လို့ အော်လိုက်၏။

ထိုက်ယန်၊ ဖန်းလုံတို့ အပါအဝင် အခြားသူများ၏ အမူအရာများ ပြောင်းလဲသွားသည်။ ယခင်ကဆိုလျှင် သူတို့ သံသယ ရှိကာ စစ်ဆေးမည် ဖြစ်သော်လည်း နျဲ့ပုဖန်၏ အပြုအမူကို ယဥ်ပါးနေပြီဖြစ်သောကြောင့် သူတို့ သိပ်အရေးမထားချင်ပေ။

နျဲ့ပုဖန်သည် မကြာခဏ ဆိုသလို သူ စိတ်ရှိတိုင်း အရေးကြီးတဲ့ အရာများကိုပင် ဟာသလုပ်ဖူးသောကြောင့် ဖြစ်သည်။

ဖန်းလုံက အမြန်ထရပ်ပြီး ထိုက်ယန်ကတော့ လေးလေးနက်နက် စိုက်ကြည့်နေသည်။

ထိုက်ယန် သည် မျက်မှောင်ကြုတ်ကာ ပတ်ပတ်လည်ကို အကဲခတ်လိုက်ရာ ခပ်လှမ်းလှမ်းမှ စားသောက်ပွဲ ပြင်ပေးသော တံငါသည်များစွာ၏ အမူအရာများသည် အမှန်တကယ်ပင် ထူးဆန်းနေမှန်း အထူးတလည် သတိပြုမိကာ အခြေအနေကို အမြန် စုံစမ်းစစ်ဆေးရန် ချက်ခြင်း အမိန့်ပေးလိုက်သည်။

သို့သော် ခြေလှမ်း အနည်းငယ် လှမ်းပြီးသည်နှင့် လက်အောက်ငယ်သားသည် ရုတ်တရက် လဲကျသွားသည်။

ထိုက်ယန် အံ့အားသင့်ဖို့ အချိန်မရသေးခင်မှာ ခန်းမထဲက တခြားလူတွေလည်း တစ်ယောက်ပြီး တစ်ယောက် မူးလဲသွားတာကို မြင်လိုက်ရ၏။  အသံများ ဆူညံသွားပြီး မြင်ကွင်းက ရုတ်တရက် ထိတ်လန့်ဖွယ်ကောင်းလှသည်။

"ဘယ်လိုဖြစ်ရတာလဲ" ထိုက်ယန်က ဒေါသတကြီးအော်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူလည်းခေါင်းမူးသွားသည်။

ထိုအချိန်တွင် တံငါသည် တစ်ဦးက ဆွဲဆွဲငင်ငင်  သူ ငိုယိုကာ ထိုက်ယန် ရှေ့မှာ ဒူးထောက်ချပြီး။
"တောင်းပန်ပါတယ် ဒုတိယကျွန်းသခင်၊ ကျွန်တော် တို့မှာလည်း ရွေးချယ်စရာ မရှိလို့ပါ"

"ရွေးချယ်စရာ မရှိတာ ဘာလဲ၊ ဘယ်လိုဖြစ်လို့လဲ"

ထိုက်ယန်သည် ဆေး၏ အာနိသင်ကို တွန်းလှန်ရန် အံကြိတ်လျှက်ဖြင့် မေးလိုက်သည်။

“မနေ့တုန်းက ပင်လယ်ဓားပြ အဖွဲ့ တစ်ဖွဲ့ ကျွန်တော်တို့ရွာကို ရောက်လာတယ်။  သူတို့က အမျိုးသမီးတွေနဲ့ ကလေးတွေကို ဖမ်းပြီး ကုန်ကူးသင်္ဘောတွေကို လုယက်ဖို့ အတင်းအကြပ် စေခိုင်းထားပါတယ်''

ထိုက်ယန်က စားပွဲကို ဆတ်ခနဲ ပုတ်လိုက်ပြီး ဒေါသတကြီးနဲ့ “ပင်လယ်ဓားပြတွေလား။ ဘယ်လို ပင်လယ်ဓားပြမျိုးက ဒီလောက် ရဲရင့်ပြီး ကျီယု ကျွန်းရဲ့ သင်္ဘောတွေကိုတောင် လုယက်ဝံ့ကြတာလဲ။”

တံငါသည်သည် တုန်တုန်ယင်ယင်နှင့် စကား မပြောနိုင်တော့ပေ။

ထိုက်ယန် လှည့်ကြည့်လိုက်တော့ ဖန်းလုံနှင့် နျဲ့ပုဖန် အပါအဝင် လူ ငါးဦး၊ ခြောက်ဦးသာ အကောင်းအတိုင်း ရှိနေကြ၏။

သူက လက်ကို ဝှေ့ယမ်းပြီး ကျန်နေသေးတဲ့ လူတွေကို သင်္ဘောပေါ် ချက်ချင်း ပြန်သွားခိုင်းသည်။  သို့သော် သူ အမိန့်ပေးသည်နှင့် တစ်ပြိုင်နက် ပုံစံအမျိုးမျိုး ဝတ်ဆင်ထားသော အမျိုးသား တစ်စုဟာ ရွာထဲသို့ ဝင်လာကြသည်။

