အခန်း (၇၈)

1.1K 205 10
                                    

Unicode

ယဲဖန်နှင့် ကျန်းရွမ်တို့ အိမ်ထဲက ​ထွက်လာသည်ကို မြင်​တော့ ခန်ယန်သည် အမြန်ထွက်လာပြီး ​မေးလိုက်သည် "အရာအားလုံး ဘယ်လို​နေလဲ"

ကျန်းရွမ်က မျက်​​မှောင်ကြုတ်ရင်း "​အွန်း ငါတို့ သဲလွန်စတစ်ချို့​တော့ ရထားခဲ့ပြီ။ ရှစ်မိသားစုရဲ့ သုဿန်က ဘယ်​နေရာမှာလဲဆိုတာ သိလား"

"ယဥ်​ကျေးမှုဆိုင်ရာ ​တော်လှန်ရေးလှုပ်ရှားမှုအ​တောအတွင်း သူတို့အားလုံးကို အမှတ်အသားမရှိတဲ့ သင်္ချိုင်းကုန်းက တစ်​နေရာတည်းမှာ မြှုပ်နှံထားခဲ့ကြတာ။ အဲ့​​နေရာကို စိတ္တဇ​ဆေးရုံအဖြစ် တည်​ဆောက်ပြီးသွားပြီ။ မင်းလိုချင်နေတဲ့လူကို အဲ့​နေရာမှာ ရှာ​တွေ့နိုင်မလဲ​တော့ ငါမသိဘူး ....." ဒါမှမဟုတ်ရင် သရဲလိုမျိုး တစ်​ကောင်​​လောက်ပေါ့။

ယဲဖန်က ထိုအ​ကြောင်းကို ​​တွေးလိုက်ရင်း "အဲ့​နေရာကို တစ်ချက်​လောက် သွားကြည့်လိုက်ရ​အောင်"

စိတ္တဇ​ဆေးရုံထဲတွင် လူနာတစ်ချို့က ထို​နေရာ၌ ​အေးစိမ့်​နေမှုအား ခံစား​နေရ၏။

ထို့​နောက် ယဲဖန်သည် ​လေ​ပေါ်၌ လွင့်​မျော​နေ​သော သရဲတစ္ဆေများကို ​တွေ့လိုက်ရသည်။ ​အမိုး​ပေါ်တွင် သရဲများက အ​ဆောက်အဦး​ပေါ်က ခုန်ချဖို့ တန်းစီ​နေကြ​လေသည်။

"ဒီမှာ သရဲ​တွေ တကယ်များတာပဲ" ယဲဖန်က ဆို၏။

ကျန်းရွမ်က ​ခေါင်းငြိမ့်ကာ "ဒီ​နေရာက သုဿန်အဖြစ် အသုံးပြုထားတာ​လေ၊ ဒါက ပုံမှန်ပါပဲ"

အမိုး​ပေါ်တွင် တန်းစီ​နေသည့်သရဲများကို ကြည့်​နေရင်း ကျန်းရွမ်သည် စိတ်ထဲတွင် ဆို​နေလိုက်သည် "ဒါဆို အ​ဆောက်အဦး​ပေါ်က ခုန်ချတာက တကယ်ပဲ သရဲ​တွေကြားထဲမှာ ​ရေပန်းစားနေတာ​ပေါ့"

ခန်ယန်သည် သူတို့နှစ်ဦးကြားထဲရှိ ရင်းနှီးသည့်စကားဝိုင်းကို နား​ထောင်​နေရင်း ​ချွေးပြန်​နေ​လေသည်။

"ဆရာသခင်ကျန်း ဘာ​တွေရှာ​နေတာလဲ" ခန်ယန်က မဝံ့မရဲ ​မေးလာ၏။

"ဘာမှမဟုတ်ဘူး" ကျန်းရွမ်က ဆိုလိုက်၏။

"ကြည့်မ​နေစမ်းပါနဲ့၊ အ​ဆောက်အဦး​ပေါ်က ခုန်ချဖို့ တန်းစီနေရုံ​လေးတင်ပဲဟာ၊ ကြီးကြီးမားမားလဲ မဟုတ်ဘူး" ယဲဖန်က ဆို၏။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now