Chapter 51

2K 262 0
                                    

Chapter - 51
အမွေစား အမွေခံ


ဤ တုပ်ကွေးကာလအတွင်း ရွာရှိ လူနာများခံစားရသော ဝေဒနာအပြင် လူ မဆန်စွာ နှိပ်စက် ညှဉ်းပမ်းခြင်း ခံခဲ့ရသော အခြားသူတစ်ဦးလည်းရှိသေးသည်။ ထိုလူမှာ ဤလူနာများကို ကုသပေးရန် တာဝန်ယူရသော သမားတော် ဖြစ်၏။

ထိုသူ၏ မျိုးရိုးအမည်မှာ ရှု ဖြစ်ပြီး နျဲ့ပုဖန် ကို အရင် တစ်ညက ကုသပေးခဲ့သော သမားတော် ဖြစ်သည်။ နောက်ပိုင်းတွင် ကြက်များ ပုံမှန် မဟုတ်သော အမူအကျင့်များ စတင် ပြသလာသောအခါ၊ သူ့ကို တိရစ္ဆာန် ဆေးဆရာအဖြစ် ထပ်မံ ဖိတ်ခေါ်ခံရပြန်သည်။ ထိုအခါသူက ကြက်များမှာ ကြက်ရူးပြန်သောရောဂါ ရှိနေသည်ဟု ကောက်ချက်ချခဲ့ပြီး ငိုယိုနေသောကြောင့် ပြန်ပို့ခဲ့ရ၏။ သို့သော် မမျှော်လင့်ဘဲ နှစ်ရက်တွင် ကြက်သိုက်ကျေးရွာရှိ အခြားလူများ တစ်ဦးပြီး တစ်ဦး နာမကျန်း ဖြစ်လညသဖြင့် ထပ်မံ ပင့်ဖိတ်ခြင်း ခံရ၏။

ရက်အနည်းငယ်ကြာ ကုသမှုခံယူပြီးသည့်တိုင် လူနာများ မကောင်းမွန်သေးသည့်အတွက် သမားတော် ရှု၏ စိတ်ထဲမှာ ထူးထူးခြားခြား လေးလံနေခဲ့သည်။ သူသည် ရဲရင့်သူ မဟုတ်သလို သူ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုမှာလည်း သာမန်မျှ ဖြစ်၏။ သူ့မှာ အခြားသူများအပေါ် ထိခိုက်စေရန် ရည်ရွယ်ချက် မရှိသလို ကမ္ဘာကြီးကို ကယ်တင်ရန်ကဲ့သို့ ကြီးမားသော စိတ်ကူးလည်း မရှိခဲ့ပေ။ ထို့ကြောင့် ကြက်သိုက်ကျေးရွာရှိ လူနာများအား ဆက်လက် ကုသပေးရန် ငြင်းပယ်ကာ ပိုမိုကျွမ်းကျင်သော သမားတော် တစ်ဦးကို ပင့်ဖိတ်သင့်ကြောင်း လိမ္မာပါးနပ်စွာ အကြံပြုခဲ့သည်။

ပညာရှိ ပွားပေါင်၏ ရတနာသိုက်သည် ကြက်သိုက်ရွာ၏ အပြင်ဘက်တွင် ရှိနေသောကြောင့် သာမန်ပျင်းရိနုံအသူများ သိနိုင်မည် မဟုတ်ပေ။
ထို့အပြင် စုချန်းယီ နှင့် အခြားသူများသည် ၎င်းတို့၏ ရောဂါသည် ဤမျှ ပြင်းထန်သည်ဟု မထင်ခဲ့ပေ။ နျဲ့ပုဖန်တောင် နှစ်ရက်အတွင်း ပြန်ကောင်းမလာဘူးလား။ သူတို့ ဖျားနာမှုက နျဲ့ပုဖန်ဆီမှ ကူးစက်ခဲ့တာ ထင်ရှား၏။
နျဲ့ပုဖန်လို သူတို့ထက် အားနည်းပြီး ကိုယ်ခံအား မကောင်းတဲ့သူတောင် တစ်ရက်၊ နှစ်ရက်အတွင်း ပြန်ကောင်းလာသေးတာပဲ ဘာလို့ ပိုကျွမ်းကျင်တဲ့သမားတော်ကို တကူးတက ပင့်ဖိတ်စရာလိုလို့လဲ။

အကြိမ်ပေါင်းများစွာ အပြန်ပြန် အလှန်လှန် ငြင်းခုံခဲ့ပြီးနောက်မှာတော့ သမားတော်ရှုလည်း သူ၏ ကံကြမ္မာကို လက်ခံခဲ့ကာ သူ၏ ခရီးဆောင်အိတ်များကို ရိုးရိုးရှင်းရှင်း ထုပ်ပိုးယူဆောင်လာပြီး ကြက်သိုက်ရွာတွင် အခြေချ နေထိုင်လိုက်တော့သည်။

