Chapter 86

857 103 0
                                    

Chapter - 86
အချစ်အတွက်တိုက်ပွဲ (အပိုင်း - ၁၀)


နောက်တစ်နေ့တွင် ဖန်းလုံ နန်းတော်က ထွက်မသွားမီ နျဲ့ပုဖန် အမှီလိုက်ဖမ်းရန် အခွင့်အရေး တစ်ခုကို ရရှိခဲ့သည်။

"မင်္ဂလာပါ ပညာရှိကြီး၊ ငါ့ကို စောင့်ပါဦး" နျဲ့ပုဖန် သည် သူ့ လှည်းရထားပေါ်သို့ ခုန်တက်တကာ "ငါ့ကိုလည်း စီးခွင့်ပေးပါ" လို့ ပြုံးပြုံးလေး ပြောလိုက်သည်။

ဖန်းလုံ က သူ့ကို ခဏလောက် ကြည့်ပြီး "မင်း နန်းတော်က ထွက်သွားမလို့လား" ဟု မေးသည်။

"ဟုတ််တယ်"

"ဒါဆို ဧကရာဇ်မင်းဆီက ခွင့်ပြုချက် ရပြီးပြီလား"

''ခင်ဗျားက ကျွန်တော့်ကို နန်းတော်ထဲ ခေါ်ခဲ့တဲ့သူပဲလေ၊ ပြန်ထွက်တော့လည်း အတူတူပေါ့၊ ခွင့်ပြုချက်လိုလို့လား''

"ဧကရာဇ်မင်းက မင်းကို အရင်က မသိခဲ့ဘူးလေ'' ဖန်းလုံက လှည်းရထား ပြတင်းပေါက်ကို မှီပြီး "အခု မင်းဧကရာဇ်က မင်းမှမင်း ဖြစ်နေပြီမို့လို့ ခွင့်ပြုချက် မရှိဘဲ မင်းကို နန်းတော်ထဲက မခေါ်သွားဝံ့တော့ဘူး"

“စိတ်မပူပါနဲ့” နျဲ့ပုဖန်က သူ့ရဲ့ အစွမ်းထက်တဲ့ ဘုရင့်အမိန့်တံဆိပ်ပြားကို ထုတ်ယူပြီးလှုပ်ပြလိုက်သည်။
“ဒါရှိနေရင် ငါလည်း လွတ်လွတ်လပ်လပ် သွားလာလို့ရတယ် မဟုတ်လား''

ဖန်းလုံသည် ဧကရာဇ်မင်းမြတ်ကိုယ်စား အမိန့်ပေးခွင့်ရှိသော ဤအမိန့်တံဆိပ်ပြားကို သေသေချာချာကြည့်ကာ ဒါဟာ ဘုရင့်အမိန့်ပဲလားဟု တွေးမိသည်။

ဧကရာဇ်မင်းသည် ဤအရာအား သူကြာရှည်စွာပင် မသိသေးသော မည်သူမည်ဝါ ဖြစ်ကြောင်း မစစ်ဆေးရသေးသော လူတစ်ဦးအာ ချီးမြှင့်ပေးအပ်ခဲ့သည်။

သို့သော်၊ ဤလူသည် အနည်းဆုံးတော့ ဧကရာဇ်မင်း၏ အသက်ကို  ကယ်တင်ခဲ့ပြီး၊ ဧကရာဇ်နှင့်လည်း မရှင်းလင်းသော ဆက်ဆံရေးအချို့ရှိခဲ့ကြောင်း မကြာမီ ဖန်းလုံ ကြားထား၏။ ထိုသို့သောကျေးဇူးကြောင့် သည်တံဆိပ်ပြားကို ချီးမြင့်ခံရသည်မှာအံ့သြစရာ မဟုတ်ပေ။

နန်းတော်တံခါးမှ ထွက်သွားပြီးနောက် ဖန်းလုံ က “ဘယ်သွားချင်လဲ” ဟု ပေါ့ပေါ့ပါးပါး မေးသည်။

"မင်းရဲ့အိမ်"

ဖန်းလုံက သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ ''ငါ့အိမ်က မင်းအတွက် ဘာပျော်စရာမှ မရှိဘူး'' ဟုထုတ်ပြောလိုက်သည်။

"အဆင်ပြေပါတယ်၊ ငါ ဘယ်လိုပျော်ရွင်ရမလဲဆိုတာ သိတယ်" နျဲ့ပုဖန် က သူ့လက်ကို ဝှေ့ယမ်းပြီး "ငါ့ကို ငါ မရှိသလို ဆက်ဆံလို့ရတယ်"

