အခန်း (၈၄)

1.1K 213 25
                                    

Unicode

ယဲဖန်သည် ​ရှေး​ဟောင်းကိုယ်ခံပညာကျင့်ကြံသူကို ကြည့်ပြီး စိတ်ရှုပ်​ထွေးစွာဖြင့် "ငါက ဘာလို့​သေရမှာလဲ။ ငါက အရမ်းအစွမ်းထက်တာ။ မင်းတို့​ကောင်​တွေအားလုံး ​သေသွားရင်​တောင် ငါက မ​သေနိုင်ဘူးကွ"

"ဟမ့် ပစ်ကြစမ်း"

ယဲဖန်သည် ထို​နေရာ၌ တစ်ခဏမျှ​အေးခဲသွားခဲ့သည်။ သူသည် အစက သူတို့သုံးဦးလုံးက သူ့အား တိုက်ခိုက်လာမည်ဟုသာ ထင်ခဲ့​ပေမဲ့ သူတို့က ဒီလိုသာမာန်နည်းလမ်းမျိုးကိုသာ အသုံးပြုလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့​ပေ။

ယဲဖန်ဆီသို့ ကျည်ဆံဒါဇင်နှင့်ချီပြီး ပျံသန်းလာခဲ့သည်။ ယဲဖန်သည် ​ရွှေ​ခေါင်း​လောင်းဒိုင်းကို အသုံးပြုခဲ့ပြီး​နောက် ကျည်ဆံများသည် မမြင်နိုင်သည့်နံရံအား ထိမှန်သွားသကဲ့သို့ ​မြေပြင်​ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ဂျက်သည် ထိုထူးဆန်းသည့်မြင်ကွင်းအားမြင်​တော့ သူ့နှလုံးသားသည် တင်းကျပ်သွား​လေသည်။ မျိုးဗီဇ​ပြောင်းစစ်သည်တို့ဟာ အဖွဲ့အစည်း၏ ​နောက်ဆုံး​ပေါ် အစွမ်းများဖြစ်သည်။ ဂျက်သည် လက်တစ်ချက်​ဝှေ့ယမ်းလိုက်တာနှင့် ဒါဇင်​ပေါင်းများစွာလူများက ​လောင်ကျွမ်း​သေဆုံးသွားခဲ့ရသည့် အဖွဲ့အစည်း၏နံပါတ်တစ် ဆရာသခင်ကို ​တွေ့ခဲ့ဖူး​လေသည်။ ဒါ​ပေမဲ့ ထိုဆရာသခင်က ​သေမျိုးတစ်ဦးဖြစ်​နေ​သေးတုန်းပင်။ ဒါ​ကြောင့် သူဟာ ​သေနတ်လိုအရာမျိုး​ကြောင့် ထိခိုက်ဒဏ်ရာရနိုင်​သေးတုန်းပင် ဖြစ်​လေသည်။

"အတူတူလုပ်ကြရ​အောင်" ဂျက်က ​အော်လိုက်၏။

ထို့​နောက် ​ရှေး​ဟောင်းကိုယ်ခံပညာကျင့်ကြံသူနှစ်ဦးက ယဲဖန်ကို တိုက်ခိုက်လာခဲ့ကြသည်။ ယဲဖန်သည် ထိုနှစ်ဦး၌ ကြီးကျယ်​​လောက်သည့်စွမ်းအားမျိုးရှိ​ကြောင်း ရှာ​တွေ့သွားခဲ့သည်။ သူသာ ချီကျင့်ကြံခြင်းစတုတ္ထအဆင့်သို့သာ မ​တိုးမြှင့်ထားခဲ့လျှင် သူသည် ထိုအရာကို ခံနိုင်ရည်စွမ်းအားမရှိနိုင်​လောက်​တော့​ပေ။

​ရှေး​ဟောင်းကိုယ်ခံပညာကျင့်ကြံသူနှစ်ဦးထဲမှ ပျော့​ပျောင်းသည့် ကြာပွတ်ကို အသုံးပြုသည့်တစ်​ယောက်က အ​တော်​လေး အစွမ်းထက်လှသည်။ သူ့ကြာပွတ်သည် အပျိုစင်တို့၏​သွေးထဲ၌ နစ်မြှုပ်ထား​ခဲ့တာကြောင့် ပြင်းထန်သည့် ယင်ချီဓါတ်များရှိ​နေ​ကြောင်း ယဲဖန်က ရှာ​တွေ့သွားခဲ့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now