Chapter 77

964 118 1
                                    

Chapter - 77 အချစ်အတွက်တိုက်ပွဲ အပိုင်း - ၁


ကျန်း အိမ်တော်

"အဖေ၊ ကျွန်တော် ပြန်လာပါပြီ" 
ကျန်းကျွင်းရှီ က သူ့ အဖေကို လေးစားစွာ နှုတ်ဆက်လိုက်သည်။

ဖခင် ကျန်း မျက်နှာပေါ်တွင် လေးနက်တဲ့ အမူအရာနဲ့ လက်ထဲက စာရင်း စာအုပ်ကို  အချိန်အတော်ကြာအောင် စိုက်ကြည့်နေ၏။ ခဏကြာပြီးမှ နှိမ့်ချစွာ ပြောလိုက်သည်–

“အကြာကြီး ထွက်သွားပြီး နောက်ဆုံးတော့ မင်းမှာပြန်လာဖို့ ဆန္ဒ ရှိသေးသားပဲ''

“ဒီသားက အဖေ ကျွန်တော့်ကို အရမ်း သတိရနေတယ်ဆိုတာ အိပ်မက်မက်တော့ အနားယူဖို့တောင် မရပ်ဘဲ အဖေ့ဆီ အပြေးပြန်လာခဲ့တာ” 
ကျန်းကျွင်းရှီက လေးနက်စွာ ပြန်ဖြေလိုက်သည်။

"မင်းလို သစ္စာမဲ့တဲ့ သားကို ဘယ်သူက လွမ်းမှာလဲ"  ဖခင် ကျန်း က စာရင်းစာအုပ်ကို ချလိုက်ပြီး ဒေါသတကြီး လက်ညှိုးထိုးကာ ပြောလိုက်သည်။
"မင်း ကြိုက်တဲ့အခါ ထွက်သွားပြီး ပြန်လာချင်တဲ့အချိန်မှာ ပြန်လာတယ်၊ ဒါက အိမ်ကွ၊ မင်းနေတဲ့တည်းခိုခန်း မဟုတ်ဘူး''

ကျန်းကျွင်းရှီက အေးဆေးတည်ငြိမ်နေ၏။

"ဒီသား အမှန်အတိုင်း မှတ်မိနေတာကတော့ ဒီသားကို အဖေပဲ ဒေါသတကြီးနဲ့ အဝေးကို နှင်လွှတ်ခဲ့တာလေ''

"မင်းက ပြန်ပြောရဲတာလား" 
ဖခင် ကျန်း က မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး ...
''မင်းက ဘိုးဘေးတွေရဲ့ အဆုံးအမကို သွေဖီပြီး ထင်ရာဆိုင်းဖို့ စိတ်ပိုင်းဖြတ်ထားလို့ ငါက နှင်ထုတ်ရတာပေါ့ကွ''

"အဖေ ပြောတာ မှန်ပါတယ်" 
ကျန်းကျွင်းရှီလည်း အပြစ်ရှိကြောင်း ရိုးရိုးသားသား ဝန်ခံလိုက်သည်။

ဖခင် ကျန်း သည် အနည်းငယ် တုန်လှုပ်သွားကာ သူ့ မျက်နှာတွင် ဒေါသနှင့် နာကြည်းမှု အပြည့်ရှိနေ၏။  သူက အကြိမ် အနည်းငယ် သက်ပြင်းချလိုက်ပြီး ...

“မင်း ပြန်လာပြီဆိုရင်လည်း ထပ်ထွက်မပြေးတော့နဲ့။ မိသားစု စီးပွားရေးကို ဂရုစိုက်ပြီး မင်းအဖေကို သက်တောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင် သေနိုင်အောင် လုပ်ပေး''

ကျန်းကျွင်းရှီ အနည်းငယ် အံ့အားသင့်သွားသည်-
"အဖေ၊ အဖေက အားမာန် ခွန်အားတွေ အပြည့်နဲ့ သန်မာတဲ့ ယောက်ျားတစ်ယောက်ရဲ့ အကောင်းဆုံးအရွယ်မှာ  ဘာဖြစ်လို့လဲ..."

"မင်း ဘာသိလဲ" အဖေ ကျန်း က မကျေမနပ်နဲ့ တားပြီး
"မင်းလည်း ယောက်ျား မဟုတ်ဘူးလား၊ မင်း တစ်နေကုန် အလုပ် မလုပ်ဘဲနဲ့ အိမ်ထောင် မရှိသူ၊ လူပျိုကြီးအဖြစ် ကျန်နေနိုင်ပါ့မလား"

ကျန်းကျွင်းရှီ မှားသွားသလို ခံစားလိုက်ရ၏။
သူ အရင်က တစ်နေ့လုံး ပျင်းရိစွာနေခဲ့သည်။
ဒါပေမယ့် သူ့အဖေဆီက လက်ထပ်ပေးမယ့်အရိပ်အရောင်ကို ကြားကြားချင်း တုန်လှုပ်သွား၏။

“နှစ်ရက်အတွင်း ဧည့်ခံပွဲတစ်ခု လုပ်ရမယ်။ အဲ့ဒီအခါမှာ မင်းအတွက် ရွေးချယ်ထားတဲ့ သတို့သမီးလောင်းတွေနဲ့ မင်း တွေ့ရမယ်''

"အဖေက ဒီသား အတွက် အိမ်ထောင်ဖက်ကို စီစဉ်ပေးချင်တာလား" 
ကျန်းကျွင်းရှီ သက်ပြင်းချရင်း စိတ်တိုလာသည်။

"မင်း ဘယ်လို ထင်လို့လဲ" ဖခင် ကျန်း က အံကြိတ်ရင်း ...