“…..” ဒီလူက ဘယ်လောက်ထိ ကျွမ်းဝင်အောင်နေနိုင်မှာလဲ။

"မင်း ငါ့အိမ်မှာ ဘာလုပ်မှာလဲ"

"စားမယ်၊ သောက်မယ်၊ ပြည့်တန်ဆာ ရှာမယ်၊ လောင်းကစား လုပ်မယ်" နျဲ့ပုဖန်က လေးနက်စွာ ပြန်ဖြေသည်။

ဖန်းလုံ၏ အမူအရာသည် ခဏတာ ငြိမ်သက်သွားကာ သူ့တွင် အကြားအာရုံများ ဂယောင်ချောက်ချား ဖြစ်နေသွားသည်။

သူသည် နျဲ့ပုဖန်အား ထပ်မံ၍ တည့်တည့်ကြည့်ကာ မေးလိုက်သည်။
"မင်း ငါ့အိမ်ကို ဘာအတွက်လိုက်တယ်လို့ပြောတယ်''

"စားဖို့၊ သောက်ဖို့၊ ပြည့်တန်ဆာ ရှာဖို့၊ လောင်းကစား လုပ်ဖို့လေ''
သူ့ လေသံက အရမ်းသာယာနေသည်။

ဖန်းလုံ က စိတ်တည်ငြိမ်အောင် ကြိုးစားပြီး "ဘာလို့လဲ မေးလို့ရလား''

"ဒါက အရမ်းရိုးရှင်းပါတယ်၊ ငါ မင်းနဲ့ အရမ်းရင်းနီးတယ်လေ၊ မဟုတ်ဘူးလေ''

“…..” သူက ဘယ်သူကို လာလှည့်စားနေတာလဲ။

နျဲ့ပုဖန်သည် သူ့အား အချိန်မရွေး ပြင်းထန်စွာ ရိုက်နှက်ရန် အဆင်သင့် ဖြစ်နေပုံရသော ဖန်းလုံ ကို မြင်လိုက်ရသောကြောင့် ရှားရှားပါးပါး အကြင်နာတရားဖြင့် ရှင်းပြခဲ့သည် -

“ဒီလိုပါ၊ ဧကရာဇ်မင်းနဲ့ လမ်းခွဲဖို့ ငါ စီစဉ်ခဲ့တယ်၊ ဒါပေမယ့် သူက ငါ ထွက်သွားတာကိုတားမှာ စိုးရိမ်မိတယ်၊ ဒါပေမယ့် ငါ ထွက်သွားတဲ့အခါ တယောက်ယောက်ကြောင့်ဆိုပြီး အပြစ်ရှာနေမှာလည်း စိုးတယ်လေ၊ ဒီတော့ ငါတို့ကြားက ပြဿနာကို ဖြေရှင်းနိုင်မယ့် သူတစ်ယောက် လိုအပ်တယ်။
အင်ပါယာ တရားရုံး အတွင်းရော အပြင်ကို ကြည့်လိုက်ရင် ခင်ဗျားက ငါနဲ့ အရင်းနှီးဆုံးပဲလေ၊ ဒါ့ပြင် ဧကရာဇ်မင်းနဲ့လည်း အရမ်းရင်းနှီးတဲ့အတွက် ခင်ဗျားသာဆိုရင် သူက အပြစ်ပေးဖို့ သေချာပေါက် တွန့်ဆုတ်နေလိမ့်မယ်”

ဖန်းလုံက အသက်ပြင်းပြင်းရှူပြီး ထိန်းမနိုင်ပဲ "ဒါဆို မင်း ပြေလည်အောင် ဘယ်လို ကူညီပေးစေချင်လဲ"

"ငါ မင်းနဲ့ ရက်အနည်းငယ် ကြာအောင် ပေါင်းသင်းပြီး စားသောက်မယ်၊ အရက်သောက်မယ်၊ ပြည့်တန်ဆာ ရှာမယ်၊ လောင်းကစား လုပ်မယ်၊ အဲ့လို မကောင်းမှု မျိုးစုံလုပ်ပြီး မင်း အိမ်မှာ လူဆိုးတစ်ယောက်လိုနေမယ်''
နျဲ့ပုဖန် က လေးနက်စွာ ပြောလိုက်သည်။ 