သို့သော် ဤညစ်ပတ်နုံချာလှသော ရွာလေးမှ လူတစ်ဦးတစ်ယောက်ကိုမှ စော်ကားရန် မထီမဲမြင်ပြုရန်မသင့်ဟု သူ ခံစားမိ၏။

ဒါပေမယ့် တကယ် ထူးဆန်းတဲ့အချက်က သည်ကြီးမြတ်လှတဲ့ လူတစ်စုဟာ ဘယ်လိုကြောင့် ဖျားနေကြသလဲ။

သို့ရာတွင် စုချန်းယီ နဲ့ တခြားသူများဟာ ဖျားနေပေမယ့် ဖြတ်ဖြတ်လက်လက် လှုပ်ရှားသွားလာနေကြဆဲ ဖြစ်ပြီး၊ နေ့တိုင်း မျက်တွင်းချောင်နေသော မျက်နှာတွေနဲ့ နျဲ့ပုဖန်အား တိတ်တဆိတ် ကျိန်ဆဲနေကြဆဲ ဖြစ်သည်။

နျဲ့ပုဖန်ကတော့  ၎င်းတို့၏ ကလေးဆန်မှုကို ခွင့်လွှတ်ထားကာ ရောဂါ ကူးစက်မှု အခြေအနေကိုသာ စိုးရိမ်နေခဲ့သည်။ နောက်ဆုံးတွင် ရောဂါ ကူးစက်မှုကို ဟန့်တားရန်အတွက် သူသည် လူတိုင်းအတွက်မျက်နှာဖုံး တစ်ခုစီ ပြုလုပ်ပေးခဲ့၏။ မျက်နှာဖုံး တစ်ခုချင်းစီကို ကွဲပြားစေရန် "ဂရုတစိုက်" ရုပ်ပုံများ ချယ်သထားသည်။ အားလုံးသိကြတဲ့အတိုင်း နျဲ့ပုဖန်ရဲ့ ပန်းချီလက်ရာ စကေးဆိုတာ လုံးဝကိုစိတ်ကူးကြည့်လို့ မရအောင် ဆိုးဝါးသော အရာပဲဖြစ်၏။ ထို့ကြောင့် မျက်နှာပုံက ရုပ်ပုံများသည်  အခြားသူများ၏ အမြင်တွင် အဝါရောင်၊ အစိမ်းနှင့် အနီရောင်စသည့် အရောင်အမျိုးမျိုးရှိသော ကြက်ရုပ်ပုံများသာ ဖြစ်ပေမယ့်လည်း နျဲ့ပုဖန်၏ အဆိုအရ ၎င်းတို့သည် အမှန်တကယ်တွင် မျောက်များ၊ လိပ်များနှင့် မြေခွေးများ ဖြစ်နေသည်။

ဒါပေမယ့်လည်း တကယ့် လက်တွေ့မှာတော့ လုပ်သင့်တဲ့အရာ ဖြစ်နေတာကြောင့် နျဲ့ပုဖန်၏ အကြံကို အားလုံး လက်ခံလိုက်ကြလေ၏။

ထို့ကြောင့် မျက်နှာဖုံး စွပ်ထားသော အမျိုးသားနှင့် အမျိုးသမီးများကို ကြက်သိုက်ကျေးရွာရှိ နေရာတိုင်းတွင် တွေ့မြင်နိုင်ပြီ ဖြစ်သည်။

"ကြက် ဆေးဆရာ၊ ကြက် ဆေးဆရာ''
လီဟိုက်က ဒေါသတကြီးနဲ့ အော်နေ၏။
“ခင်ဗျား ဆေးကုရော ကုတတ်ရဲ့လား၊ ဘာလို့ ဒီလောက် ကြာတာတောင် ငါတို့ကို မကုနိုင်ရတာလဲ"

သမားတော် ရှု က သည်းခံလျှက် လီဟိုက် အိမ်မှ အမြန်ထွက်လာခဲ့သည်။

ထိုစဥ် နျဲ့ပုဖန် ဖြတ်သွားတာနဲ့ တိုးသောကြောင့် လီဟိုက် သူ့ကို မြင်ပြီး ဒေါသစိတ် မထိန်းနိုင်ဘဲ ရန်ရှာတော့၏။

"မင်းကျတော့ ဘာလို့ ဒီလောက် မြန်မြန်ပြန်ကောင်းလာတာလဲ"

ကြက်တွေ ရောဂါပိုးကြောင့် ဗီဇ ပြောင်းသွားသလို လီဟိုက်လည်း ဗီဇ ပြောင်းသွားသလားဟု နျဲ့ပုဖန်တွေးမိသည်။