''ဒီအသိုင်းအဝိုင်းက လူတွေက သူတို့ သားသမီးတွေကို ရတနာတွေလို ထုတ်ပြသလိုမျိုး မြေးတွေကိုလည်း ထုတ်ကြွားကြတယ်။ ဒါကြောင့် မင်းလက်ထပ်ပြီး ငါ့ကို မြေးတွေ အမြန်ဆုံး မွေးပေးရမယ်။ အကောင်သေးသေးလေး ရှစ်ကောင် ဒါမှမဟုတ် ကိုးကောင် မွေးပေး၊ ငါ့ စံအိမ်တော်ရဲ့ခြံဝန်းထဲ ခန်းမတွေထဲမှာ ကလေးတွေ လျောက်ပြေးပြီး ဆူညံနေတာ သူတို့ကို တွေ့အောင် ပြရမယ်''

ကျန်းကျွင်းရှီ ခဏလောက် စဉ်းစားသွားပြီး သူ့ရည်ရွယ်ချက်ကို ဘယ်လို ဦးတည်ရမလဲဆိုတာကို တွေးနေ၏။ ယခုအချိန်တွင် ဖခင်ကို အချိုသပ်ဖို့အတွက် အမျိုးသားတစ်ယောက်အနေနဲ့ ကြီးမားတဲ့ဖိအားကို ခံစားနေရသည်။
နောက်ဆုံးမှာတော့ ...
“အဖေ၊ ဒီသားမှာ ချစ်ရတဲ့သူ ရှိနေပြီ” ဟု အေးဆေးတည်ငြိမ်တဲ့ လေသံနဲ့ သူ ကြိုးစားပြီး ပြောလိုက်သည်။

''ဘာ...၊ မင်းက ဘာဖြစ်တယ်''
ဖခင် ကျန်း က အလွန်ဝမ်းသာသွားပြီး “ဘယ်မိသားစုက မိန်းကလေးလဲ။  အိုး၊ မဟုတ်ဘူး၊ မိသားစုက ဆင်းရဲရင်တောင် အရေး မကြီးဘူး၊ ကိုယ်ကျင့်တရား ကောင်းနေသရွေ့ ငါ ကန့်ကွက်မှာ မဟုတ်ဘူး”

"အင်း၊ သူတို့ရဲ့ အကျင့်စာရိတ္တက အရမ်းကောင်းတယ်လို့တော့ မဆိုနိုင်ပါဘူး"

ထိုအခါ ဖခင် ကျန်း က သတိကြီးကြီးနဲ့ မေးလာသည်။
"ဘယ်လိုမျိုး မကောင်းတာလဲ၊ အကျင့်စာရိတ္တညံ့ဖျင်းတာလား ကိုယ်ကျင့်တရား ကင်းမဲ့တာလား''

ကျန်းကျွင်းရှီမှာ ချွေးစီးများနှင့် အေးစိမ့်လာသည်။

''သူ့မှာက အဲ့ဒါမျိုးတွေ ချို့တဲ့တယ် အဖေ''

"ဘာလဲ။ ဒီလို လူကို ဘာလို့ ချစ်မိသွားတာလဲ၊ မင်းမျက်လုံးတွေ ကန်းနေသလား'' ဖခင် ကျန်းမှာ ဒေါသထွက်တော့မည် ဖြစ်သော်လည်း ဤကိစ္စသည် သူတို့၏ မိသားစု၏ အနာဂတ် မျိုးဆက်များနှင့် သက်ဆိုင်နေသည်ဟု တွေးကာ ဒေါသကိုထိန်း၍ အတတ်နိုင်ဆုံး အေးဆေး တည်ငြိမ်စွာပြောသည်၊

''ပြောစမ်း၊ မင်း သူ့အပေါ် ဘယ်လိုကနေ ခံစားချက်ဖြစ်သွားတာလဲ၊ ငါ့သားက ဒီလို သိမ်နုပ်တဲ့သူမျိုးကို သဘောကျတယ်ဆိုတာ မဖြစ်နိုင်ဘူး''

ကျန်းကျွင်းရှီ ၏ အတွေးများ လွင့်ပျံနေသည်။  ကြက်သိုက်ရွာရှိ သူ၏ နေ့ရက်များသည် သူ့ဘဝတွင် အပျော်ရွှင်ဆုံး ဖြစ်ပြီး ၎င်းကို တွေးတိုင်း မပြုံးပဲ မနေနိုင်။