''အဲ့အခါ မင်းက ငါ့ရဲ့ ထိတ်လန့်ဖွယ်ကောင်းသော လုပ်ရပ်များကို ဧကရာဇ်မင်းဆီ တိုင်ကြားလိုက်မယ်ဆိုရင် ငါ့အပေါ် ထားတဲ့ သူ့ စိတ်သဘောအမှန်က သူ့အလိုလို ပေါ်လွင်လာလိမ့်မယ်၊ ငါက လူကြီးလူကောင်းများ ကြားမှာ ရိုးရိုးရှင်းရှင်းနေခဲ့ပေမယ့် အခုတော့ အစွန်းအထင်းတွေနဲ့လူဆိုးဖြစ်နေပြီလို့ ပြောလိုက်၊ ငါက အပိုလူဖြစ်နေပြီ ဧကရာဇ်မင်းနဲ့ မထိုက်တန်ပါဘူးလို့၊ ငါ့ကို ဆက်ပြီးကြည့်နေရင် ဧကရာဇ်ပါ နာမည်ပျက်ရလိမ့်မယ်၊ ဒီလူအညစ်အပတ်ကို ဧကရာဇ်နဲ့ အဝေးဆုံးနေရာမောင်းထုတ်တာ အကောင်းဆုံးပါပဲ ဆိုပြီး လျှောက်တင်ပေး''

“…..” မင်း ဒီထူးထူးခြားခြား စကားလုံးတွေကို ဘယ်က သင်လာတာလဲ။ 
ဖန်းလုံသည် စကား မပြောနိုင်။

နျဲ့ပုဖန်က ဆက်ပြောသည်–
“ဧကရာဇ်မင်းက ခင်ဗျားကို သိပ်ယုံကြည်တယ်။  ဒါကြောင့် ဒီစကားကို ခဏခဏပြောရင် သူက ငါ့ကို ဒီတိုင်း ဖယ်ထားနိုင်မှာ သေချာတယ်။ ဒါကြောင့် ငါ ထွက်သွားမယ်ဆိုလည်း သူ ခံနိုင်ရည်ရှိသွားလိမ့်မယ်''

သို့ရာတွင် ဖန်းလုံက တင်းမာတဲ့အမူအရာနဲ့ပြောလိုက်သည်။

"ဒါဆိုရင် မင်း ငါ့ကို ဘာလို့ကြိုပြောပြနေတာလဲ။ မင်း အစီအစဉ်ကို တိတ်တိတ်ဆိတ်ဆိတ် အကောင်အထည် ဖော်တာက ပိုကောင်းမယ် မဟုတ်ဘူးလား၊ အဲ့လိုဆိုရင် ပိုယုံကြည်ဖွယ်ကောင်းနေပုံပေါက်လိမ့်မယ်၊ ဒါဆို ယုတ်ညံ့တဲ့အကျင့်ရှိသူကို ဧကရာဇ်မင်းအနားမှာ နေခွင့် မပေးဘူးဆိုပြီး ဒီအတိုင်း လျောက်တင်လို့ရတယ်''

"ဘာလို့လဲဆိုတော့ ငါက ဘာမှမဆိုင်တဲ့ ခင်ဗျားအပေါ်မှာ သက်သက်မဲ့ အခွင့်ကောင်း မယူချင်ဘူး"  နျဲ့ပုဖန်က ဆက်ပြောသည်။

“တစ်နေ့ ငါ့ ကိုယ်ကို ဖျက်ဆီးမယ့် အစီအစဉ် မအောင်မြင်ရင် ငါ တိုက်ရိုက် ထွက်ပြေးဖို့ ရွေးချယ်မှာ။ ဒါကို မသိထားရင် ခင်ဗျားလည်း အပြစ်တင်ခံရလိမ့်မယ်၊ အပြစ်ကို ရှောင်လွဲလို့ရပြီး စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်ဖို့အတွက် ကြိုပြောထားတာပါ''

မြတ်စွာဘုရားရှင်ရေ။
သည်လို ယုတ်ညံ့သော အမှုကို ပြုလုပ်ခြင်းက "ကိုယ့်အကျိုးအတွက်" ကြောင့်ဟု သည်လူက ပြောနေတယ်။
ဒါ့အပြင် အသုံးချခံရမည့်သူကိုပါ ရှေ့မှာထားပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြနေသေးတယ်။ သူ့လုပ်ရက်က မှန်ကန်သလား၊ ဒါမှမဟုတ် တမင်လုပ်နေတာလား။

ဖန်းလုံသည် ရထား၏ အပြင်ဘက်သို့ ရုတ်တရက် အော်ဟစ်လိုက်ပြီး "ဦးလေး ကျီ၊ ရထားကို လှည့်ပြီး နန်းတော်ဆီ ပြန်သွားပါ"

