Chapter 20

2.7K 359 1
                                    

Chapter-20
အရွယ်အစားပြဿနာ
.....................


ရေချိုးကန်ထဲတွင် ရေများက ပူနွေးကာ ရေနွေးငွေ့တို့ကြောင့် အုံ့ဆိုင်းနေ၏။
စုချန်းယိသည် သူ့ခန္ဓာကိုယ်အား ကြီးမားသောရေချိုးခန်းထဲတွင် စိမ်ထားလျှက် ရေထဲ၌ လာမြူးထူး ပျော်ပါး ဆော့ကစားနေသော ကြက်တစ်ကောင်ကို မှင်သက်စွာ ငေးနေလေသည်။
ကြက်တွေ ရေကူးတတ်တယ်ဆိုတာ သူအခုမှ ပထမဆုံးတွေ့ဖူးခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့် အထက်တန်းမျိုးရိုးများသည် သန့်သန့်ရှင်းရှင်းနေလေ့ရှိ ကြသည်။ အစားအသောက်၊ အဝတ်အစား၊ အိပ်ရာခင်းကျင်းနှင့်သွားရေးလာရေးက အဆုံး အသေးစိတ် ဂရုစိုက်ကြသည်။
ဘယ်သူက ကြက်တစ်ကောင်နှင့် အတူတူရေချိုးချင်မည်နည်း။
စုချန်းယိ ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်ချိန်မှာ နျဲ့ပုဖန် ကလည်း ရေချိုးခန်းထဲဝင်လာတာကြောင့် စုချန်းယိ၏ တောင့်တင်းသန်မာသောလက်မောင်းကြွက်သားအိုးကြီးများနှင့် ခန္ဓာကိုယ်တစ်ခုလုံးမှ ကြွက်သားအဖုအထစ်တို့ကို နျဲ့ပုဖန် မြင်သွားလေသည်။

နျဲ့ပုဖန်သည် သူ့ထက် ဗလတောင့်သော ယောကျ်ားသားများ သူ့ရှေ့တွင် ခန္ဓာကိုယ်ကို လှစ်ဟပြနေခြင်းမျိုးကို သဘောမကျပေ။

စုချန်းယိသည် နျဲ့ပုဖန် သူ့အကြည့်နေသည်ကို မြင်သောအခါ ရေချိုးကန်ထဲတွင် ပြန်ထိုင်၍ ကြက်ကိုလက်ညိုးထိုးပြကာဒေါသတကြီးပြောလိုက်သည်။

''အဲ့ဒီ ကြက်ကို မြန်ုမြန်ဖယ်ပေးစမ်း၊ ပြီးရင် ကန်ထဲက ရေကို အသစ်ပြန်လဲပေး''

နျဲ့ပုဖန်က လက်ထဲကိုင်လာတဲ့ အဝတ်တွေကို ဘေးမှာချကာ ရေကစားနေသော ကြက်ကလေးကိုကောက်ယူလိုက်သည်။

''မင်းကို ငါဘယ်နှခါပြောရမလဲ၊ သူစိမ်းတွေနဲ့ ရေမဆော့ပါနဲ့လို့၊ သူတို့က မင်းကို သတ်စားလိုက်ရင်ဘယ်လိုလုပ်မလဲ''

စုချန်းယိ မဲ့ပြုံးပြုံး လိုက်သည်။
သူ ဒီကြက်ကို စားချင်စိတ်မရှိပါ။

ကြက်ကို ဖယ်ပေးပြီးနောက် နျဲ့ပုဖန်က စုချန်းယိကို ပြောသည်။

''ရေ လဲစရာမလိုပါဘူး၊ ကျွန်တော့်ရဲ့မိသားစုဝင်တွေက သန့်သန့်ရှင်းရှင်းနေရတာ ကြိုက်တယ်။ သူတို့ကို နေ့တိုင်း ရေချိုးပေးထားတာမို့လို့ ရောဂါကင်းပါတယ်''