“ဟာဟား ဟားဟား…..” ခေါင်းဆောင်ဟု ထင်ရသည့် မျက်နှာ မည်းကြီးနှင့် ကြမ်းတမသောလူ က မောက်မာစွာ ရယ်မောလျှက် “ဒီတစ်ခါတော့ ငါးကြီး တစ်ကောင် ဖမ်းမိပြီပေါ့”

ထိုက်ယန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။

"ဒီလို မကြည့်နဲ့၊ ငါ မကြောက်တတ်ဘူး"  ကြမ်းတမ်းသော လူက ဆိုသည်။

“ငါတို့ ဒီတစ်ချီ ပြီးရင် ထွက်ပြေးကြမှာ၊ ပင်လယ်က ကျယ်ပြောပြီး ကျီယု ကျွန်းက ဘယ်လောက်ပဲ စွမ်းဆောင်နိုင်ပါစေ၊ မင်းက ငါတို့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး။”

"ကောင်းတယ်၊ အရမ်းကောင်းတယ်" ထိုက်ယန်က လှောင်ရယ်လိုက်ပြီး
"မင်းတို့ ကျီယု ကျွန်းရဲ့လက်ကနေ တကယ်လွတ်မြောက်နိုင်မလားဆိုတာ ငါ ကြည့်ချင်သေးတယ်''

"မင်း ဘာမှ မမြင်ရတော့မှာကို ငါကြောက်တယ်" 

ကြမ်းကြုတ်သော လူသည် စားသောက်စားပွဲ ပေါ်တက်ကာ အောင်ပွဲခံ ရယ်မောလိုက်သည်။

ပြီးသည်နှင့် လက်ဝှေ့ယမ်းပြပြီး အမိန့်ပေးလိုက်၏။

''ကောင်လေးတွေ အလုပ်လုပ်ကြတော့၊ ဒီလူတွေအားလုံးကို ချည်နှောင်ပြီး ချုပ်ထားကြ၊ မနက်ဖြန်ကျရင် ငါးစာကျွေးဖို့ အတူတူ ပင်လယ်ထဲ ပစ်ချမယ်”

“သခင်၊ ဘာလို့ ဒီတိုင်း မသတ်လိုက်တာလဲ…” သနားကမား ရုပ်နှင့် ငယ်ရွယ်သော ကောင်လေးက လှမ်းကြည့်ရင်း ပြတ်ပြတ်သားသား အမူအရာဖြင့်မေးသည်။

ကြမ်းတမ်းသော လူက လက်ဝှေ့ယမ်းပြီး “သူတို့အားလုံးက ပင်လယ်ကုန်သည်တွေပါ၊  ပင်လယ်ထဲမှာ သေဖို့ အသင့်တော်ဆုံးပါ။ ငါလိုမျိုး တင့်တယ်ပြီး မြင့်မြတ်တဲ့လူက သူတို့နဲ့ ထိုက်တန်တဲ့အဆုံးသတ်လေးကိုတော့ ကြိုးစားပြီး ပေးစွမ်းရမှာပေါ့လေ''

''သခင်က တကယ် ပညာရှိပဲ''
၎င်း ပင်လယ် ဓားပြက လက်မထောင်ပြသည်။

ပင်လယ်ဓားပြ အုပ်စု တစ်စုသည် ထိုက်ယန်နှင့် အခြားလူများဆီသို့ အပြေးအလွှား ပြေးလာရင်း ဆူညံစွာ အော်ဟစ်ကြသည်။

ဆေးခပ်ခံထားရသော သင်္ဘောသားများသည် ခုခံရန် အပြင်းအထန် တိုက်ခဲ့ကြသော်လည်း အခြေအနေ မဟန်ပဲ နောက်ဆုံးတွင် တစ်ယောက်ပြီး တစ်ယောက် လဲကျကုန်ကြ၏။

ထိုအခိုက်အတန့်တွင် ကြမ်းတမ်းသော လူသည် မှိုင်းညို့နေသော ဖန်းလုံကို ရုတ်တရက် သတိပြုမိပြီး မျက်လုံးများ ပြူးကျယ်ကာ မက်မောအရောင်အဝါများ ပေါ်လွင်လာသည်။

ခြေလှမ်း အနည်းငယ်လှမ်းပြီး သူသည် ထန်းလုံ ၏ နံဘေးသို့ လျှောက်သွားကာ သူ့မေးစေ့ကို သူပွတ်သပ်၍ ဖန်းလုံးကို ခေါင်းအစ ခြေအဆုံး ငုံ့ကြည့်၍