"ဘာအတွက် ပြန်သွားလဲ" နျဲ့ပုဖန် က မေးသည်။

"မင်းကို နန်းတော်ထဲ ပြန်ချထားခဲ့မလို့! သူက လေးနက်စွာ ပြန်ဖြေသည်။

“မဟုတ်ဘူး” နျဲ့ပုဖန် သည် ဖန်းလုံ ပေါ်သို့ မိမိကိုယ်ကို လှဲချကာ လှည်းရထား အပြင်ဘက်သို့ လှမ်းအော်ပြန်သည
"ဦးလေး ကျီ၊ မပြန်နဲ့၊ မင်း ပြန်သွားရင် မင်းရဲ့သခင်ကို ငါ ရက်စက်တာ တစ်ခုခု လုပ်ပစ်မယ်''

ရထားကို မောင်းနှင်နေသော ဦးလေး ကျီသည် မဝံ့မရဲ အရှိန်လျှော့ကာ မျက်နှာပေါ်တွင် ချွေးသီးများထွက်နေသော်လည်း ခေါင်းကို လှည့်မကြည့်ဝံ့ပေ။

"မင်း ငါ့ကို ဘယ်လို ရိုင်းစိုင်းတာ လုပ်ဖို့ ကြံနေတာလဲ" ဖန်းလုံက သူ့ကို ဖိထားလိုက်ပြီး ဆိုးသွမ်းတဲ့ အမူအရာနဲ့ လှောင်ပြောင်လိုက်သည်။

နျဲ့ပုဖန်သည် ထို ဆွဲဆောင်မှုရှိသော အမူအရာကို လျစ်လျူရှုကာ သူ့အပေါ် ထိုင်ကာ သူ့ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ရစ်ပတ်၍ “ပထမ မုဒိမ်းကျင့်မယ်၊ ပြီးရင် မုဒိမ်းကျင့်တဲ့အကြောင်း ကမ္ဘာကို ကြေငြာမယ်” ဟု ရက်စက်စွာ ပြောခဲ့သည်။

သည်လူထက် ပိုလို့တောင် အရှက်မဲ့သူရှိနိုင်ပါ့မလား။

ဖန်းလုံက အေးစက်စွာပြောလိုက်သည်။  "ဧကရာဇ်မင်း မင်းကို သာယာမှုပေးတာ မလုံလောက်လို့ ငါ့ဆီ လာပြီး ကျေနပ်အောင် ဖြည့်ဆီးဖို့လား''

"ခင်ဗျား အတွေးတွေ ဘာလို့ ဒီလောက် ညစ်ပတ်နေတာလဲ" 
နျဲ့ပုဖန်က သူ့ကို မျက်လုံးပြူးပြီး
“ကောလဟာလဆိုတာ ဘာလဲဆိုတာ မသိဘူးလား။ကောလဟာလရဲ့ အနှစ်သာရက ဘာလဲ။ လူတစ်ယောက်က စိတ်ကူးယဉ်မှုကို ဖြန့်ချိလိုက်တယ်။ ဒါကို ကြားမိတဲ့ လူတစ်သောင်းက အမှန်တရားကဘာ အဖြူအမည်းက မုသားကို အမှန်တရား ထင်ချက်ထင်သွားကြတာပဲ၊ ဒါကို လုပ်ဖို့ တခြားသူနာမည်သုံးမှာ။ ငါ့ကိုယ်ငါ နာမည်ပျက်မခံဘူး''

ဘယ်သူက ညစ်ပတ်တဲ့ အတွေးတွေ ရှိတာလဲ။  ဘယ်သူတွေ ညစ်ပတ်နေတာလဲ။  ကိုယ်ကိုကိုယ် စတေးပြီး ဒါနပြုမိ တဲ့သူက ဘယ်သူလဲ။

ဖန်းလုံ၏ သွေးကြောများ ပေါက်ထွက်သွားမတတ်ဖြစ်ပြီး သူ့မျက်လုံးများ မီးတောက် သွားသည်-
"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား"

"ဟုတ်တယ် ခင်ဗျားကို ခြိမ်းခြောက်နေတာ''
နျဲ့ပုဖန်က ရိုးသားသော မျက်နှာဖြင့် ပြန်ဖြေသည်။

ဖန်းလုံသည် တစ်ဖက်သို့ ခေါင်းလှည့်ကာ နောင်တရပြီး ဝမ်းနည်း မျက်ရည်မကျနိုင်၊ မငိုနိုင်ပဲရှိနေလေသည်။

"မင်း လုပ်ချင်တာကို ငါ လုပ်ခွင့် မပေးဘူး" ဖန်းလုံ က သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ပြတ်ပြတ်သားသား ပြောလိုက်၏။

"ကိစ္စမရှိပါဘူး။ ခင်ဗျားရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် ခင်ဗျား ဒီအိုးမည်းတွေ မစွန်းထင်းအောင် ငါ အစွမ်းကုန် ကြိုးစားသွားမှာပါ"  နျဲ့ပုဖန်က အေးအေးဆေးဆေး ပြောလိုက်သည်။

''.....''