''အဲ့ဒါ ကိုယ့်ကံနဲ့ ကိုယ်ပေါ့၊ မင်းက ဘာလို့ ငါနဲ့လာယှဥ်နေတာလဲ''

လီဟိုက်မှာ ဒေါသ ပိုထွက်လာကာ ချောင်းများ ပိုဆိုးလေသည်။

နျဲ့ပုဖန်က ဆက်လက် ဆုံးမ၏။

''မင်း ဒေါသထွက်လေလေ၊ သက်သာဖို့တာ ပိုကြာလေလေ ဖြစ်နေမှာပဲ၊ သစ်မြစ်လေး (ကုလားအုတ်လေးရဲ့နာမည်) ကို ကြည့်ပါလား သူက တည်တည်ငြိမ်ငြိမ် နေနေတော့ ဘာမှမဖြစ်ဘူးလေ။

လီဟိုက်လည်း ခြံဝင်းအတွင်း ပြေးလွှားနေသည့် ထူးဆန်းသော သတ္တဝါကို အာရုံစူးစိုက်စွာ ကြည့်ကာ သူ့မျက်နှာပေါ်တွင် ကောက်ကျစ်သော အမူအရာ ပေါ်လာ၏။

"ကောင်းပြီ၊ ငါ ထမင်း ချက်နေတုန်း မင်း ငြိမ်ငြိမ်လေးနေ"

နျဲ့ပုဖန်ဟာ အမြဲတမ်း ထောင့်မကျိုး အဆင်မပြေဖြစ်နေသော်လည်း အစားအသောက်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်သည်။ အလုပ်အများစုကို သူ ကိုယ်တိုင် လုပ်တတ်၏။  ညတိုင်း ဖျားနာမှု ပိုမိုဆိုးရွားလာတတ်၍ ညဘက်ချမ်းအေးသော အချိန်များတွင် အခြားသူများ၏ အခန်းများကို စစ်ဆေးရန် ညတိုင်း တိတ်တဆိတ် သွားရောက်လေ့ရှိသည်။

"ပုဖန်၊ ဒီည ငါနဲ့ အတူ လာနေပေးပါလား''

ကျန်းကျွင်းရှီ၏ တောင်းဆိုမှုကြောင့် ထိုညတွင် သူ့ဆီသွားနေပေးခဲ့ပေမယ့်၊ ပြန်မည်အပြုတွင် ကျန်းကျွင်းရှီက နျဲ့ပုဖန် လက်မောင်းကို ဆွဲထားလေသည်။

ယခုတွင် ကျန်းကျွင်းရှီသည် ကုတင်ပေါ်၌ လဲလျောင်းနေပြီး သူ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ နူးညံညင်သာစွာပြောလာ၏။

"ငါတို့ အတူတူ မနေကြတာ နေတာကြာပြီ မဟုတ်ဘူးလား"

နျဲ့ပုဖန်က ပြုံးလိုက်သည်။

"ကောင်းပြီလေ''

သည့်နောက် သူက ဆီမီးခွက်ကို ငြိမ်းလိုက်၏။ ပေါ့ပေါ့ပါးပါး ဝတ်ထားသည့် သူ၏ အပြင်ဘက် ၀တ်ရုံကို ချွတ်ကာ စောင်အောက်သို့ သွက်လက်စွာ ဆင်းလိုက်သည်။

ကျန်းကျွင်းရှီလည်း နျဲ့ပုဖန်ရဲ့ကိုယ်လုံးလေးကို ရင်ခွင်ထဲ ထွေးဖက်ကာ  သူ့ အသားအရေရဲ့ ချောမွေ့တဲ့ အထိအတွေ့ကို ခံစားရပြီး စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်၏။

"တကယ် နေလို့ မသက်သာဘူးလား?''
နျဲ့ပုဖန်က တိုးတိုးလေး မေးသည်။

“အဆင်ပြေပါတယ်” ကျန်းကျွင်းရှီက ပြန်ဖြေ၏။

“နေမကောင်းဖြစ်တဲ့ ခံစားချက်ကို ငါကောင်းကောင်း သိပါတယ်” နျဲ့ပုဖန်က မျက်လုံးများကို ဖွင့်ကာ တစ်စုံတစ်ခုကို သတိရနေသလိုမျိုး အဝေးကို ငေးကြည့်နေ၏။

ကျန်းကျွင်းရှီက သူ့ခေါင်းကို ပွတ်သပ်ပြီး နှစ်သိမ့်ပေးသည်။
"စိတ်မပူပါနဲ့။ ဘယ်သူမှ ရောဂါ အခြေအနေ အရမ်းကြီး မဆိုးပါဘူး။ ရက်အနည်းငယ်အတွင်း သက်သာသွားမှာပါ”

