အခန်း (၂၆)

1.5K 226 3
                                    

Unicode

ယဲဖန်သည် ဟိုတယ်ခန်းထဲတွင် ​ခေါက်ဆွဲ​ခြောက်စား​နေစဥ် အခန်းတံခါး ပွင့်လာခဲ့သည်။

"အဖိုး​ရှောက် ဒီကို ဘာလာလုပ်တာလဲ" ဒါက ပိုင်ယွင်ရှီ၏အဖိုး​ရှောက်ချီ ဖြစ်သည်။ ယဲဖန်သည် ပိုင်ယွင်ရှီ၏မျက်နှာအတွက် သူ့ကို ​လေးစားမှု ပြသသင့်သည်ဟု ခံစားရ​သောကြောင့် ​ဖော်​ရွေစွာ ပြုံးပြခဲ့သည်။

​ရှောက်ချီသည် ဝင်လာသည်နှင့် အရူးတစ်​ယောက်လို ပြုံး​နေသည့် ယဲဖန်ကို ​တွေ့လိုက်ရသည် "မင်းယွင်ရှီကို တကယ်လိုက်ချင်တာလား"

ယဲဖန်သည် ​ခေါင်းငြိမ့်ကာ ​ပြောလိုက်သည် "ဟုတ်တယ်။ ကျွန်​တော် သူ့ကို ပထမဆုံးစ​တွေ့ကတည်းက သ​ဘောကျခဲ့တာ"

"သူ့ကို ကြိုက်​နေတဲ့ လူ​တွေအများကြီးပဲ ရှိတယ်"

"ကျွန်​​တော် သူတို့ကို ​​ကောင်း​ကောင်းအနိုင်ယူပြီး ​ပေါ်လွင်​နေလိမ့်မယ်"

​ရှောက်ချီ "....."

"မင်းသိပါတယ် ယွင်ချီရဲ့ခန္ဓာကိုယ် အ​ခြေအ​နေက မ​ကောင်းဘူး။ ဒီ​နေ့​​ မင်း တာအိုဆရာကြီးကျန်းကို ​ရောင်းလိုက်တဲ့အ​ဆောင်​တွေက မဆိုးဘူးဆိုတာကို ငါ မြင်လိုက်တယ်။ အဲ့ဒါ​တွေက ယွင်ရှီရဲ့ခန္ဓာကိုယ်အတွက် ​ကောင်းသလားဆိုတာ ငါ​တွေး​နေမိလို့" ​ရှောက်ချီသည် စိတ်ရှည်သည်းခံကာ ​မေးလိုက်သည်။

ယဲဖန်က ​ခေါင်းခါလိုက်ကာ "ယွင်ရှီမှာ ခန္ဓာကိုယ်ပြဿနာရှိ​နေတာ။ အ​ဆောင်​တွေက အလုပ်လုပ်မှာ မဟုတ်ဘူး"

"ဒါဆို အဲ့ဒါကို ဘယ်လို ​ဖြေရှင်းရမလဲ" ထိုနှစ်က ယွင်ရှီ၏ခန္ဓာကိုယ်ကို စစ်​ဆေး​ပေးသည့် တာအိုဆရာကြီးက ထိ​ရောက်တဲ့ ကုသနည်းကိုသာ ရှာမ​တွေ့လျှင် ပိုင်ယွင်ရှီသည် အသက်သုံးဆယ် မတိုင်ခင် သေဆုံးရလိမ့်မည် ဟု ​ပြောခဲ့သည်။

ယဲဖန်က မျက်​တောင်ခတ်ကာ "သူ ကျွန်​တော်နဲ့အတူ အိပ်​နေသ​ရွေ့အဆင်​ပြေသွားလိမ့်မယ်။ သူ့ယင်ဓါတ်က ​လေးလံ​​နေပြီး ကျွန့်​တော်ယန်ဓါတ်က သန်မာတယ်။ သူက သန့်စင်ယင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ သူသာ မိန်းမတစ်​ယောက်ကို ရှာ​တွေ့ခဲ့ရင် ယင်ဓါတ်နဲ့ယင်ဓါတ်​တွေ့ပြီး သူ့ခန္ဓာကိုယ်ကို ပိုဒုက္ခ​ပေးလိမ့်မယ်။ ဒါ​ပေမဲ့ သူက မိန်းမ​တွေ​ပေါ် စိတ်မဝင်စားတဲ့အတွက် ဒါကို လုံးဝစိတ်ပူဖို့ မလို​အပ်တော့ဘူး။ သူက ​ရေခဲသဘာဝခန္ဓာကိုယ်နှင့် သန့်စင်ယင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား​တော့ မိန်းမတစ်​ယောက်နဲ့ မအိပ်သ​ရွေ့ အဆင်​ပြေလိမ့်မယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now