နိုင်ငံတော် ပညာရှိကြီး၏ အိမ်တော်ထဲသို့ ဝင်ခဲ့ပြီးနောက် နျဲ့ပုဖန်သည် ယခင်က ပြောခဲ့သည့်အတိုင်း သူ့ကို ဖျော်ဖြေရန် ဖန်းလုံးအား မလိုအပ်တော့ပေ။  ဧည့်ခန်း တစ်ခန်းကို သူ့ဘာသာသူ ရှာတွေ့ပြီး ယာယီနယ်မြေ ပိုင်းခြားကာ အစားအသောက်များ ဖြုန်းတီးနေခဲ့သည်။ အစေခံတွေနဲ့ နေ့လယ်စာ စားပြီး အစောင့်တွေနဲ့ ညစာ စားတယ်။ ညဘက်မှာတော့ လောင်းကစားဂိမ်း တစ်ခုဆော့ဖို့ လူတွေ စုတယ်။ နောက်ဆုံးမှာ သည်းမခံနိုင်တော့တဲ့ ဖန်းလုံးရဲ့ ဆွဲထုတ်သွားခြင်းကို ခံခဲ့ရသည်။

ဖန်းလုံသည် သူ့အိမ်ဘေးတွင် နျဲ့ပုဖန်အတွက်နေအိမ်ကို စီစဉ်ပေးပြီး၊ ဧကရာဇ်မင်းထံသို့ မျက်ရည်ကျလောက်သော စာတစ်စောင် ပေးပို့ခဲ့၏။ ၎င်းစာအဓိပ္ပါမှာ တစ်စုံတစ်ဦးကို အမြန်ဆုံးပြန်လာသိမ်းရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

နျဲ့ပုဖန်သည် နိုင်ငံတော်၏ ပညာရှိထံသို့ သွားကြောင်း ဧကရာဇ်မင်း သိလိုက်သော်လည်း သူ ဂရုမစိုက်ပေ။ ဤနှစ်ရက်လုံးလုံး အလုပ်များနေသဖြင့် နျဲ့ပုဖန်အား သူ့ဘာသာသူ ပျော်အောင်ထားရန် ရက်ရက်ရောရော ဆုံးဖြတ်ခဲ့သော်လည်း နိုင်ငံတော်၏ ပညာရှိကြီးက ဂရုဏာထားသော အားဖြင့် ထိုနတ်ဆိုးကို ပြန်လာခေါ်ရန် တောင်းပန်ထားလေသည်။ ဧကရာဇ်မင်းသည် ထိုအချိန်က သူ၏ ဆုံးဖြတ်ချက်သည် မည်မျှ မှားယွင်းကြောင်းကို မကြာမီ တွင်သိရှိလိုက်ရသည်။

ဖန်းလုံရဲ့ နှလုံးသားက သွေးတွေရွှဲနေသည်။
ဘုရင်မင်းမြတ်ဟာ ဘယ်လောက် မေတ္တာတရားကြီးမားလို့ သည်မိစ္ဆာရဲ့ဒဏ်ကို ခံနိုင်ရည်ရှိတာလဲ။

"ဟီးဟီး၊ ငါ နန်းတော်ကနေ ကိုယ့်စိတ်နဲ့ကိုယ် ထွက်လာတယ်ဆိုတာ ခင်ဗျား ဧကရာဇ်မင်းကို ပြောချင် သွားပြောလို့ရတယ်နော်''
နျဲ့ပုဖန် သည် ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီးပျင်းရိပျင်းရွဲပြော၏