နျဲ့ပုဖန်လည်း ခေါင်းညိတ်လိုက်သည်။
သည့်နောက်မှာတော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ကာ အိပ်ပျော်သွားကြသည်။ မှိန်ဖျော့ဖျော့ညချမ်း၏ လရောင် အောက်တွင် မြင်ကွင်းသည် အလွန် နွေးထွေးပြီး ချိုမြိန်ကာ ကြည်နူးဖွယ်ရာ အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

အချိန် အတော်ကြာပြီးနောက် နျဲ့ပုဖန်က စကားထပ်ပြောသည်။

“ကျန်း၊ မင်း အမြန်ဆုံး ပြန်ကောင်းလာရမယ်။  မင်းရဲ့အကူအညီ မရှိရင် မနက်ခင်းမှာတောင် အိပ်လို့မရဘူး"

“… …” ဒါ မင်းရဲ့ အဓိက ပူပန်မှုလား။

"ပုဖန်၊ ငါ မင်းကို တစ်ခု မေးချင်တယ်" 

ကျန်းကျွင်းရှီ  ရုတ်တရက် ပြောလာသည်။

''ဘာလဲ"

"မင်း ပညာရှိကြီး ပွားပေါင်ရဲ့ ရတနာတွေကို လိုချင်သလား''

"ဘာကိုလဲ" 
နျဲ့ပုဖန် အနည်းငယ် စိတ်ရှုပ်သွားပြီး "ရတနာတွေက ဘာဖြစ်လို့လဲ''

“ပဉ္စမ သော့ကို ကိုင်ဆောင်ထားသူအနေနဲ  မင်းလည်း တခြား အိမ်တော်တွေနဲ့ တန်းတူ ဘဏ္ဍာပစ္စည်းတွေကို မျှဝေပိုင်ခွင့် ရှိတယ်” 
ကျန်းကျွင်းရှီက ဖြည်းညှင်းစွာပြော၏။ "ဒါပေမယ့် မင်းက ဘာအာဏာမှ မရှိတဲ့ သာမန်ပြည်သူတစ်ယောက်ဖြစ်နေတဲ့အတွက် နောက်ဆုံးမှာ ရသင့်ရထိုက်တဲ့ ဘဏ္ဍာ ဝေစုကို မရရှိနိုင်ရုံတင်မကပဲ မင်းအတွက် ဒုက္ခတွေပါ ဖြစ်လာစေနိုင််တယ်”

“အိုး...ငါက ရတနာတွေကို သိပ်စိတ်မဝင်စားဘူး၊ သူတို့ အကုန်ယူရင် ကိစ္စမရှိပါဘူး"

နျဲ့ပုဖန်က ပေါ့ပေါ့ပါးပါးပဲ ပြန်ပြော၏။

ကျန်းကျွင်းရှီ ပြုံးလိုက်သည်။ သူ့ရင်ခွင်ထဲတွင်ရှိနေသော အမျိုးသားသည် ငွေအိုးကို ကိုင်ကာ ကြေးဒင်္ဂါးများကို ရေတွက်ရသည်ကို နှစ်သက်သော်လည်း သူသည် ရတနာသိုက်၏ ရလာဒ်အကျိုးအမြတ်တွေကို ဖုန်မှုန့်ကဲ့သို့သာသဘောထားပုံရသည်။ သူက အသေးအမွှားကိစ္စတွေကအစ ရှုပ်ထွေးအောင်လုပ်ရတာ ကြိုက်တဲ့သူလို့ ထင်ရပေမယ့် တကယ်တမ်းတော့ သူဟာ တခြားသူတွေထက် ပိုပြီး နူးညံ့သိမ်မွေ့ပြီး ပွင့်လင်းရိုးသားတဲ့ စိတ်ဓာတ်ရှိ၏။

“ဒါပေမယ့်လည်း သတိထားဖို့တော့ လိုတယ်” ကျန်းကျွင်းရှီက ဆက်ပြောသည်။

"မင်းသား စု နဲ့ တခြားသူတွေက အခု မင်းကို ကာကွယ်ပေးနေကြပေမယ့် သူတို့နောက်ကွယ်က မိသားစုတွေမှာ ဘယ်လိုတစ်ကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်တွေနဲ့ ဘယ်လိုအကြံစည်တွေ ရှိနေမလဲ မသိနိင်ဘူးလေ၊ ချမ်းသာပြီး သြဇာကြီးသူတွေဟာ အင်မတန်ရှုပ်ထွေးတယ်။ သူတို့ရဲ့ အကျိုးစီးပွားတွေ ပါ၀င်တွက်စလာတဲ့အခါ အခြေအနေက အမျိုးမျိုး ဖြစ်သွားနိုင်တယ်။ အဲ့လို အချိန်ရောက်လာခဲ့ရင် မင်းသား စု နဲ့ အခြားသူတွေလည်း ဘာမှတတ်နိုင်ကြမှာ မဟုတ်ဘူး''

နျဲ့ပုဖန်က သူ့နှုတ်ခမ်းကို ကွေးသွားအောင် ပြုံးလိုက်ပြီး ...

