အခန်း (၆၆)

1.3K 260 32
                                    

Unicode

ယဲဖန်သည် အသားကင်ဆယ်ပွဲကို မှာပြီး ပလုတ်ပ​လောင်းစား​နေလိုက်သည်။ ​ဘေးစားပွဲဝိုင်းက လူတစ်ချို့သည် သူတို့စားပွဲကို ​ချောင်းကြည့်​နေကြ​လေသည်။

သူ၏ဆာ​လောင်​နေ​သောသရဲတစ္ဆေကဲ့သို့အသွင်အပြင်ကို ကြည့်ရင်း ပိုင်ယွင်ရှီက ကူကယ်ရာမဲ့စွာဖြင့် "ဖြည်းဖြည်းစား။ လုံ​လောက်လား။ မလုံ​လောက်ဘူးဆို ငါ မင်းအတွက် ထပ်မှာ​ပေးမယ်"

ယဲဖန်က သူ့လက်ကို ယမ်းပြရင်း "မလိုဘူး၊ အမှန်တကယ်​တော့ အဲ့မိန်းမက ငါ​ပေးထားတဲ့ ကံကြမ္မာ​ပြောင်းပြန်လက်​ကောက်ကို ရုပ်ဆိုးတယ်လို့ ​ပြောချင်​နေတာ​လေ။ ရုပ်ဆိုးတဲ့ မိန်းမ​တွေက အမြင်ကို မရှိကြဘူး"

ပိုင်ယွင်ရှီ "....." ဒီလက်​ကောက်က တကယ်လဲ ရုပ်ဆိုး​နေတာပဲ​လေ။ ဒါ​ပေမဲ့ ယဲဖန်ရဲ့အမြင်ဆိုးဝါးမှုမျိုးနဲ့ သူက ဘာလုပ်လို့ရနိုင်မှာလဲ။

နာမည်ကြီးနာရီများ၊ အဲ့ဒါက သူလိုချင်သ​လောက် များများဝယ်နိုင်သည်။ ဒါ​ပေမဲ့ ကံကြမ္မာ​ပြောင်းပြန်လက်​ကောက်က​တော့ ကွဲပြား​ပေသည်။ ဒါက သူ့လုံခြုံ​ရေးကို ကာကွယ်နိုင်သည့် ယဲဖန်ဆီက ဖြစ်​လေသည်။

"သခင်​လေးပိုင်၊ သခင်​လေးယဲ ငါတို့ထပ်​တွေ့ပြန်​ပြီ​နော်"

ယဲဖန်က ​ခေါင်း​မော့လိုက်ပြီး ​လမ်းလျှောက်လာ​နေသည့်လူကို မျက်​တောင်ခတ်ကာ ကြည့်လာခဲ့သည်။ ထို့​နောက် သူဟာ ရုတ်တရက် တုန့်ပြန့်လာခဲ့သည် "မင်းက ​လေယာဥ်​ပေါ်က လူပဲ"

ပိုင်ယွင်ရှီသည် ယဲဖန်က ချန်စုန်ပင်ကို အမှန်တကယ်သိလို့ အနည်းငယ် အံ့သြသင့်သွား​လေသည်။ သူက နိုင်ငံတွင်းရှိ နာမည်ကြီး စီးပွား​ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကာ ပစ္စည်းများစု​ဆောင်းခြင်းနှင့် ​လေလံပွဲအမျိုးမျိုး​တို့တွင် ပါဝင်ခြင်းတို့ကို ဝါသနာပါ​လေသည်။

"သခင်​လေးယဲ ​လေလံပွဲမှာ မျက်စိကျ​နေတာ ရှိလား" ချန်စုန်ပင်က ​မေးလိုက်သည်။

ယဲဖန်က ​ခေါင်းခါရင်း "မရှိ​သေးဘူး။ မင်း​ရော"

"ငါလား။ ငါနဲ့ ပန်းတိုင်တူ​လောက်မယ့် လူတစ်ချို့​တော့ ရှိ​လောက်မယ်ထင်တယ်" ချန်စုန်ပင်က ပြုံးရင်း ပန်းချီကားတစ်ချပ်ကို ထုတ်ပြလာခဲ့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now