ဖခင် ကျန်းသည် သားဖြစ်သူ၏ မိုက်မဲပြီး အရူးနဲ့တူသော အပြုအမူကို မြင်လိုက်ရပြီး နှလုံးသားထဲတွင် ဝမ်းနည်းခြင်း ခံစားခဲ့ရသည်။
သူ၏ အဖိုးတန်သားသည် အချစ်ကြောင့် စုံလုံးကမ်းနေလေပြီ။ သူ့သားကို ဒီလိုမျိုး ဆင်ခြင်တုံတရား ကင်းမဲ့ပြီး ရူးမိုက်တဲ့သူဖြစ်အောင် ဘယ်လို မြေခွေးမက ဆွဲဆောင်လိုက်တာလဲ။

"မင်း သူ့ကို တကယ်ကြိုက်ရင် ငါနဲ့ တွေ့ဖို့ ခေါ်ခဲ့" 
ဖခင် ကျန်း သည် သူ့ချွေးမအတွက် လိုအပ်ချက်များကို အနိမ့်ဆုံးသို့ လျှော့ချရန် ဆုံးဖြတ်ခဲ့သည်။  သားဖြစ်သူ စိတ်ချမ်းသာသရွေ့ သူ့သားကို လိုက်လျောမည်။ မည်သို့ပင် ဆိုစေကာမူ အမျိုးသား တစ်ဦးတွင် မယား သုံးယောက်နှင့် မောင်းမမိဿံ လေးငါးပါး ရှိသည်မှာ ပုံမှန်ပင်ဖြစ်သည်။ သည်ကလေးဟာ ရုပ်ဆိုးပြီး ရွံရှာဖွယ်ကောင်းတဲ့ မိန်းမတစ်ယောက်ကိုတော့ ချစ်မိနေလိမ့်မယ်လို့ သူ မထင်ဘူး။

ကျန်းကျွင်းရှီသည် ဖခင်ဖြစ်သူ ရုတ်တရက် ရှားရှားပါးပါး သည်းခံနိုင်မှုအား အလွန် အံ့အားသင့်ခဲ့ရသော်လည်း ဤကဲ့သို့ ဖြစ်နေလေလေ အနာဂတ်အတွက် ပိုစိုးရိမ်လေလေ ဖြစ်သည်။

“ပြောပါ” ဖခင် ကျန်းသည် ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ကာ လေပူတို့ကို မှုတ်ထုတ်ရန် သူ့ကိုယ်သူ ပြင်ဆင်ထားပုံရပြီး ...
"သူမက ဘယ်သူလဲ"

ကျန်းကျွင်းရှီ သည် သူ့အဖေကို သေသေချာချာ အကဲခတ်ပြီးနောက် စိတ်ပြင်ဆင်ထားပြီးသားဖြစ်နေသော ဖခင်ကို ကြည့်ကာ အခုအချိန်တွင် ရိုးသားစွာ ဖွင့်ပြောလိုက်ရမလားဟု တွေဝေနေ၏။

"မင်းက ဘာတွေ အဲ့လောက်တောင် တွေးတောနေတာလဲ'' ဖခင် ကျန်း က စိတ်မရှည်စွာနဲ့ “ငါ့ကို မြန်မြန် ရှင်းပြစမ်းပါ”

နောက်ဆုံးတော့ ကျန်းကျွင်းရှီ က သူ့စိတ်ထဲကအတိုင်း ဖြေးဖြေးဖြေးဖြေးချင်း ပြောပြတော့သည်။

“ကျွန်တော် ရှိရှန်း မြို့မှာ ရှိတုန်းက လူတွေနဲ့ ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာလေးမှာ တစ်ယောက်တည်း နေထိုင်ပြီး ထူးခြားတဲ့ ကြက်အုပ်စုကို မွေးမြူထားတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက မချမ်းသာပေမယ့်လည်း နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ပဲ နေပြီး ဖြတ်သန်းတယ်။ သူက အရှက်မဲ့တာတွေ လုပ်ရတာကို နှစ်သက်ပြီး လူတွေကို စနောက် ကျီစယ်ရတာ ကြိုက်တယ်။ ပိုက်ဆံကို ဂရုမစိုက်ပေမယ့် ငွေနည်းနည်း ရှာရတာကိုလည်း နှစ်သက်တယ်။ သူနဲ့ အတူရှိနေရင် ကမ္ဘာပေါ်က ဒုက္ခ အားလုံးကိုလည်း မေ့ထားနိုင်သလိုပဲ"

သူ့ကြောင့်ပဲ လူသူ မရှိတဲ့ ရွာကလေးက ချမ်းသာလာခဲ့တယ်။ ကျန်းကျွင်းရှီ သည်နောက်ဆုံးစာကြောင်းကိုတော့ စိတ်ထဲကသာ ရေရွတ်လိုက်သည်။