"ငါ့အတွက် ဘာကိစ္စတွေ ရှိလာနိုင်မှာမို့လို့လဲ၊ ငါက ဒီကြက်သိုက်ကျေးရွာက သာမန် ရွာသားလေးတစ်ဦးပဲလေ၊ ငါက သူတို့ အကျိုးစီးပွားရေးမှာ ဘာမှဝင်မပါပါဘူး သူတို့ လိုချင်တာအကုန် ယူနိုင်တယ်။ဒီလို ဖြစ်နေရင်တောင် ဒုက္ခရောက်ဦးမှာလား"

“ဟား ဟား၊ လူကြီးလူကောင်း တစ်ယောက်ရဲ့ စိတ်ကို မှန်းစ တိုင်းတာလို့ မရနိုင်ဘူး' ဆိုတဲ့ စကားတစ်ခွန်းရှိတယ်၊ မင်း သိလား။ လူတွေက ပိုအမြင့်ရောက်လေလေ၊ သူတို့ရဲ့စစ်မှန်မှုတွေကို ပို ဖုံးကွယ်ထားလေလေဆိုတာမျိုးပေါ့။ သူတို့က လူတိုင်းအပေါ် သံသယမျက်စိနဲ့ပဲ ကြည့်ကြတယ်၊  နောက်ပြီး ဒီက လူတွေ အားလုံးဟာ ရာထူးကြီးမြတ်တဲ့ မှူးမတ် မျိုးနွယ်တွေနဲ့ ဘုရင့် တော်ဝင်မင်းညီမင်းသားတွေပဲ သူတို့က သာမန် ရွှေငွေ ရတနာတွေလောက် အပေါ်ကို  စိတ်ဝင်စားမှု လုံးဝဖြစ်ကြမှာ မဟုတ်ဘူးဆိုတာ မင်းလည်း သိပါတယ်။ သူတို့ လိုချင်တာက ဒီက ထူးခြားတဲ့နည်းပညာနဲ့ ရှားပါး ရတနာတွေပဲ''

နျဲ့ပုဖန်က သက်ပြင်းချလိုက်ပြီး ပေါ့ပေါ့တန်တန်ပင်။
“လူတွေက ခက်လိုက်တာ''

"… …"

ကျန်းကျွင်းရှီလည်း ခဏလောက် နှုတ်ဆိတ်သွားပြီးမှ ဒေါသတကြီးနဲ့ ပြန်ပြောလိုက်သည်။
"အလေးအနက် ထားစမ်းပါ။ ငါ ပြောနေတာက မင်းအသက်နဲ့ ဆိုင်တဲ့ကိစ္စပဲ"

“အိုး”

"ဒီမှာ၊ မင်း ဘယ်လို ပြုမူနေပါစေ မင်းအပေါ် ထားတဲ့ သူတို့ရဲ့ သံသယတွေကို လျော့သွားမှာ မဟုတ်ဘူး" 

ကျန်းကျွင်းရှီက ဆက်ပြော၏။

"မင်းလို သာမန်လူတစ်ယောက်မှာ ရတနာသိုက်ကို ဖွင့်ဖို့ ပဉ္စမ သော့က ဘယ်လိုရှိနေတာလဲလို့ အရင်ဆုံး တွေးကြလိမ့်မယ်။ တခြားသူဆီက ခိုးယူခဲ့တာလား။ ဒီအချိန်မှာ အင်အားကြီးတဲ့ အသိုင်းအဝိုင်းက တစ်ယောက်ယောက် ရုတ်တရက်ထွက်လာပြီး သော့ရဲ့ မူလပိုင်ရှင်က သူတို့ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုလာရင် မင်း ဘယ်လို ငြင်းမလဲ။ ရတနာအတွက် ဒီတိုက်ပွဲမှာ ပြင်းပြင်းထန်ထန် စွက်ဖက်ဝံ့သူတွေဟာ တခြား မိသားစု လေးယောက်နဲ့ ယှဉ်ပြိုင်ဖို့ လုံလောက်တဲ့ စွမ်းအား ရှိလိမ့်မယ်''

နျဲ့ပုဖန် နှုတ်ဆိတ်သွားသည်။

ကျန်းကျွင်းရှီက ခေတ္တရပ်ပြီး ချီတုံချတုံ မေး၏။
"ပုဖန်၊ မင်း သော့က ဘယ်ကလာလဲ၊ ငါ့ကို ပြောပြနိုင်မလား"

နျဲ့ပုဖန်က သူ့နှာခေါင်းကို သူ ပွတ်သပ်ရင်း ပြန်ပြောသည်။

“ရတနာသိုက်ရဲ့ တည်နေရာကို ငါ အစကတည်းကရှာတွေ့ထားတာလေ၊  ရတနာသိုက်ရဲ့ ရေအောက်လမ်း ဝင်ပေါက်မှာ သော့က ရှိနေခဲ့တာပဲ''

"ပညာရှိကြီး ပွားပေါင်က ဒီရတနာကို ဘာလို့ ဒီမှာမြှုပ်ထားတယ် ထင်လဲ" 
ကျန်းကျွင်းရှီက ခဏလောက် စဉ်းစားပြီး ...