''မင်းက ငါ့ကိုကြက်နဲ့ ရေချိုးခိုင်းနေတာလား''
စုချန်းယိသည် ရေကန်ထဲမှ ကြက်မွှေးတစ်ချောင်းကို ကောက်ကိုင်ကာ ဒေါသတကြီးဖြင့်ဆိုသည်။

နျဲ့ပုဖန်သည် နောက်သို့ ခြေတစ်လှမ်းမျှ ဆုတ်၍ လက်ပိုက်ကာ ခပ်တည်တည် ပြောလိုက်သည်။

''ကျုပ်တို့ ကြက်သိုက်ရွာမှာ ဒါသဘာဝပဲ။ ကြက်တွေကို အလေးအမြတ်ထားရတာ ထုံးစံပဲ၊ ဒါဆိုခင်ဗျားဆက်ပြီး စကားများနေမယ်ဆိုရင်တော့  ရိုးရိုးရေအေးပဲ ဖြည့်ပေးနိုင်မယ်''

စုချန်းယိသည် သူ့ဘဝတွင် ထိုသို့ ဆိုးဆိုးရွားရွားဆက်ဆံမှုမျိုး တစ်ခါမှမကြုံခဲ့ဖူးပေ။ သူသည် နျဲ့ပုဖန်အား သတ်ချင်သော ဒေါသမီးတောက်နေသည့်မျက်လုံးဖြင့် ကြည့်ကာ ဘေးနား၌ရှိနေသောတစ်စုံတစ်ခုဖြင့် နျဲ့ပုဖန်အား ပစ်ပေါက်လိုက်သည်။

နျဲ့ပုဖန်လည်း အမှတ်မထင်မို့ မျက်နှာကို ထိမှန်သွားပြီး ရေတွေလည်း စင်ကုန်သည်။

စုချန်းယိက လှောင်ပြံးပြုံးလိုက်သည်။ သို့သော် နျဲ့ပုဖန် ပြန်ပြောသောစကားကို ကြားရသောအခါမျက်နှာပြန်ပျက်သွား၏။

နျဲ့ပုဖန်သည် မျက်နှာကို လက်ဖြင့်ပွတ်၍ ပြောလိုက်သည်။

''ဒီလိုဆို ခင်ဗျားက ကြက်ရွာလူကြီးနဲ့ ရေအတူတူချိုးချင်တာလား''

''ထွက်သွားစမ်းကွာ''
စုချန်းယိ အော်လိုက်သည်။

''ဘာလို့လဲ။ ဒါက ခင်မင်မှု အထိမ်းမှတ်အနေနဲ့ ကမ်းလှမ်းတာလေ၊ ခင်ဗျားက ငြင်းချင်တာလား''

စုချန်းယိ၏ မျက်နှာသည် အတော်ပျက်ယွင်းလျှက်ရှိကာ အံကြိတ်သံဖြင့် နျဲ့ပုဖန်ကို ထပ်မောင်းထုတ်လေသည်။

''ထွက်သွားကွာ''

နျဲ့ပုဖန်သည် စုချန်းယိ အနားပိုတိုးလိုက်၏။

''ကျွန်တော့်ကို ထွက်သွားခိုင်းနေတာလား။ ဒါဆိုလည်း ထွက်သွားဖို့ အကြောင်းအရင်းလေး ပြောကြည့်ပါလား''

ရေချိုးခန်းထဲက ထွက်သွားခိုင်းဖို့ အကြောင်းအရင်း လိုနေသေးလို့လား။

''မင်း သွားမှာလား၊ မသွားဘူးလား။ မင်းမသွားရင် ငါမင်းကို သတ်ပစ်မယ်''

''ခင်ဗျား ကျုပ်ကိုသတ်လိုက်ရင် ခင်ဗျားအခွင့်အရေးတွေ ဆုံးရှုံးပြီး ဘဝကြီး ပြောင်းလဲသွားမယ်ဆိုတာ သိတယ်မဟုတ်လား''