“ငါက ရိုးရှင်းပြီး ရိုးရိုးသားသားဖြစ်တာကို နှစ်သက်သူတစ်ယောက်လေ၊ ပြီးတော့ ငါတို့ကြားက ချစ်ခြင်းမေတ္တာတွေကို ဧကရာဇ်မင်းဆီမှာဖုံးကွယ်မထားချင်ဘူး၊ ခင်ဗျားက ငါ့ခံစားချက်တွေကို လုံးဝလျစ်လျူရှုပြီး ခင်ဗျားရဲ့စိတ်ကိုလည်း ဖြတ်တောက်ပြ ငါ့ကို ဧကရာဇ်မင်းဆီ ရက်ရက်စက်စက် တွန်းပို့ခဲ့တာပဲလေ။ ဒါဟာ ခင်ဗျားအတွက် ဝမ်းနည်းစရာ ကောင်းလွန်းတယ်မဟုတ်ဘူးလား။ ခင်ဗျားရဲ့ အချစ်နောက်ကို မလိုက်ဝံ့တဲ့ သရဲဘောကြောင်တဲ့ အပြုအမူကို ငါ ပြင်းပြင်းထန်ထန် မုန်းတီးမိတယ်။ ဖြစ်နိုင်ရင် ငါ့အချစ်က မုန်းတီးမှုအဖြစ် ပြောင်းလဲသွားပြီး ဧကရာဇ်မင်းနဲ့ ချစ်တင်းနှောနေတဲ့အခါတုန်းက ခင်ဗျားနာမည်ကို တမ်းတမ်းတတခေါ်ခဲ့မိတယ်…”

"မင်း တော်လောက်ပြီ''
ဖန်းလုံသည် အကျိုးဆက်များကို စိတ်ကူးဖြင့်တောင် မယဉ်နိုင်ပါ။
သည်ကောင်က ဘာလို့ ဒီလောက်အောက်တန်းကျတဲ့စကားတွေပြောတတ်နေတာလဲ။

''ငါက မင်းနဲ့ ဧကရာဇ်တို့ရဲ့ထူးဆန်းတဲ့ ဆက်ဆံရေးမှာ ကြားဝင်နေတယ်ဆိုတာ ဘယ်သူက ယုံမှာလဲ''
ဖန်းလုံက မေးသည်။

“ဖုံးကွယ်ထားစရာ မလိုပါဘူးလေ”  နျဲ့ပုဖန် က
“ဧကရာဇ်မင်းက ခင်ဗျား ယောက်ျားတွေကိုပဲ ချစ်တာ၊  မိန်းမတွေကို စိတ်မဝင်စားဘူးဆိုတဲ့အကြောင်း သိပြီးသားပဲ၊ မဟုတ်ရင် ခင်ဗျားကို လိင်တူချစ်တဲ့ စာအုပ် တစ်အုပ် ပေးမှာ မဟုတ်ဘူးဆိုတဲ့အချက်ကိုက ဘုရင်မင်းမြတ်က နားလည်ပြီးသားဆိုတာ ပေါ်လွင်နေတယ်”

"ယောက်ျားတွေပဲ ချစ်တယ်လို့ မင်းကို ဘယ်သူပြောလဲ" ဖန်လုံ က မျက်လုံးတွေကို မှိတ်ထားပြီး
"ဧကရာဇ်မင်း က ဘာလို့ ဒီလို စာအုပ်မျိုး ပေးတာလဲ စဥ်းစားမရ ဖြစ်နေတာ မင်း လက်ချက်ပဲကိုး''

"မှန်ပါတယ်၊ ခင်ဗျားက တကယ်ကို နှိမ့်ချတဲ့သူပဲ၊ ငါ့အပေါ် သိပ်ကျေးဇူးတင်မနေနဲ့"
နျဲ့ပုဖန်က အရှက်မရှိ ရယ်မောပြီး

“ခင်ဗျား ကြည့်ရတာ ချစ်စရာ မကောင်းပေမယ့်  တော်တော် အပြစ်ကင်းစင်တယ်၊ မင်းရဲ့အိမ်ကြီးထဲမှာ ငါ လျှောက်သွားခဲ့တယ်၊ ကိုယ်လုပ်တော် တစ်ယောက်မှ မတွေ့ခဲ့ရဘူး၊ မသဲမကွဲ ကောလဟာလတွေတောင် မရှိဘူး။ ခင်ဗျားက အဘိုးကြီး တစ်ယောက်လို အမှန်တကယ် သန့်ရှင်းစင်ကြယ်ပြီး ရိုးရိုးသားသား နေထိုင်တဲ့သူပဲ၊ ဒါဆို ဧကရာဇ်မင်းလည်း ခင်ဗျားရဲ့လိင်ကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ပူစရာ မလိုတော့ဘူးပေါ့''

နျဲ့ပုဖန်က ဆက်ပြောသည်။
“ဆရာ၊ ရိုးရိုးသားသား ပြောပါ၊ ခင်ဗျား အခုထိလူပျိုရည် မပျက်သေးဘူးလား''

"ဒါဆို မင်းက ဘာလုပ်မလို့လဲ''

ဖန်းလုံသည် ခေါင်းကို လှည့်ကာ ပြတင်းပေါက်မှ လေးလေးနက်နက် ကြည့်နေသည်။

နျဲ့ပုဖန်က ပခုံးတွန့်ကာ ခေါင်းနောက်သို့ လက်ကို ပို့လိုက်ပြီး ဖန်းလုံ နည်းတူ ငေးရင်း

