အခန်း (၂)

2.3K 278 7
                                    

Unicode

ဆေးဆိုင်ခုနစ်ဆိုင်ကို သွားပြီးနောက် ယဲဖန်သည် သူလိုအပ်​သော ​ဆေးဖက်ဝင်အပင် ဆယ်မျိုး​ကျော်ကို ယွမ်နှစ်သိန်းဖြင့် ဝယ်ယူခဲ့လေသည်။ ဤအရာ​ကြောင့် သူ့နှလုံး​သားမှ သွေးများယိုစီးလာသလိုခံစားလိုက်ရ၏။ ဒါ​ပေမယ့် ​ရေချိုးကန်ထဲတွင် သူ့ကိုယ်သူ စိမ်လိုက်တဲ့အခါ သူ့မျက်နှာ၌ အပြုံးတစ်ခု ပျံ့နှံ့သွားလေသည်။ သူ့အတွက် များစွာ ကုန်ကျခဲ့ရ​သော်လည်း သူ၏ ကြီးမားလာ​သော ချီစွမ်းအင်ကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရ​သည့်အခါ အနည်းငယ် ပီတိဖြစ်မိသည်။

သူ့အရင်ဘဝက သူသည် အလုံးစုံသိ အဖြစ် ခံယူခဲ့သည်။ ဂိုဏ်းအတွင်းရှိ လူတိုင်းက ကျင့်ကြံ​ရေးနှင့်ပတ်သက်ပြီး ပြဿနာကြုံလာလျှင် သူ့ဆီကို ​လာ​ရောက်ဆွေး​နွေးကြသည်။ သို့​သော် ယဲဖန်းက လူ​တော်​တော်များများသည် သူ​နောက်ကွယ်တွင် ​သူ့အ​ကြောင်းပြော​နေကြသည်ကိုလဲ သိပေသည်။ ​သေမျိုး နှင့်မ​သေမျိုးတို့သည် အ​ခြေခံသ​ဘောထားကွဲပြားမှုများ ရှိကြလေ၏။ သူက ဘယ်​​လောက်ပဲ ထက်မြက်​နေပါ​စေ အနှစ်တစ်ရာသာ ရှင်သန်နိုင်​သော ​သေမျိုးတစ်ဦးသာဖြစ်ပေသည်။ ​မွေးကင်းစအရွယ် ကျင့်ကြံသူက​လေး​တောင် နှစ်​ပေါင်းနှစ်​ထောင်အထိ ရှင်သန်နိုင်သည်။ 

ယဲဖန်သည် ဂရုမစိုက်သလို ပြုမူ​နေ​သော်လည်း တခြားတပည့်များသည် သူတို့၏ဓါး​ပေါ်တွင် ပျံသန်းနိုင်သည်ကို မြင်လျှင် သူ အမှန်တကယ်မနာလိုမဖြစ်ဘူးဆိုတာ မည်သို့ဖြစ်နိုင်မည်နည်း။ ​ဆေးဖက်ဝင်အပင်များ၏ ​လက်ကျန်အာနိသင်များကို စုပ်ယူပြီး​နောက် ယဲဖန်သည် ​ရေချိုးကန်ထဲမှ ထွက်လာခဲ့၏။ 

သူသည် ပိုက်ဆံရှာရန်ကြိုးစားသင့်လားဟု ​တွေး​နေစဥ် ​ခြေလက်များကို ဆန့်ထုတ်လိုက်သည်။ သူသည် ​ဆေးဆိုင်တွင် အသုံးဝင်​သော ​ဆေးဖက်ဝင်ပစ္စည်းအများအပြားကို ​တွေ့ရှိခဲ့သည်။ သို့သော်လည်း နှစ်​ပေါင်းခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့် သက်တမ်းရှိ​​သော ဂျင်ဆင်းကတော့ ယွမ်သန်း​ပေါင်းများစွာ ကုန်ကျမည် ဖြစ်သည်။ ယဲဖန်က အမှန်ပင် မတတ်နိုင်​ပေ။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now