နျဲ့ပုဖန်သည် ရေကန်ထဲသို့ ဝင်ထိုင်လိုက်၏။
ရေကန်ထဲသို့ ရောက်သောအခါ၌ နျဲ့ပုဖန်သည် သူ၏ အဓိကပစ်မှတ်ကို တွေ့လိုက်ရသကဲ့သို့ စုချန်းယိ၏ ငယ်ပါအား ဆွဲဆုပ်ကိုင်ထားလိုက်သည်။

စုချန်းယိ၏ မျက်နှာသည် အောက်သိုးမည်းမှောင်သွားပြီး ဒေါသကြောင့် လက်သီးများဆုတ်၍ တဆက်ဆက်တုန်ကာ အံကြိတ်နေသည်။
''မင်းလို အရှက်သိက္ခာမရှိတဲ့ကောင် ဒီလောကမှာရှိနေသေးတယ်၊ မင်းလက်ကိုလွှတ်စမ်း''

နျဲ့ပုဖန်က သူ့သွား ဖွေးဖွေးတွေပေါ်အောင် ရယ်လိုက်သည်။
''အရှက်မရှိပေမယ့် သွားတွေတော့ ရှိပါတယ်''

စုချန်းယိ၏ ဒေါသမှာ ငယ်ထိပ်ရောက်ပြီး ပေါက်ကွဲလုပ်မတတ် ဖြစ်နေပါပြီ။
ဒါကို နျဲ့ပုဖန်က ထပ်၍ မီးလောင်ရာလေပင့်လိုက်၏။

''စကားအရမ်းများတဲ့ ညီအစ်ကို စု ကို လက်တစ်ဖက် အစွမ်းပြပေးရမလား''

စုချန်းယိ၏ သည်းခံမှု အတိုင်းအတာကျိုးပဲ့သွားလေ၏။

စုချန်းယိသည် ဆက်ကနဲထပြီး နျဲ့ပုဖန်အား ရေကန်ဘောင်နှင့် ကပ်ချုပ်ကာ လက်နှစ်ဖက်ဖြင့်လည်ပင်းကို ညှစ်ထားလိုက်သည်။

''မင်းကို လက်လွှတ်လိုက်လို့ ပြောနေတယ်လေ''

''အဟွတ် အဟွတ် ... စိတ်လျော့ စိတ်လျော့ပါ''

နျဲ့ပုဖန်မှာ လည်ပင်းအစ်ကာ ပြာဝေလာပြီး စုချန်းယိ၏ လက်များကို ကုတ်ဆွဲ၍ ဖယ်ထုတ်နေသည်။
လက်တစ်ဖက်ကလည်း စုချန်းယိ၏ အရာကို တင်းတင်းညှစ်ထားမိသည်။

စုချန်းယိလည်း တစ်စုံတစ်ဦးအပေါ် ကိုယ်ထိလက်ယောက် ကျူးလွန်နေမိမှန်း သတိပြန်ဝင်၍ နျဲ့ပုဖန်ကို လွှတ်ကာ နောက်ဆုတ်လိုက်သည်။ သူ တုန်ရီနေသည်။

ဒီအဖြစ်အပျက်ကိုသာ တစ်ယောက်ယောက်မြင်သွားရင် စုချန်းယိ ဒုက္ခရောက်သွားနိုင်သည်ဟု နျဲ့ပုဖန် တွေးမိသည်။

''မင်း...''
စုချန်းယိသည် မည်သူ တစ်ဦးတစ်ယောက်အပေါ်မှ မတရားသဖြင့် ကိုယ်ထိလက်ရောက် မကျူးလွန်ဖူးပါ။ ယခု နျဲ့ပုဖန်အပေါ် ကျူးလွန်မိသွားသည်။

''ညီအစ်ကိုစု အသက်ကိုပြင်းပြင်းရှူ...၊ အသက်ကိုပြင်းပြင်းရှူ...ဒီကိုလာပါ''