“ပုဖန်၊ ကြက်သိုက်ရွာရဲ့ အကြီးအကဲဟောင်းက ဘယ်သူလဲ”
ဟု မေးလိုက်သည်။

"ငါလည်း မသိဘူး"

နျဲ့ပုဖန် မလိမ်ပါ။

သူ သည်နေရာကို ပြောင်းလာခဲ့စဥ်က အဲ့အဘိုးကြီးဟာ လုံးဝ အံ့သြသွားပုံ မပေါ်ဘဲ ကြက်သိုက်ရွာမှာ အခြေချ နေထိုင်ဖို့ ကူညီပေးခဲ့၏။ နောက်ဆုံးစကားတစ်ခွန်းတောင် မပြောဘဲ ရွာကို ထားသွားခဲ့သည်။
ပိုအံ့သြစရာကောင်းတာက သူ့ အုတ်ဂူကို သူကိုယ်တိုင် တူးပြီး အဖိုးတန် ရွှေခေါင်းတလား တစ်ခုထဲ ဝင်ရောက်ကာ အနားယူသွားခဲ့လေသည်။
ကြည့်ရတာ သူ သည်လို ထာဝရ အနားယူဖို့ စောင့်မျှော်နေခဲ့တာ ကြာညောင်းလှပြီ ဖြစ်ဟန်တူ၏။

ကျန်းကျွင်းရှီက နျဲ့ပုဖန်ကို သံသယ မဝင်ပေ။
"ကြက်သိုက်ရွာကို ပြောင်းလာတုန်းက ဒီရွာရဲ့ သမိုင်းကြောင်းကို ငါ စစ်ဆေးခဲ့သေးတယ်''

"ဟင်''
နျဲ့ပုဖန်က သူ့ကို စိုက်ကြည့်နေ၏။

ကျန်းကျွင်းရှီက ပြုံး၍ ဆက်ပြောသည်။

"တခြားလူတွေလည်း စစ်ဆေးခဲ့ဖူးကြလိမ့်မယ်လို့ ငါ ထင်တယ်။ ဒီရွာက အရင်တုန်းက အမည်မဲ့ကျေးရွာတစ်ခုပဲ၊ မင်း ရောက်လာပြီးမှ  ကြက်သိုက်ရွာလို့ နာမည်ပေးလိုက်တာ ''

''ဒါဆို အရင်က နာမည် မရှိတဲ့ ရွာကလေးက ကြက်သိုက်ရွ ာဖြစ်လာတာပေါ့နော်''

"ဟုတ်တယ် ဟုတ်တယ်။ ရွာက တကယ့်ကို နာမည်လည်း လိုက်ဖက်ပါတယ်''

ကျန်းကျွင်းရှီက ဆက်ပြော၏။

“တကယ်တော့ ငါ ပဟေဠိ ဖြစ်မိတာ တစ်ခုရှိတယ်။ ဒီ ကြက်သိုက်ရွာမှာ အရင်က ရွာသား ၁၀ ယောက်ထက် တစ်ခါမှ မပိုဖူးတာ နှစ်ရာချီ ကြာခဲ့ပြီ။  နောက်ပိုင်းမှာတော့ ရွာမှာ ရွာသူကြီး တစ်ဦးတည်းသာ နေထိုင်ပြီး ရွာသူကြီး ရာထူးကိုပဲ မျိုးဆက်တစ်ပြီးတစ်ခု လွှဲပြောင်း ဆက်ခံလာခဲ့ကြတဲ့ အထီးကျန် ရွာတစ်ခုပေါ့''

"ဒီလို အခြေအနေမျိုးမှာ ငါ့ရဲ့ သံသယစိတ်ကို ရှောင်လွှဲလို့ မရတော့ဘူး ... ..."