ဖခင် ကျန်း အံ့အားသင့်သွားကာ သားဖြစ်သူ၏ ချစ်ခင် ကြင်နာမှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။ နှုတ်မှ ပြောသော ပုဂ္ဂိုလ်သည် ထူးခြားသော ကိုယ်ရည်ကိုယ်သွေး ရှိပြီး သတ်မှတ်စံနှုန်းများကို ဆန့်ကျင် ပုန်ကန်သူဟုပင် ဆိုနိုင်သည်။

သည်ကမ္ဘာမှာ သည်လို မိန်းမမျိုး တကယ်ရှိလား။  တကယ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ အထိန်းအကွပ်မဲ့ နေထိုင်နေတာလား။

"ကောင်းပြီ ငါ နားလည်တယ်" ဖခင် ကျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“ငါတို့ ကျန်း မိသားစုက မင်းမျိုးမင်းနွယ်တွေမဟုတ်သလို စည်းကမ်းတွေလည်း အများကြီး မရှိပါဘူး။ သူက မိန်းမတွေရဲ့ဝတ္တရားကို လိုက်နာပြီး မင်းနဲ့ လိုက်လျောညီထွေ ရှိသရွေ့ သူ့ကို လက်ခံဖို့ ငါကြိုးစားနိုင်တယ်"

"မဟုတ်ဘူး အဖေ၊ အဖေ နားလည်မှု လွဲနေပြီ''
ကျန်းကျွင်းရှီက ခေါင်းကိုငိုက်စိုက်ချလျှက်
"သူက ယောက်ျားဆိုတော့ မိန်းမ ဝတ္တရားတွေကို ဘယ်တော့မှ လိုက်နာမှာ မဟုတ်ဘူး"

ဖခင် ကျန်း က သူ့ နားကို မယုံနိုင်လောက်အောင်ဖြစ်သွား၏။ ကြောင်သွားပြီးနောက် သူက မသေချာ မရေရာစွာဖြင့် ထပ်မေးသည်။

''ဘယ်လို၊ ထပ်ပြောပါဦး''

"သူက ယောက်ျားပါ။ ပညာရှိကြီး ပွားပေါင် ရတနာသိုက်ရဲ့ အမွေဆက်ခံသူ၊ ရတနာသိုက် ပဉ္စမသော့ ကိုင်ဆောင်သူ ကြက်သိုက်ရွာ၏ ရွာသူကြီး နျဲ့ပုဖန် ပါ"

ဒုတိယနေ့တွင် ကျန်းကျွင်းရှီသည် ခြေသလုံးတွင်အရိုက်ခံရသည့် ကြိမ်ရာများဖြင့် မအီမသာ ထိုင်နေပြီး ဘဏ္ဍာစိုးများ၏ စွမ်းဆောင်မှု အစီရင်ခံချက်များကို အေးအေးဆေးဆေး ထိုင်ကာ စစ်ဆေးနေ၏။

မနေ့က စကားဝိုင်းဟာ အကြမ်းဖက်မှုနဲ့ ပြီးဆုံးသွားခဲ့သည်။ ထိုသို့သော အကျိုးဆက်ကို မျှော်လင့်ထားပြီးဖြစ် သော်လည်း ဖခင်အား ဝန်ခံခဲ့ခြင်းအတွက် နောင်တ မရပါ။ သူ၏ ဖခင်သည် ရှေးရိုးဆန်သောဓလေ့ ထုံးတမ်းများကို လက်ကိုင်ထားသူ တစ်ဦးမဟုတ်သလို ကျန်း မိသားစု၏ အခြေအနေမှာ အလွန် ထူးခြားသည်။
မိသားစု၏ ဦးစီး ဦးဆောင် ဖြစ်သော အိမ်ထောင်ဦးစီးတွင် အမွှေဆက်ခံမည့် သွေးသား အရင်းအခြာ မရှိပါက မိသားစု အခွဲမှ ကလေး သို့်မဟုတ် အငယ်အနှောင်း၏ ကလေးကို အမွှေခံအဖြစ်မွေးစားလေ့ရှိပါသည်။
စင်စစ် ကျန်းကျွင်းရှီ၏ ဖခင်ဖြစ်သူကပင် လွန်လေသော သခင်ကြီး၏ သွေးသား အရင်းအခြာ မဟုတ်ပေ။
ဤသို့ဖြင့် ကျန်းမိသားစု ကြီးပွား ချမ်းသာလာခြင်းသည် မိသားစုဝင် ညီအစ်ကို မောင်နှမ အချင်းချင်းကြား အမွေလုခြင်း အာဏာလုခြင်းကဲ့သို့သောပြဿနာ ကြီးကြီးမားမား မရှိကြပေ။
ဤသည်မှာ ကျန်း မိသားစုသည် နိုင်ငံတစ်ခုကဲ့သို့ ချမ်းသာ ကြွယ်ဝလာရခြင်း၏ အကြောင်းရင်းဖြစ်ပြီး မိသားစုတွင်း စည်းလုံးညီညွတ်မှုနှင့် သဟဇာတဖြစ်မှုသည် ဒဏ္ဍာရီဆန်သည်။