စုချန်းယိသည် အားအင်ချိနဲ့စွာဖြင့် နျဲ့ပုဖန် ပုခုံးပေါ်သို့ ခေါင်းမှီချလိုက်လေသည်။
သူတို့ နှစ်ဦးမှာ အလွန်ခင်မင်ရင်းနီးသောသူငယ်ချင်းနှစ်ဦး ဖက်ထားသကဲ့သို့ ဖြစ်နေသည်။

နျဲ့ပုဖန် ထံမှရသော မြက်နုရနံ့ကဲ့သို့ ကိုယ်သင်းနံ့ကိုရှူကာ စုချန်းယိ တဖြေးဖြေးစိတ်ငြိမ်လာသည်။ သူငယ်စဥ်ကတည်းက ကိုယ်ထိလက်ရောက် စော်ကားမှုမျိုး ဘယ်သူအပေါ်မှ မကျူးလွန်ခဲ့ဖူးပေ။
နျဲ့ပုဖန်၏အပြုအမူမှာ သူ့အား ရုပ်အတည်ပေါက်ကြီး ပျက်ရယ်ပြုနေသကဲ့သို့၊ သူ့ကို လိမ်လည်လှည့်စားနေသကဲ့သို့ ဖြစ်သောကြောင့် အစပိုင်းတွင်ဒေါသထွက်ခဲ့ပြီး ထိုသို့လက်ပါမိခြင်း ဖြစ်ပါသည်။

မိမိရှေ့က လူဟာ မိမိအပေါ်ရိုင်းပြစွာ ဆက်ဆံခဲ့ခြင်းအပေါ်  ခွင့်လွှတ်ပေးရ ပေမည်။
တချို့သောလူတွေက အန္တရာယ်မရှိသော အဆိပ်ပေါင်းပင်နှင့် တူပါသည်။ သို့သော် ခြေဗလာဖြင့် တက်နင်းမိပါက အဆိပ်သင့်ခြင်း အကျိူးဆက်ကိုခံစားရနိုင်ပါသည်။

စုချန်းယိ၏ မျက်လုံးများဟာ ဒေါသကင်းစင်လာ၏။ ထို့နောက် နျဲ့ပုဖန်အား တောက်တောက်ပပ စိုက်ကြည့်လိုက်သည်။

''အ....ခင်ဗျား ဘာကြည့်နေတာလဲ''

''မင်း ခန္ဓာကိုယ်ကို ကြည့်နေတာလေ''
စုချန်းယိက ပြုံးရင်းဖြေသည်။

''ဒါက ကျုပ် ခင်ဗျားကိုပြန်မရိုက်ချင်ပေမယ့် တစ်ခုတော့ပြောမယ်။ ခင်ဗျားရဲ့ခန္ဓာကိုယ်အချိုးအစားက ကျုပ်ထက်အများကြီးသာပေမယ့် ခင်ဗျားပစ္စည်းလေးက ကျုပ်ထက်သေးနေတာကို သိမ်ငယ်တယ် မခံစားရဘူးလား''

ငြိမ်သက်သွားသော စုချန်းယိ၏ ဒေါသတို့သည် တဖန်ပြန်ထွက်လာနိုင်သော အခြေအနေသို့ ရောက်ရှိနေသည်။
သို့သော် စုချန်းယိက ပြုံးကာ ...
''ဟမ်... မင်းကငါ့ထက်ကြီးတာသေချာလို့လား''

''သေချာတာပေါ့''

''ဒါဆို တိုင်းကြည့်မလား''

''ဘယ်လိုတိုင်းမှာလဲ''