ကျန်းကျွင်းရှီ က နျဲ့ပုဖန်ကို ကြည့်ကာဆက်ပြော၏။

"ကြက်သိုက်ရွာမှာ နေခဲ့ကြတဲ့ ရွာသူ ရွာသား မျိုးဆက်တိုင်းဟာ တကယ်တော့ ပညာရှိကြီး ပွားပေါင်ရဲ့ သားစဉ် မြေးဆက်တွေ ဖြစ်ပြီး ရတနာသိုက်ကို စောင့်ရှောက်ခဲ့ကြတယ်''

နျဲ့ပုဖန်မှာ မျက်လုံးလေး ပေကလပ်ဖြင့် ဘာမှ ပြန်မပြောနိုင်ပဲ သူ့ လက်ကို ဆန့်ထုတ်ကာ  ကျန်းကျွင်းရှီ၏ ဆံပင်များကို ပွတ်သပ်လိုက်သည်။

ကျန်းကျွင်းရှီက နျဲ့ပုဖန်၏ အပြစ်ကင်းသော အကြည့်ကို မြင်သောအခါ ဤလူက ရူးချင်ယောင်ဆောင်နေမှန်းသိလိုက်၏။

သို့ရာတွင် နျဲ့ပုဖန်ဟာ ဘာမှ မသိ နားမလည်တဲ့ ရွာလူကြီး တစ်ယောက် ဖြစ်နေသည့်တိုင်၊ ပညာရှိကြီး ပွားပေါင်နဲ့ ဘာမှ မပတ်သတ်သည့်တိုင်၊ ထိုကဲ့သို့ ရူးမိုက်နေခြင်းမှာ နောက်ကွယ်က အမှန်တရား တစ်ခုကို ဖုံးကွယ် ထားလို၍ ဖြစ်မည်ဟု အများ ထင်မြင် စေရန် ဖန်တီးရမည်။
'အတုကို အစစ် ဖြစ်အောင် လုပ်၊ အစစ်ကို အတု ဖြစ်အောင် လုပ်' ဆိုတဲ့ ဆိုရိုးစကား အတိုင်းပင်။

"ပုဖန်၊ မင်း ဒီအထောက်အထားကို ကောင်းကောင်းဆုပ်ကိုင်ထားရမယ်''

ကျန်းကျွင်းရှီက သူ့ အကြံကို ဆက်ပြော၏။

"မင်းက ပညာရှိကြီး ပွားပေါင် ရဲ့ မျိုးဆက်ဖြစ်ပြီး ရတနာကို ရယူဖို့ အရည်အချင်း ပြည့်မီတဲ့သူဆိုတာ လူတိုင်း သိရမယ်။ အဲ့တုန်းက ပညာရှိကြီး ပွားပေါင်က သော့ ငါးခု ခွဲပေးခဲ့ပြီး သော့ ငါးချောင်း စုံတဲ့အခါ ဘဏ္ဍာသိုက်ကို ဖွင့်နိုင်မယ်လို့ ဆိုခဲ့တယ် မလား၊ ပြီးတော့ သော့ ကိုင်ထားတဲ့ လူတွေ အားလုံးဟာ ရတနာ ခွဲဝေမှုကိုလည်း တူညီစွာ ရရှိပိုင်ခွင့် ရှိတယ်။ မင်းမှာ ထင်ရှားသော နောက်ခံ မရှိပေမယ့် မင်းက အခု တရားဝင် အမွေဆက်ခံသူပဲ။ ပညာရှိကြီးသာ မတူညီတဲ့ နေရာတွေမှာ သော့တွေ ဖြန့်ကျက် မထားခဲ့ဘူးဆိုရင် မင်းက ရတနာတွေကို အခြားသူမျာတွေနဲ့ မျှဝေစရာလည်း မလိုဘူး။  ရတနာသိုက် တံခါးဝမှာ သူ ထားခဲ့တဲ့ သော့ကလည်း သူ့ သားစဉ် မြေးဆက်အတွက် ပြင်ဆင်ထားခဲ့ပုံရတယ်”

"ဒါဆို မင်း ဆိုလိုတာက... ..."
နျဲ့ပုဖန် သဘောပေါက်သွား၏။
ကျန်းကျွင်းရှီက သူ့အတွက် ယုတ္တိရှိ ကိုယ်ပိုင်နောက်ကျောင်း ဇာတ်လမ်းကို ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။
သူသည် ပညာရှိကြီး ပွားပေါင်၏ မျိုးရိုးမှဆင်းသက်လာသူ ဖြစ်နေသည့်အတွက် ဧကရာဇ်မင်း ကိုယ်တော်တိုင်တောင် ဘာမှတတ်နိုင်တော့မှာမဟုတ်ချေ။

"ဒါကို မင်းနဲ့ ငါ နှစ်ယောက်ပဲ သိပါစေ''

