အခန်း (၁၂)

1.6K 243 4
                                    

Unicode

ဝူစီဟန်သည် ကား​ထဲမှထွက်လာ​တော့ တိုက်ဆိုင်စွာ ကျန့်ဟိုက်လင်နှင့် ​တွေ့သွားလေသည်။ 

"သခင်​လေးကျန့် မင်းဒီမှာ ဘာလုပ်​နေတာလဲ" ဝူစီဟန်သည် ထူးဆန်းစွာ ​မေးလိုက်သည်။

"ကျွန်​တော် သခင်​လေးယဲဆီ လာတာ" ကျန့်ဟိုက်လင်က ပြန်​ဖြေ၏။ 

ဝူစီဟန်သည် ထို​နေရာတွင် တစ်ခဏမျှ ​ကြောင်သွားကာ အနည်းငယ် စိတ်ရှုပ်သွားလေသည်။ "မင်းက ဒီကို ယဲဖန်အတွက်လာတာလား။ အဲ့​ကောင်က မင်းကို ​စော်ကားထားလို့လား။ ဒီ​ကောင်​တော့ ​အေး​အေးချမ်းချမ်း မ​နေနိုင်ဘူး"

ကျန့်ဟိုက်လင်သည် အမြန်​ခေါင်းယမ်းလိုက်ကာ "မ​ဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်​တော် သခင်​လေးယဲဆီကို တစ်စုံတစ်ခု အကူအညီ​တောင်းမလို့ပါ"

ဝူစီဟန်သည် သက်ပြင်းချလိုက်ကာ ​"ကောင်းပါပြီ ဒါ​ပေမဲ့ သူက မင်းကို ဘယ်လိုကူညီနိုင်မှာလဲ"

ကျန့်ဟိုက်လင်က တစ်ခဏမျှတုံ့ဆိုင်း​နေပြီး ဝန်ခံလိုက်သည် "သခင်​လေးယဲက သရဲတစ္ဆေ​တွေကို ဘယ်လို ဖမ်းရမလဲဆိုတာ သိတယ်"

ဝူစီဟန်သည် မျက်လုံး လှိမ့်လိုက်ကာ စိတ်တိုလျက် "သခင်​လေးကျန့် မင်းက ဘယ်ချိန်တည်းက ဒီလို အယူသည်း​နေရတာလဲ။ ဒီကမ္ဘာမှာ သရဲတစ္ဆေ​တွေ မရှိဘူး။ ဒါက လူ​တွေပြုလုပ်ဖန်တီးထားတဲ့အရာ​တွေပဲ။ နိုင်ငံ​​တော်က နှစ်​ပေါင်းများစွာ ပ​ဒေသရာဇ်အယူသီးမှုကို ဆန့်ကျင်ခဲ့တာကို မင်းက ဘယ်လိုလုပ်ပြီး ယုံကြည်​နေ​သေးတာလဲ"

ကျန့်ဟိုက်လင် "....." ငါလဲ ဘယ်​တုန်းကမှ မယုံပါဘူး။ ဒါ​ပေမဲ့ အဲ့ဒါက ငါ့ဆီမှာ တကယ်ဖြစ်လာတယ်​လေ။

"ယဲဖန်က မကြာ​သေးမီက အများကြီ​ပြောင်းလဲသွားခဲ့ပြီး အမြဲတမ်း ရိုင်းစိုင်း​နေ​ပေမဲ့ မင်း သူ့ဆီက​နေ မသင်ယူနဲ့" ဝူစီဟန်က မ​ကျေမနပ်​ပြောလိုက်သည်။

ကျန့်ဟိုက်လင်သည် ​ခေါင်းငုံ့ထားရုံသာ တတ်နိုင်​ပေမဲ့ ဝူစီဟန်ကို တကယ် သရဲတစ္ဆေ​တွေကို ​တွေ့​စေချင်သည်။ အဲ့လို ​သာတွေ့ခဲ့ရင် သူ ​အခုလို ​ပြောနိုင်ပါအုံးမလား။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now