''ဒီလို...''
စုချန်းယိသည် ပြောပြောဆိုဆိုဖြင့် နျဲ့ပုဖန်၏ ဘောင်းဘီထဲသို့ လက်နှိုက်ကာ အရာဝတ္ထုကိုဆုပ်ကိုင်၍ လက်ကို သွက်လက်စွာလှုပ်ရှားလိုက်သည်။ သူသည် စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားများကို ပစ်ချကာ အချိန်တိုအတွင်း နျဲ့ပုဖန် နှင့် အတူ ယာဂစိတ်များနိုုးကြွလာခဲ့၏။

''ဟေး ... မလုပ်နဲ့ရပ်ပါတော့''
နျဲ့ပုဖန်က တားသည်။
''ယောကျ်ားရင့်မာကြီးနှစ်ယောက်က ဒါမျိုးကိစ္စလုပ်လို့ သင့်တော်ပါ့မလား ခင်ဗျာ"

''မင်းက ရှက်တတ်တယ်လား''
စုချန်းယိက လက်ကိုမရပ်ပဲပြော၏။
''မင်းက ဒါမျိုးဝါသနာပါတယ်၊ ငါသိတယ်။ လီ မိသားစုက အငယ်ကောင်လေး(လီဟိုက်) နဲ့ မင်းဖြစ်နေကြတာ မဟုတ်လား''

''အ့... ဟုတ်ပါတယ်၊ ကျုပ်က သူ့ကို ကျောက်စိမ်းလေးလို တန်ဖိုးထားတာလေ''

နျဲ့ပုဖန်သည် လူပုံအလယ်တွင် လီဟိုက် နှင့် နမ်းခဲ့သော ကိစ္စကြောင့် မငြင်းသာပေ။

စုချန်းယိသည် သဘောကျစွာ ပြုံးလိုက်သည်။

''မင်းက ထူးခြားတယ်ဆိုတာ ငါသိတယ်''

တကယ်တမ်းတွင် နျဲ့ပုဖန်သည်လည်း စိတ်ပြင်းပြသော လူငယ်တစ်ယောက် ဖြစ်သည်။ စုချန်းယိ သူ့ကို ထိလိုက်တဲ့အချိန်မှာ တဖြေးဖြေးခံစားချက် ကောင်းလာခဲ့သည်။

သူသည် နှုတ်ခမ်းကို ဟကာ ဘုရားတမိနေသည်၊ စုချန်းယိ အရာကို ကိုင်ထားသည့် လက်တစ်ဖက်ကိုလည်း လှုပ်ရှားပေးလိုက်သည်။

၎င်းတို့နှစ်ဦးသားသည် စကားမပြောကြတော့ပဲ ၎င်းတို့ကြားက အပူချိန်သည် မြင့်သည်ထက်မြင့်တက်လာ၍ အသက်ရှုသံတွေကလည်း ပိုမိုပြင်းထန်လာ၏။

သိပ်မကြာမီတွင် စုချန်းယိသည် ရှေ့သို့တိုးကာ နျဲ့ပုဖန် နားသို့ တိုးတိုးကပ်ပြောလိုက်သည်။

''မင်းက မင်းဟာကို ငါ့ထက်ကြီးတယ်လို့ ပြောရဲသေးတယ်''

နျဲ့ပုဖန်သည် ပြန်တုန့်ပြန်စရာစကားမရှိပါ သူ့လက်ထဲတွင် ကိုင်ထားရသည်မှာ သံချောင်းကြီးကဲ့သို့ မာတောင်နေသောအရာ ဖြစ်နေသောကြောင့် ဖြစ်သည်။

''ဟုတ်ပြီ၊ စထားတဲ့ကိစ္စလေးကို အဆုံးထိပို့လိုက်ရအောင်''

နျဲ့ပုဖန်သည် စုချန်းယိအား တစ်ချက်ကြည့်ကာ သူ့အရာမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ပြီးမြောက်သွားလေသည်။ သို့သော် နျဲ့ပုဖန်သည် စုချန်းယိအား အားဖြင့် လိမ်ချိုးလိုက်သည်။