ကျန်းကျွင်းရှီက သူ့ နဖူးကို နမ်းလိုက်ပြီး ပြုံးလိုက်၏။

"မင်းမှာ ရတနာတွေကို လောဘကြီးတဲ့ စိတ် မရှိပေမယ့် အဲ့ရတနာတွေက မင်းရဲ့ နေ့စဥ် အသုံးစရိတ်နဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေအတွက် ပေးချေဖို့ တစ်နေရာရာမှာတော့ အသုံးဝင်မှာပါ။ နောင်လည်း သက်တောင့် သက်သာ ပိုရှိတဲ့ အိမ်တွေ ဆောက်ပြီး ကြက်ခြံတွေ တိုးချဲ့ချင် တိုးချဲ့လို့ရတာပေါ့''

“အင်း” 

နျဲ့ပုဖန် ခေါင်းညိတ်၏။

''ငါ ဥယျာဥ် တစ်ခု ဆောက်ပြီး တိရိစ္ဆာန်ရုံ တစ်ခု လည်း ဖွင့်ချင်တယ်၊ အနာဂတ်မှာ ရှိလာမယ့် ငါ့ရဲ့မျိုးဆက် ကလေးလေးတွေကိုလည်း ပြုစုပျိုးထောင်ရဦးမယ်''

ကျန်းကျွင်းရှီ၏ မျက်နှာသည် ပျက်ယွင်းကာ မဲမှောင်သွား၏။ ထို့နောက် စိတ်ဆိုးစွာ မေးလိုက်သည်။

''ဘယ်သူ့ ကလေးတွေလဲ''

''ဘယ်သူ ဖြစ်ဖြစ်ပေါ့''

နျဲ့ပုဖန်က စိတ်ရှည်ရှည် ဆက်ပြော၏။

''ခြေဗလာနဲ့ တောင်ပေါ်မှာ ပြေးလွားပြီး လျှောက်ဆော့နေကြမယ့် ကလေးလေးတွေက အရမ်းချစ်ဖို့ကောင်းမှာပဲ၊ တကယ်ကို ပျော်ရွှင်ပြီး သာယာတဲ့ဘဝလေး ဖြစ်နေမှာ''

ကျန်းကျွင်းရှီအဖို့တော့ တောင်ပေါ်က ကြက်စစ်တပ်ကြီး ဝန်းရံထားတဲ့ အမွေစိန် ကလေးတစ်အုပ်ကို မြင်ယောင်လာပြီး ဇောချွေးပင် ပြန်ချင်သွားသည်။

မဟုတ်ဘူး၊ နျဲ့ပုဖန်ရဲ့ လက်တွေ့မကျတဲ့ အတွေးတွေကို သူ ချက်ချင်း ရပ်တန့်ပစ်ရမယ်။

ကျန်းကျွင်းရှီက နျဲ့ပုဖန်၏ မျက်နှာကို ကိုင်ကာတင်းတင်းကြပ်ကြပ် ပြောလိုက်၏။

"ပုဖန်၊ ယောက်ျားတွေက ကလေး မမွေးနိုင်ဘူး။ ငါတို့ လက်တွေ့ကို နားလည်ထားရမယ်၊ မင်းရဲ့ကလေးတွေဆိုတာ ဒီအတိုင်း အတွေး သက်သက်ပဲ၊ ကြားလား''

ကလေးတွေ ဒါမှမဟုတ် တိမ်တိုက်တွေပဲ ဖြစ်ဖြစ်၊ သည်အသိတရား ရှိရမယ်။

နျဲ့ပုဖန်ကတော့ သူ့ စကားအပေါ် သဘော မကျသောကြောင့် ဖျစ်တောက်ဖျစ်တောက် ပြောကာ မကျေမနပ် ညည်းတွားလေ၏။

ကျန်းကျွင်းရှီက နှုတ်ခမ်းကို နမ်းလိုက်ပြီး ...

"မင်းရဲ့ကံကြမ္မာကို မင်း လက်ခံလိုက်ပါကွာ၊ ငါ အခုမင်းကို သားသမီးတွေ အကြောင်း ထပ်စဥ်းစားဖို့ အချိန်မပေးတော့ဘူး''

ထိုသို့ ပြောပြီးပြီးချင်းပဲ ကျန်းကျွင်းရှီသည် နျဲ့ပုဖန်ကိုယ်လုံးလေးပေါ် တက်ဖိလိုက်၏။
ထို့နောက် တစ်ယောက် ခန္ဓာကိုယ်ထဲ တစ်ယောက် နစ်မြုပ် မတတ်ပူးကပ်ကာ ပြင်းထန်သော အချစ်ခရီးကို အစပြုလိုက်၏။

တစ်ယောက် ကိုယ်သင်းနံကို တစ်ယောက် ရှုရှိုက်ရင်း၊ ဝမ်းဗိုက် အောက်ပိုင်းရှိ ပူပြင်းမှုများကို ခံစားရင်း၊ ဘာကိုမှလည်း ထပ်မစဥ်းစားကြတော့သလို...ဘာ စကားမှလည်း ထပ်မပြောအားကြတော့ပေ...

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now