အခန်း (၅၅)

1.5K 263 26
                                    

Unicode

ယဲဖန်ကို အိမ်ပြန်ပို့ပြီးနောက် ပိုင်ယွင်ရှီသည် ​ရှောက်ချီတိုက်ခန်းသို့ လူကိုယ်တိုင် သွား​ရောက်ကာ ပစ္စည်းများ ပို့ဆောင်​ပေးခဲ့သည်။

"မင်း ယဲဖန်ကို ရဲစခန်းက​နေ သွားထုတ်လာတာလား" ​ရှောက်ချီက ​မေးလိုက်သည်။

"ဟုတ်တယ်" ပိုင်ယွင်ရှီက ပြောလာခဲ့သည်။

"မင်း တစ်​ယောက်​ယောက်ကို အာမခံ​​ပေးတာ ​တောင်းဆိုဖို့ပဲ လိုတာ​လေ။ မင်းကိုယ်တိုင် စိတ်ရှုပ်ခံပြီး ဘာလို့သွား​နေရတာလဲ" ​ရှောက်ချီက ​အေးစက်စွာ ​ပြောလိုက်၏။

ပိုင်မိသားစု၏တတိယသခင်​လေးတစ်​ယောက်အ​နေနဲ့ မျက်လုံး​ပေါင်းစုံက သူ့လှုပ်ရှားမှုများကို ​စောင့်ကြည့်​နေခဲ့ကြသည်။ ရဲစခန်းကို သွား​ရောက်ခဲ့ပြီး​နောက် တစ်​ယောက်​ယောက်က ယဲဖန်အ​ပေါ် မျက်စိကျသွားမှာကို ​ကြောက်​လေသည်။

"ယဲဖန်က ဘာ​ကိုပြောသင့်တယ် မ​ပြောသင့်ဘူးလဲ ဆိုတာ လုံးဝမသိဘူး။ ကျွန်​တော်ကိုယ်တိုင် အာမခံမ​ပေးခဲ့ဘူးဆို သူ​ပြောခဲ့သည့်အရာ​တွေက ယုံကြည်စရာတစ်ကွက်မှ မရှိဘူးဆိုတာ ဘယ်သူ သိမှာလဲ" ပိုင်ယွင်ရှီက ​ခေါင်းယမ်းလိုက်​လေသည်။ အိုး သူက ချိုက်ကျန်ကျွင်းကိုလဲ တစ်လက်စတည်း အာမခံ​ပေးခဲ့ရ​သေးသည်။ သူ့ကိုသာ မထုတ်​ပေးခဲ့ဘူးဆိုလျှင် အဲ့​ကောင်​လေးက ဘာ​တွေ​ပြောလိုက်မလဲဆိုတာ မသိ​​တော့ပေ။

ပိုင်ယွင်ရှီက သူ့စိတ်ထဲတွင် ​ပြော​နေမိသည် 'ယဲဖန်က တကယ်ကို အရူးတစ်​ယောက်ပါပဲ။ ချန်ခယ့်လန်က ပုံမှန်စာရင်းသွင်းဖို့ကို လုပ်ခဲ့​ပေမဲ့ သူမက သူ့အ​ပေါ် ခံစားချက်ရှိ​နေပါတယ်လို့ ​တွေး​နေခဲ့​လေသည်။ သူ့ဘာသာလဲ ပြန်ကြည့်ပါအုံး။ ငါးဆားနယ်လိုမျိုး ပုံမှန်အဝတ်အစားများကို ဝတ်ဆင်ထားတာကို ဘယ်​နေရာက​နေ ယုံကြည်မှု​တွေရလာခဲ့တာလဲ'

"မင်းတို့အတူတူ​နေ ​နေတယ်ဆိုပြီး ကုမ္ပဏီမှာ ​ကောလဟလတစ်ခု ပြန့်​နေတယ်ဆို ငါ့နားထဲ​တောင် ​ရောက်လာပြီ။ အခု​တော့ မင်းက လူကိုယ်တိုင်​တောင် အာမခံ​ပေးခဲ့​သေးတယ်။ ​နောက်ရက်အနည်းငယ်​လောက်ဆို မင်းတို့​တွေ လက်ထပ်သွားပါပြီဆို​ပြီး လူ​တွေက ​ပြောကြ​တော့မယ်" ​ရှောက်ချီက ရှုံတွစွာ ​ပြောလိုက်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now