''အား''
စုချန်းယိသည် ခွေခေါက်၍ လဲကျသွားသည်။
နျဲ့ပုဖန်သည် ရေချိုးကန်ထဲမှ အမြန်ထွက်၍ အခန်းအပြင်သို့ လျောက်သွားခဲ့သည်။

''ကျုပ် ရွာလူကြီးတစ်ယောက်အနေနဲ့ ခင်ဗျားဖြစ်ချင်တာကို လိုက်လျောမပေးနိုင်ဘူး''

နျဲ့ပုဖန်သည် ခေါင်းမှရေများကိုခါကာ ခပ်တည်တည်ပြော၍ ထွက်သွား၏။
ရေချိုးကန်ထဲ၌ ငွားငွားစွင့်စွင့်ကြီး ပြုံးနေသောမင်းသားတစ်ပါးသာ ကျန်ခဲ့လေ၏။

နျဲ့ပုဖန် ထိုအိမ်ထဲကထွက်လာသောအခါ၌ အပြင်မှာ စောင့်နေကြသော စုချန်းယိ၏ နောက်လိုက်နှစ်ယောက်နှင့် တွေ့၏။
နျဲ့ပုဖန် တစ်ကိုယ်လုံး စိုရွှဲနေသည်ကို မြင်သောအခါ၌ စိုးရိမ်တကြီး မေးကြသည်။

''ဘာတွေဖြစ်လာတာလဲ''

နျဲ့ပုဖန်သည် ရုတ်တရက်ကြီး မကျေမနပ်ခံစားရကာ ဒေါသထွက်လာသည်။

''မင်းတို့ မင်းသား နေမကောင်းဖြစ်နေတယ်''

''နေမကောင်းဖြစ်နေတယ် ဟုတ်လား''
အစေခံက မျက်ခုံးကျုံ၏။
''ခင်ဗျား မဟုတ်တာမပြောနဲ့''

''ကျုပ်က မဟုတ်တာပြောရမလား''

နျဲ့ပုဖန် ဒေါသတကြီး ပြောလိုက်၏။

''ကျုပ်က အကောင်းနဲ့ အဝတ်အစားတွေသွားပို့ပေးတာကို ခင်ဗျားတို့ သခင်က ဒီလိုမျိုးလုပ်လိုက်တယ်လေ ကျုပ်ကို''

''ဘာလုပ်လို့လဲ''

''ကျုပ်အပေါ်ကို ခွင့်မလွှတ်နိုင်စရာ အမှားကျူးလွန်လိုက်တယ်လေ''

''မဖြစ်နိုင်တာ''

''ခင်ဗျားတို့ သူ့အနားမှာနေတာကြာပြီ။ သူ ဘယ်လိုလူလဲဆိုတာတောင် မသိကြဘူးလား။ တကယ် ရှက်ဖို့ကောင်းလိုက်တာ''

''...''
ဘာလို့များပါလိမ့်။

နျဲ့ပုဖန် သက်ပြင်းချလိုက်သည်။

''ခင်ဗျား မယုံရင်နေပါ၊ ကျုပ် ဘယ်သူ့မှလျောက်မပြောဘူး စိတ်မပူနဲ့။ ကျုပ် ပြောရင်တောင် ကျုပ်ကသာမာန်အရပ်သားလေ၊ သူက မင်းသားတစ်ပါး၊ ကျုပ်က မင်းသားလိုချင်တာကိုတောင် မဖြည့်စည်းပေးနိုင်ဘူးလား ပြောကြလိမ့်မယ်''

''........''