“ခင်ဗျား မပြောချင်ဘူးဆိုရင်လည်း မေ့လိုက်ပါ။  ဒါပေမယ့် ခင်ဗျားက လူပျိုရည် မပျက်ဖူးဘူးဆိုတာတော့ သေချာပေါက် ငါ ပြောနိုင်တယ်''

ဒါက ပြောဖို့တောင် လိုသေးလား။
ဖန်းလုံက ကျယ်လောင်စွာ သက်ပြင်းချလိုက်သည်။

နျဲ့ပုဖန်က သူ့ကို ကြည့်ဖို့ ခေါင်းကို လှည့်ပြီး စိတ်အားထက်သန်စွာ အကြံပြုသည်။

“တကယ်တော့ ခင်ဗျား ငါ့ကို မောင်းထုတ်ချင်ရင်လွယ်ပါတယ်၊ ငါ ထွက်ပြေးဖို့ လမ်းရှာပေးလိုက်လေ''

"ဧကရာဇ်မင်း မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံနေလို့လား၊ မင်း ဘာလို့ ထွက်သွားချင်တာလဲ"

"ဘုရင့်ရဲ့ အချစ်တော် တစ်ယောက်ထက်စာရင် ငါက တောရိုင်းဘုရင်ပဲ ဖြစ်ချင်တယ်"

နျဲ့ပုဖန်၏ မျက်လုံးများသည် ရေကန် နှစ်ခုနှင့် တူပြီး သူ့ အပြုံးသည် မျက်နှာပြင်ပေါ်ရှိ လှိုင်းလုံးများကဲ့သို့ ဖြစ်၏။ သူ့မျက်နှာမှာ ချစ်စရာကောင်းပြီး တောက်ပနေသည်။

ဖန်းလုံသည် စိတ်ထဲတွင် တစ်စုံတစ်ခုကြောင့် ထိရှသွားသလိုမျိုး ခံစားရကာ နျဲ့ပုဖန်ကို စိုက်ကြည့်နေသည်။

"မင်း ငါ့ကို ကူညီမှာလား" နျဲ့ပုဖန်၏ နူးညံ့သော အသံသည် ဖန်းလုံ၏ နားထဲတွင် စူးစူးရှရှ တောင်းဆိုမှု တစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။

ဖန်းလုံသည် အဝေးကို ကြည့်ကာ ငြိမ်သွားသည်။

နျဲ့ပုဖန်သည် လိုချင်တဲ့ အဖြေ မရခဲ့သောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။
သို့သော် မျက်လုံးကို မှိတ်ထားပြီး ခြေလက်တွေကို ဆန့်တန်းကာ ပိုသက်တောင့်သက်သာ အနေအထားနဲ့ နေလိုက်၏။

ဖန်းလုံ သည် တစ်ခုခုကို လေးလေးနက်နက် တွေးတောနေမိသည်။ အချိန်အတော်ကြာအောင် အဖြေထွက်မလာပေ၊ ထို့နောက် ဆိုဖာပေါ်မှ အသက်ရှုသံများ ထွက်ပေါ်လာသည်။ နျဲ့ပုဖန်သည် နှုတ်ခမ်းပေါ်တွင် အပြုံးဖြင့် ငြိမ်သက်စွာ အိပ်ပျော်သွားခဲ့သည်။

ဖန်းလုံက နျဲ့ပုဖန် နံဘေးကို လျှောက်သွားပြီး သူ့လက်ကို ဆန့်ထုတ်ကာ အဲ့နှုတ်ခမ်းတွေကို ပွတ်သပ်ရင်း နျဲ့ပုဖန် အိပ်ပျော်နေတာ အရမ်းပျော်နေသလားလို့တောင် ထင်ရသည်။

ထို့နောက် ဖန်းလုံမှာ တစ်ခုခုကို သတိပြုမိသွားသလိုဖြစ်ကာ၊ လျှပ်စစ်ဓာတ်နဲ့ အတို့ခံရ၍ တုန်လှုပ်သွားသလိုမျိုး သူ့လက်ကို နျဲ့ပုဖန်ဆီမှ အမြန်ပြန်ဆွဲယူလိုက်ပြီး မျက်နှာလွှဲထားလိုက်သည်။