အကယ်၍ ကျန်းကျွင်းရှီ သည် အနာဂတ်တွင် အမွေဆက်ခံခွင့် မရှိပါက၊ အမွေဆက်ခံပိုင်ခွင့်ကို စွန့်လွှတ်၍ ပဏာမ မိသားစုမှ ထွက်ကာ တစ်ခြားမိသားစုခွဲမှ အမွေဆက်ခံသူကို ရွေးခြယ်နိုင်သည်။ ပင်မ မိသားစု မျိုးရိုးကို လက်ဆင့်ကမ်းနိုင်ရန် မျိုးနွယ်စု၏ ညီအစ်ကို တစ်ဦးဦးမှ ကလေးယောက် ကိုလည်း မွေးစားဖို့ ရွေးချယ်နိုင်သည်။ 
ဘယ်လောက်ပဲ အရည်ချင်းရှိသူ ဖြစ်ဖြစ် ကျန်းမိသားစုတွင် နောက်ခံပံ့ပိုးမှု မရယူပဲ မကြီးပွားနိုင်ပါ။
ထိုသူက ဘယ်လောက်ပဲ သုညဘဝက ကြိုးစားသည်ဖြစ်စေ ကြွယ်ဝချမ်းသာပြီး တည်ငြိမ်အေးချမ်းတဲ့ မိသားစုဘဝကို ရလိမ့်မည်မဟုတ်ပါ။

လက်ရှိတွင် ကျန်းကျွင်းရှီ သည် မိသားစုကုန်သည်လှည်းတန်းကို ငှားရန် လိုအပ်နေပြီ ပုဖန်ပုန်းအောင်းနေသော အထောက်အထားကို ကြာရှည်စွာ လျှို့ဝှက်ထားနိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ တစ်ဖက်လူများ မရိပ်မိသေးချိန်တွင် လက်ဦးမှုရယူရင် ဖခင်ထံ ဝန်ခံခြင်းကို ဦးစွာ လုပ်ဆောင်ခဲ့ရသည်။

ကျန်းကျွင်းရှီ တိတ်တိတ်လေး သက်ပြင်းချမိသည်။ သူ သည်မှာ အစွမ်းကုန်ကြိုးစားနေပြီ ဖြစ်ပြီး တခြားသူများလည်း အစစအရာရာ အဆင်ပြေဖို့ ဆုတောင်းနေသည်။

.......
လီ အိမ်တော် ...

ခြံဝင်းထဲတွင် လူရုပ်နှစ်ဦးသည် လျှင်မြန်ဖျက်လတ်သော အဟုန်ဖြင့် လက်သီးနှင့် ကန်ချက်များနှင့် အပြန်အလှန် တိုက်ခိုက်နေကြသည်။ သူတို့ နှစ်ဦးထဲတွင်၊ အဘိုးအို၏ တိုက်ခိုက်မှုသည် ထက်မြက်ပြီး ထိုးထွင်းသိမြင်မှုရှိ၏။ သူ၏ သိုင်းပညာသည် လူငယ်လေးထက် သိသိသာသာသာလွန်သော်လည်း လူငယ်လေးကို အနိုင်ယူနိုင်ခြင်း မရှိသေးပေ။

ရာနှင့် ချီသော ပြင်းထန်လှသည့် တိုက်ကွက်များဖြင့် တိုက်ခိုက်ကြပြီးနောက် လူငယ်လေးသည် ရုတ်တရက် ခွန်အားကို စုစည်းကာ သူ၏ လက်ဖဝါးနှင့် အဘိုးအိုကို တွန်းထုတ်လိုက်သည်။  သူသည် တစ်ဖက်သား၏ ထိုးနှက်ချက်များကို ရှောင်လွှဲနိုင်ခဲ့သည်သာမကပဲ လူကြီးကိုလည်း လိမ္မာပါးနပ်စွာ အနိုင်ယူခဲ့သည်။

“တော်တယ်!' လူကြီးက ရယ်မောရင်း ...

“ဒီနှစ်တွေ အိမ်နဲ့ ဝေးရာမှာ နေပြီး ကုန်းယီ က ကိုယ်ခံပညာတွေ အများကြီး တိုးတက်လာတယ်။  ပျော့ပျောင်းမှုအတွင်း ခွန်အားတွေက ပိုးချည်မျှင်နဲ့ ဖုံးကွယ်ထားတဲ့ အပ်ဖျားတွေလိုပဲ ဘယ်အချိန်မှာထုတ်ဖော်ပြီး သုံးရမယ်ဆိုတာ ကောင်းကောင်း သိတယ်။ တကယ့်ကို တော်ပါပေတယ်''

၎င်းက ပုံပျက်နေသော ဆံပင်များကို ပြင်ဆင်ရင်း မတုန်မလှုပ် ရပ်နေသော လူငယ်အား ကြည့်လိုက်သည်။

(ကုန်းယီ - လီရီ၏ ငယ်နာမည်)