နျဲ့ပုဖန်သည် ပြောချင်ရာပြော၍ စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွား၏။ သို့ရာတွင် ခြေလှမ်းအနည်းငယ်မျှသွားပြီး နောက်သို့လှည့်ပြောလိုက်သေးသည်။

''ပြောရမှာတော့ မကောင်းပေမယ့် ခင်ဗျားတို့မင်းသားရဲ့ စိတ်အားထက်သန်နေပုံကြီးကတော့ ကြောက်စရာပဲ''

စုချန်းယိ ရေချိုးခန်းမှထွက်လာသောအခါ သူ့လူနှစ်ယောက်၏ ရုပ်ပျက်ဆင်းပျက် မျက်နှာများကိုတွေ့ရသည့်အပြင် ထူးထူးဆန်းဆန်းအကြည့်များဖြင့် ကြည့်ခြင်းကိုလည်း ခံနေရသည်။

စုချန်းယိမှာ နားမလည်နိုင် ဖြစ်နေသည်။
သူသည် နျဲ့ပုဖန်ကြောင့် သူ၏ဂူဏ်သိက္ခာများ ဆိုးဆိုးရွားရွား ဖျက်စီးခံလိုက်ရသည်ကိုတော့ သူ,မသိပေ။

''ညီအစ်ကိုစု ခင်ဗျားကို နတ်မိမယ်စောင့်နေတယ်''

နျဲ့ပုဖန်က အိမ်ရှေ့မှလှမ်းခေါ်လိုက်၏။

ထိုအခိုက်၌ စုချန်းယိသည် နျဲ့ပုဖန် ပြင်ဆင်ပေးထားသော ဝတ်စုံကို ဝတ်နေသည်။
အဝတ်အစားမှာ ရိုးရှင်း၍ ရှင်းလင်းနေသည်။သူ၏ ပုံမှန်ဝတ်နေကျ ပုံစံနှင့်ကွာခြား၏။ ဝတ်စုံသည် သဘာဝကျကာ လူကြီးဆန်နေသည်၊ ဒါအပြင် ဖုန်လည်း အနည်းငယ်တက်နေသည်။ စုချန်းယိ ပုံမှန်အတိုင်းခပ်တည်တည်နေပါက ထိုအဝတ်အစားကြောင့် သူတော်စင်နှင့်တူသည်ဟု ခံစားရစေသည်။

စုချန်းယိသည် ခေါင်းငြိမ့်ပြပြီး ထွက်လာခဲ့၏။

စုချန်းယီ နှင့် နတိမိမယ် တို့စကားပြောပြီးချိန်မှာတော့ စားဖို့သောက်ဖို့အဆင်သင့်ဖြစ်နေပါပြီ။
တုပုန်းကို နတ်မိမယ်တို့ နေရာဆီ စားသောက်ဖွယ်ရာများပို့ခိုင်းပြီး၊ နျဲ့ပုဖန်ကတော့ စုချန်းယိနှင့် သူ၏လူနှစ်ယောက်ကို ဧည့်ခံပေးခဲ့သည်။

စားသောက်နေစဥ်အတွင်း စုချန်းယိက ဘာစကားမှမပြောပေ။ စားပြီးတဲ့နောက်မှာတော့ နျဲ့ပုဖန်အား လှည့်ကာပြောလိုက်သည်။
''မနက်ဖန်ကျရင် ငါ့ဖို့ သီးသန့်အခန်းတစ်ခန်း ပြင်ပေးပါ၊ ငါ အခန်းပြောင်းနေချင်တယ်''

နျဲ့ပုဖန်ကလည်း ပန်းကန်တွေတူတွေသိမ်းဆည်းရင်းပြန်ဖြေသည်။

''လူတစ်ယောက်အတွက် တစ်နေ့ ငွေပြား ၁၀၀ ကျပါမယ်၊ ပစ္စည်းအပြည့်အစုံနဲ့ အိပ်ခန်းရပါမယ်၊ နေ့ချင်း ရှင်းပါ၊ အကြွေး လက်မခံဘူး''

စုချန်းယိက အောင့်သိုးသိုးဖြင့် လှည့်ကြည့်သည်။ထို့နောက် ကျောက်စိမ်းပြားတစ်ခုကို စားပွဲပေါ်သို့တင်ကာ ခပ်မာမာပြောသည်။

