အခန်း (၈)

1.6K 261 6
                                    

Unicode

"အထဲဝင်လာ​လေ" ယဲဖန်သည် တံခါးဖွင့်ကာ သူတို့ကို ဖိတ်လိုက်သည်။ 

ကျန့်ဟိုက်လင်သည် အ​ခြေအ​နေအား အကျဥ်းချုပ် ရှင်းပြ​လေသည်။  ​

"ဘေးကင်း​ရေးအ​ဆောင်က လူတစ်ဦးကို ဘေးကင်းလုံခြုံ​စေပြီး ​သေးငယ်​သော ​ဘေးဒုက္ခများကို တားဆီး​ပေးနိုင်တယ်။ ကုသ​ရေးအ​ဆောင်က သာမန်ဖျားနာမှု​တွေကိုသာ ကုသ​ပေးနိုင်တယ်။ သရဲတစ္ဆေများအ​ပေါ် အလွန်အသုံးဝင်တယ်လို့ မယူဆနိုင်​ပေမဲ့ အနည်းငယ်ပဲ အလုပ်ဖြစ်မယ်။ ဒါ​ပေမဲ့ ဒီအ​ဆောင်​တွေက စုန့်ပိုဟွေ့ရဲ့အသက်ကို ယာယီပဲ လုံခြုံ​နိုင်လိမ့်မယ်လို့ ငါထင်တယ်။ " စုန့်ပို​ဟွေ့အား တစ္ဆေမ ဝင်ပူးခံထားရသည်မှာ အချိန်ကြာသွားလျှင်​ သေသွားပေလိမ့်မည်။

ယဲဖန်သည် ရုတ်တရက် သူ့တွင် ယုံကြည်မှုများ ​ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ သူ့ကျင့်ကြံမှုသည် အလွန်နိမ့်လွန်းသည်။ သူသာ စတုတ္ထအဆင့်သာ​ရောက်​နေလျှင် ဘေးကင်း​ရေးအ​ဆောင်တစ်ခုနှင့်​တောင် အဆိုပါသရဲမအား ပြာအဖြစ်သို့​ ​ပြောင်းလဲပစ်နိုင်သည်။ 

ကျန့်ဟိုက်လင်သည် စိတ်လှုပ်ရှားစွာဖြင့် "ငါက ဒီမှာ သရဲတစ္ဆေ​တွေကို ​မောင်းထုတ်နိုင်မလားလို့ မင်းကို လာ​မေးတာ"

"မင်း တစ္ဆေမုဆိုး​တွေဆီကို အကူအညီ​တောင်းဖို့ သွားပြီးပြီလား" ယဲဖန်​မေးလိုက်သည်။ 

ကျန့်ဟိုက်လင်သည် ​ခေါင်းငြိမ့်ကာ ​"သွားတယ်။ အဲ့တစ္ဆေမက နှစ်တစ်​ထောင်သက်တမ်းရှိ ရက်စက်ကြမ်းကြုတ်တဲ့သရဲမ ဖြစ်ပြီး အရမ်းအစွမ်းထက်လွန်းတယ်။ ကိုင်တွယ်ရမလွယ်ဘူးလို့ တစ္ဆေမုဆိုး​တွေက ​ပြောတယ်" ဟု ​ပြောသည်။

ယဲဖန်းသည် အံ့သြသင့်သွားပြီး "နှစ်တစ်​ထောင်သရဲမလား။ အိုး ။ သွားရှုပ်ဖို့ မလွယ်ဘူး" ဒီကမ္ဘာပေါ်မှာ အများအပြား​တွေ့မြင်ခဲ့ရပြီး ကြာရှည်စွာ တည်ရှိ​နေခြင်း​ကြောင့် သရဲမသည် အလွန်အစွမ်းကြီးသင့်သည်။ ဒီကမ္ဘာမှာ လူလိမ်​တွေ​ပေါများလွန်း​သော​ကြောင့် သူသည် ယုံသင့်၊မယုံသင့်မှန်းလဲ  မသိ​တော့​ပေ။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now