"ရှစ်ဖူ ဒီတပည့်ကို ချီးမွမ်းလွန်းနေပါပြီ''
လီရီ က သူ့ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး “အခု ဒီနည်းလမ်းကို ထိုက်ကျိ လို့ ခေါ်ပါတယ်။  ကြက်သိုက်ရွာက ရွာသူကြီးနဲ့ စကားပြောရင်း ဒီတပည့်က အမှတ်တမဲ့ သင်ယူခဲ့ရတာပါ”

"ကြက်သိုက်ရွာရဲ့ ရွာသူကြီးလား''
ရှစ်ဖူက ပြုံးလိုက်ပြီး "ပွားပေါင် ရတနာသိုက် ရဲ့ အမွေဆက်ခံသူ နျဲ့ပုဖန် ပဉ္စမသော့ကို သူကိုင်ထားတာ မဟုတ်လား''

လီရီ ခေါင်းညိတ်လိုက်သည်။

"တစ်ဖက်လူကို စကားပြောရုံနဲ့ ဒီလောက် မွန်မြတ်တဲ့ နည်းလမ်းကို သိနားလည်အောင် သင်ပြပေးနိုင်တယ်။ ဒီလူရဲ့ သိုင်းပညာ ကျင့်ကြံမှုဟာ မနည်းဘူးပဲ''

လီရီ၏ ပါးစပ်ထောင့်များသည် အကြိမ်အနည်းငယ် လှုပ်ယမ်းသွား၏။ စင်စစ် ထိုလူမှာ သိုင်းပညာ ကျင့်ကြံမှုနှင့် ပတ်သက်လျှင် ဟိုးအောက်ခြေ သုညအဆင့်သာ ရှိကြောင်း သူ၏ ရှီဖူအား ပြောပြရန် အနည်းငယ် ရှက်သွားသည်။

သူ့ ရှီဖူက အတော်လေး စိတ်ဝင်စားသွားပြီး မေးစေ့ကို ပွတ်သပ်ရင်း “အချိန်ရရင် သူနဲ့ သွားတွေ့ဖို့ သွားရမယ်၊  သူနဲ့ စကားပြောပြီးရင် မြင့်မားတဲ့ သိုင်းပညာ နည်းလမ်းကို နားလည်နိုင်မှာပဲ”

ဒါကို ကြားတာနဲ့ လီရီရဲ့ အေးစက်တဲ့မျက်နှာက အနည်းငယ်ပျက်သွား၏။
"ရှစ်ဖူ၊ သူ ဘယ်သိုင်းပညာကိုမှ မသိဘူး" လို့ ပြောလိုက်သည်။

"သိုင်းပညာကို မသိဘူးလား"  ရှစ်ဖူ က ထူးဆန်းစွာ မေးသည် "ဒါဆို သူ မင်းကို သိုင်းပညာ နည်းအသစ်ကို ဘယ်လို သင်ပေးခဲ့တာလဲ''

“သူက မုန့်ညက် လုပ်နည်းကို သင်ပေးခဲ့တယ်”  လီရီက စိတ်အားထက်သန်စွာ ပြန်ပြောသည်။

"မုန့်လုပ်နည်းလား" ရှစ်ဖူက သံသယဝင်နေပုံရသည်။ မုန့်စိမ်းကို ဆုပ်နယ်တာက သည်လို အံ့ဖွယ် အကျိုးသက်ရောက်မှု တကယ် ရှိသလား။

''ဒါက စကားလုံးနဲ့ ရှင်းပြဖို့ နည်းနည်းခက်ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ကျရင်တော့ ဒီတပည့်ရှစ်ဖူကို သူ သင်ပြတဲ့ မုန့်လုပ်နည်း သရုပ်ပြပါမယ်။
ရှစ်ဖူရဲ့ထက်မြတ်လှတဲ့ သင်ကြား ပြသမှုတွေကြောင့် ဒီတပည့် ရှီရှန်းမြို့မှာ သိုင်းပညာရှင် ညီအစ်ကိုတချို့နဲ့ ပညာပြိုင်တော့ အနိုင်ရခဲ့တယ်၊ တစ်ရက်တော့ အဖွဲ့သားချင်း ညီအစ်ကိုတွေနဲ့ အချင်းများရန်ဖြစ်ပြီး တိုက်ခိုက်ကြရင်း တပည့် ဒဏ်ရာကြီးကြီးမားမားရတဲ့အတွက် ထွက်ပြေးခဲ့တည တောနက်ထဲ ရောက်သွားပါတယ်။ နောက်ဆုံး ဒီပည့် သတိမေ့လဲကျသွားတဲ့အခါ အဲ့ကြက်သိုက်ရွာက လူက ကယ်တင်ပေးခဲ့တာပါ''

ရှစ်ဖူ ထိတ်လန့်သွားသည်။
ဤသည်မှာ ကြီးမားလှတဲ့ ကျေးဇူးတရားပဲ။
ကြက်သိုက်ရွာမှာ ဘယ်လိုဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့မလဲ။