''ဒီကျောက်စိမ်းက အနည်းဆုံး ငွေပြားငါးရာတန်တယ်''

နျဲ့ပုဖန်က သူ့ကိုမကြိုက်သလို တစ်ချက်ကြည့်လိုက်သည်။

''မရပါဘူး၊ ကျွန်တော် ငွေသားပဲ လက်ခံပါတယ်''

ဒီလိုပစ္စည်းတွေက ငွေသားနှင့်ပြန်လဲဖို့ ခဲယဥ်းသည်။ ဒါကြောင့် နျဲ့ပုဖန် မကြိုက်ပေ။

စုချန်းယိ၏ မျက်နှာသည် ပုပ်သိုးသွား၏။ သူပက်ကနဲ ပြန်ပြောလိုက်ချင်ပေမယ့် ပါးစပ်ကို ထိန်းထားရသည်။
ထိုစဥ် သူ၏ နောက်လိုက်နှစ်ဦး ဝင်လာ၏။

''ရှုရှီ၊ ဒီသခင်လေး နျဲ့ပုဖန် ကို ငွေပြားတစ်ရာပေးလိုက်စမ်း''

ရှုရှီ ဟုခေါ်သော အစေခံသည် မျက်နှာပျက်ပျက်ဖြင့် ငွေတစ်ရာတန် ငွေလက်မှတ်ကို ကမန်းကတန်းထုတ်ကာ ပေးလိုက်သည်။

''အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်''
ဟုပြောကာ နျဲ့ပုဖန်က ငွေလက်မှတ်ကို ယူလိုက်သည်။

အင်း၊ ဒီစီးပွားရေးက အကျိုးရှိသားပဲ။ မိန်းကလေးယုချုံသာ ဒီမှာခဏနေနေမယ်ဆိုရင် ငါ့အတွက် ငွေထုပ်တွေ လက်ယပ်ခေါ်ပေးနေသလို ဖြစ်နေမှာပဲ။

နျဲ့ပုဖန်သည် စုချန်းယိထံမှ ထွက်လာပြီးနောက်  ၎င်းတို့ ဘာတွေဆွေးနွေးခဲ့ကြသလဲဆိုတ ာမေးမြန်းရန် ယုချုံ ဆီသို့လာခဲ့၏။

မိန်းကလေး ယုချုံသည် သူတို့ပြောခဲ့သည့်အကြောင်းအရာများကိုနျဲ့ပုဖန်အားပြောပြခဲ့၏။

''ရတနာသိုက်ကို ဖွင့်ရမယ့် အချိန်ကို နွေလည်လောက်ဖြစ်မယ်လို့ သူ့ကိုပြောလိုက်တယ်၊ ပိုသေချာသိရအောင်လို့ ညဘက်တွေ ကောင်းကင်ကြည့်ပြီး ကျွန်မ တွက်ချက်ကြည့်ဦးမယ် ပြောလိုက်တယ်''

နျဲ့ပုဖန်လည်း လက်မထောင်ပြကာ သူမအကြံကိုထောက်ခံလိုက်သည်။

''ကောင်းသားပဲ''

''ဒါဆိုရင် သော့ကိုရှာဖို့ အချိန်လုံလုံလောက်လောက်ရမှာပါ''

ယုချုံက ယုံကြည်ချက် ပြင်းပြစွာပြောသည်။

''နန်းတော်သခင်က ဒီခရီးက အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ မိန့်မြွတ်လိုက်တယ်၊ ကျွန်မ လုပ်နိုင်မယ်ဆိုတာ ယုံကြည်တယ်''

နျဲ့ပုဖန် ကလည်း အားကြိုးမာန်တက် အားပေးဟန်ဆောင်၍ ...
''အိုး...အိုး..ခင်ဗျား ကျိန်းသေလုပ်နိုင်မှာပါ''

ဒီလိုဆို သူတို့ လနည်းနည်းလောက် ထပ်နေကြဦးမှာပေါ့။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now