သူ ဘာမှားသွားတာလဲ။ နျဲ့ပုဖန်နဲ့ သူက အချိန်တိုလေးအတွင်းမှာ အပြန်အလှန် ရင်းနီးလာကြပြီး သူနဲ့ နျဲ့ပုဖန်တို့က အရင်ကတည်းက သိထားသလိုမျိုး ခံစားရသည်။ သည်လို ရင်းနှီးမှု ခံစားချက်က ဘာဖြစ်သွားတာလဲ။ ဘယ်လောက်ပဲ ဆင်ခြင်တုံတရားမဲ့နေပါစေ၊ ဆုံးရှုံးလိုက်ရတာက လွဲလို့ ဒေါသ လုံးဝထွက်စရာ မလိုဘူး။

ငယ်ငယ်ကတည်းက ဖန်းလုံရဲ့ ရုပ်ဆင်းချို့တဲ့သောမျက်နှာကြောင့် သူတစ်ပါးတို့၏ နှောက်ယှက် ထိုးနှက်မှုများစွာ ကြုံတွေ့ခံစားခံရသည်။ ထို့ကြောင့် သူသည် လူတွေနဲ့ ခပ်ခွာခွာနေလေ့ရှိပြီး အခြားသူများနှင့် မနီးစပ်ချင်ပါ။

ဒါပေမယ့် သည်ကောင်က သူ့ရဲ့ ခြွင်းချက်တစ်ခု ဖြစ်လာသည်။ ယခုအချိန်အထိ သူသည် အခြားတစ်ယောက်နှင့် ပေါင်းသင်း ဆက်ဆံရတာက မည်မျှ ထူးဆန်းသည်ကို မသိခဲ့ပေ။ စင်စစ် သူနှင့် သည်လူသည် မိတ်ဆွေလည်း မဟုတ်၊ ရန်သူလည်း မဟုတ်သော ဆက်ဆံရေးမျိုး ဖြစ်ပြီး ကတော်ကဆများ၊ နောက်ပြောင်ခြင်းများက လွဲလျှင် သူတို့ကြားမှာ တခြား ချည်နှောင်ထားစရာဘာအကြောင်းတရားမှ မရှိကြခြင်းကြောင့် ဖြစ်မည်။

နောက်ဆုံးတွင် ဧကရာဇ်မင်းသည် ထိုသူ့ကို အဘယ်ကြောင့် နှစ်သက်သည်ကို ဖန်းလုံ နားလည်ခဲ့သည်။ သည်လူဟာ ထူးခြားတဲ့ ဆွဲဆောင်မှုရှိ၏၊ မိုက်မဲပြီး ပျော်ပျော်နေတတ်သည်။ ကံကောင်းသည်။ မာနကြီးပေမယ့် နိမ့်ချတတ်သည်။ သူ လုပ်ချင်တာမှန်သမျှ လုပ်သည်။ သူ့ နှလုံးသားက မှန်တစ်ချပ်လို ကြည်လင်နေ၏။  အကယ်၍များ ဖန်းလုံကိုယ်တိုင်ဆိုလျှင်တောင် ယောကျ်ားချင်း သည်လူ့ကို လက်ခံနိုင်လိမ့်မည်။

ဖန်းလုံသည် သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောမိသည်။ သူ့ မျက်နှာပေါ်တွင် မွေးဖွားကတည်းကပါလာသော အရုပ်ဆိုး အကျည်းတန်မှုက ရှိနေသည်။
နောက်ဆုံး သူသည် ခါးကို ကွေးပြီး နျဲ့ပုဖန်ကို ကောက်ပွေ့ကာ ကုတင်ပေါ် တင်၍ စောင်ခြုံပေး လိုက်သည်။

သူ နျဲပုဖန်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် သက်ပြင်းချကာ လှည့်ထွက်သွားသည်။

အခန်းထဲ ပြန်ရောက်တော့ သူ့ အိပ်ရာပေါ်လှဲချကာ ပက်လက်လှန်လိုက်၏ အိပ်လို့မရသေးပေ။  သူ့စိတ်ထဲမှာ အတွေးတွေ ရှုပ်ပွနေပြီး သိပ်မကြာခင်မှာပဲ အိပ်ရာ အောက်ကနေ အဲ့ယောကျ်ားချင်း ဆက်ယှက်နေသည့် စာအုပ်ကို ထုတ်လိုက်၏။ သူ ဖွင့်ကြည့်သင့်၊ မကြည့်သင့် အချိန်အတော်ကြာ တွေဝေနေပြီးတဲ့နောက် ပထမ စာမျက်နှာကို တုန်လှုပ်စွာ ဖွင့်လိုက်ပြီး သူ့အတွက် အသစ်စက်စက် တံခါးပွင့်သွားသလို ခံစားလိုက်ရလေတော့သည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now