အခန်း (၃၄)

1.4K 240 7
                                    

Unicode

"~~~" ယဲဖန့်ဖုန်း မြည်လာ​လေသည်။

"ဟဲလို ဘယ်သူလဲ။ ဘာကိစ္စရှိလို့လဲ"

"သခင်​လေးယဲ ကျွန်​တော်က ဟွာယွဲ့အဆင်မြင့်ရပ်ကွက်က လုံခြုံ​ရေး​ခေါင်​ဆောင်ပါ။ မင်းအ​ဖေလို့ ​ပြော​​နေတဲ့ လူတစ်​ယောက်​ ဒီမှာ​ရောက်​နေလို့ပါ"

ယဲဖန်သည် ဆိုဖာတွင် လဲ​လျောင်းရင်း ​ခြေ​ထောက်လှုပ်ရမ်းကာ ​မေးလိုက်သည် "ကျွန်​တော့်အ​ဖေလား။ ကျွန်​တော်မှာ အ​ဖေမရှိဘူး။ ကျွန်​တော့်အ​ဖေလို့ ​ပြောတဲ့ ဘယ်သူပဲဖြစ်ဖြစ် လူလိမ်ပဲ။ သူ့ကို လျစ်လျူရှုထားလိုက်"

ယဲဖန်သည် သူ့အ​ဖေအဖြစ်အသိအမှတ်ပြုထားသူမှာ ပီယွမ်ဂိုဏ်းမှ နူးညံ့သိမ်​မွေ့ပြီး ​​ဖြောင့်မတ်သည့်ယဲဟုန်ချန်တစ်ယောက်တည်းသာ ရှိ​လေသည်။ ယဲဖန်သည် မူလပိုင်ရှင်​၏ခန္ဓာကိုယ်ကို သိမ်းပိုက်ထား​သော်လည်း မူလပိုင်ရှင်၏​ဆွေမျိုးများကို​တော့ ရယူဖို့ မရည်ရွယ်ထား​ပေ။

ယဲဖန်တွင် မူလပိုင်ရှင်၏မှတ်ဥာဏ်များရှိ​သော​ကြောင့် ယဲဟုန်ဝမ်သည် သူ့အား စိတ်ထဲလုံးဝမထည့်ထား​ကြောင်း ရှင်းရှင်းလင်းလင်း သိ​လေသည်။ မူလပိုင်ရှင်အတွက် ဝမ်းနည်းမိ​သော်လည်း စိတ်သက်သာရသွား​လေသည်။ ယဲဟုန်ဝမ်က အ​ဖေလို့ ​ခေါ်ရန်​တောင်းဆိုခဲ့​ပေမဲ့ သူက​တော့ ထိုစကားလုံးကို မ​ပြောဖို့ ဆုံးဖြတ်ခဲ့သည်။

ယဲဖန်၏အ​ဖြေကို နား​ထောင်ရင်း ချန်ယွီသည် နှာ​ခေါင်းကို ပွတ်သပ်လိုက်သည်။

ယဲဟုန်ဝမ်သည် သူ့မျက်နှာကိုသာ ပိုဂရုစိုက်သည်။ အရင်တုန်းက သူသည် ဝူယင်းကို မကြိုက်​ပေ။ သူမသည် လွှမ်းမိုးချုပ်ချယ်ပြီး သူ၏​ယောကျ်ားပီသမှု​အပေါ် ထိခိုက်​စေ​သောကြောင့် သူသည် ​ကြောင်​လေးနဲ့တူသည့် ချစ်သူတစ်​ယောက်ကို ရှာ​တွေ့ခဲ့သည်။ ယဲဖန်၏အပြုအမူများသည် ယဲဟုန်ဝမ်မျက်နှာကို ဖြတ်ရိုက်​နေသလို ဖြစ်​သော​ကြောင့် သူ့ကို အလွန်ရူးသွပ်သွားစေသည်။

ဟွာယွဲ့ရပ်ကွက်အပြင်ဘက်တွင် ယဲဟုန်ဝမ်၏အမူအရာသည် ရုပ်ဆိုးသွား​လေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now