''ရှားရှားပါးပါး သနားစရာလေးပဲ။ သတ်ရမှာတောင်သနားတယ်''
ဟု ပြောလိုက်သည်။

ဖန်းလုံ၏ မျက်လုံးများသည် စူးရှစွာ မီးလျှံများဝင်းဝင်း တောက်လာပြီး သူ့လက်သီးများကို တင်းတင်းဆုပ်ထားသည်။ သူသည် မြင့်မြတ်သောမိသားစုမှ မွေးဖွားလာသူဖြစ်ပြီး မည်သည့်အချိန်ကမျှ ထိုသို့သော စော်ကားမှုမျိုးကို မခံခဲ့ရဖူးပေ။ ဒီလို အကြည့်မျိုးကို သူ ဘယ်လိုလုပ် သည်းခံနိုင်မလဲ။ ကျီယု ကျွန်း၏ ဒုတိယကျွန်းသခင်က ၎င်းတို့ကို လိုက်ပို့ရန်အတွက် လမ်း တစ်လျှောက်တွင် အန္တရာယ် မရှိဟု ထင်ခဲ့သော်လည်း ပင်လယ်ဓားပြအုပ်စု လက်သို့ ကျရောက်မှာကိုတော့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ထိုက်ယန်သည် အလွန် ဒေါသထွက်နေပြီ ဖြစ်ပြီး၊ ဤကဲ့သို့ အငိုက်ခံလိုက်ရခြင်းကြောင့် သု့ဂုဏ်သိက္ခာများ ကျဆင်းသွားပြီဟုခံစားရကာ ထိုပင်လယ်ဓားပြ အုပ်စုအား ချက်ချင်း သတ်ပစ်ချင်နေသည်။

ဖန်းလုံက ပင်လယ်ဓားပြ ခေါင်းဆောင်အား စိုက်ကြည့်နေတဲ့အခါတွင် ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတစ်စုံက ပိုလို့တောင် စွဲမက်ဖွယ် ကောင်းနေပုံရပြီး ပင်လယ်ဓားပြ ခေါင်းဆောင်သည် သူ့ကို လက်တွေ့တွင် ပို၍ စော်ကားချင်နေခဲ့သည်။

ထိုအချိန်တွင်၊ ထူးဆန်းသော ရေညှိဟင်း တစ်ခွက်သည် ကောင်းကင်မှ သွန်းလောင်းခံရပြီး ဖန်းလုံခေါင်း ပေါ်သို့ တိုက်ရိုက်ကျဆင်းလာသည်။ ရေညှိဖက်တို့သည် ဖန်းလုံ၏ ခေါင်းနှင့် မျက်နှာပေါ်တို့တွင် ဖုံးအုပ်ကာ ချက်ချင်းပင် သူ၏ အလှကို ရက်စက်စွာ ဖျက်ဆီးပစ်လိုက်၏။

"ဘာလဲကွာ" ကြမ်းကြုတ်သောလူသည် ရေညှိခေါင်း ဖြစ်သွားသော အလှတရားကို ကြည့်ကာ ချက်ချင်းကြီး အရှက်ရမိ၍ ဒေါသထွက်သွားသည်။

"ဒါ...ဒီကောင် လက်ချက်ပါ သခင်''

ပင်လယ်ဓားပြ တစ်ဦးသည် လက်ထဲတွင် ဟင်းခွက် အလွတ်တစ်ခုကို ကိုင်ဆောင်ထားဆဲဖြစ်သော နျဲ့ပုဖန်အား သတိကြီးကြီးဖြင့် ညွှန်ပြလိုက်သည်။

"သေချင်နေလား မင်း'' ကြမ်းတမ်းသော လူသည် နျဲ့ပုဖန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။

နျဲ့ပုဖန်က “ကျွန်တော် ဗိုက်ဆာလွန်းလို့ပါ။  ဟင်းချိုလေး သောက်ချင်လို့ပါ။ ဒါပေမယ့် ခင်ဗျားရဲ့လက်အောက်ငယ်သားတွေက ရိုင်းစိုင်းပြီး ဟင်းရည်တွေ အားလုံးကို ဖိတ်စေခဲ့တယ်။  ဘယ်လောက်တောင် အလေအလွင့်များလိုက်သလဲ။"

"မင်း ပါးစပ် ပိတ်ထားစမ်း''

ကြမ်းတမ်းသောလူသည် ဆိုးသွမ်းသော လေသံဖြင့် ဟိန်းဟောက်လိုက်၏။

ထို့နောက်သူက
“ကောင်းပြီ၊ သူတို့ အားလုံးကို ချုပ်နှောင် ထားလိုက်ပါ။ လက်ရဥစ္စာတွေကို ရေတွက်ပြီး မနက်ဖြန်မနက် ဒီကနေ ထွက်သွားရအောင်”

သူသည် ဤသို့ အရေးမပါသော နှောင့်ယှက်မှုနှင့် တပ်မက်စိတ်တို့ကို ဖယ်ရှားခဲ့လိုက်လေသည်။

ဖန်းလုံသည် ရေညှိဖက်များ ကြားမှတစ်ဆင့် တည်ငြိမ်အေးချမ်းလျှက် ရှိနေသော နျဲ့ပုဖန် ကိုကြည့်နေ၏ တစ်ဖက်က ပြန်ပြုံးပြလာသောအခါ သူ့ မျက်လုံးများသည် နူးညံ့သွားသည်။

အကြောင်း တစ်ခုခုကြောင့် သူ့စိတ်တွေ တဖြေးဖြေး ငြိမ်သက်သွားခဲ့လေ၏။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now