ဘယ်လိုမျိုး ကြောက်စရာ ကောင်းပြီး ကြေကွဲဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေရော ရှိခဲ့ဦးမလဲ။
အိုး...ဘာမှ မဖြစ်နိုင်ပါဘူး။ ယောကျ်ားချင်းဆိုတာ သွေးသောက် ညီအစ်ကို ဖွဲဲ့ကြတာပဲ။ အချိန်တန်ရင် အမျိုးသမီး တစ်ယောက်က သူတို့ကြားမှာ ပေါ်လာလိမ့်မယ်။

သို့သော် လီရီကတော့ ထိုညီအစ်ကိုအပေါ်၌ မရိုးမသား ပြုမူဖို့ လုံးဝ တုန့်ဆိုင်းခြင်း မရှိခဲ့ပေ။

ပိုဝမ်းနည်းစရာကောင်းတာက သူ့ကို ထိုသို့ လမ်းလွဲအောင် ပြုလုပ်ခဲ့သူဟာ ကိုယ်တိုင်ရဲ့အပြစ်ကို မသိပဲ၊ ၎င်းရဲ့ ရှေ့မှာ ရှိနေတဲ့ အထီးကျန် ယောကျ်ားများ အားလုံးကို တူညီတဲ့လမ်းကို လျောက်အောင်နှိုးစွခဲ့ပြီး ပျော်ရွှင်နေခဲ့သည်ပင်။

"ရှစ်ဖူ၊ ဒီရက် အနည်းငယ်အတွင်းမှာ ဒီတပည့်က ရှစ်ဖူကို မေတ္တာ ရပ်ခံချင်တာရှိပါတယ်"
လီရီက သူ့စိတ်ကိုသူ အတည်ငြိမ်ဆုံးထားကာ ရှစ်ဖူကို ပြောလိုက်တယ်။

"အိုး။ ဘာများလဲ?"

"တပည့်အတွက် လူတစ်ယောက်ကို ကူပြီး ကာကွယ်ပေးစေချင်ပါတယ်''
လီရီ က ဖြည်းညှင်းစွာပြောသည်။
"ဒါ့အပြင် ဒီကိစ္စကို အခြား မိသားစုတွေ သိလို့ မဖြစ်ဘူး၊ လျှို့ဝှက်ထားရမှာပေါ့၊ အဖေတောင် သိလို့ မရဘူး''

လီ မိသားစုသည် ကျန်း မိသားစုနှင့် ကွဲပြားသည်။  လီ မိသားစု၏ ယောကျ်ားသား တစ်ယောက်က ချစ်သူ ယောကျ်ားကို ရှာလာသည်မှာ အရှက်ရဖွယ်ဖြစ်သည်။ လီရီ၏ ဖခင်သည် အထူး တင်းကြပ်၏။ 
လီရီနှင့် နျဲ့ပုဖန် ၏ ဆက်ဆံရေးကိုသာ သူ အမှန်အတိုင်း ရှာတွေ့သွားပါက ကြက်သိုက်ရွာ  သည် အေးချမ်းမှု မရှိနိုင်တော့မည်မှာ သေချာပါသည်။  နျဲ့ပုဖန်နှင့် ပတ်သက်သော လူများနှင့် အရာခပ်သိမ်းသည် ငြိမ်းချမ်းစွာ တည်ရှိနေမည် မဟုတ်ဟု ဆိုရပါမည်။

ရွာကို ချောချောမောမော ပြန်ပို့နိုင်မယ်လို့ ရည်မှန်းထားသည်။
သည်ကြားထဲ တစ်ယောက်ယောက်ကို ကြီးကြီးမားမား ဒုက္ခ မပေးစေဖို့သာ ဆုတောင်းရမည်။

……………

"ကြည့်၊ ကြည့်၊ ဒါ မင်းတို့ရဲ့ဝန်ဆောင်မှုလား"
ယွမ်လဲ့အင်း တွင် နျဲ့ပုဖန် သည် တည်းခိုခန်းပိုင်ရှင်နှင့် ငြင်းခုံနေသည်။

"ဒီနေရာက ကြက်မွေးတွေနဲ့ ကြက်ချေးတွေဖုံးနေတာ ဘယ်လိုဖြစ်ရတာလဲ။ အခု ကြက်လှောင်အိမ်ထဲ ရောက်နေသလိုပဲ၊ စားဖိုဆောင်က ကြက်တွေအားလုံး ငါ့ အခန်းထဲ လာပစ်ထားသလား။
ခင်ဗျားရဲ့ တည်းခိုခန်းမှာ ငါ နေနေတာကို မကျေနပ်လို့လား"

တည်းခိုခန်း ပိုင်ရှင်က နဖူးက ချွေးတွေကို သုတ်လိုက်ပြီး
"စိတ်မကောင်းပါဘူး၊ တောင်းပန်ပါတယ် ဧည့်သည် ခင်ဗျ။ ဧည့်သည် အတွက် ချက်ချင်း သန့်ရှင်းရေးလုပ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါမယ်'' လို့ ပြောလာသည်။

