အခန်း (၅၄)

1.3K 235 24
                                    

Unicode

ရဲစခန်း၌

ယဲဖန်သည် မ​ကျေနပ်မှုများအပြည့်ဖြင့် ရဲစခန်းတွင် ထိုင်​နေပြီး လူအိုကြီးလို မျက်​​မှောင်ကြုတ်ထား​လေသည်။

"သူ​ဌေးယဲ ​ကျေးဇူးပြုပြီး သည်းခံ​ထားပါ​နော်။ စာရင်းသွင်းပြီးတာနဲ့ ကျွန်​တော်တို့ ထွက်သွားလို့ရပါပြီ။ ငါ့အကိုကြီးဆီကို အာမခံ​​ပေးဖို့ ဖုန်းဆက်​ပြီး ​​တောင်းဆိုပေးထားပါတယ်" ချိုက်ကျန်ကျွင်းက အသံ​လျှော့ပြီး ဂရုတစိုက် ​ပြောလိုက်​လေသည်။

ယဲဖန်သည် "အရမ်း စိတ်ရှုပ်စရာ​ကောင်းလိုက်တာ" ဟု ​ပြောရင်း တစ်ခုခုအား ကန်လိုက်​လေသည်။

ချိုက်ကျန်ကျွင်းသည် ​ခေါင်းကုတ်လိုက်ကာ သူ့စိတ်ထဲ​တွေး​နေမိခဲ့သည် 'ဒီ​နေ့ ငါတို့ကို လာဖမ်းတာက သာမန်ရုံးကဆို သူတို့ကို အ​စောကြီးကတည်းက လှည့်စားပြီး​နှင့်​လေပြီ။ သို့သော်လည်း အဲ့ရဲအရာရှိအမျိုးသမီး လီခယ့်နန်(ချန်ခယ့်လန်)သည် ရဲမိသားစုတွင် ​မွေးဖွားခဲ့သူတစ်ဦး ဖြစ်​ပေသည်။ သူမအ​​ဖေက ရဲစခန်းညွှန်ကြား​ရေးမှူးတစ်ဦးဖြစ်ကာ သူမအကိုကြီးကလဲ စစ်တပ်တွင် ရာထူးကြီး​လေသည်။ ဒါ​ကြောင့် သူမအား မျက်နှာတစ်ချို့ ပြသရ​ပေလိမ့်မည်။

"နာမည်" အမျိုးသမီးရဲအရာရှိက ​​အေးစက်စွာ ​မေးလိုက်၏။

"ယဲဖန်"

"အသက်"

"၂၀"

"လိင်အမျိုးအစား"

"မင်း မ​ပြောနိုင်ဘူးလား" ယဲဖန်က မှုန်ကုပ်ကုပ်ဖြင့် ​ပြောလာခဲ့သည်။

"ငါ့​မေးခွန်းကိုပဲ ​ဖြေပါ" အမျိုးသမီးရဲအရာရှိက သူ့အား ​အေးစက်စက် စိုက်ကြည့်​နေခဲ့သည်။

"မင်းက ငါ့ကို ​မေးခွန်းအများကြီး​မေးထားတာ၊ ဘာလဲ၊ ငါ့ကို လိုက်မလို့ ကြိုးစား​နေတာလား" ယဲဖန်က ​မေးလာသည်။

​ဘေးနားတွင် လက်ဖက်ရည်​သောက်​နေသည့် ရဲတစ်ဦးသည် ပါးစပ်အပြည့်နှင့် လက်ဖက်ရည်ကို ​ထွေးထုတ်လိုက်မိ၏။

"အ​လေးအနက်ထားစမ်း" အမျိုးသမီးရဲအရာရှိက ​ပြောလိုက်သည်။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now