အခန်း (၈၅)

1K 234 63
                                    

Unicode

ပိုင်မိသားစုတွင်

"အဘိုး ဖိတ်စာကတ်​တွေ လုပ်​နေတာလား" ပိုင်ယွင်ရှီသည် ပိုင်ရှစ်ယွမ်​ဘေးသို့ ​လျှောက်လာရင်း ​မေးလိုက်သည်။

"ဟုတ်တယ်"

"ဒီတစ်ခုက ယဲဖန်ဆီ ပို့မလို့လား" ပိုင်ယွင်ရှီက ဆိုလိုက်၏။

ပိုင်ရှစ်ယွမ်က မ​ပျော်မရွှင်ဖြင့် "ဒါက ငါ့အ​ကောင်းဆုံးမိတ်​ဆွေအတွက်ကွ။ ဒါကို အဲဒီ​ကောင်ဆီပို့ဖို့က နည်းနည်း​လေးမသင့်​တော်​လောက်ဘူးမလား"

ဖိတ်စာကတ်အား နှစ်မျိုးခွဲခြားထား​လေသည်။ တစ်ခုက ရင်းနှီး​သောလူများအတွက်ဖြစ်ပြီး တစ်ခြားတစ်မျိုးမှာက​တော့ သာမာန်မိတ်​​ဆွေများနှင့် စီးပွား​ရေးပါတနာများအတွက် ဖြစ်​လေသည်။

ပိုင်ယွင်ရှီက ​ပေါ့​ပေါ့ပါးပါးဖြင့် "ဒီတစ်ခါ​ပဲ အဘိုး၊ ယဲဖန်က ​တောက်ပတဲ့ပစ္စည်း​တွေကို သ​ဘောကျတယ်"

ပိုင်ရှစ်ယွမ် "သူက ​တောက်ပတဲ့ပစ္စည်း​တွေသ​ဘောကျတယ်၊ ငါ​တော့ သူဘယ်​လောက်​တောက်ပလဲဆိုတာ​တော့ မ​မြင်မိပါဘူး"

ပိုင်ယွင်ရှီသည် ဖိတ်စာကတ်ကို ကိုင်ထားပြီး ဘာမှ​တော့ မ​ပြောခဲ့​ပေ။

ထိုအရာကို မြင်​တော့ ပိုင်ရှစ်ယွမ်သည် မှုန်​တေ​တေဖြင့် "​ကောင်းပြီ၊ ဒီတစ်ခုကို သူ့ဆီပို့လိုက်မယ်"

.......

ဝမ်ကျင်းရှစ်အကူအညီဖြင့် ယဲဖန်သည် ကားဝယ်ရာတွင် အလွန်​ချော​မွေ့ခဲ့၏။

သူသည် ​​ငွေပေး​ချေပြီးသည်နှင့် ပိုင်ယွင်ရှီထံမှ ဖုန်းဝင်လာခဲ့သည်။

"ယွင်ရှီ ဘာကိစ္စရှိလို့လဲ"

"မင်းအဘိုး​မွေး​​နေ့ဆိုတာ ငါသိတယ်​လေ၊ ငါ​သေချာ​ပေါက် သွားမှာ​ပေါ့"

"ငါ မင်းဟာနဲ့ ဆင်တူလွန်းတဲ့ကားတစ်စီး ဝယ်ခဲ့တယ်"

"ယွင်ရှီ ငါက ငါးဆားနယ်နဲ့ တူတယ်လို့ ​ပြော​နေတာကို ရပ်တန့်လိုက်​တော့"

"ငါ အ​စောကြီး ​ရောက်လာလိမ့်မယ်၊ စိတ်မပူပါနဲ့၊ ငါ လူအိုကြီးကို ​ဒေါသထွက်အောင် မလုပ်ပါဘူး။ ငါတို့က အာဃာတ​တွေမထားတတ်ပါဘူး။ ငါက ဘာလို့ သူ့ကို ရန်စရမှာလဲ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now