Unicode
ပိုင်မိသားစုတွင်
အစကတော့ မုလျန်ဖင်သည် ယဲဖန်ပေးထားသည့်မှတ်တမ်းကို သံသယစိတ်ဝင်နေခဲ့သော်လည်း ကျင့်ကြံပြီးနောက်တွင် အရင်ကလိုမျိုး အတားအဆီးများမရှိတော့ဘဲ အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ခဲ့ပေသည်။
သူသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွား၏။ ယန်လိန်ရွယ်၏တိုက်ခိုက်မှုကို အချက်၂၀အတွင်း ရှုံးနိမ့်သွားရခြင်းမှာ သူ့စိတ်ထဲတွင် အရိပ်မဲကြီးတစ်ခု ကျန်ရစ်နေခဲ့သည့်အတိုင်းပင် ဖြစ်သည်။
သူသည် ၎င်းအား တစ်ခါမှ ထုတ်မဖော်ပြခဲ့သော်လည်း သူ့မျက်နှာပြန်ရနိုင်မည့် မျှော်လင့်ချက်ကိုတော့ သူ့ရင်ထဲတွင် ဆုပ်ကိုင်ထားနေဆဲပင် ဖြစ်သည်။ ယခုတော့ သူသည် နောက်ဆုံး၌ အခွင့်အရေးတစ်ခုနှင့် တွေ့ဆုံခဲ့ရကာ သူ့သွေးများဆူပွတ်လာသလိုမျိုး ခံစားလိုက်ရတော့သည်။
"အဖိုး ကျွန်တော့်ကို ကူညီပေးပါနော်" မုလျန်ဖင်က ဆိုလိုက်သည်။
ရှုယွမ်ချင်က ခေါင်းငြိမ့်လိုက်ပြီး "သိပါတယ်။ ငါ့မြေးပဲဟာ။ မင်းကို ဘယ်လိုလုပ်ပြီး မကူညီဘဲနေရမှာလဲ။ ဒါပေမဲ့ ဒါက လွယ်ကူရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး။ အဲ့ဒီယဲဖန်နဲ့က စကားပြောရတာ မလွယ်ကူဘူး"
ယဲဖန်၏စိတ်အကြောင်းကို တွေးမိတော့ မုလျန်ဖင်က အနည်းငယ် စိတ်ဓါတ်ကျသွားခဲ့ပေသည်။ ဒီကောင်လေးက သူ့မျက်လုံးထဲ ပိုက်ဆံပဲ မြင်လေသည်။
"ဒီကောင်လေးရဲ့ နောက်ခံအကြောင်းတော့ ငါ မသိဘူး။ သူ ဒီလိုမျိုး အဖိုးတန်တဲ့ ပညာရပ်မှတ်တမ်းကို ဘယ်နေရာက ရလာခဲ့ပါလိမ့်" ရှုယွမ်ချင်က မပြောဘဲ မနေနိုင်တော့ပေ။
"ဒီကောင်လေးက တကယ်လျှို့ဝှက်ဆန်းကြယ်လွန်းတယ်" မုလျန်ဖင်က ရေရွတ်လိုက်လေသည်။
ရှေးဟောင်းကိုယ်ခံပညာရပ်အသိုင်းအဝိုင်းက ဘယ်တုန်းကမှ မလုံခြုံခဲ့ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်လောက်တုန်းက ငြင်းပယ်ခြင်းခံထားရသည့် ရှေးဟောင်းကိုယ်ခံပညာရပ်မိသားစုတစ်ခုမှ လူငယ်လေးတစ်ဦးဟာ တိုက်ပွဲတစ်ခုတွင် ရှုံးနိမ့်သွားခဲ့ရသည်။ သူသည် ထိုအရာအား အခဲမကျေနိုင်သောကြောင့် သူတို့မိသားစု၏ရတနာဓါးကို ဆုပ်ကိုင်လျက် တစ်ဖက်လူအား ပြန်လည် တိုက်ခိုက်ခဲ့ပေသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...