အခန်း (၄၂)

1.4K 222 4
                                    

Unicode

ယဲဖန်က ပိုင်ယွင်ရှီကို ကြည့်ရင်း "ယွင်ရှီ​ရေ ငါတို့​တွေ တစ်ခုခု သွားစားရ​အောင်​လေ"

ပိုင်ယွင်ရှီက ယဲဖန်ကို စိတ်တိုစွာ ကြည့်ကာ "ငါက မင်းလိုမျိုး မအားဘူး။ လုပ်စရာအများကြီးကျန်​သေးတယ်ကွ"

ယဲဖန်က သူ့​ခြေ​ထောက်ကို လှုပ်ကာ "ဒါက မင်းအတွက် အရမ်းခက်ခဲလွန်းတာပဲ"

ပိုင်ယွင်ရှီက သူ့မျက်လုံးကို ကျဥ်းလိုက်ကာ "ဒါဆိုရင် ပိုက်ဆံက မိုး​ပေါ်က ကျလာတယ်လို့ မင်းထင်​နေတာလား"

ယဲဖန် "....."

"ဒါဆိုလဲ ငါပဲအပြင်ထွက်ပြီး​တော့ စားစရာသွားဝယ်လိုက်မယ်။ မင်း စားချင်တာ တစ်ခုခုရှိလား။ ​ကျောက်ပုစွန်အစပ်ဆိုရင်​ရော ဘယ်လိုတုန်း" ယဲဖန်က ​မေး၏။

ပိုင်ယွင်ရှီက ကူကယ်ရာမဲ့စွာ ပြုံးရင်း "မလိုဘူး။ ​ကျေးဇူးပဲ။ ထမင်း​ကြော်ဆိုရင်ကို ရပြီ"

"ထမင်း​ကြော်လား။ မင်းဟာက အရမ်းကိုငြီး​ငွေ့ဖွယ်မ​ကောင်းလွန်း​နေဘူးလား။ မင်းက ဒီ​​​နေ့​ကော အချိန်ပိုထပ်ဆင်းရအုံးမှာလား။ ဘဝက ခက်ခဲလွန်းလိုက်တာ။ တကယ်​တော့ ငါ မင်းကို ​ထောက်ပံ့​ပေးနိုင်ပါတယ်" ယဲဖန်က ​ပြောသည်။

ပိုင်ယွင်ရှီက ကူကယ်ရာမဲ့စွာ ထပ်မံပြုံးပြလိုက်ပြီး "မင်းက ယွမ်သန်းငါးဆယ် ဝင်​ငွေရှိတယ်ဆိုပြီး ဂုဏ်ယူ​နေတာလား။ ဒါက ဘာဂုဏ်ယူစရာမှမရှိဘူး"

ယဲဖန်က စူပုတ်ကာ "အို လာစမ်းပါ။ ကျွန်​တော်က အခု​တော့ မချမ်းသာ​သေး​ပေမဲ့ ကတိ​တော့​ပေးနိုင်တယ်။ ထားလိုက်ပါ အခု​တော့ စားစရာသွားဝယ်လိုက်အုံးမယ်"

ယဲဖန်သည် ဓါတ်​လှေကားမှ ထွက်လာပြီး​နောက် အ​ရှေ့​ကောင်တာစားပွဲမှဝန်ထမ်းနှစ်ဦးက သူ့အား ထူးဆန်း​သောအကြည့်များဖြင့် ကြည့်​နေ၏။ 

"သခင်​လေးယဲ အပြင်သွားမလို့လား" ဆံပင်ရှည်နှင့်တစ်​ယောက်က ​မေးလိုက်၏။

ထို​နေ့ကတည်းက ယဲဖန်သည် သူတို့ကုမ္ပဏီသို့ မကြာခဏ လာ​ရောက်လည်ပတ်တဲ့သူဖြစ်လာသည်။ ပိုင်ယွင်ရှီက အခြားလူများကို​တော့ အမြဲလျစ်လျူရှုထား​​သော်လည်း ဒီယဲဖန်က​တော့ သူ့ရုံခန်းထဲတွင်​တောင် တ​စ်ရေး​တစ်​မောအိပ်စက်နိုင်​လေသည်။ ​နောက်ဆုံးအကြိမ်တုန်းကလဲ ယဲဖန်က သူ့ရုံခန်းအား ပုပ်​စော်နံ့​အောင် လုပ်ခဲ့​ပေမဲ့ ပိုင်ယွင်ရှီက စိတ်မဆိုးခဲ့​ချေ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now