"သန့်ရှင်းရေး လုပ်ပေးရုံနဲ့ လုံလောက်ပြီ ထင်လား"  နျဲ့ပုဖန် က ဒေါသတကြီး အော် လိုက်ပြီး "ဒီအခန်းထဲက အနံ့က ဘယ်လောက်တောင် ဆိုးနေလဲ၊ လူတွေ ဒီမှာဆက် နေနိုင်မယ် ထင်နေလား''

"ဒါ ကျွန်တော်တို့ရဲ့ ပေါ့ဆမှုပါ''

"ပြောပါ၊ ဒီပြဿနာကို ဘယ်လို ဖြေရှင်းပေးမှာလဲ၊ ခင်ဗျား ကျုပ် ကျေနပ်အောင် ဖြေရှင်းပေးရင် ယွမ်လဲ့အင်းက ဧည့်သည်တွေကို လိမ်ညာနေတယ်ဆိုပြီး တရားဆွဲမယ်''

"မလုပ်ပါနဲ့၊ ဧည့်သည် ပြဿနာကို အရင် ဆွေးနွေးခွင့်ပြုပါဦး၊ ငါတို့ ဆွေးနွေးကြရအောင်"
တည်းခိုခန်း ပိုင်ရှင်က တင်းမာစွာ ပြုံးပြီး ...

''ဒီလိုလုပ်ပါလား။ ဧည့်သည်က ဒီတည်းခိုခန်းမှာ လဝက် အလကား နေထိုင်ခွင့်ရပါလိမ့်မယ်၊ ငါတို့ရဲ့ ဧည့်ဝတ် ကျေပွန်မှု ညံ့ဖျင်းတဲ့အတွက် ပြန်လျော်ပေးတာပါ''

"လဝက်လား" နျဲ့ပုဖန် က အေးစက်စွာ ပြုံးလိုက်ပြီး "ငါတို့ စပေါ်ငွေကို ရက်အတော်ကြာ နေဖို့အထိ ပေးချေပြီးပြီ၊ လဝက်လောက်နဲ့ ဘယ်ဖြစ်မလဲ''

"ဒါဆို ဧည့်သည်က ဘယ်လိုဖြစ်ချင်လဲ''
တည်းခိုခန်း ပိုင်ရှင်က ကျေနပ်စွာ ပြုံးပြသည်။

"ဒါဆိုရင်ရော ဘယ်လိုလဲ၊ ငါတို့ရဲ့ စပေါ်ငွေကို ပြန်ပေးစရာ မလိုဘူး၊ ဒါပေမယ့် ငါတို့ တည်းခိုနေတဲ့ အချိန်မှာ တစ်နေ့ကို အစားအသောက် သုံးနပ် ဖြည့်ဆည်းပေးရမယ်" နျဲ့ပုဖန်သည် ရက်ရောဟန်ဆောင်သည်။ “အဆင့်အတန်းမြင့်တဲ့ စားဖွယ်တွေ၊ အသားဟင်းတွေ မလိုဘူး၊ ရိုးရိုး ဟင်းသုံးမျိုးနဲ့ စွပ်ပြုတ် တစ်ပွဲပဲပေး။ ဘယ်လိုလဲ"

တည်းခိုခန်းပိုင်ရှင်က ဘာလုပ်နိုင်မှာလဲ၊ သူ့ ကံဆိုးမှုကိုသာ လက်ခံခဲ့သည်။ ဤအခန်းသည် နားမလည်နိုင်လောက်အောင် ကြက်အမွေးများ၊ ကြက်မစင်များ အဘယ်ကြောင့် ပြည့်နေသည်ကို  သူ အမှန်တကယ် မသိပေ။ သည်နှစ်ယောက်ဟာလည်း အကြံအဖန်လုပ်ဖို့အတွက် ဇာတ်လမ်းဆင်နေတာဟုဆိုရအောင်လည်း သံသယဝင်စရာ မရှိ။
အမှန်လည်း ရက်အနည်းငယ်လောက် နေထိုင်စားသောက်ပြီးစရိတ်ချွေတာဖို့အတွက်နဲ့ သာမာန်လူတစ်ယောက်က သည်လို အားထုတ်မှုမျိုး ဘယ်လုပ်နိုင်စွမ်းရှိမှာလဲ။

တည်းခိုခန်းပိုင်ရှင် ထွက်သွားသည်နှင့် နျဲ့ပုဖန်က တံခါးကို ဆောင့်ပိတ်လိုက်သည်။ မျက်နှာကိုတစ်ဖက် လှည့်လိုက်သည်နှင့် သူ့ရဲ့ မူလ ဒေါသထွက်သည့် အမူအရာက ပျောက်သွားပြီး တောက်ပတဲ့ အပြုံးနဲ့ အစားထိုးသွား၏။
ထိုက်ပိုင်ကလည်း အောင်ပွဲခံတဲ့အနေနဲ့လက်သီးလက်မောင်းတန်းကာ ဂုဏ်ပြုလိုက်သည်။

ထိုက်ပိုင်မှာ နျဲ့ပုဖန်ကို အတော်ပင် လေးစားကြည်ညိုနေလေသတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now